Viewersကိုအားတက်ပေမယ့် vote ကနဲနေတယ် လိုအပ်ချက်တွေအများကြီးရှိနေတာ ဒီလောက်နဲ့ကျေနပ်ပါတယ်😁
.....................💙💙💙💙........................
သာယာလှတဲ့မနက်ခင်းလေး........
ပန်းရောင်စုံ ပွင့်ဖူးနေတဲ့ ခြံဝန်းကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ လောကကြီးကိုမေ့နေသဖွယ် မက်မက်မောမောနမ်းနေတဲ့ကောင်လေးနှစ်ယောက် ဘေးနားမှာတော့ ကလေးထည့်တဲ့တွန်းလှည်းလေးထဲမှာအိပ်ပျော်နေတဲ့ ၃လအရွယ်ကလေးလေး။
နေမင်းကြီးရဲ့ဖျာကျနေတဲ့ ရောင်နီတွေရဲ့အောက်မှာ ကလေးလေးကနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်လို့နေသည်။
"အဟမ်း ကလေးကိုခေါ်သွားပြီနော်"
ရိပေါ်ချောင်းတစ်ချက်ဟန့်ကာ ကလေးတွန်းလှည်းလေးကိုတွန်းကာ အိမ်ထဲဝင်လာခဲ့သည်။ဒီနေ့ကသားသားမွေးနေမို့ လူစုံတက်စုံရောက်နေကြသည်။ဧည့်ခန်းထဲမှာထိုင်နေတဲ့သားသားက ဘေးနားကလုလုလေးလက်ကိုဆွဲလို့သူဆီပြေးလာသည်။ညီမလေးလိုချင်နေတဲ့သားသားက လုဟန်သမီးလေးမွေးတော့ ချစ်မဝဖြစ်နေလေသည်။လုလုကတော့ သားသားကလေးနားကပ်ရင်စူပုတ်ပုတ်။
သားသားကလဲ ညီမလေးနားကပ်လိုက်တာနဲ့ လုလုကိုတောင့်မေ့သွားသလိုထင်ရသည်။လုလုက သားသားလက်ကိုဖြုတ်ကာ ဆိုဖာမှာသွားထိုင်နေသည်။အရင်တုန်းကသားသားအပေါ်အရာရာအလျော့ပေးတဲ့လုလုက ဆယ်လု လေးနဲ့ပတ်သက်ရင်တော့ ကောက်စိန်လေးကိုဖြစ်လို့နေသည်။
မူလတန်းစတက်နေတဲ့သားသားက လုလုကိုတန်ဖိုးထားမှန်းသိသာသည်။လုလုကလဲသားသားဆိုဘယ်လောက်မြတ်နိုးမှန်း ရိပ်မိပါသည်။ပေါက်စလေးရှိသေးတဲ့ကလေးနဲ့တောင် သဝန်တိုနေတာသာကြည့်တော့။
"ဒက်ဒီ သားသားလုလုနဲ့အပေါ်ထပ်သွားကစားတော့မယ်"
"အေးသွား ဒက်ဒီပဲဆယ်လုလေးကိုထိန်းထားတော့မယ်"
"ဟုတ်ဒက်ဒီ"
သူထိန်းထားမယ်ပြောတော့ လုလုလက်ကိုဆွဲကာ အပေါ်ထပ်တက်သွားပါသောသားတော်မောင်ပါလေ။လုလုကလဲကောက်ကောက်ပါအောင်လိုက်သွားသည်။လုလုဆူပုတ်နေမှန်းသိလို့ သားသားကညီမလေးအနားတောင်မကပ်ဘဲ အပေါ်ထပ်တက်သွားတာပဲကြည့်တော့။သားသားကလုလုလေးကို ငယ်ငယ်လေးနဲ့ချစ်နေပါတယ်ဆို။