အပိုင်း ( ၂၈ )Unicode

1K 77 1
                                    

၀မ်ရိပေါ် သည်နေ့အဖို့ အလုပ်များစောစီးစွာ ပြီးသွား၏။ ရှောင်ကျန့် ရုံးပိတ်ရက်လည်း ဖြစ်သောကြောင့် ကော်ဖီဆိုင်မှာ ရှိမည်ဟုဆိုသည်။ မတွေ့တာကြာပြီဖြစ်သည့် ယွင်အာမ နှင့်ကျိုးချန်ကောကိုလည်း တွေ့ချင်၍ ၀မ်ရိပေါ် ကျိလင်သာကောကို ဆိုင်ကိုသာပို့‌ပေးဖို့ ပြောလိုက်သည်။ ဆိုင်ထဲ၀င်လိုက်သည်နှင့် ရှောင်ကျန့်နှင့် ရွယ်တူအမျိုးသမီး တစ်ယောက် အတူထိုင်ကာ ရီရီမောမောစကားပြောနေကြသည်။

၀မ်ရိပေါ် မကြည်လင်သည့်စိတ်ဖြင့် မျက်မှောင်ကျုံ့ကာ တစ်ချက်စိုက်ကြည့်လိုက်ပြီးကောင်တာမှ ပြုံးပြ နေ‌သော ယွင်အာကိုပင် ပြန်မပြုံးပြနိုင်တောပဲ နားနေခန်းထဲသို့ ၀င်ခဲ့လိုက်သည်။

၀မ်ရိပေါ်နောက်မှ လိုက်၀င်လာသော ကျိလင်သာကောကို ယွင်အာမှ နှုတ်ဆက်ရင်း ဘာဖြစ်လာတာလဲဟု တိုးတိုးလေးကပ်မေးလိုက်သည်။ အကြောင်းသိနေပြီဖြစ်သည့် ကျိလင်သာကောမှ ရှောင်ကျန့်တို့ ရှိရာဖက်သို့ မေးငေါ့ ပြလာသည်။ လတ်စသတ်တော့ ၀မ်စွာစိက ၀မ်အူတိုဖြစ်သွားသည်ကို ယွင်အာသဘောပေါက်သွား၏။

" ကျိလင်သာကော အေးဆေးပဲမလား .. ဘာသောက်မလဲ။"

" Cappuccino လေးပဲလုပ် ယွင်အာ.."

ယွင်အာ ကျိလင်သာကောကို ကော်ဖီချပေးရင်း ရှောင်ကျန့်ကောတို့ရှိရာစားပွဲသို့လျှောက်သွားလိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။

"ဖေးဖေး.. ဖြည်းဖြည်းသုံးဆောင်နော်။ "

ရှောင်ကျန့် နှုတ်ဆက်ရင်း ထိုင်ရာမှထလိုက်သည်။ ရန်ဖေးဖေး သူမသည် ရှောင်ကျန့်အထက်တန်းကျောင်း သားဘ၀မှ ကျောင်းနေဖက်သူငယ်ချင်းဟုပြောလို့ရသည်။ ထို့အပြင် ဖေးဖေး၏အလှကိုလည်း စိတ်၀င်စားခဲ့ဖူးသည်။ မိဘများ ချမ်းသာကာ စာတော်ပြီး စိတ်သဘောလဲကောင်းသည့် အလှဘုရင်မလေးမို့ အရွယ်ရောက်ပြီးသား ယောင်္ကျား လေးတိုင်း စိတ်၀င်စားသည်မှာမဆန်းပေ။

ပိုက်ဆံရှိပြီး ဂုဏ်မက်သော ဖေးဖေးမိဘများမှ ရှောင်ကျန့်လို သာမန်မိသားစုနှင့် ပေါင်းသင်းဆက်ဆံသည် ကိုပင် ကြည်ဖြူသည့်ပုံမပေါ်ပေ။ ထိုကြောင့် မဖြစ်နိုင်သည့်ကိစ္စကို ရှေ့ဆက်မတိုးလိုသောကြောင့် ဖေးဖေး အပေါ်စိတ်၀င်စားသည့်စိတ်တွေကို ရှောင်ကျန့် ရပ်တန့်ပစ်ခဲ့သည်။

Won't forget (Complete )Onde histórias criam vida. Descubra agora