လုဟန်ရောက်လာပြီး ၁လအကြာမှာပဲ မေမေဘာလို့သူ့ဆီလုဟန်ကိုအတင်းလွှတ်ချင်တာလဲဆိုတာသိရတော့သည်။ငယ့်လိုပဲ လုဟန်လဲသားအိမ်ပါသည်တဲ့လေ။
လုဟန်လဲလုံးဝမထင်မှတ်ထားပုံပေါ်သည်။ဆရာဝန်ပြောထဲကငိုတာ အိမ်ရောက်တဲ့ထိတောင်အငိုမတိတ်ခဲ့ဘူး။ရိပေါ်လုဟန်ကို ဧည့်ခန်းကဆိုဖာမှာ ဝင်ထိုင်စေပြီးသူလဲဘေးမှာထိုင်လိုက်သည်။"မပျော်ဘူးလား လုဟန်"
"ကော ဟင့် ကျွန်တော် ကျွန်တော်က ရှောင်းကျန့်ကောလိုမဟုတ်ဘူး ကျွန်တော့်ကိုတန်ဖိုးထားချစ်ပေးမယ့်လူမရှိဘူး မွေးလာမယ့်ကလေးလေးကိုလဲ ချစ်ပေးမယ့် အဖေမရှိဘူး ကော"
"လုဟန်ရယ်"
ရိပေါ်လုဟန်ကျောပြင်လေးကိုခပ်ဖွဖွပုတ်ပေးကာနှစ်သိပ်ပေးရုံမှလွဲကျန်တာမတက်နိုင်ခဲ့။ယောကျာ်းချင်လက်ထပ်တာ ရွ့တဲ့ ဖေဖေက လုဟန်ကိုသူ့ဆီပို့ခဲ့တာမထူးဆန်းပါဘူး။
"ဘယ်သူလဲ ကလေးအဖေက ဖေဖေကသဘောမတူတာလား ဟုတ်လား"
"ဟင့်အင် ဦးလေးကသဘောတူတယ် ဟင့် သူက ကျွန်တော့်ကိုမချစ်တာ "
လုဟန်စကားကြားပြီး ရိပေါ်စိတ်မကောင်းပါ။လောကကြီးရယ် ဘာလို့များ ကိုယ်ချစ်တဲ့လူကကိုယ့်ကိုပြန်မချစ်ကြတာလဲ ။မွေးမလာသေးတဲ့ကလေးလေးအပေါ်မရက်စက်ပါနဲ့ မိဘစုံစုံလင်လင်နဲ့ကြီးပြင်းခွင့်မပေးရတာလဲ။
"ကိုယ်စိတ်မကောင်းပါဘူး ဒါပေမယ့်ဘာမှစိတ်အားမငယ်နဲ့နော် ကောတစ်ယောက်လုံးရှိတယ်"
"သူကျွန်တော့်ကိုမချစ်ဘူး သူလုပ်ရက်တယ် ဟင့် အီးးး "
"ငိုပါ ဒီနေ့တစ်နေ့အဝငိုလိုက်ပါ နောက်နေ့ကစပြီး ကလေးအတွက် လုဟန်အားတင်းပြီးရှင်သန်ရမယ် "
"ဟုတ် ကလေးလေးအတွက် ကျွန်တော်အားတင်းရမယ်"
ခုမှပြုံးရယ်သွားတဲ့ကောင်လေးက ခုနငိုနေတာသူမဟုတ်တဲ့အတိုင်း။အလုံးအထည်တောင်မပေါ်သေးတဲ့ကလေးလေးက လုဟန်ကိုအဲ့လောက်တောင်ပျော်ရွှင်မှု့ပေးစွမ်းနိုင်သည်တဲ့လား။
မင်းအရမ်းကံကောင်းတယ် ကလေးလေးရေ မင်းအဖေမရှိပေမယ့် မင်းကိုချစ်ပေးမယ် အဖေနဲ့ ဦးဦးတစ်ယောက်လုံးရှိနေတယ်။