" ဒါဆို.. မင်းနဲ့ ၀မ်ရိပေါ်က လွန်ခဲ့တဲ့ ၅နှစ်တဲက တွေ့ခဲ့ကြတာပေါ့။ " ကျိုးချန်၏ မျက်လုံးပြူးပြီး အံ့သြတကြီးမေးသည့်အသံဖြစ်သည်။
" ၀ိုးး အမေးဇင်း ပဲ ရှောင်ကျန့်ကော "
ယွင်အာ သည်လည်းအံ့သြသင့်သွားသည့်လေသံဖြင့် ပြောလာ၏။
ရှောင်ကျန့် ညနေ ရုံးဆင်းသည်နှင့် ထုံးစံအတိုင်း ဆိုင်သို့ ၀င်ခဲ့တာဖြစ်သည်။ ဆိုင်သိမ်းခါနီး ၃ယောက်သားဆုံ၍ သူနှင့် ၀မ်ရိပေါ် အကြောင်းကိုပြောြပမိခြင်းဖြစ်သည်။ ကျိုးချန်နှင့် ယွင်အာသည် နှစ် ပေါင်း များစွာ အဆိုးအကောင်း အတူတူခံစားပြီး လက်တွဲလာခဲ့သော သူ တွေတွေဖြစ်သည်။။
ထို့နောက် ယွင်အာမှ ၀မ်ရိပေါ် အကြောင်းပြောပြလာစဥ် မသိ ချင်ယောင်ဆောင်ပေးရန်တောင်းဆိုထားမိသောကြောင့်ဖြစ် သည်။ ယခု လို အခြေအနေသည် ယွင်အာအား အသိပေးသင့်ဟု ယူဆမိ၏။
" ဒါကြောင့် မင်းမနေ့က ဖုန်းပျက်သွားလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေကိုး ဟား ဟား။"
ကျိုးချန် မနေ့မှအဖြစ်အပျက်ကိုသတိရမိကာ ပြောရင်းနှင့် အော်ရီမိသည်။
" ရှောင်ကျန့်ကော.. ယွင်အာ ကို ၀မ်ရိပေါ်နဲ့မိတ်ဆက်ပေးရမယ်နော်။ "
ယွင်အာ ခုမှသိသည့်ပုံစံနှင့်ရှောင်ကျန့်ကို ပြောနေခြင်း ဖြစ် သည်။ အမှန်ဆို မနေ့ညကတည်းကပင် ယွင်အာ ၀မ်ရိပေါ်ဆီမှ အကြောင်းစုံသိပြီးဖြစ်သည်။
" အဲ့လောက်မဟုတ်ပါဘူးကွာ။ မင်းကလဲ..။ပြီးတော့ မင်းတို့ နှစ်ယောက် လုံးကို ကျေးဇူးတင်ပါတယ်။ "
ရှောင်ကျန့် ရှက်ရှက်နှင့် ဇက်ပိုးကို ပွတ်ရင်း ကျိုးချန်ကို ပြော ရင်းဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
" ဘာအတွက်လဲ။ ရှောင်းကျန့် ရ"
"ငါ့ကို နားလည်ပေးတဲ့အတွက်ပါ။ ငါ ယောင်္ကျားတွေကို စိတ်မ၀င်စား သလို၊ စိတ်လဲမလှုပ်ရှားခဲ့ဖူးပါဘူး။ ငါ့အတွက် ရိပေါ် က တစ်ယောက် တည်းသောသူပါ"
ကျိုးချန်က မေးလာသလို ယွင်အာသည်လည်း ဘာ အတွက်လည်းဆိုသည့် ပုံစံဖြင့် ကြည့်လာသည်မို့ ရှောင်ကျန့် ရှင်းပြ လိုက်သည်။ သူ၏လိင်စိတ်တိမ်းညွှတ်မှုသည် ၀မ်ရိပေါ် ၌သာဖြစ် တည်၏။
![](https://img.wattpad.com/cover/255689347-288-k312735.jpg)
ВЫ ЧИТАЕТЕ
Won't forget (Complete )
Фанфик" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...