"သားသား ဒက်ဒီပင်ပန်းနေလို့နားတော့မယ်နော် စားချင်တာရှိရင် ဦးဦးလုဟန်ကိုလုပ်ကျွေးခိုင်း"
"ဟုတ် ဒက်ဒီ"
သားသားပါးကိုနမ်းကာ အပေါ်ထပ်တက်လာခဲ့လိုက်သည်။တစ်နေကူန်အလုပ်မှာ မနားဘဲ လုပ်ထားရတာကြောင့်လူကနုံးချိနေသည်။သားသားကိုကျောင်းဝင်ကြိုတာတောင် သူ့မှာအပြင်ထွက်မကြိုနိုင်။ငယ်ပြန်သွားတဲ့ရက်ထဲက လူကစားချင်စိတ်မရှိ ညဘက်လဲအိပ်မပျော်ခဲ့တာ ၅ရက်လောက်ပင်ရှိပြီ။
ကုတ်အကျီကို ချွတ်ကာကုတင်ပေါ်ပစ်တင်လိုက်သည်။ပြီးနောက်လူပါ ကုတင်ပေါ်အားမရှိသလိုလှဲချလိုက်သည်။
"မုန်းတယ် မင်းကိုအရမ်းမုန်းတယ် မင်းကလေးကိုလဲမွေးမပေးနိုင်ဘူး အင့်ဟာ"
အိမ်မက်မမည်သော အသံတွေကဝိုးတိုးဝါးတာ နားစည်ကိုထိခတ်နေသည်။သေချာပါသည်အတိတ်ကငယ့်အသံတွေဆိုတာ။
လက်သီးစုပ်နဲ့ ပြားချပ်နေတဲ့ဝမ်းဗိုက်ကို ထုရိုက်နေတဲ့ကောင်လေးကိုဘေးနားကကောင်လေးတစ်ယောက်က ထုရိုက်နေတဲ့လက်ကိုဆွဲကာတားနေလေသည်။မျက်နှာငယ်လေးနဲ့ တားနေတဲ့ကောင်လေးကရိပေါ်ဆိုတဲ့ကျွန်တော်ပဲပေါ့။မထင်မှတ်ဘဲရလာခဲ့တဲ့ကလေး မဟုတ်ဘူး မာမီအတန်တန်တားရက်နဲ့ ငယ်နဲ့သူ့ကြားအချုပ်အနှောင်လေးရဖို့ ငယ်စားမယ့်အထဲဆေးတွေထည့်ပြီး ခက်ခက်ခဲခဲရလာခဲ့တဲ့ကလေး သူကသာပျော်နေခဲ့ပေမယ့် ငယ်ကတော့ကလေးကိုဖျက်ချချင်နေသည်။
"တော်ပါတော့ငယ်ရယ် အဲ့တာငယ်ရဲ့သွေးသားလေးလေ ငယ်ဖျက်ချရက်လို့လား"
ငယ့်လက်ကိုစုပ်ကိုင်ရင်း မေးမိသည်။အတော်ကြာတဲ့အထိငယ်ဟာအဖြေမပေးခဲ့ဘဲ သူ့လက်ထဲကနေ သူ့လက်တွေကိုဆွဲထုတ်ကာ ကုတင်ပေါ်သွားထိုင်သည်။
"ကိုယ်တို့ကလေးလေးကိုမွေးရအောင်နော်"
အသနားခံတဲ့မျက်နှာနဲ့ငယ်ထိုင်နေတဲ့ရှေ့ဒူးထောက်ထိုင်ကာ ပြောလိုက်ပါသည်။
"ငါမလိုချင်ဘူး ငါမင်းကိုမချစ်သလို ကလေးကိုချစ်လာနိုင်မှာလဲမဟုတ်ဘူး"
"ငယ့်သွေးသားပဲငယ်ရယ် ငယ်ချစ်လာမှာပါ အပြစ်မရှိတဲ့ကလေးကို မသတ်ပစ်ပါနဲ့ငယ်ရယ် "