"ကော ဘာလို့အောက်မဆင်းတာလဲ ဝမ်လေးတောင်အောက်ဆင်းသွားတာကြာပြီ လုဟန်တို့လဲဆင်းကြရအောင်"
အခန်းဝမှာငူငူကြီးရပ်နေတဲ့သူ့ကို လုဟန်ကသတိထားမိပုံလာခေါ်သည်။အောက်မဆင်းရင်လဲမကောင်းဘူးမလား ကုမ္ပဏီလဲသွားရမှာ သူမနဲ့မျက်နှာချင်းမဆိုင်ချင်ဘူးဆိုတော့ရော အောက်ထပ်မဆင်းလို့ကမရ။ရိပေါ်သေချာဖီးသင်ထားတဲ့ဆံပင်ကိုတစ်ချက်ဆွဲဖွပြီး လုဟန်နဲ့အတူအောက်ထပ်ဆင်းခဲ့သည်။
"လုဟန်နားလည်ပါတယ် လုဟန်လဲခံစားဖူးပါတယ် ရှောင်းကျန့်ကော ပျော်နေတယ်လေ အသက်မပါပေမယ့် ပြုံးလိုက်ပါကော "
လက်ကိုခပ်ဖွဖွဆုပ်ကိုင်ပြီး အားပေးစကားပြောလာတဲ့လုဟန်က အပူအပင်မရှိသလို။ငယ်ပေမယ့် ခံစားချက်ကိုမြိုသိပ်တဲ့နေရာမှာအလွန်တော်ပါလား လုဟန်ရယ်။ရိပေါ်ပြုံးရုံသာပြုံးပြပြီး ငယ်တို့ထိုင်နေတဲ့ဧည့်ခန်းထဲဝင်လာလိုက်သည်။
"ရိပေါ်ကော ဖေးကဆင်းမလာတော့ဘူးထင်နေတာ ဖေးလာတာအနှောင့်အယှက်မဖြစ်ပါဘူးနော်"
သားသားကိုပေါင်ပေါ်တင်လျက် ဖေးဖေးကပြောလာသည်။ရိပေါ်ပြုံးရုံသာပြုံးပြီး
"မဖြစ်ပါဘူး နောက်လဲလာလေ ငယ်ကိုယ်ကုမ္ပဏီသွားတော့မယ် သားသား daddy သွားပြီ ဖေးဖေးအေးအေးဆေးဆေးနေနော် လုဟန်ကောစောစောပြန်လာခဲ့မယ် "
"ဟုတ်ကော ဂရုစိုက်သွား"
အားလုံးကိုနှုတ်ဆက်ပြီး ရိပေါ်ကုမ္ပဏီကိုထွက်သွားသည်။လုဟန်လဲ ရှောင်းကျန့်ကောဘေးဝင်ထိုင်လိုက်သည်။
"ကိုကို သားသားက ဖေးကိုမခင်ဘူးထင်တယ် "
ဖေးဆီကထွက်လာတဲ့စကားကြောင့် ဖေးပေါင်ပေါ်မှာဆူပုတ်ကာထိုင်နေတဲ့သားသားဆီအကြည့်ရောက်သွားသည်။သူခပ်တည်တည်ကြည့်ပေးလိုက်တော့ သားသားကချက်ချင်းမျက်နှာလေးညှိုးကျသွားသည်။
"ဟုတ်လားသားသား"
"ဟုတ်ဘူး သားသားပျော်တယ်"
လုဟန်ဝမ်လေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည်။မိဘတေအဆင်မပြေတော့လဲ သားသမီးလဲစိတ်မကောင်းဖြစ်ရတာပဲ ကလေးလေးရေ Pa Pa မှန်ပါတယ်နော် ကလေးလေးမှာ Daddy ခေါ်စရာမရှိပေမယ့် ဝမ်လေးလိုတော့ ဖြစ်ရမယ်မထင်ဘူး။
