LOVE 💙19

7.8K 574 66
                                    

"ခဏထိုင်ရအောင် သားသားလဲညောင်းနေပြီမလား"

"ဟီးဟီး"

ကမ်းခြေကနေပြန်လာခဲ့ပြီး ဘန်ဂလိုမရောက်ခင် ခုံတန်းလေးမှာသားသားနဲ့အတူဝင်ထိုင်ဖြစ်၏။အဖြေပ့န်ပေးသည်လဲမဟုတ်ဘဲ ရီနေသည့်သားသားကသူ့အတွက် အဖို့မဖြတ်နိုင်တဲ့ရတနာလေး အသည်းအသက်လေး .....ကိုယ်လုံးကစ်ကစ်လေးကို ပေါင်ပေါ်ပွေ့တင်လိုက်ကာ ပါးဖောင်းဖောင်းနှစ်ဖက်ကို တစ်လှည့်စီနမ်းသည်။ရင်ခွင်ထဲဝင်လာတဲ့သားသားကို ဖက်တွယ်ထားရင်း ပင်လယ်ကြီးဆီအကြည့်ရောက်သွားမိတာ သူတင်မဟုတ်သားသားရောပင်။

"ဒက်ဒီ သားသားတို့ပြန်ရင်လေ ပါးပါးအတွက် ခရုခွံလေးကောက်သွားရအောင် ပါးပါးကခရုခွံဆိုအရမ်းကြိုက်တာ "

"သားသားကပါးပါးကိုအရမ်းချစ်တာ ဒက်ဒီသိတာပေါ့ သားသားပါးပါးကိုဘာလို့မုန်းတယ်ပြောလိုက်တာလဲ"

"သားသားကပါးပါးကိုလိမ်လိုက်တာပါ ဒက်ဒီ သားသားပါးပါးနဲ့အတူတူပြန်မနေချင်တော့ဘူး ဒက်ဒီမျက်ရည်တွေကိုလဲသားသားမမြင်ချင်တော့ဘူး ဦးဦးလုဟန်ကပြောတယ် ပါးပါးကသားသားတို့နဲ့နေတုန်းက မပျော်ဘူးတဲ့ အဲဒါကြောင့်"

"သားရယ်"

ရိပေါ်ပြောစရာစကားပင်မရှိတော့ဘဲ သားသားကိုခပ်တင်းတင်းဖက်ထားလိုက်သည်။လူကြီးတွေ အရိပ်အခြေသိတက်လွန်းတဲ့သားသားက လူကြီးပေါက်စလေးနဲ့တူလှသည်။သားသားခံစားရတာတွေ ဒက်ဒီသိ‌တာပေါ့ကွာ စိတ်ချပါသားသား ငယ့်ကိုဒက်ဒီ ခွင့်မလွှတ်ပေးပါဘူး။

ညက လုဟန်နဲ့စကားပြောပြီး ညနက်မှအိပ်ရတဲ့သားသားက သူ့ရင်ခွင်ထဲမှာအိပ်ပျော်သွားလေပြီ။နေမင်းကြီးရဲ့အပူဒဏ်ကို သားသားမျက်နှာပေါ်လက်နဲ့ကာပေးပြီး စိတ်ကလွှင့်မြောနေသည်။

...

"မဝသေးရင်ထပ်မှာအုံးလေ"

ကြက်ပေါင်ကိုလက်နဲ့ကိုင်လျက် အပီအပြင်ကိုက်စားနေတဲ့ ဗိုက်ပူလေးကိုကြည့်ပြီး ဆယ်ဟွန်းပြုံးနေမိ၏။ရှေ့ကပန်းကန်ဖြူဖြူလေးထဲမှာလဲ အရိုးတွေဟာမနဲမနော လက်နှစ်ဖက်လုံးမှာလဲကြက်ပေါင် တစ်ဖက်တစ်ချောင်းကိုင်ထားသေးသည်။ပါးစောင်နှစ်ဖက်မှာ ဖောင်းကားနေလေပြီ ပါးစပ်သေးသေးလေးမှာလဲပေကျံနေပြီးအဆီတွေကွင်းနေသည်။လုဟန်ရဲ့ပုံလေးကိုကြည့်ပြီး ဆယ်ဟွန်းအသဲယားကာ ဖက်နမ်းပစ်ချင်မိသည်။

LOVE🚨🚨Where stories live. Discover now