LOVE 💙13

7.3K 525 206
                                    

LOVE ကိုအရင်အပြတ်ဖျက်မှာမိုလို့ MISTAKE ကိုခဏရပ်ထားမယ်နော် LOVE လေးထဲမှာ စိတ်နှစ်ထားလို့အမြန်ပြီးအောင်ရေးပေးမယ်

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

"ဖေးဖေး မင်းဘာလို့ငါ့အပေါ်လုပ်ရက်ရတာလဲကွာ ကိုယ်ဝန်တကယ်မရှိဘဲနဲ့ဘာလို့......ဘာလို့လိမ်ခဲ့တာလဲ မင်းကြောင့် မင်းကြောင့် ငါသားသားကိုထားခဲ့ရတာကွ"

၅လဆိုတဲ့အချိန်မှာ ရှောင်းကျန့်အကြီးအကျယ်နောင်တရမိတော့သည်။ဖေးဖေးကသူ့ကိုလိမ်ခဲ့တာတဲ့ သူ့ကြောင့်ရှောင်းကျန့်ဘဝတစ်ခုလုံး နောင်တအကြီးကြီးရခဲ့ရတာ။ချစ်ရတဲ့သားသားကိုလဲထားခဲ့ရတာ သူ့ကြောင့်...

"အို ကိုကိုရယ် ချစ်က ရိပေါ်ကောနဲ့အမြန်ကွာရှင်းစေချင်လို့ပါ နောင်လဲကွာရှင်းရမှာပဲလေ ခုထဲကကွာရှင်းလိုက်တော့ရောဘာထူးလို့လဲ"

"တော်တော့ဖေးဖေး သားသားအတွက်ကော သားသားကိုထားခဲ့ရတာ ကိုယ့်အတွက်လွယ်တယ်ထင်နေတာလား"

သူပြောလိုက်တော့ ဖေးဖေးကခပ်ရွဲ့ရွဲ့ရီသည်။

"သူများတေကြားရင် ကိုကိုကဝမ်လေးကိုအရမ်းချစ်တယ်ထင်နေပါအုံးမယ် ကိုကိုအစထဲကဝမ်လေကိုချစ်ခဲ့လို့လား "

"မင်းမသိရင်မပြောနဲ့"

"မအော်ပါနဲ့ကိုကို ဖေးအသိဆုံး ဝမ်လေးကိုဖေးလောက်မချစ်ဘူးမလား ခုကိုကိုမှာဖေးတစ်ယောက်လုံးရှိနေပြီ ကိုကိုခုမှပြင်လည်းမရတော့ဘူး ဖေးနဲ့ကိုကိုကတရားဝင်လက်ထပ်ထားပြီးသား"

ဖေးနဲ့လက်ထပ်ထားတာမှန်နေတာကြောင့် ရှောင်းကျန့်ဘာမှလုပ်လို့မရတော့ သားသားရေ Pa Pa တောင်းပန်ပါတယ် Pa Pa အရမ်းမှားသွားတယ်။

ရှောင်းကျန့် ဖေးဖေးကိုထားကာကားမောင်းထွက်လာခဲ့သည်။ခုချိန်မှနောင်တရမနေနဲ့ရှောင်းကျန့် မင်းပဲမှားခဲ့တာ သားသားဘက်ကိုတစ်ချက်မှလှည့်မကြည့်ခဲ့တဲ့မင်းကဒါနဲ့ပဲတန်တယ်။

ကားလေးရဲ့ဦးတည်ရာက ရိပေါ်နေအိမ်သို့.....

"လုဟန် ဘာလို့သားသားကိုရေချိုးပေးနေတာလဲကွာ ကောချိုးပေးမှာပေါ့ ဗိုက်ထဲမှာကလေးရှိတယ်ဆိုတာကိုရောသတိထားအုံး"

LOVE🚨🚨Where stories live. Discover now