သားသားလက်ကိုဆွဲကာ အခန်းထဲဝင်လိုက်တော့ လုဟန်ကသတိရနှင့်နေပြီ...
နှာခေါင်းထဲသိုတိုးဝင်လာတဲ့ဆေးအနံ့ကြောင့် သူဘယ်နေရာရောက်နေမှန်း လုဟန်သိလိုက်သည်။မျက်လုံးကိုဖြေးဖြေးချင်းဖွင့်လျှင် ပထမဆုံးမြင်ရတာက မျက်နှာကျက်ဖြူဖြူ ဘေးဘက်ကိုလှည့်ကြည့်တော့ သူ့ဘေးနားမှာဘယ်သူမှမရှိ။ဆေးမချိတ်ထားတဲ့လက်က ဗိုက်ဆီချက်ချင်းရောက်သွားတော့မှ လုဟန်မှာသက်ပြင်းကိုချနိုင်တော့တယ်။
"လုဟန်နိုးနေပြီလား ကောနဲ့သားသားခဏအပြင်ထွက်နေမိလို့"
"ရပါတယ်ကော လုဟန်လဲခုနမှသတိရတာ ကလေးလေးရှိနေသေးလို့ ကောတို့ကိုကျေးဇူးတင်ပါတယ် "
"ရပါတယ် လုဟန်ရယ် "
လုဟန်ကိုစကားဆိုကာ သားသားနဲ့နှစ်ယောက် လုဟန်ဘေးကခုံမှာဝင်ထိုင်သည်။
"နောက်တစ်ခါ ကလေးကိုမထိခိုက်ဖို့ဒေါက်တာကပြောတယ် လုဟန် ဘယ်လိုဖြစ်တာလဲကောကိုပြော"
"ဟို..."
"လုဟန်အကြောင်း ကောဘာမှမမေးခဲ့ဘူးနော် ကလေးအဖေဘယ်သူဆိုတာလဲ ကောမမေးခဲ့ဘူး "
"သိပါတယ်ကော လုဟန်လဲကောကိုပြောပြဖို့ပါဘဲ တကယ်တော့ ကလေးအဖေက "Oh " Gp က CEO ပါ သူက ဦးလေးဝမ်နဲ့ပြိုင်ဘက်တွေ လုဟန်အနားကိုဘာရည်ရွယ်ချက်နဲ့ကပ်ခဲ့မှန်း လုဟန်မသိခဲ့ဘူး ဦးလေးကသိတော့တားပေမယ့် လုဟန်နောက်မဆုတ်ခဲ့ဘူး လုဟန်မှာကိုယ်ဝန်ရှိနေတော့ လုဟန်ပြောဖို့သူ့ဆီသွားခဲ့တယ် အဲ့မှာသူက လုဟန်ကိုလမ်းခွဲလိုက်တယ် သူကလုဟန်ကို ကစားချင်လို့ချစ်ဟန်ဆောင်ခဲ့တာတဲ့ လုဟန်သူ့ကိုတောင်းပန်ပြီး လမ်းမခွဲဖို့ပြောပေမယ့် သူကလက်မခံခဲ့ဘူး ဟင့် အင့်"
"လုဟန်ရယ်"
ကိုယ့်အဖြစ်ထက်တောင်ဆိုးနေတဲ့ လုဟန်ကိုရိပေါ်ဘယ်လိုနှစ်သိမ်ရမယ်မှန်းမသိပါ။သူ့တုန်းကနှစ်သိမ့်ခဲ့တာ ဘာမှမဖြစ်ခဲ့တဲ့အတိုင်း။
ငိုကျွေးနေတဲ့လုဟန်ကို ရိပေါ်ဖက်ထားလိုက်သည်။ငိုချင်ရက်လက်နဲ့တို့ဆိုသလို လုဟန်သည်သူ့ကျောပြင်ကိုအယပြန်ဖက်တွယ်ကာ ငိုချတော့သည်။သားသားကတော့ဘေးကမျက်နှာငယ်လေးနဲ့ကြည့်နေသည်။
