"ဒေါက်တာ အပြင်မှာ ဒေါက်တာနဲ့တွေ့ချင်လို့တဲ့"
"ဘယ်သူတဲ့လဲ"
"ရိဖန်လို့ပြောပါတယ်"
"ဝင်ခဲ့ခိုင်းလိုက်"
ရီရှင်းတစ်ယောက် နယ်ဘက်ကိုစေတနာ့ဝန်ထမ်းသွားလုပ်ပြီးပြန်လာတော့ အလုပ်တေပုံနေတာကြောင့် အိမ်တောင်မပြန်ဖြစ်ဘဲ ဆေးရုံမှာပဲညအိပ်ဖြစ်သည်။
တစ်နေကုန်မနားရဘဲ ခွဲခန်းဝင် လူနာကြည့်နဲ့မောပန်းပြီးခဏလေးနားနေတုန်း သူနာပြုမလေးလာပြောမှ ပင်ပန်းနေတဲ့စိတ်ကလန်းဆန်းသွားရသည်။
"ရှင်း ပင်ပန်းနေပြီလား ဖန် စွပ်ပြုတ်လုပ်လာတယ်"
ရိဖန်ဆိုတာ သူ့ရဲ့ချစ်သူလေးပေါ့ ရိဖန်မှာမိန်းမရှိတယ် ဒါပေမယ့် ရိဖန်ကသူမကိုမချစ်ဘဲ မိဘတေသဘောအတိုင်းလက်ထပ်ထားခဲ့တာဖြစ်သည်။
"မင်းမိန်းမဘာမှမပြောဘူးလား"
"ရှင်းကလဲ သူပြောလဲ ဖန်ကဂရုမစိုက်ပါဘူး လာပါ ဖန်ခွံတိုက်မယ်"
ဖန်သည် ရှင်းလက်လေးကိုဆွဲကာ ဆိုဖာလေးပေါ်မှာထိုင်စေသည်။ပြီးနောက် သူကိုယ်တိုင်လုပ်လာတဲ့စွပ်ပြုတ်လေးကို တဖူးဖူးမှုတိကာ ခွံတိုက်တော့သည်။စွပ်ပြုတ်မကြိုက်တဲ့သူ့မှာလဲ အပတ်တိုင်းစွပ်ပြုတ်ပဲသောက်နေရလွန်းလို့ ဖန့်လက်ရာလေးကိုစွဲတောင်နေလေပြီ။
"ဖန် ကိုယ့်အိမ်လိုက်ခဲ့ပါလား ကိုယ်ခုညအိမ်ပြန်နားမလို့"
"အင်း ဖန်လိုက်ခဲ့မယ်နော် ဒါပေမယ့် ယွမ်ရှီကိုတော့ ဖုန်းဆက်ပြောရအုံးမယ် "
ဖန်သည် မျက်နှာငယ်လေးနဲ့ပြောလာခဲ့ပါသည်။သူသိတယ်လေ ယွမ်ရှီအကြောင်းပြောရင်မကြိုက်မှန်း။ယွမ်ရှီကလဲမိန်းမကောင်းတော့မဟုတ် ယောကျာ်းတကာနဲ့အပြင်မှာပွေရှုပ်နေတဲ့မိန်းမ ဖန်လဲသိတယ် ဒါပေမယ့် ဖန်ကမကွာရှင်းနိုင်ဘူး အကြောင်းပြချက်က မိဘစကားမလွန်ဆန်ရဲလို့တဲ့။
"အင်းလေ ပြော "
"ရှင်း ဖန်ကဝတ္တရားအရဆက်တာပါ စိတ်မဆိုးနဲ့နော် ဖန် ရှင်းနဲ့တွေ့တဲ့အချိန်ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်"
