Wattpad ကြီးပဲကြောင်နေတာလား ဖုန်းကပဲကြောင်နေတာလားမသိဘူး 2ပိုင်းရှိပြီ တင်လိုက်တိုင်း တန်းလန်းဖြစ်နေတာ😢😢
💙💙💙💙💙💙💙💙💙💙💙💙💙
"ဒက်ဒီ ဦးဦးလုဟန်ကအဆင်သင့်ဖြစ်ပြီတဲ့"
နောက်ဘက်ဆီကသားသားအသံကြားလိုက်တာမို့ ရိပေါ်လှည့်ကြည့်လိုက်သည်။ငယ်သည်လည်းသားသားဘက်လှည့်ကြည့်သည်။ငယ့်ကိုမြင်သွားတဲ့သားသားက အံ့ဩဟန်ဖြစ်သွားပေမယ့် ချက်ချင်းပင် ငယ့်ဆီကအကြည့်လွှဲကာ သူ့ဆီကြည့်လာသည်။နှင်ထုတ်တယ်လဲမဟုတ် ကြိုဆိုတယ်လဲမဟုတ် သားသားကငယ့်ကိုစကားတစ်ခွန်းမှမပြောခဲ့ပါဘဲ သူ့လက်ကိုသာဆွဲလျက် အိမ်ကြီးဆီဦးတည်သွားသည်။ငယ်သားသားအပြုအမူကြောင့် မျက်နှာမကောင်းပေ။ရိပေါ်ငယ့်ဘက်လှည့်မကြည့်တော့ပဲ သားသားနောက်သာလိုက်လာခဲ့တော့သည်။
"သားသား ပါးပါးလာတာနှုတ်မဆက်ဘူးလား"
ရှေ့ကသူ့လက်ကိုဆွဲကာ ကော့တော့ကော့တော့သွားနေတဲ့သားသားကိုစကားစလိုက်သည်။သားသားခြေလှမ်းတွေရပ်သွားပေမယ့် စကားပြန်တော့မရ။
"ဒက်ဒီတို့ ပါးပါးကိုမမုန်းဘဲနေရအောင်လေ ပါးပါးကိုခွင့်လွှတ်ပေးလိုက်ပါလား"
"ပါးပါးကိုခွင့်လွှတ်ပေးရင်း သားသားတောင်းဆိုတာလုပ်ပေးမှာလား"
"ဟမ် ပြောပါအုံး သားသားတောင်းဆိူချင်တာကို "
လှည့်ကြည့်လာကာ မေးလာတဲ့သားသားက ငယ့်ကိုလွယ်လွယ်ခွင့်လွှတ်ပေးတာ ထူးဆန်းနေသည်။
"ဒက်ဒီသားသားအတွက် နောက်ထပ်ပါးပါးရှာပေးရမယ်"
"ဟမ်"
သားသားစကားကြောင့် ရိပေါ်ခတ္တကြောင်သွားရသည်။အတည်ပေါက်နဲ့နောက်နေသည်လားဆိုတော့လည်း သားသားပုံကနောက်နေတဲ့ပုံမပေါ် ။
"ရှာပေးရင် ခွင့်လွှတ်ပေးမယ် "
"သားသားတကယ်လိုချင်လို့လား လိုချင်ရင် ဒက်ဒီရှာပေးမယ်လေ"
အတည်ပေါက်ပြောနေတာကြောင့် ရိပေါ်ခေါင်းညိမ့်မိသည်။ငယ်နဲ့ကဘယ်တော့မှပြန်မဖြစ်နိုင်တော့ဘူးဆိုတာ သိနေပြီလေ။သားသားအတွက်ဆိုသူဘာမဆိုလုပ်ပေးနိုင်တယ်။အထူးသဖြင့် ငယ့်ကိုအရမ်းချစ်တဲ့သားသားကအဖေအသစ်ရှာခိုင်းတာကိုပေါ့။သားသားငယ့်ကိုတော်တော်စိတ်နာသွားပြီ။