"WX"ဆိုတဲ့ လုပ်ငန်းစုကြီးရှေ့၌ထိုးရပ်လိုက်တဲ့အနက်ရောင် ပြိုင်ကားတစ်စီး။လုံခြုံရေးတေကအပြေးအလွှားလာကာ တံခါးကိုဖွင့်ပေးရသည်။ကားတံခါးဖွင့်ပေးလိုက်တော့ လူငယ်တစ်ယောက်ဆင်းလာကာ လက်ထဲမှာလဲကလေးလေးတစ်ယောက်ကိုချီထားသည်။
"ကားကိုပါကင်ထိုးလိုက်"
"ဟုတ်ကဲ့ သူဌေးလေး"
သူဌေးလေးဆိုသူသည် ကလေးငယ်လေးကိုချီလျက် ကုမ္ပဏီထဲဝင်လာခဲ့သည်။သူ့ကိုမြင်တော့ ဝန်ထမ်းတေအားလုံးက ခေါင်းငုံ့နှုတ်ဆက်ကြသည်။သူကတော့ အသိအမှတ်ပြုသလို လှည့်ပင်မကြည့်ဘဲ ဓာတ်လှေကားထဲသာဝင်လိုက်သည်။
"မင်းအလုပ်အားနေတာလား"
တံခါးမခေါက်ဘဲဝင်လာကာ ကလေးကိုသူ့ပေါင်ပေါ်တင်ပေးသည်။ပြီးနောက် သူ့ရှေ့မှာဝင်ထိုင်သည်။သူဆိုတာက ကျွန်တော် ဝမ်ရိပေါ်ရဲ့ ယောကျာ်းရှောင်ကျန့် ။
"အားတယ်လဲမဟုတ်ပါဘူး ငယ်အပြင်သွားစရာရှိလို့လား "
"ဟုတ်တယ် လုဖန် တို့နဲ့ချိန်းထားလို့ ဝမ်ရှောင် လေးကိုကြည့်ထားပေး "
"အင်းပါ "
"သွားပြီနော် သားလေး pa သွားပြီ"
ရှောင်ကျန့်သည်ရိပေါ်ပေါင်ပေါ်ကသားလေးကိုနမ်းကာ ထွက်သွားတော့သည်။သူကတော့ သားလေးကိုရင်ခွင်ထဲထည့်ကာပင် အလုပ်လုပ်ရတော့သည်။သားလေးကလဲ သူ့pa ထက် ကျွန်တော့်ကိုသာပိုခင်တွယ်သည်။
"Daddy pa ကဘယ်သွားရာလဲ"
"Pa ကသူငယ်ချင်းတေနဲ့သွားတွေ့တာပေါ့ သားလေးရဲ့ သားလေးပျင်းနေပြီလား "
"ပျင်းပါဝူး သားသားဗိုက်ဆာရယ်"
"ဘာစားချင်လဲ daddy မှာပေးမယ်"
"ပီဇာစားမယ် ကြီးကြီး"
"ဟုတ်ပါပြီကွာ"
အတွင်းရေးမှုးမလေးကို ပီဇာမှာခိုင်းပြီးခဏကြာတော့ ပီဇာရောက်လာသည်။သားလေးကတော့ ပီဇာမြင်ထဲက သရေတမြားမြားနဲ့ စားချင်နေသည်။သူလဲအလုပ်ကိုလက်စသတ်ကာ သားလေးစားဖို့ သေးသေးလေးတေလှီးပေးကာခွံ့ကျွေးရသည်။
![](https://img.wattpad.com/cover/230133647-288-k804221.jpg)