ဒီနေ့လေးကတော့ ရိပေါ်အတွက်အပျော်ဆုံးနေ့လို့ဆိုရမည်။ဘာလို့ဆို ငယ်ကတစ်နေကုန်အိမ်မှာရှိနေပြီး သားလေးနဲ့သူ့အတွက်နေ့လည်စာချက်ပေးနေတယ်လေ။မနက်ထဲက ငယ်ကအပြင်မသွားဘူးပြောကာ သူတို့သားအဖအတွက် မနက်စာတေလဲအစောကြီးထပြင်ပေးနေသေးသည်။
"သားသား ငြိမ်ငြိမ်လေးထိုင်နေပါကွာ Pa ပဲအကုန်လုပ်ပေးမယ်နော် "
"သားသားက pa ကိုကူညီချင်လို့ပါ"
"သားလက်နုနုလေးကို ဓားထိသွားရင် Pa ပဲစိတ်ပူရမှာ Pa မပင်ပန်းတာမို့ သားကငြိမ်ငြိမ်လေးထိုင်နေပေးနော် "
"ဟုတ် မွ သားကအားတေပေးဝာယ်"
ဒီနှစ်တေအတွင်းသားကိုဂရုမစိုက်ခဲ့မိတာ သူအရမ်းနောင်တရမိသည်။သားလေးရဲ့ချစ်စဖွယ်အပြုအမူလေးတေကို ခုမှမြင်တွေ့ခွင့်ရခဲ့တာ သူမိုက်မဲခဲ့လို့။သားကိုသူအရမ်းချစ်ပါတယ် ထုတ်မပြခဲ့တာပဲရှိခဲ့တာ ။ရိပေါ်ကိုမကြိုက်တာနဲ့ပဲသားလေးကိုပစ်ပယ်ခဲ့မိတယ် ဒီလောက်ချစ်စရာကောင်းတဲ့သားလေးကိုသူမိုလို့ ပစ်ပယ်ခဲ့မိတာ သူအရမ်းရူးမိုက်ခဲ့တာပဲ။
"Pa Pa Daddy ရော"
"Daddy က လုလုလေးကိုသွားခေါ်တယ်လေ သားပဲလုလုလေးကိုခေါ်ချင်တယ်ဆို မေ့နေပြီလား"
"ဟီး ဟုတ်သား သားသားမေ့သွားတယ် Pa ဒီနေ့သားတို့နဲ့အတူနေပေးနော် Daddy မွေးနေ့ကို ချပရိုက်တိုက်ရအောင်"
သားလေးရဲ့အပြောကြောင့် ရှောင်းကျန့်မျက်နှာပျက်သွားရသည်။ဒီနေ့ရိပေါ်မွေးနေ့ပဲ သူမေ့နေခဲ့တာ သားလေးကတော့အမှတ်ရနေခဲ့သည်တဲ့ ။ရိပေါ်ကလဲသူ့ကိုပြောမှမပြောခဲ့တာ ။
"Pa နော်"
"အင်းပါ ခုတော့ Paဟင်းချက်လိုက်အုံးမယ်နော် သားသားကထိုင်နေဟုတ်ပြီလား"
"ဟုတ်"
သားလေးပါးဖောင်းဖောင်းလေးကို အနမ်းပေးပြီး လုပ်လက်စအလုပ်ကိုဆက်လုပ်နေလိုက်သည်။သူ့မွေးနေ့ဆိုတစ်နှစ်မှမမေ့ခဲ့တဲ့ရိပေါ် သူကတော့ရိပေါ်မွေးနေ့ကိုသားလေးပြောမှသိရတယ်။
.....
"Pa ရေ daddy ပြန်လာပြီ"
သူဟင်းချက်နေတဲ့အခန်းထဲကို သားလေးသည်လုလုလက်ကိုဆွဲကာဝင်လာသည်။ပြီးနောက် ပြန်ထွက်သွားကာ အပေါ်ထပ်တက်သွားတော့သည်။သားတို့ထွက်သွားမှ ရိပေါ်ကဝင်လာသည်။