စားပွဲပေါ်မှာတတီတီမြည်နေတဲ့ဖုန်းကိုမကိုင်အားသေးပါ။ရေချိုးခန်းထဲကအဝတ်မပါဘဲထွက်လာမိတာကြောင့် သားသားဝင်လာမှာဆိုးပြီး တဘက်ပိုင်းတစိထည်ကို ခါးမှာချည်လိုက်သည်။ပြီးမှ ဖုန်းကိုကောက်ယူလျက် ကုတင်ပေါ်ထိုင်ချလိုက်သည်။"မား"ဆိုတဲ့နံမည်လေးထင်းနေတဲ့နံပါတ်လေးကို ချက်ချင်းပင်ကိုင်လိုက်သည်။
"မား"
"သား ကမ်းခြေသွားတာအဆင်ပြေရဲ့လား "
"ပြေပါတယ်မား"
"လုဟန်လေးဆေးရုံတက်ရသေးတယ်ဆိုဟုတ်လားသား"
တစ်ဖက်ကမားအသံကစိုးရိမ်မှု့အပြည့်။ရိပေါ်မားစိတ်ပူမှာသိလို့မပြောဘဲထားခဲ့တာ သားသားသွားပြောလိုက်လို့မားကသိသွားခဲ့ပြီ။
"ဟုတ်တယ်မား "
"မားကိုဘာလို့မပြောတာ မြေးလေးပြောမှသိရတယ် တစ်ခုခုဖြစ်သွားဘယ်လိုလုပ်မလဲ"
"မစိုးရိမ်ရလို့မပြောတာပါမားရယ် စိတ်မပူပါနဲ့တော့ သားတို့လဲနောက်ရက်လောက်ဆိုပ့န်လာတော့မှာ"
"မပူလို့ရမလား ....လုဟန်လေးကကိုယ်ဝန်ကြီးနဲ့ မင်းကလဲစောင့်ရှောက်အုံး မြေးလေးလောက်တောင်အားမကိုးရဘူး"
"မား"
"မခေါ်နဲ့ မြန်မြန်ပြန်လာခဲ့တော့ သားတို့ပ့န်လာရင် မားတို့လည်းတရုတ်လာမှာ"
"ဟုတ်မား ကျန်းမာရေးဂရုစိုက်အုံးနော် "
"သားရောဂရုစိုက်နော် မြေးလေးကိုလဲပစ်မထားနဲ့အုံး"
"ပစ်မထားပါဘူးမားရဲ့ "
"အင်းပါ သားမားပြောရအုံးမယ် သားရဲ့ပါးနဲ့မား ကွာရှင်းတော့မယ်"
"ဟမ်"
ရိပေါ်အံ့ဩမှုနှင့် စကားတောင်ဆက်မပြောနိုင်တော့ပေ။မားအသံမကောင်းဘူး။ပါးလုပ်ရက်လိုက်တာလို့ ရိပေါ်ပြောမထွက်တော့။
"သားကိုအသိပေးသင့်တယ်ထင်လို့ သားရဲ့ပါးကိုလဲအပြစ်မမြင်ပါနဲ့ မားနဲ့သားအပေါ်ကောင်းပေးခဲ့တာပဲ "
"ဘယ်သူနဲ့လဲမား"
"လီရှန့်ရှန့် ပါးရဲ့ငယ်ချစ်ဦးလေ "
![](https://img.wattpad.com/cover/230133647-288-k804221.jpg)