"မင်းမယုံဘူးမလား "
"ငါမယုံဘူး ယောကျာ်းတစ်ယောက်ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာ "
"ဟက် မယုံရင်ဘာလို့လာမေးနေသေးလဲ လုဟန်အကြောင်းထပ်မသိချင်ပါနဲ့ မင်းထားခဲ့ပြီးမှ စိတ်ဝင်စားစရာအကြောင်းမရှိတော့ဘူး အိုဆယ်ဟွန်း"
သားသားလက်ကိုဆွဲကာ လမ်းဆက်လျှောက်လာခဲ့သည်။လုဟန်တို့ကိုပ့န်အဆင်ပြေစေချင်တာပေါ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လောက်ပင်ပန်းပြီးအားငယ်တက်လဲဆိုတာ သူအသိဆုံး
အပြုံးတစ်ပွင့်ကိုဆင်ရင်း ငယ့်ရဲ့ဗိုက်ပူလေးနဲ့ပုံကိုပ့န်မြင်ယောင်လာသည်....
"ရိပေါ် ဟင့် ကြက်ကင်စားချင်တယ်"
TV ရှေ့ဆိုဖာပေါ် ခြေကားယားလက်ကားယားထိုင်ကာ ညည်းတွားနေတဲ့ဗိုက်ပူလေးပါလေ။မနက်ထဲက စားချင်တာမှန်သမျှ အိမ်ကဒရိုင်ဘာကြီးကိုသွားဝယ်ခိုင်းရတာ ၅ခေါက်ထပ်မနည်း ကိုယ်ဝန်ရှိလာမှငယ်က အပျင်းတစ်လာကာ သူ့ကိုချွဲလာသည်။
"ငယ်စားတာများနေပြီနော် "
"မင်းနော်ငါ့ကိုမသထာတာလား ငါကမစားချင်ပါဘူး ဗိုက်ထဲကပိစိလေးကအမြဲဆာနေတာ ငါဘယ်လိုလုပ်ရမလဲ "
မျက်နှာလေးကို ငယ်ကာရင်ခွင်ထဲတိုးဝင်လာသည်။ရိပေါ်ခပ်ဟဟရီမိပါ၏။ကိုယ်ဝန်ရှိစထဲက ဗိုက်ထဲကကလေးအကြောင်းပြပြီးစားလိုက်တာ ခုထိပင်။မကျွေးရင်လဲ ကလေးကိုမချစ်ဘူးလားလုပ်သေး။တကယ်ပါ ငယ့်ရဲ့အခုပုံလေးကိုအသဲယားလွန်းလို့ အချိန်တွေကိုရပ်တန့်ထားလို့ရရင်ရပ်တန့်ထားချင်မိတယ်။
"ဟုတ်ပါပြီငယ်ရယ် ကိုယ်သွားဝယ်ပေးမယ်နော် ကလေးလေးစားဖို့"
"ဟီးဟီး"
...
"ရိပေါ် အိပ်ချင်ပြီ"
သူရဲ့ရှပ်အကျီအပွကြီးကိုဝတ်ထားတဲ့ ငယ်က ဘောင်းဘီပင်မပါ။ခြေသလုံးသွယ်သွယ်လေးတွေကအထင်းသား ရိပေါ်တံတွေးပင်မျိုချမိသွားသည်။
"အိပ်လေငယ်"
"ဟင့် ငါ့ကိုတစ်ယောက်ထဲအိပ်ခိုင်းမလို့လား "