LOVE 💙26

4K 471 24
                                    

အိပ်ဆေးအရှိန်နဲ့အိပ်ပျော်နေတဲ့ရိပေါ်ဘေးမှာသားသားကကုတ်ကုတ်လေးထိုင်နေသည်။ကုတင်နဲ့မလှမ်းမကမ်းကခုံမှာတော့ သူနဲ့လုဟန်ထိုငိနေမိသည်။တိတ်ဆိတ်နေတဲ့အခန်းက အပ်ကျရင်တောင်ကြားရမည်။

"သားသား"

ခပ်တိုးတိုးခေါ်လိုက်မိတော့ သားသားကလှည့်ကြည့်လာသည်။လုဟန်ကတော့ အပြင်ကိုရှောင်ထွက်သွားသည်။

"ပါးပါးကိုလက်ခံပေးမလား ပါးပါးအမှားတွေအတွက် သားသားနဲ့ဒက်ဒီဘေးမှာနေခွင့်ပေးမလား"

လွယ်လွယ်လက်ခံမှာမဟုတ်မှန်း သိနေတာမို့ သားသားမျက်နှာတောင် ဝံ့ဝံ့ရဲရဲမကြည့်ရဲခဲ့ပါ။တော်တော်ကြာတဲ့အထိ သားသားဘက်ကစကားပြန်မရခဲ့။

"သားသား"

"ဒက်ဒီကိုငိုအောင်မလုပ်တော့နဲ့ ပါးပါးကိုလက်ခံပေးရင်ဒက်ဒီကို..."

"ပါးပါးကတိပေးတယ် သားသားနဲ့ဒက်ဒီကိုနောက်ထပ်နာကျင်အောင်မလုပ်တော့ဘူး ပါးပါးကိုအခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်"

သားသားဆီ‌ပြေးဖက်လိုက်ရင်း တောင်းပန်စကားအထပ်ထပ်ဆိုမိသည်။သူလုပ်ခဲ့တဲ့အမှားကခွင့်လွှတ်နိုင်စရာမရှိမှန်းသိပေမယ့် သားသားဘက်ကအခွင့်အရေးပေးလို့ သူ့ကိုယ်သူပိုမုန်းမိတယ်။

လုဟန်ကလဲသားသားကိုသေချာဖျောင်းဖျထားတာမို့သားသားဘက်ကခုလိုအလွယ်အတူလက်ခံခြင်းပင်။

"အင့် အီးးးးး ဟီးးးးး"

"ဟင့် တောင်းပန်ပါတယ်"

ရင်ခွင်ထဲကငိုနေတဲ့သားသားကိုဖက်ကာအတူငိုမိသည်။ငယ်ရွယ်လွန်းတဲ့သားလေး ဘယ်လောက်ခံစားရမလဲ။တောင်းပန်ပါတယ်ကလွဲလို့ပြောစရာမရှိပါဘူးသားသားရယ်....။

.....

"သားပေါက်ရေ ဒက်ဒီကိုသွားနှိုးလိုက်ပါအုံး"

မနက်စာပြင်ဆင်ပြီးသည့်တိုင် မောင်ဆင်းမလာသေးတာမို့ သားသားကိုသွားနှိုးခိုင်းရသည်။မောင်ကြိုက်တဲ့ပေါင်မုန့်မီးကင်နဲ့ကော်ဖီကို သေချာပြင်ဆင်ပြီး သားသားနဲ့သူ့အတွက်တော့ နွားနို့နှစ်ခွက်ပြင်ထားသည်။သားသားကနွားနို့အရမ်းကြိုက်တာမို့နေ့တိုင်း နွားနို့မပါမဖြစ်။သူကတော့ဘာဖြစ်ဖြစ်အဆင်ပြေပါသည်။

LOVE🚨🚨Where stories live. Discover now