"ဝါး မွှေးနေတာပဲ ငယ်ဘာတွေကြော်နေတာလဲ"
Apronလေးနဲ့တကုတ်ကုတ်အလုပ်ရှုပ်နေတဲ့ ငယ့်ခါးလေးကိုနောက်ကခပ်တင်းတင်းသိုင်းဖက်လိုက်ပြီး ပုခုံးပေါ်မေးတင်ထားလိုက်သည်။လန့်သွားပုံရတဲ့ငယ်က ခန္ဓာကိုယ်လေးတုန်သွားပေမယ့် ပြုံးရယ်လာသည်။ဘေးတိုင်မြင်နေရတဲ့ငယ့်ပါပြင်းထက် နှာခေါင်းနစ်ဝင်သည်အထိဖိကပ်ထားလိုက်သည်။
"မောင် နိုးလာပြီလား ခဏစောင့်နော် ငယ်ကြက်ဥကြော်မပြီးသေးဘူး"
မောင်ဖက်ထားတဲ့အတိုင်း မရုန်းဘဲ ကြက်ဥကိုဆက်ကြော်နေလိုက်သည်။မနက်တိုင်းမောင်ကသူ့အလုပ်ကိုရှုပ်နေကျလေ။
"ပြွတ်စ် ငယ်ဆီကအနံ့လေးကိုပိုမွှေးတယ်"
မျက်နှာကိုအတင်းဆွဲလှည့်ပြီး နှုတ်ခမ်းကိုနမ်းသွားပြီးမှ ကလေးတစ်ယောက်လိုမောင်က သူ့ပုခုံးပေါ်မျက်နှာအပ်ထားတော့သည်။
"အဟွန်း မောင်မျက်နှာသစ်ပြီးပြီလား "
"သစ်ရသေးဘူး သားသားနဲ့မှတူတူသစ်မလို့ ငယ်သစ်ပေးလေ မွ"
"အင်းအင်းမောင် ငယ်ဒါလေးပြီးရင်သစ်ပေးမယ်ဟုတ်ပြီလား ခုတော့သားသားကိုသွားနှိုးလိုက်အုံးနော် ငယ်ခဏနေတက်ခဲ့မယ်"
"အင်း မြန်မြန်လာခဲ့ ပြွတ်"
နှုတ်ခမ်းကိုတစ်ချက်ဆွဲစုပ်ပြီး မောင်အပေါ်တက်သွားသည်။စားပွဲပေါ်ကမြည်လာတဲ့ဖုန်းလေးနား သွားကာကောက်ကိုင်လိုက်တော့ ဝာစ်ဖက်က လုဟန်အသံကခပ်စွာစွာ
"ကောရော "
"မောင် သားသားကိုနှိုးနေတယ် လုဟန်ဘာပြောမလို့လဲ ကောကိုပြောခဲ့လေ မောင့်ကိုပြန်ပြောပေးမယ်"
"နောက်လ တရုတ်ကိုလာဖို့ပြောထားတာမလာနိုင်ဘူးဆိုတာပြောမလို့ ကောကိုဂရုရောစိုက်ရဲ့လား သားပေါက်လေးကိုရော"
"ကောအမှားတွေအတွက်ပြင်ဆင်ခွင့် ပေးဆပ်ခွင့်ပေးခဲ့တာ လုဟန်ကိုကောကျေးဇူးတင်ပါတယ် ကောခုကစပြီးသားသားနဲ့မောင့်အပေါ် အစွမ်းကုန်ချစ်ပြီးဂရုစိုက်မှာမို့ စိတ်မပူပါနဲ့ "
![](https://img.wattpad.com/cover/230133647-288-k804221.jpg)