"ဟင့်အင် သားသားယူမှာ သားသားကိုပေး"
"မရဘူး ဒက်ဒီယူမှာ"
"ဒက်ဒီစိတ်ပုတ် ပါးပါးသားသားကိုပေး သားသားဗိုက်ဆာရယ်"
ဝမ်လေးကသူ့ပေါင်ပေါ်ကနေထပြီး သူ့ဒက်ဒီဆီပြေးသွားကာ ရေခဲမုန့်ဘူးကိုလုသည်။ရိပေါ်နဲ့သားသားလုနေတာကြည့်ပြီး ရီမိသည်။
"ရလာပြီလား သားသားကအစားပုတ်လေးကွာ ဒက်ဒီကိုတောင်မကျွေးဘူးလား"
"ဒက်ဒီကိုမကျွေးဘူး ပါးပါးကိုကျွေးမှာ အာ "
ပါးစပ်လေးဟပြကာ ခွံ့ကျွေးလာတဲ့သားသားပါးကိုဖျစ်လိုက်ပြီး ရေခဲမုန့်လေးကိုငုံ့စားလိုက်သည်။ရိပေါ်ကသားသားပါးစပ်မှာပေနေတဲ့ရေခဲမုန့်တွေကို လက်မလေးနဲ့ဖိသုတ်ပေးသည်။
"ဒက်ဒီကိုလဲကျွေးပါအုံးသားသားရဲ့"
"ကျွေးဘူး ဒက်ဒီအကျင့်ပုတ် သားသားကိုပစ်ထားတယ် ပါးပါးနဲ့သားသားကို ခုအပတ်ကစားကွင်းလိုက်ပို့"
"ဟမ် ဒက်ဒီဘယ်တုန်းက သားသားကိုပစ်ထားလို့လဲ ပြောပါအုံး"
သားသားကိုယ်လူံးလေးကိုပေါင်ပေါ်ပွေ့တင်ကာ ခပ်တင်းတင်းဖက်ထားလိုက်ပြီး မေးလိုက်တော့ သားသားကနှုတ်ခမ်လေးစူကာကြည့်လာသည်။
"ဟမ် ဘာလို့ဆူပုတ်နေရတာလဲကွာ"
"ဒက်ဒီခုတလောအိမ်ပြန်နောက်ကျတယ် သားသားဆီလဲ အင့် လာဘူး"
"သားသားရယ် ဒက်ဒီကကုမ္ပဏီမှာအလုပ်ရှုပ်နေလို့ နောက်ကျတာပါ သားသားကိုပစ်ထားတာမဟုတ်ပါဘူးကွာ စိတ်မကောင်းမဖြစ်နဲ့နော် မွ သားပေါက်လေး"
သားသားနှဖူးလေးကိုအနမ်းပေးကာဆိုလိုက်တော့ ကြာကြာစိတ်မကောက်နိုင်တဲ့သားသားက ချက်ချင်းပဲပြုံးရယ်လာသည်။
"ပြွတ် နောက်ခါနောက်မကျနဲ့ သားသားပျင်းတယ်"
"ဟုတ်ပါပြီကွာ ဒက်ဒီနောက်နေ့တွေစောစောပြန်ခဲ့ပါ့မယ် ဟုတ်ပြီလား နှုတ်ခမ်းကြီးကိုဆူမထားပါနဲ့တော့"
"ဟီး ဟုတ်"
"သားအဖတွေခုနကသူတို့မဟုတ်တဲ့အတိုင်း"