Volume III_ Chapter (34) _ ဆုပေးပွဲအခမ်းအနား (Z+U)
Tang Feng နဲ့ Randa တို့ဟာကော်ဇောနီပေါ်ကို အတူတကွ လျှောက်လှမ်းခဲ့ပြီး သတင်းထောက်များစွာ၏စပ်စုသော မျက်လုံးများအောက် ရှက်ရွံ့ခြင်းမရှိ သက်တောင့်သက်သာ တက်ရောက်ခဲ့သည်။ Tang Feng က ထိပ်သီးမင်းသမိးကြီးနဲ့ အတူ တက်ရောက်လာတာ ဖြစ်လို့ ဒီရုပ်ရှင်ပွဲတော်ရဲ့ထိပ်တန်း ဦး စားပေး ဖော်ပြခံရသူထဲ အလိုလျောက်ပါသွား တော့သည်။
အကောင်းဆုံးသောသရုပ်ဆောင်များနှင့် မင်းသမီးများကို ဆုပေးပွဲအခမ်းအနား၏ ဒုတိယတစ်ဝက်တွင်ကြေညာလိမ့်မည်။ Tang Feng နှင့်အဖွဲ့သည်အ တူတူထိုင်နေကြသည်။ ယနေ့ Lu Tian chen သည် ရုပ်ရှင်ရင်းနှီးမြှုပ်နှံသူတစ် ဦး အဖြစ်နဲ့ ပွဲကို တက်ရောက်လာသည်။ တကယ်တော့ အများဆုံး ရှယ်ယာထည့်ဝင်ထားတဲ့ Charles က ပွဲကို တက်ရောက်သင့်သော်လည်း တစုံတယောက်က သူ့ကို ဦးတည်တိုက်ခိုက်နေလို့ လူမြင်ကွင်းကို ထွက်လာလို့မဖြစ်သေးပေ။
"မင်း စိတ်လှုပ်ရှားနေလား?"
Lu Tianchen သည် Tang Feng ဘေးတွင်ထိုင်ကာ ညင်ညင်သာသာမေးလိုက်သည်။ အလင်းမှိန်မှိန်၌ တိတ်ဆိတ်စွာရောက်ရှိနေပြီး Tang Feng ၏လက်ချောင်းများကို အသာညစ်လိုက်သည်။
" နည်းနည်းလေးမှ မဖြစ်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲ့ဒီဆု 2 ခုလုံးရလောက်အောင် အကောင်းဆုံး လုပ်ခဲ့တယ်လေ။"
"အကောင်းဆုံးလူသစ်သရုပ်ဆောင်ဆုနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ဇကာတင်စာရင်းထဲ ပါဝင်ခဲ့သူက လူတစ်ယောက်တည်းဖြစ်ပါတယ်။ ဒါက ပုံမှန်ဆို မဖြစ်နိုင်လောက်အောင် ရှားပါးတဲ့ အဖြစ်ပျက်ပါပဲ။ အခု ဒီဆု 2 ခု ရဲ့ ဇကာတင်စရင်းထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် Tang Feng ကို အားလုံး ဂုဏ်ပြု လက်ခုပ်လေး ချီးမြှင့်လိုက်ရအောင်ပါ...."
မျှော်မှန်းထားတယ်ဆိုပေမယ့် လက်တွေ့လက်ခံရရှိလိုက်ချိန်မှာ စိတ်မလှုပ်ရှားဘူးလို့ပြောဖို့ခက်ပါတယ်။ သူက ငယ်သေးတယ်။ အခွင့်ရေးတွေအများကြီးရှိတာဖြစ်လို့ ခုလို ဆုကို ရတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
YOU ARE READING
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.