မျက်နှာပေါ်ကအေးစက်စက်အထိအတွေ့ သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ ခပ်နွေးနွေးလက်သေးသေးလေ သူပြုံးလိုက်မိပါ၏။
"ဒက်ဒီနိုးလာပြီ ဦးဦးရေ"
နားထဲတိုးဝင်လာတဲ့ သားသားရဲ့အသံလေး မှိတ်ထားတဲ့မျက်လုံးကို အတင်းဖွင့်ဖို့ကြိုးစားသည်။ဖြည်းဖြည်းချင်းဖွင့်ကာ ဘေးဘက်ကြည့်လိုက်တော့ အပြုံးချိုချိုလေးနဲ့ကြည့်နေတဲ့သားသား။
"သားသား"
"ဒက်ဒီ နိုးလာပြီလား ဟီး သားသားကဒက်ဒီကို တစ်မနက်လူံးစောင့်နေတာ မွ မြန်မြန်နေကောင်းတော့နော်"
"ဟုတ်ပါပြီကွာ လာပါဦး ဒက်ဒီရင်ခွင်ထဲကို"
ခေါင်းအုံးကိုကုတင်ခေါင်းရင်းချကာ မှီထိုင်လိုက်ရင်းဆိုလိုက်တော့ သားသားကထကာရင်ခွင်ထဲဝင်လာသည်။သားသားနှဖူးလေးကိုငုံနမ်းရင်
"သားသားဘာစားပြီးပြီလဲ နေ့လည်ပဲရောက်နေပြီ"
"ဒက်ဒီဆာပြီလား သားသားကဒက်ဒီနဲ့အတူစားဖို့စောင့်နေတာရယ် "
"ဘာလို့ဒက်ဒီကိုစောင့်နေတာလဲသားသားရယ် စားနှင့်ရောပေါ့ လုဟန်သားသားကိုမကျွေးဘူးလား"
"ကျွေးပါတယ်ကောရယ် ဝမ်လေးကမစားတာပါ ကောစားဖို့ဆန်ပြုတ်ရလာပြီ "
စားပွဲခုံအပုလေးကိုကိုင်ကာ ဝင်လာတဲ့ လုဟန်ကဖြေရှင်းချက်ပြန်ပေးရင်း ကုတင်ပေါ်မှာပဲ စားပွဲကိုချသည်။သူ့အတွက်ဆန်ပြုတ်ပူပူလေးနဲ့အတူ သားသားအတွက် ထမင်းဟင်းတွေလဲပါသည်။ဆန်ပြုတ်ကိုသူကိုယ်တိုင်မသောက်ရဘဲ သားသားကခွံ့တိုက်သည်။သူ့ခွံ့လိုက် သူ့ဘာသာစားလိုက်နှင့် သားသားကအလုပ်တွေရှုပ်နေပါ၏။လုဟန်ကဘေးကနေ သားသားကိုကြည့်ကာ
"ဝမ်လေးက သူ့ဒက်ဒီကိုအရမ်းချစ်တာပဲ ကလေးလေးလိုခွံ့ကျွေးနေတယ်"
"ဟီး သားသားနေမကောင်းရင်လဲ ဒက်ဒီကခွံ့ကျွေးတာလေ ဒက်ဒီနေမကောင်းတော့လဲသားသားကခွံ့ကျွေးရမှာပေါ့"
သူ့ပါးစပ်ကို သုတ်ပေးလျက်ပင်သားသားကပြန်ဖြေ၏။သားသားစကားကြောင့် သူနဲ့လုဟန် ကြည့်ကာရီမိသည်။
