ဧည့်ခန်းထဲမှာထိုင်နေတဲ့ငယ့်ဘေးနားကပ်ထိုင်လိုက်ကာ ခန္ဓာကိုယ်လေးကိုဆွဲဖက်လိုက်သည်။နှုတ်ခမ်းလေးဆူကာရုန်းလာတဲ့ငယ်ကသူ့ကိုစိတ်ကောက်နေတာပါလေ။အလုပ်ကိစ္စနဲ့ဂျပန်ကို၁ပတ်လောက်သွားရဖို့ကို မနက်စာဝိုင်းမှပြောလိုက်ထဲကငယ်ကသူ့ကိုစကားမပြောတော့။သားသားကပဲကြားထဲကစကားတတွတ်တွတ်ပြောနေပေမယ့် ငယ်ကတော့လှည့်ပင်မကြည့်။
"ငယ်ကမောင့်ကိုမသွားစေချင်ဘူးလား"
သူ့ရင်ခွင်ထဲကရုန်းမရမှငယ်ကငြိမ်ကျသွား၏။
ဒါပေမယ့်စကားပြန်မလာပါ.......
"မောင်လဲမသွားချင်ပါဘူးငယ်ရာ မသွားမဖြစ်လို့"
"စကားတော့ပြန်ပြောပါငယ်ရာ မောင်မနေတက်မှန်းသိသားနဲ့ ဟင်"
"ဟုတ်ပြီ မောင်မသွားတော့ဘူးဟုတ်ပြီလား စိတ်ကောက်ပြေတော့ကွာ"
ငယ့်ပါးပြင်ကိုခပ်ဖွဖွနမ်းလိုက်ရင်း အကြာကြီးနှုတ်ခမ်းနဲ့ထိထားလိုက်သည်။ငယ့်လက်တွေကိုဖိဆုပ်ကာ အဖြေရှာမရတဲ့ငယ့်မျက်လုံးကိုကြည့်မိ၏။
"မောင်သွားချင်သွားလေ ငယ်မတားပါဘူး"
"မဟုတ်ဘူးငယ် ငယ်ဘာဖြစ်နေလဲမောင့်ကိုပြော ငယ်မျိုသိပ်ထားတာမောင်မကြိုက်ဘူး"
ခန္ဓာကိုယ်လေးကိုမျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်ကာ....
"ပြောလေ"
"ငယ်ဆေးခန်းကိုသွားခဲ့တယ်..."
"အင်း"
"ဆရာဝန်ကပြောတယ် ငယ်က ဟင့် ငယ်...."
"ဘာပြောလို့လဲဟမ် ငယ့်မှာဘာရောဂါရှိနေလို့လဲ မောင့်ကိုပြောလေ"
"အဟင့်"
ရင်ခွင်ထဲတိုးဝင်ရင်း မနေ့ထဲကထိန်းထားတဲ့မျက်ရည်တွေကိုကျဆင်းခွင့်ပြုလိုက်မိသည်။ခပ်တင်းတင်းဖက်ထားတဲ့မောင့်လက်တွေကြား ရှောင်းကျန့် အတော်ကြာငိုမိ၏။
"ငယ်ကိုယ်ဝန် မရ....နိုင်တော့ဘူးတဲ့"
"ဟမ်"
"ငယ်က ငယ်သားအိမ်ထုတ်ပစ်ရမယ်တဲ့ အဟင့်"
"ငယ်ရယ်"
![](https://img.wattpad.com/cover/230133647-288-k804221.jpg)