မနက်မိုးလင်းတာနဲ့ ရိပေါ်တစ်ယောက် သားလေးအခန်းကိုသွားကာ သားလေးကိုရေမိုးချိုး၊အဝတ်အစားလဲပြီး အကုန်ပြင်ဆင်ပေးပြီးမှ ကုမ္ပဏီသွားရန်ပြင်ရသည်။ငယ်ကတော့ ကုတင်ပေါ်တွင် ကားယားကြီးအိပ်နေတာမို့ မနှိုးရက်။
ကုမ္ပဏီသွားဖို့ပြင်ဆင်ပြီးသည့်တိုင် ငယ်သည်နိုးမလာသေး။သားလေးကတော့ ကျောပိုးလွယ်အိတ်လေးလွယ်ကာ အပေါက်ဝမှာအဆင်သင့်စောင့်နေလေပြီ။ရိပေါ်သည် ငယ့်နဖူးလေးကိုအနမ်းပေးပြီး သားလေးလက်ကိုဆွဲကာထွက်လာခဲ့သည်။အိမ်အောက်ရောက်တော့ ထမင်းချက်အဒေါ်ကြီးက ထမင်းချိုင့်ဘူးလေးကိုင်ကာမီးဖိုခန်းထဲကထွက်လာပြီး သားလေးကိုပေးသည်။သူကတော့ ကုမ္ပဏီရောက်မှသာ စားသည်။
သားလေးကိုကားထဲထည့်ပေးပြီး သူပါဝင်ထိုင်ကာ မောင်းထွက်လိုက်သည်။
"Daddy သားတို့မူကြိုမှာလေ ရုရုဆိုတဲ့ကောင်လေးတစ်ယောက်ရှိရယ် ရုရုကရေ အရမ်းချစ်ဖို့ကောင်းတာပဲ"
"ဟမ် "
သားလေးရဲ့အားတက်သရောအပြောကြောင့် ရိပေါ်ပြုံးလိုက်မိသည်။သားလေးကရုရုဆိုတဲ့တစ်ယောက်အကြောင်းပြောရင်အမြဲအဲ့လိုပဲ။သားလေးလဲသူ့လို ငယ်ငယ်ထဲကအချစ်တွေ့နေတာလား။
"ရုရုကရေ သားကိုအရုပ်တေရဲပေးတယ် မုန့်တေလဲကျွေးရယ် "
"ဟုတ်လား ရုရုကလဲသားကိုချစ်လို့နေမှာပေါ့"
"ဘာရုရုလဲ ရုရုပါဆို"
"ဟမ် ရုရု"
"ဟုတ်ဝူး ရုရု"
ရိပေါ်သားပြောတာကိုနားမလည်တော့ သားလေးကစကားမပီတော့ရုရုပဲပြောတက်တယ် သူလဲနံမည်မသိတာမို့ထပ်မမေးတော့ဘဲ
"ဟုတ်ပါပြီ သားကရောသူ့ကိုမုန့်ကျွေးဘူးလား"
"ကျွေးရယ် ရုရုကသားကျွေးရာပဲစားတာ အခြားရူကျွေးရင်စားဘူး"
"ဟုတ်လား "
"ဟုတ်ရယ် ရုရုကသားမခေါ်ရင် ငိုရော "
တစ်လမ်းလုံးရုရုအကြောင်းပြောကာ ပြုံးပျော်နေတဲ့သားလေးကိုကြည့်ကာ သူပါပြုံးမိသည်။မူကြိုရောက်တော့လဲ အပေါက်ဝမှာရုရုဆိုတဲ့ကလေးလေးကသားကိုစောင့်နေသည်။သားကလဲ ရုရုမြင်ထဲကသူ့တောင်နှုတ်မဆက်နိုင်ဘဲ ပြေးဆင်းသွားလိုက်တာ တန်းရော။သူလဲကားပေါ်ကဆင်းလိုက်ပြီး သားတို့အနားသွားလိုက်သည်။