True Star - V 4 _Chapter 19 - လမ်းတစ်ဝက်မှာ အချစ်ပြိုင်ဖက်ကို ကောက်တင်လာခြင်း
Tang Feng ၏ "Slayer" ဇာတ်ကားထဲတွင် ဒါရိုက်တာတစ်ဦးသာ အမည်စာရင်းတင်သွင်းခံထားရသောကြောင့် ယခုတစ်ကြိမ်တွင် အနုပညာရှင်များ အချင်းချင်းကြား ရန်မဖြစ်မည်၊ ပရိတ်သတ် စိတ်ဝင်စားမည့် သတင်းမရမည်ကို မီဒီယာအများစုမှာ စိုးရိမ်ပူပန်နေကြခြင်းသာဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့သားအားလုံး ဖွင့်ပွဲကို မတက်ရောက်ကြပေမယ့် အားလုံး ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ပထမဆုံးရောက်သည့်နေ့တွင် အတူစုရုံးခဲ့ကြသည်။
ဘဝမှာ ပြန်ပေးသမားလက်တွေထဲတွင် သေခြင်းတရားကို အတူရင်ဆိုင်ခဲကြဖူးသူတွေဖြစ်လို့ သူငယ်ချင်းအရင်းခြားကဲ့သို့ ခံစားရကာ တွေ့ဆုံခိုက် အတူတူ စားရင်းသောက်ရင်း ပျော်ပျော်ပါးပါး နေခဲ့ကြသည်။ အားလုံးက ပြန်ဆုံတွေ့ချိန် ကြီးကြီးမားမား ကွာခြားချက်ကို မပြောဘဲ ခံစားချက်များစွာ ခံစားရပြီး တစ်ယောက်ကို တစ်ယောက် နွေးထွေးစွာ ပွေ့ဖက်ထားကြသည်။ မသိရင် သူတို့က လအနည်းငယ်သာ သိကျွမ်းသူတွေလို့ မထင်ပဲ ဆယ်စုနှစ်များစွာကြာသော သူငယ်ချင်းများဖြစ်နေသလားပင် ထင်ရမည်။
"မကြာသေးခင်ကမှ နောက်ရိုက်မယ့်ဇာတ်ကားအတွက် မင်း လေ့ကျင့်မှုတွေ လုပ်နေတယ်လို့ ကြားတယ်။ မင်း ရော နေကောင်းရဲ့လား ၊ ခက်ခဲပေမယ့် လမ်းတစ်ဝက်မှာ အရှုံးမပေးနဲ့။
Tang Feng နဲ့ အရမ်းရင်းနှီးချင်တဲ့ မင်းသားက သူ့ကိုတွေ့တော့ ပြုံးပြကာ အားပေးခဲ့သည်။
Tang Feng က ထိုမင်းသားသည် အသက်ငါးနှစ် ခြောက်နှစ်ခန့် ချစ်စရာကလေးမလေးကို ခေါ်ဆောင်လာသည်ကို သတိထားမိသည်။ သူက မင်းသားကို ပြုံးပြပြီး ပြန်ဖြေလိုက်သည်။
"ကျွန်တော့် လေ့ကျင့်မှုရဲ့ ရလဒ်က မဆိုးဘူး။ နည်းပြက တကယ်ကို အံ့မခန်းတော်တဲ့သူ ဖြစ်တယ်။
Tang Feng သည် ခဏစကားပြောပြီးူနောက် ပါလာသည့် ကလေးမလေးဆီကို ငုံ့ကိုင်းကာ နူတ်ဆက်လိုက်သည်။
"ဟယ်လို"
"ဟဲလို ...ဦးဦးက ကိုယ်ခံပညာ တတတ်တယ်လို့ သမီး ကြားတယ်။ ဦးဦး မိုးပေါ် ပျံသန်းနိုင်လား"
ကလေးမလေးသည် သူ့၏လက်ကို ရှက်ရွံ့စွာဆွဲယူကာ Tang Feng အား စူးစမ်းလိုစိတ်နှင့် မျက်လုံးကြီးကြီးဖြင့် ကြည့်နေသည်။
"ဦးလေး မပျံသန်းနိုင်ပေမယ့် ဦးလေးကတော့ လူဆိုးတွေကို ကောင်းကောင်း ချနိုင်ပါတယ်။"
Tang Feng က ပြုံးပြီး လက်သီးထိုးသည့် အမူအရာလုပ်ပြလိုက်သည်။ ဒါကိုမြင်တော့ ကလေးမလေး သဘောကျစွာ တခစ်ခစ်ရယ်မောခဲ့သည်။
ကလေးမလေးက ရယ်မောကာ ပြောခဲ့သည်။
"ဒါဆိုရင် ဦးဦးက သမီးကို ကာကွယ်ပေးရမယ်နော်။ ဖေဖေက မင်းက သူရဲကောင်းတစ်ယောက်ဖြစ်ပြီး လူကောင်းတစ်ယောက်လို့ ပြောတယ်။"
"ဟားဟား...ငါ မင်းကိုကာကွယ်ပေးပါ့မယ်။"
Tang Feng သည် ကလေးမလေးကို ညင်သာစွာ ပွေ့ဖက်ထားသည်။
"ဒါ ငါ့သမီးပါ၊ ဒီတစ်ခါ လျှောက်လည်ဖို့ ခေါ်လာခဲ့တာ"
မင်းသားက ပြုံးပြီး ကလေးမလေးကို လှမ်းပွေ့ချီရင်း Tang Feng ကို ကြည့်ကာ ပြောခဲ့သည်။
"သူမက မင်းကို အရမ်းသဘောကျတာ။"
"အဲဒါက မင်းက ငါ့ကို အကောင်းတွေချည်းပြောထားလို့ပါ။ သူမက တကယ်ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ။"
မင်းသားကြီးရဲ့ ချစ်ဖို့ကောင်းတဲ့ သမီးငယ်လေးကို ကြည့်လိုက်တော့ Tang Feng က သူနဲ့ တစ်လကျော် အဆက်အသွယ်မရှိခဲ့တဲ့ Annie ကို ရုတ်တရက် သတိရသွားတယ်။ ဒါကြောင့် Annie လေးကိုတွေ့ဖို့ ဗြိတိန်ကိုသွားကြည့်တာ ပိုကောင်းလိမ့်မည်ဟုတွေးနေသည်။
Tang Feng သည် နောက်ဆုံးအကြိမ် ဖုန်းပြောသောအခါ အန်နီလေးက စိတ်မကောင်းဖြစ်နေဟန်တူသည်။ သူလည်း ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သတ်ပြီး အလုပ်ရှုပ်နေခဲ့လို့ သူမကို ထပ်ပြီးမဆက်သွယ်ဖြစ်ခဲ့ေပေ။ အချိန်ရလျှင် သူမကို လာတွေ့မည်ဟု ကတိပေးခဲ့ပေမယ့် ကတိပျက်ခဲ့သည်။ သူ၏ကတိကို ဖြည့်ဆည်းမပေးပါက အန်နီလေး အရမ်းဝမ်းနည်းသွားလိမ့်မည်။
အဲဒါဟာ ထင်ယောင်ထင်မှား ပုံရိပ်ယောင် လှည့်စားမှုတစ်ခုလားတော့ မသိတော့ပေ။ သူက ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှ အထီးကျန်ဆန်စွာ ကြီးပြင်းလာသည့် ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးလို့ အန်နီနှင့် စကားပြောတဲ့အခါ သူမလေးက တကယ့်ကို အထီးကျန်ဆန်တဲ့ ကလေးတစ်ယောက်လို့ ခံစားခဲ့ရသည်။
အန်နီလေးဟာ ပျော်ရွှင်စရာကောင်းပြီးချမ်းသာတဲ့ မိသားစုကို ပိုင်ဆိုင်ထားပေမယ့် အန်နီလေးက သူ့မိဘတွေအကြောငးကို ဖုန်းထဲမှာ ပြောတာကို တစ်ခါမှ မကြားဖူးဘူး။
ဖြစ်နိုင်လျှင် Tang Feng သည် အန်နီ၏ မိဘများနှင့် စကားပြောချင်သည်။ ကလေးက ငယ်သေးပြီး လူကြီးတွေရဲ့အတွေးကို အများကြီး နားမလည်နိုင်သေးဘူး။ ယခုအချိန်တွင် အရွယ်ရောက်ပြီးသူများက သူတို့ သားသမီးများနှင့် အချိန်ပိုပေးသင့်သည်။
"ရုပ်ရှင်ကို အကြမ်းဖျင်းအားဖြင့် အပြီးသတ်ပြီးပါပြီ။"
ဒါရိုက်တာက ရောက်လာပြီး သူ့လက်ထဲမှာ ဘီယာတစ်ပုလင်း လှမ်းပေးရင်းပြောခဲ့သည်။
"ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ကျွန်တော်တို့ အတူတူ အလုပ်ပြန်လုပ်နိုင်လောက်တယ်။"
"ကျွန်တော် ကိုယ်အလေးချိန် တိုးရဦးမလား"
Tang Feng က ပြုံးပြီး ဒါရိုက်တာဆီက ဘီယာအေးကို ယူလိုက်တယ်။
" ကျေးဇူးတင်ပါတယ်။"
"ဟား..ဟား၊ ဒါက မင်းအတွက် အရမ်းနစ်နာတယ်။ ဒါကြောင့် ငါ ထုတ်လုပ်သူနဲ့ နည်းနည်း ဆွေးနွေးခဲ့တယ်။ မကောင်းဆိုးဝါး လူသတ်သမား ရဲ့ ဒုတိယပိုင်းက ရှောင်ပိုင်ရဲ့ အဆက်တော့ မဟုတ်ဘူး။ "
ဒါရိုက်တာက ပခုံးတွန့်ပြကာ ရယ်မောရင်းပြောခဲ့သည်။
"မင်းသိတဲ့အတိုင်းပဲလေ....လူတိုင်းက ချောမောပြီး အန္တရာယ်ကင်းတဲ့ လူငယ်လေးတစ်ယောက်အကြောင်းကို ကြည့်ရတာ ကြိုက်ကြပေမယ့် တကယ်တော့ ဒါဟာ လူသတ်သမားတစ်ယောက်ရဲ့ ဇာတ်လမ်းပဲ"
"အဲဒါက စိတ်လှုပ်ရှားစရာ ကောင်းမယ့်ပုံပဲ"
"မင်း ဘာကိုဆိုလိုချင်တာလဲ၊ မင်း ရုပ်ရှင်ဇာတ်ကားတစ်ကား ထပ်ရိုက်ဖို့ စိတ်ကူးရှိလား။"
ဒါရိုက်တာက ဆက်ပြီးပြောခဲ့သည်။
"တကယ်တော့ ပထမဇာတ်ကားက အရမ်းအောင်မြင်ပြီးရင် နောက်ရိုက်တဲ့ အဆက်ဇာတ်လမ်းတွဲ ဇာတ်ကာက နည်းနည်းတော့ အန္တရာယ်များတယ်။ ပထမပိုင်း ရုပ်ရှင်ဟာ Box Office မှာ နာမည်ကောင်းရခဲ့ပေမယ့် ရုပ်ရှင်စီးရီးအများစုရဲ့ ဒုတိယဇာတ်ကားတွေဆိုရင် နည်းနည်း ကျဆင်းသွားတတ်တယ်။ ဒါပေမယ့် ဒီဇာတ်ကားထဲ ပါဝင်တဲ့ လူတိုင်းရဲ့ အရည်အချင်းနှင့် စိတ်ပိုင်းဖြတ်မှုကို မင်း ယုံကြည်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဒီဇာတ်ကားက ပထမဇာတ်ကားထက် ဘယ်လိုမှ ပိုဆိုးမှာ မဟုတ်ဘူး"
"ဒီဇာတ်ကားကို ရိုက်ခွင့်ရတာ ကျွန်တော် ဝမ်းသာပါတယ်၊ ဒီဇာတ်ကောင် ကာရိုက်တာက ကျွန်တော့်အတွက် တကယ့်ကို အဓိပ္ပာယ်ရှိတယ်။"
Tang Feng က ပြုံးပြီး သူသာလျှင် နားလည်နိုင်တဲ့ အရာကို ပြောလိုက်သည်။
ဒါရိုက်တာက ချက်ချင်းရယ်လိုက်သည်။ တကယ်တော့ သူတို့တစ်ဦးစီအတွက်၊ ဒီရုပ်ရှင်ထုတ်လုပ်ခြင်းသည် အကျိုးအမြတ်အတွက်သာမက ပိုအရေးကြီးသည့် အခြားအရာကိုလည်း ရရှိခဲ့သည်။ ဒါက ရုပ်ရှင်နှင့် ကွဲပြားသည့် ဘဝအတွေ့အကြုံဖြစ်သည်။
အားလုံးအတူတူ ရုပ်ရှင်ရိုက်ရတာ တကယ်ကို တန်ပါတယ်။
............
ပါတီပွဲက မနက်အစောကြီးအထိ ဆက်လက်ကျင်းပနေပြီး လူအနည်းငယ်သည် တစ်ယောက်ပြီးတစ်ယောက် အပျော်လွန်ကာ မူးကာ မှောက်သွားသည်။
မမူးသေးသော Tang Feng သည် တက္ကစီစီးရန် လမ်းဘေးတွင် ရပ်ကာ ဒါရိုက်တာနှင့်အတူ အရက်မူးနေသော ယောက်ျားများကို တက္ကစီပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တင်ပေးလိုက်ရသည်။ ကံကောင်းထောက်မစွာ၊ အများစုမှာ ဟိုတယ်တစ်ခုတည်းတွင် နေထိုင်လို့သာပေါ့...
"Tang Feng..ငါ အရင်သွားတော့မယ်။ မနက်ဖြန်မှတွေ့မယ်။ မင်းလည်း သတိထားပြီး မြန်မြန်ပြန်သွားပါ။"
တက္ကစီပေါ်တက်သွားတဲ့ နောက်ဆုံးလူက လက်ပြနူတ်ဆက်ကာ ထွက်သွားခဲ့သည်။
သူထွက်သွားတော့ Tang Feng က Charles ကို လာကြိုဖို့ ဖုန်းဆက်လိုက်သည်။ အဲဒီလူ မကြာခင် ရောက်လာမယ်လို့ ခန့်မှန်းရင်း လမ်းပေါ်မှာ ရပ်နေတဲ့ Tang Feng က ဘယ်လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး အချိန်ကို ကြည့်လိုက်တယ်။ မနက်အစောကြီးဖြစ်နေပြီပဲ။
ညဘက် လေအေးက သူ့ခေါင်းကို အနည်းငယ် မူးဝေတာ လျော့သွားစေသည် ။ သူတို့အဖွဲ့သည် ထိန်းမနိုင်သိမ်းမရ သောက်နေသည့်အပြင် သိပ်မသောက်သည့် Tang Feng ကိုလည်း အတင်းတိုက်နေလို့ လူအုပ်စု၏ ဖန်ခွက်အနည်းငယ်ကို သူ သောက်ပေးခဲ့ရဆဲဖြစ်သည်။ ကံကောင်းထောက်မစွာ၊ မနက်ဖြန်ဘာ အစီစဉ်မှ မရှိလို့သာပေါ့...မဟုတ်ရင် သူစောစောထဖြစ်မယ် မထင်ပေ။
လမ်းပေါ်မှာ ဘယ်သူ့ကိုမှ မတွေ့ရပဲ ဆယ်မိနစ်ကျော်လောက် စောင့်ခဲ့ရတယ်။ Tang Feng သည် အကြာကြီး ငေးနေရင်း နာရီကို ငုံ့ကြည့်ပြန်သည်။ ဟိုတယ်ကနေ ဒီနေရာကို သွားရတဲ့ ခရီးက မိနစ်နှစ်ဆယ်တောင် မပြည့်တာ အခုထိ ရောက်မလာတာ ထူးဆန်းတယ်။ Charles ကို ဖုန်းခေါ်ပြီးအခုဆို တစ်နာရီလောက်ကြာနေုပြီ။
ဒီကောင် ဘယ်သွားနေတာလဲ၊ ဘာလို့မလာသေးတာလဲ။
Charles က သူ့ကို လာခေါ်ဖို့ အတင်းအကြပ် မလုပ်ခဲ့ဘူးဆိုရင် အခုပင် တက္ကစီ စီးကာ ပြန်သွားပြီး ဖြစ်လိမ့်မယ်။
"ထူးဆန်းတယ် ဖုန်းဆက်တုန်းက ကောင်းနေပါလျက် လူက ဘယ်ရောက်သွားတာလဲ"
Tang Feng က မေးဖို့ ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်တော့ လမ်းထောင့်က ကားတစ်စီး ပေါ်လာပြီး မကြာခင်မှာပဲ Tang Feng ရှေ့မှာ ရပ်တန့်သွားတယ်။
"ချားလ်စ်၊ ခင်ဗျား ဘယ်သွားနေတာလဲ၊ အခုပဲ လာခဲ့မယ်ဆိုပြီးတော့...."
ပြတင်းပေါက်ကနေ တဆင့် Tang Feng က ယာဉ်မောင်းထိုင်ခုံမှာ ရင်းနှီးတဲ့လူတစ်ယောက်ကို တွေ့လိုက်တယ်။
Charles က Tang Feng ကို ပြုံးပြီးပြောလိုက်သည်။
"ဘေဘီ...မင်းက ငါ့ကို အပြစ်ပြောလို့ မရဘူးလေ၊ ဒါပေမယ့် ငါ ဖုန်းရရချင်း အောက်ထပ်ကို ချက်ခြင်း ဆင်းခဲ့တယ်၊ ဒါပေမယ့် ငါ့ကို ကားနဲ့ အသေတိုက်သတ်ချင်တဲ့ ကောင်တစ်ကောင်ကို လမ်းတဝက်မှာ တွေ့လိုက်ရတယ်။ ဘယ်သူက ငါ့ကို ဒီလောက် ကြင်နာချင်နေတာလဲမသိဘူး။"
"ခင်ဗျား ဘာကိုပြောနေတာလဲ? "
သူ နားမလည်လိုက်ပေ။
လေက အနည်းငယ်အေးနေပြီး Tang Feng သည် ကားတံခါးကိုဆွဲဖွင့်ကာ ယာဉ်မောင်းဘေးက ခုံတွင် ဝင်ထိုင်မှ နွေးသွားခဲ့သည်။
ကားထိုင်ခုံနောက်ဘက်တွင် ခေါင်းမှီရင်း Tang Feng သည် ကား၏စတီရီယိုကိုဖွင့်လိုက်ရာ သာယာသောဂီတသံကို နားထောင်ရင်း မျက်ခွံများ လေးလံစပြုလာသည်။
"ပြန်သွားရအောင်၊ ရေချိုးပြီး အိပ်ချင်တယ်။"
"ခဏစောင့်ပါဦး အချစ်လေး"
Charles ဟာ ကားကို အမြန်မောင်းကာ ပါတီက အဖြစ်ပျက်တချို့အကြောင်း Tang Feng နဲ့ ပေါ့ပေါ့ပါးပါး စကားပြောဆိုခဲ့သည်။ စကားစမြည်ပြောရင်း၊ Tang Feng သည် အခု သူတို့ ဟိုတယ်သို့ ပြန်သွားပုံမပေါ်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
"Charles၊ ကျွန်တော်တို့အခုဘယ်သွားမှာလဲ"
Tang Feng က ထထိုင်လိုက်ပြီး ပိုပိုရင်းနှီးလာတဲ့ လမ်းကို ကြည့်လိုက်တယ်။
"ကျွန်တော်ပင်ပန်းနေတယ်။ ကျွန်တော့်ကို အံ့သြစရာတွေ မပေးပါနဲ့။"
"ဘေဘီ.... မင်း ပင်ပန်းနေပြီဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါတို့နောက်ခုံမှာ ကြီးမားတဲ့ ပြဿနာကို ဖန်တီးတဲ့သူ ရှိနေတယ်လေ"
Charles က ပခုံးတွန့်ပြီးပြောလိုက်တော့ Tang Feng ရုတ်တရက် နိုးကြားလာသလိုပင်။
ကား နောက်ခုံမှာ တခြားလူရှိသလား။ သူ ဘာကြောင့်မသိခဲ့တာလဲ?
Tang Feng နောက်လှည့်ကြည့်လိုက်တော့ ကားအနောက်ဘက် မှောင်နေသည့် ထောင့်မှာ တဝက်လောက် လဲလျောင်းနေတဲ့ လူကိုတွေ့လိုက်ရသည်။ ထိုနေရာတွင် လူတစ်ယောက်က သူ့ပခုံးတွေကို အုပ်ထားပုံရသည်။ Tang Feng ကျော်ကြည့်လိုက်သောအခါ ထိုလူကTang Feng ကို ကြည့်လိုက်သည်။ ကားထဲမှာ မှိန်ဖျော့နေရင်တောင် ရင်းနှီးနေတဲ့ မျက်လုံးတွေနဲ့ မြင်ကွင်းက Tang Feng က တဖက်လူကို မှတ်မိတယ်။
"Lu Tian chen ..ခင်ဗျား ဘာလို့ဒီကိုရောက်နေတာလဲ"
သူ့အသံက ချက်ချင်းပေါ်လာခဲ့သည်။ Lu Tian chenက ဘယ်လိုဖြစ်ပြီး ဂျာမနီရောက်နေတဲ့ Charles ရဲ့ကားထဲမှာ ပေါ်လာတာလဲ။ ဒါက သူ့ကို အံ့သြသွားစေတယ်။
လမ်းတစ်ဝက်မှာ တစ်ယောက်ယောက်နဲ့တွေ့ဖို့ အခုလေးတင် Charles ပြောခဲ့တာက ဒီလူက Lu Tian chen ပဲပေါ့။
"ငါ......" Lu Tianchen က တစ်ခုခုပြောချင်နေသည်။
"သူ..." Charles က အဲဒါကို ပြောဖို့ အချိန်မရှိခဲ့ဘူး။
"အို ဘုရားသခင်၊ ခင်ဗျား ဘာဖြစ်နေတာလဲ" Tang Feng က သူတို့နှစ်ယောက်ကို ပြန်ခေါ်သွားလိုက်ရတော့သည်။
အဆိုပါအမျိုးသားသည် တွဲဖက်ယာဉ်မောင်းထိုင်ခုံမှ နောက်ထိုင်ခုံဆီသို့ ကူးလာစဉ် ကားထိုင်ခုံပေါ်ရှိ မီးအလင်းရောင်မှ တဆင့် Lu Tian chenကို သေချာတွေ့လိုက်ရသည်။
"ဒါက သွေးတွေလား"
လေထုထဲတွင် သွေးနံ့ ဖျော့ဖျော့တစ်ခုရှိနေသည်။ Tang Feng က လက်ဆွဲပြီး Lu Tian chen ၏ ပုခုံးကို ဖွဖွလေး ကိုင်လိုက်သည်။ မှောင်သောနေရာ၌ပင် နက်မှောင်သောအဝတ်အစားကို ဝတ်ထာသည်။ သူက ထိုနေရာကို ထိလိုက်သောအခါတွင် စေးကပ်ကာ စိုစွတ်နေသောအရည်ကို လက်ချောင်းထိပ်များကနေ ခံစားလိုက်ရသည်၊ သူ့နှာခေါင်းအောက်မှ သွေးနံ့ကို ခံစားလိုက်ရသည်။
"ငါ ဘာမှ မဖြစ်ပါဘူး"
Lu Tianchen က ထိုစကားကို ပြောခဲ့သည်။
ကားမောင်းနေသည့် ချားလ်စ်က ဝင်ပြောခဲ့သည်။
"ဟေး၊ မင်း ဒုက္ခရောက်နေတာလား"
"အိုး၊ ခင်ဗျား အဆင်ပြေလား? ကျွန်တော်တို့ ခင်ဗျားကို ဘယ်နေရာမှာ ချထားခဲ့ရမလဲ။ ခင်ဗျားက နောက်ကွယ်က ဘော့စ်ပဲ မဟုတ်လား၊ မကောင်းတာ တစ်ခုခု လုပ်ချင်ရင်တောင် ကိုယ်တိုင် ထွက်မလုပ်သင့်ဘူး။ ဒါမှမဟုတ် ရန်သူက ခင်ဗျားကို လုပ်ကြံပြီး ထွက်ပြေးသွားတာလား? "
"ဘေဘီ....ငါတို့ သူ့ကိုတစ်နေရာမှာ ချထားလိုက်သင့်ပြီထင်တယ် ဟား..ဟား.. "
Charles က Tang Feng ပြောတာကို အရမ်းသဘောတူတယ်။
Lu Tian chen သည် ချက်ချင်းပင် ပါးစပ်ဟကာ သူ့စကားကို ချက် ချင်း ပြောင်းလိုက်ကာ သနားစဖွယ်ပြောခဲ့သည်။
"ငါ သေတော့မယ်။"
**********-***********
ESTÁS LEYENDO
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.