လက်ထဲမှာညှပ်ထားတဲ့စီးကရက်ကို ဝရန်တာတန်းပေါ်ဖိချေပြီး ကောင်းကင်ကိုငေးကြည့်သည်။လေတဖြူးဖြူးတိုက်နေသည့် ဝရန်တာမှာ
ထိုင်ခုံလေးနဲ့ရိပေါ်ထိုင်နေမိတာ ည၉နာရီလောက်ထဲကဖြစ်၏။ ပုခုံးနားထိရှည်နေတဲ့ဆံပင်တေဟာ လေနဲ့အတူအလိုက်သင့် လွင့်မြောလျက်။မီးရောင်မှိန်မှိန်လေးအောက်မှာ ဝမ်းနည်းနေတဲ့မျက်နှာဟာ အထင်းသားပေါ်နေ၏။ရှပ်အကျီအဖြူလေးကို ရင်ဘက်ဟထားပြီး တင်းရင်းနေတဲ့ကြွက်သားတေဟာ အထင်းသား။
သူပြန်ရောက်လာတော့ သားသားကဘာမှမဖြစ်ခဲ့တဲ့အတိုင်း ပြုံးရီလို့နေသည်။သူငယ်ငယ်ကနဲ့မတူဘဲ သားသားကအရွယ်နဲ့မလိုက်အောင်ရင့်ကျက်နေပြီ။သူလဲနေ့လည်ကကိစ္စအစပြန်မဖော်ချင်တာကြောင့် ဘာမှမပြောဖြစ်တော့။
"Daddy သားသားတို့ နောက်တစ်ပတ်ကျောင်းအကြာကြီးပိတ်တယ်"
နွေရာသီရောက်လို့လာပြီး ကျောင်းတွေလဲပိတ်ခဲ့ပြီပဲ။သားသားရဲ့မျက်လုံးတွေကတစ်ခုခုတောင်းဆိုချင်နေသယောင်။
"သားသားတို့ကမ်းခြေသွားရအောင်"
"သားသားသွားချင်လိုက်ပို့ရမှာပေါ့ "
"ဟေး"
ခုန်ပေါက်ပြီးရင်ခွင်ထဲရောက်လာတဲ့သားသားကိုအလိုက်သင့်လေးပြန်ဖက်တွယ်ထားလိုက်မိသည်။ပြုံးရယ်နေတဲ့သားသား နောက်ကွယ်မှာဘယ်လောက်တောင်ငိုကျွေးခဲ့ရမလဲ။
ငယ့်ကိုကိုယ်စိတ်နာတယ်....
လက်တွေကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်း ပါးစပ်ကလဲတောက်တစ်ချက်ခေါက်လိုက်သည်။ရိပေါ်တစ်ညလုံး ဝရန်တာမှာပဲထိုင်နေမိသည်။
မူးနောက်နေသည့်ခေါင်းကိုဖိကိုင်ကာ အခန်းထဲဝင်၏။ကုမ္ပဏီသွားဖို့လဲ မဟန်တာကြောင့် ကုတင်ပေါ်လှဲချလိုက်သည်။ညကလေတိုက်တိုက်အိပ်ပျော်သွားတော့ မနက်နိုးလာတော့လူဖျားချင်သလိုလိုဖြစ်နေသည်။
"ဒေါက်...ဒေါက်"
တံခါးခေါက်သံကိုကြားသော်လည်း ပြန်ထူးဖို့အားမရှိ။မှေးမှိတ်နေသည့်မျက်ခွံတေကို ကြိုးစားဖွင့်လဲမရ။အသံတွေကိုတော့ရှင်းရှင်းလင်းလင်းကြားနေရသေးသည်။အခန်းထဲလူဝင်လာတာလဲသိသည် သူ့ဘေးဝင်ထိုင်တာလဲသိသည် ထို့နောက်တွင်တော့ သူဘာမှမသိတော့။