LOVE 💙16

6.1K 518 48
                                    

ကြည့်လဲ့နေတဲ့ကောင်းကင်ပြာကြီးကိုငေးမောရင်း လက်ထဲမှာလဲ သားသားဦးထုပ်လေးကိုကိုင်ထားသည်။လှိုင်းခတ်သံ ရေကစားသူတွေရဲ့အသံတွေကိုလဲ ပြတ်ပြတ်သားသားကြားနေရသည်။ကမ်းခြေနဲ့သိပ်မဝေးတဲ့ ဘန်ဂလိုလေးမို့ သားသားမှာအကြိုက်‌ကိုတွေ့လို့။

မနက်ပိုင်းမှရောက်လာခဲ့တဲ့သူတို့အဖို့ နေ့လည်လောက်မှရေထွက်ကစားဖို့စဉ်းစားထားပေမယ့် ကလေးနဲ့အပြိုင် ချွဲနေတဲ့ လုဟန်ကြောင့် မနိုင်တဲ့အဆုံးကမ်းခြေလွှတ်လိုက်ရသည်။ကလေးနှစ်ယောက်ကိုစိတ်မချတာကြောင့် သူ့မှာလဲမနားရပါ။ဘန်ဂလိုမျက်နှာစာမှာထိုင်ကာ ကြည့်နေရသည်။အေးမြလက်ဆက်တဲ့လေကိုရှုရှိုက်ရင်း ကောင်းကင်ကိုတမေ့တမောငေးကြည့်မိသည်။

"ဒက်ဒီရေ ဒက်ဒီ ဦးဦးလုဟန်ကိုလာကြည့်ပါအုံး"

သားသားရဲ့အသံလေးကြားမှ ရိပေါ်သားသားတို့ဆီအကြည့်ရောက်မိသည်။သဲသောင်ပြင်မှာ လဲကျနေတဲ့လုဟန်ရယ် လုဟန်ဗိုက်လေးကိုင်ကာ စိုးရိမ်နေတဲ့သားသားရယ် လုဟန်တို့ကိုကျောခိုင်းထွင်သွားတဲ့ စုံတွဲတစ်တွဲရယ် ရိပေါ်ဘာမှလိုက်မမှီတော့ဘဲ လုဟန်နဲ့သားသားရှိရာအပြေးသွားလိုက်သည်။နေ့လည်ခင်းရောက်ပြီမို့ ကမ်းခြေမှာရေကစားတဲ့သူလဲသိပ်မများတော့ပေ။

"လုဟန်"

"ကော ဟင့် ကလေး လုဟန်ကလေး ဗိုက်ထဲကနာတယ်ကော"

ငိုကာပြောလာတဲ့လုဟန်ကို မကြည့်နိုင်သေးဘဲ ဘေးနားကိုစူးစမ်းမိတော့ ကျောက်တူံးတစ်တုံးရှိနေသည်။လုဟန်ဘယ်လိုလဲကျပြီး ကျောက်တုံးနဲ့ထိမိသွားမှန်းမသိပေမယ့် ကလေးစိုးရိမ်ရတာကြောင့် လုဟန်ကိုချီကာကားဆီပြေးလာခဲ့တော့သည်။သားသားကလဲဘေးကမျက်နှာငယ်လေးနဲ့ပါလာသည်။

ကိုယ်ဝန်ကလဲ ၆လလောက်ရှိနေပြီမို့ ကလေးအတွက်စိုးရိမ်ရသည်လေ။နီးစပ်ရာဆေးရုံကိုမောင်းရင်း နောက်ခန်းထဲမှာပါလာတဲ့ သားသားနဲ့လုဟန်ကိုလဲလှည့်ကြည့်ရသေးသည်။

"တော်သေးတာပေါ့ဗျာ အချိန်မှီရောက်လာလို့ ဒီထက်နောက်ကျသွားရင် ကလေးတင်မဟုတ်ဘူး လူကြီးပါစိုးရိမ်ရတယ်"

LOVE🚨🚨Where stories live. Discover now