"ရိပေါ်ကော ထမင်းလေးလည်းဝင်အောင်စားလေ သားသားလေးကအမြန်ဆုံးသတိရလာမှာပါ"
တရုတ်နိုင်ငံရဲ့လူချမ်းသာတေသာတက်နိုင်တဲ့ "Moonlight"ဆေးရုံရဲ့အခန်းတစ်ခုအတွင်းမှာ....
ကုတင်ပေါ်မှာဆေးပိုက်တန်းလန်းနဲ့လဲလျောင်းေနတဲ့ကလေးလေးတစ်ယောက် ကလေးဘေးမှာ ကောင်လေးနှစ်ယောက်မျက်နှာမကောင်းစွာထိုင်နေကြသည်။ထိုကလေးက ဝမ်ရိပေါ်ရဲ့သား ဝမ်ရှောင်ဖြစ်သည်။
ရိပေါ်သားသားကိုကြည့်ပြီး ထမင်းမစားနိုင်ဖြစ်နေတာ ၃ရက်လောက်ပင်ရှိပြီ။ဘေးနားကလုဟန်ဘယ်လောက်ပြောပြော ရိပေါ်ကတုပ်တုပ်မျှမလှုပ်။လုဟန်လဲဝမ်လေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည်။ဝမ်လေးအခုလိုဖြစ်ရတာ ရှောင်းကျန့်ကောကြောင့်....
လွန်ခဲ့တဲ့၁လခန်.....
ရိပေါ် ရှောင်းကျန့်ကိုကွာရှင်းပေးပြီး သားသားကိုလဲသူပဲခေါ်ထားလိုက်သည်။သားသားကိုငယ်ခရီးထွက်သွားတယ်လို့လိမ်ထားပေမယ့် လူကြီးတေမျက်နှာအခြေအနေကိုရိပ်မိနေတဲ့သားသားက အပြုံးအရယ်မရှိတော့ပဲ သူတို့ကွယ်ရာဆိုကြိတ်ငိုနေတက်သည်လေ။ဒါပေမယ့်သားသားက ငယ်နဲ့ပတ်သတ်ပြီးဘာမှမမေးခဲ့ဘူး။နောက်ဆုံးသားသားကအစားအသောက်ပါပျက်လာခဲ့တယ် ရိပေါ်ကောကလဲသားသားကိုအရင်ကလောက်ဂရုမစိုက်နိုင်တော့ဘူး သူကိုယ်တိုင်တောင် ရှောင်းကျန့်ကောကိုမေ့နိုင်အောင်မနဲကြိုးစားနေရတာ။
အရင်ကဝဝကစ်ကစ်လေးနဲ့ဝမ်လေးက၁လအတွင်းသိသိသာသာပိန်ကျသွားပြီး ဆေးရုံတင်ရတဲ့အထိဖြစ်သွားခဲ့တာ။ရိပေါ်ကောကလဲ ဝမ်လေးလိုပဲပိန်ကျသွားတာ မျက်ထောင့်တေပါကျနေသည်။
"ကော ဝမ်လေးကိုမဆိုးရိမ်ပါနဲ့ ဆရာဝန်ကအားဆေးချိတ်ပေးထားတာပဲ"
"...."
ရိပေါ်ကောဘက်ကစကားပြန်မလာခဲ့ဘဲ ဝမ်လေးလက်ကိုသာစုပ်ကိုင်မြဲစုပ်ကိုင်ထားသည်။ထိုအချိန်အခန်းထဲသို့ ကောသူငယ်ချင်းဒေါက်တာဝင်လာသည်။
"ရိပေါ်အမြဲအဲ့လိုပဲနေမနေနဲ့လေ အားရှိအောင်အစားလေးလဲစားအုံး"