ဒီနေ့က သားလေးရဲ့ ၄နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် ရိပေါ်အလုပ်မသွားဘဲ အိမ်မှာတစ်နေကုန်ရှိနေသည်။ငယ်ကတော့ မနက်ထဲကထွက်သွားလေပြီ။ဒီနှစ်လဲသားလေးမွေးနေ့ကို သားအဖနှစ်ယောက်ထဲဖြတ်သန်းရအုံးမှာပေါ့။သားလေးအတွက်မွေးနေ့ကိတ်လေးကိုေတာ့သူကိုယ်တိုင်လုပ်ပေးဖြစ်သည်။
"Daddy Pa Pa ကမအားဘူးလားဟင်"
မုန့်လုပ်နေတဲ့အနားကိုလာပြီး မျက်နှာငယ်လေးနဲ့မေးတဲ့သားလေးကို ပြုံးပြလိုက်ကာ
"Pa ကအလုပ်ရှုပ်နေလို့တဲ့ သားလေးအနားမှာ Daddy ရှိတယ်နော် "
"သား ရုရုကိုခေါ်ချင်တယ်"
"သားသဘောပါဗျာ"
သားလေးအတွက်မွေးနေ့တိုင်းက မိသားစုစုံစုံလင်လင်မကျင်းပရဘဲ သားအဖနှစ်ယောက်နဲ့သာပြီးသွားရသည်။ငယ်ကလဲ သားမွေးနေ့နဲ့ ငယ်နဲ့ဖေးဖေးရဲ့ Anniversary နဲ့တိုးနေတော့ သားလေးဘေးမှာရှိမပေးနိုင်။
"ဦးလေး သားကိုသူ့သူငယ်ချင်းအိမ်လိုက်ပို့ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့အကိုလေး"
သားကို လုလုကိုခေါ်ဖို့ ကားနဲ့လွှတ်လိုက်ပြီး သူကတော့လုပ်လက်စမုန့်ကိုသာလှပအောင်ပြင်နေရသည်။
"ဘဘ ဟိုရှေ့ကအိမ်"
တစ်လမ်းလုံး ဝမ်ရှောင်လေးရဲ့လမ်းပြမှု့နဲ့ ရုရုတို့အိမ်ရောက်လာရသည်။ဝမ်ရှောင်လေးမှာ ကားကိုခြံရှေ့တင်ရပ်ခိုင်းပြီးပြေးဆင်းသွားသည်။
"ရုရု ရုရု ဝမ်လေးရာတယ် ရုရု"
လုလုတစ်ယောက် မား ကျွေးနေတဲ့ ပန်းသီးစိတ်လေးတေကိုစားနေတုန်း ခြံရှေ့ကခေါ်နေတဲ့အသံဆာဆာလေးကြောင့် ပြေးထွက်လာလိုက်သည်။အိမ်ပြင်ရောက်တော့ ထင်တဲ့အတိုင်း ဝမ်လေးဖြစ်နေလေသည်။
"ဝမ်လေး လုလုဆီလာတာလား"
"ဟုတ်ရယ်"
လုလုသည် ခြံတံခါးကိုဖွင့်ပေးလိုက်ကာ ဝမ်လေးလက်ကိုဆွဲပြီးအိမ်ထဲဝင်လာခဲ့သည်။အိမ်ထဲရောက်တော့ မားကပြုံးပြီး
"လုလု သူငယ်ချင်းလား"
"ဟုတ်တယ်မား ဝမ်ရှောင်တဲ့ ဝမ်လေးဒါလုလုမား "
![](https://img.wattpad.com/cover/230133647-288-k804221.jpg)