မနက်ဝေလီဝေလင်းအချိန်မှ ရှောင်းကျန့်အိမ်ပြန်လာခဲ့သည်။အိမ်ထဲရောက်တော့ဧည့်ခန်းကြီးတစ်ခုလုံးမီးလင်းနေတာကြောင့် ဆိုဖာဆီအကြည့်ရောက်လိုက်တော့ ရိပေါ်ကမအိပ်သေးဘဲ စာရင်းလုပ်နေလေသည်။
ရိပေါ်တစ်ယောက် ငယ်ပြန်လာမယ့်အချိန်ကိုစောင့်ရင်း စားရင်းဇယားတေလုပ်နေလိုက်သည်။တစ်ချက်တစ်ချက်နာရီမော့ကြည့်ပေမယ့် ၁၂နာရီထိုးသည့်တိုင်ငယ်ကပြန်မလာခဲ့။ဒီနှစ်လဲ မျှော်လင့်ချက်တေပျက်ရပြန်ပြီ။ငယ်သည် ၄နာရီထိုးသည့်တိုင်ပြန်မလာသေး။၄နာရီခွဲလောက်ကျတော့ passwordနှိပ်သံကြားလိုက်ရတာမို့ ငယ်ပြန်လာပြီမှန်းသိလိုက်သည်။
"မင်းမအိပ်သေးဘူးလား"
ရှောင်းကျန့်အိမ်ထဲဝင်လာတော့ ဆိုဖာပေါ်မှာထိုင်နေတဲ့ရိပေါ်ကိုတွေ့ရသည်။ရှေ့မှာလဲ ကော်ဖီခွက်နဲ့ စာရွက်တေရှိနေတာမို့ သူ့ကိုစောင့်နေတာတော့ မဖြစ်နိုင်။
"ဟုတ်တယ် ငယ် ကိုယ်အလုပ်တေမပြီးသေးလို့ "
"သားသားရောအိပ်ပြီလား "
"အိပ်နေပြီ ငယ်လဲပင်ပန်းလာရောပေါ့ သွားအိပ်တော့လေ"
"လာလေ မင်းလဲအိပ်တော့ "
ငယ်သည် သူ့လက်ကိုဆွဲကာအခန်းထဲခေါ်ဆောင်သွားသည်။အခန်းထဲမဝင်ခင် သားသားအခန်းထဲဝင်ပြီး အနမ်းပေးဖို့လဲမမေ့ခဲ့။အခန်းထဲရောက်တော့ ငယ်ကရေမချိုးတော့ဘဲတန်းအိပ်ရန်ပြင်သည်။
"ငယ် ရေမချိုးတော့ဘူးလား မိုးလင်းတော့မှာဆိုတော့တစ်ခါထဲချိုးပြီးမှအိပ်လိုက်ပါလား"
နွေရာသီရောက်နေပြီဆိုတော့ မနက်စောစောတောင်ပူအိုက်နေတာမို့ ငယ့်ကိူရေချိုးဖို့ပြောရသည်။အခြားရက်တေဆိုမချိုးခိုင်းပေမယ့် ငယ့်ဆီကအရက်နံ့တေရနေတာမို့ ပြောရသည်။
"ငါအရမ်းအိပ်ငိုက်နေပြီ "
ငယ်က တစ်ခွန်းပဲပြောကာ အိပ်ယာပေါ်ထိုးအိပ်နေလေပြီ။သူ့မှာသာမအိပ်နိုင်သေးဘဲ ငယ်ရဲ့အဝတ်အစားတေကိုလဲပေးလိုက်သည်။ပြီးနောက် မအိပ်တော့ဘဲ ဧည့်ခန်းထဲထွက်လာကာ စာရင်းတေလုပ်နေလိုက်သည် ။
