တိတ်ဆိတ်နေတဲ့မနက်စာဝိုင်းလေးမှာ သားလေးကလဲမျက်နှာငယ်လေးနဲ့ ထမင်းတေကိုဇွန်းလေးနဲ့ထိုးဆွနေလေသည်။ငယ်ကလဲသူ့ကိုမျက်ထောင့်နီနဲ့စိုက်ကြည့်နေပုံအရ တော်တော်ဒေါသထွက်နေပုံ အကြောင်းက-
"Pa Pa သားသား ဟိုအန်တီကြီးကိုသဘောမကျဘူး Pa Paလဲအဲ့အန်တီကြီးနဲ့မတွေ့နဲ့တော့"
ငယ်ရဲ့အပြူံးတေကသားလေးကစကားကြားပြီး ရုတ်ချည်းတင်းမာလာသည်။
"သားသား မနေ့ကပြောတော့အန်တီကိုချစ်ပ့တယ်ဆို မင်းDaddy မင်းကိုဘာပြောလိုက်လို့ ချက်ချင်းပြောင်းလဲသွားရတာလဲ"
"ဟင့် Daddy ကဘာမှမပြောပါဘူး သားသားကသဘောမကျတာ"
ငယ်ရဲ့ဒေါသစွတ်နေတဲ့အသံကြောင့် သားလေးမှာငိုမဲ့မဲ့လေးဖြစ်လာသည်။ငယ်ကလဲသူ့ကိုစိုက်ကြည့်နေတာမို့ သူမဟုတ်ဘူးလို့ပြောမထွက်
"မင်းအကြံဒါအကုန်ပဲလား သားသားကိုဖေးဖေးနဲ့အစဉ်မပြေအောင်လုပ်ပြီး ငါနဲ့ဖေးဖေးကိုခွဲရမယ်ထင်နေတာလား"
"ငယ်ကိုပြော"
"ဟက် အဲ့လိုဆိုရင်တော့မင်းမှားသွားမယ် သားသား ဖေးဖေးကိုသဘောကျလာတဲ့အထိငါကြိုးစားမယ် မင်းကြားထဲကသွေးထိုးလဲ ငါဂရုမစိုက်ဘူး "
"ကိုယ်သားသားကိုမပြောဘူးငယ် ငယ်အထင်လွဲနေတာ"
"မင်းမပြောဘဲသားသားကပြောင်းလဲသွားမလား မနေ့ကတောင်ဖေးဖေးကိုသဘောကျလို့ ကစားကွင်းတေသွား ဖေးဖေးလက်ကိုတောင်မလွှတ်ဘူး ငါသားသားနဲ့အဆင်ပြေအောင်နေနေတာ မင်းဝင်မပါပါနဲ့ "
သူပြောချင်တာပြောပြီး ငယ်ကထထွက်သွားပြီ လေးနှစ်ဖက်နီရဲကာငိုနေတဲ့သားလေးကိုတော့တစ်ချက်တောင်ကြည့်မသွား။ရိပေါ်သားလေးကိုပွေ့ချီကာပေါင်ပေါ်တင်ထားလိုက်သည်။
"သားသား မငိုနဲ့နော် Pa Pa က Daddy ကိုစိတ်တိုပြီးပြောသွားတာနော် သားလေးကိုမပြောဘူး အမလေးကြည့်ပါအုံး Daddy သားလေးအာပေတူးလေးဖြစ်နေပြီ"
"ဟင့် Pa Pa ကဘာလို့သားနဲ့ Daddy ကိုအော်တာလဲ ဟင့်"
ပါးဖောင်းဖောင်းလေးပေါ်ကမျက်ရည်တေကို သုတ်ပေးလိုက်ပြီး သားလေးနဖူးလေးကိုအနမ်းပေးလိုက်သည်