"ပါးပါး ပုဇွန်ကြီးကြီးချက်နော် လုလုကပုဇွန်ဆိုအရမ်းကြိုက်တာ"
ဟင်းချက်နေတဲ့အနားကပ်ကာ တတွတ်တွတ်ပြောနေတဲ့သားသားကအသဲယားစရာ။လုလုလေးလာမှာမို့မနက်ထဲကတက်ကြွတဲ့ကြက်ဖလုပ်နေလေသည်။အလုပ်လဲဝိုင်းမကူဘဲ ခုံမှထိုင်ကာ တစ်ခုပြီးတစ်ခုခိုင်းတက်တာ အဖေတူသားလို့မပြောရဘူး။
ရုံးပိတ်ရက်မို့ မောင်ကဧည့်ခန်းထဲမှာTV ကြည့်နေသည်။
"ဟုတ်ပါပြီသားသားရယ် ဒက်ဒီနဲ့ TV သွားကြည့်နေနော် ပါးပါးချက်လိုက်မယ်"
"ပါးပါး လုလုကမလာသေးဘူး သားကအစောကြီးထဲကမျှော်နေတာကို"
"လာမှာပေါ့သားရဲ့ ခုမှအစောကြီးရှိသေးတယ် ညလဲဒီမှာအိပ်မှာမလား"
"လုလုကိုစောစောလာဖို့ပြောထားတာကို ဟွန့် စိတ်ဆိုးတယ်"
နှုတ်ခမ်းကြီးထော်ကာ အခန်းထဲကထွက်သွားသည့်သားတော်မောင်ကြောင့် ရှောင်းကျန့်ပြုံးလိုက်သည်။သားသားကလုလုပေါ်မှာတော့ဂျစ်တူးလေးဖြစ်နေတော့သည်။
"ငယ် သားသားဘာကိုစိတ်ကောက်သွားတာလဲ မောင်မေးတာလဲမဖြေဘူး နှုတ်ခမ်းကြီးဆူပြီးအပေါ်ထပ်တက်သွားတယ်"
ခါးဆီရစ်သိုင်းလာတဲ့လက်တစ်စုံနဲ့အတူ ပုခုံးပေါ်မေးတင်ပြီးမေးလာတဲ့မောင်။ကိုယ့်အာရုံနဲ့ကိုယ်မို့ မောင်ဝင်လာတာမသိလိုက်။
"လုလုမလာသေးလို့တဲ့မောင်ရယ် သားသားကလုလုပေါ်ဆိုအရမ်းဆိုးတာသိသားနဲ့"
"လုလုလဲရောက်လာပါပြီ ခုနပဲအပေါ်တက်သွားတယ် သားသားကလုလုကိုကြိုက်နေတာလားမသိဘူးနော်"
စကားပြောရင်းမောင်လက်တွေနှုတ်ခမ်းတွေကအငြိမ်မနေပါ။လည်တိုင်တစ်လျှောက်တစ်ရှုံ့ရှုံ့နမ်းရင်း လက်တွေကအကျီအောက်တိုးဝင်ကာ ပွတ်သပ်နေသည်မို့ ဟင်းချက်ရတာအဆင်မပြေ။မလုပ်ဖို့ပြောရင်လဲ သားသားလိုစိတ်ကောက်အုံးမယ်။
"အင့် မောင် ငယ်ဟင်းချက်လို့မရတော့ဘူးကွာ ငြိမ်ငြိမ်လေးထိုင်နေပါလား"
"ဟွင့် မောင့်ကိုငြိုငြင်တာလား ပြွတ် "
ကြည့် ပြောရင်စကားနာထိုးတော့မယ် မောင်ဟာလေ အတိတ်မေ့ပြီးမှကလေးအရမ်းဆန်လာတာပဲ။ဒါပဲသူအရမ်းကြိုက်ပါသည်။မောင်သတိမရပါစေနဲ့လို့တောင်တစ်ခါတစ်ခါတွေးမိတဲ့အထိ ။