ငယ်နဲ့မျက်နှာချင်းမဆိုင်ဖြစ်တာ ၂ရက်လောက်ပင်ရှိတော့မယ်။ငယ်စိတ်ဆိုးသွားရင် တော်တော်နဲ့စိတ်မပြေတက်ဘူးဆိုတာ သူသိနေပေမယ့် အရင်လိုငယ့်ကိုသူ့ဘက်ကစမချော့ဘဲနေမိသည်။သားသားကတော့ငယ်စိတ်ဆိုးနေတာမို့ မျက်နှာမကောင်းလှ။ငယ်ကသားသားကိုတောင်စကားမပြောဘဲနေသည်လေ။နေနိုင်လွန်းတယ်ငယ်ရယ် ဟင်းးးး ပိုချစ်သူသာအရှုံးဆိုသလိုပဲ သားလေးနဲ့သူ့မှာသာ ငယ်စကားမပြောတော့မနေတက်မထိုင်တက်ဖြစ်နေရသည်။အရင်ကလဲစကားပြောလားဆိုတော့ တစ်နေ့ငါးခွန်းပြည့်အောင်တောင်မပြော ။
"သားသား Daddy တို့ထမင်းစားရအောင်နော် "
"Pa Paကဘာလို့အခန်းထဲကထွက်မလာတာလဲ"
ငယ်အခန်းထဲကမနက်ထဲကထွက်မလာတာကြောင့် သားလေးမှာမနက်ထဲကအခန်းကိုပဲကြည့်နေခဲ့တာ။ခုလဲ သားသားကငယ့်အခန်းထဲပြေးဝင်သွားခဲ့ပြီ။ရိပေါ်လဲသားလေးနောက်အမြန်ပြေးလိုက်ရသည် ငယ်ကဒေါသထွက်ပြီး သားလေးကိုထိခိုက်မိရင်မလွယ်ဘူး။
"သားသား"
ထင်ထားသည်အတိုင်း ငယ်သည်စားပွဲပေါ်ကနာရီနဲ့ပေါက်လိုက်တာ သားလေးဆီတည့်တည့်။ရိပေါ်ရောက်တာစောသွားလို့ပေါ့ သားလေးကိုဖက်ပြီးကာလိုက်တာကြောင့် သူ့ကျောပြင်ပဲထိမှန်သွားသည်။ငယ်ရယ်လုပ်လိုက်ရင်ဖြင့် သားလေးကိုတောင်မရှောင်ပါလား။ကျောပြင်ကနာကျင်မှု့ကိုဂရုမစိုက်ဘဲ ရင်ခွင်ထဲကတုန်ယင်နေတဲ့သားသားကို တင်းတင်းဖက်ထားကာ ငယ့်ဘက်လှည့်ကြည့်လိုက်သည်။
"သားသား"
"မခေါ်နဲ့ အနှောင့်အယှက်ပေးသလိုဖြစ်သွားပြီ "
ငယ့်မျက်နှာပျက်နေပေမယ့် ရိပေါ်တစ်ချက်ပဲလှည့်ကြည့်ပြီး သားသားကိုချီကာအခန်းထဲကထွက်ခဲ့လိုက်သည်။ငယ့်ကိုအရာအားလုံးခွင့်လွှတ်ပေမယ့် သားသားအပေါ်ကိုတော့လွန်သည်မဟုတ်လား။ရင်ခွင်ထဲကသားသားကလဲ ကြောက်လို့ငိုနေရှာပြီ။ဒီအတိုင်းသာဆက်သွားနေရင် သားသားလဲသူငယ်ငယ်ကလိုဖြစ်သွားလိမ့်မယ်။
"သားသားအရမ်းလန့်သွားလား တိတ်တော့နော် Daddy တစ်ယောက်လုံးရှိတယ်"
