Chapter (28) - မေကာင္းဆိုးဝါး လူသတ္သမား ေရာက္ရွိလာျခင္း
ေရခ်ိဳးၿပီးေနာက္ Tang Feng သည္ ေပါ့ေပါ့ပါးပါးဝတ္စံုလဲကာ ဧည့္ခန္းကိုထြက္လာခဲ့သည္။ Albert က ဆိုဖာကိုသန္႔ရွင္းခိုင္းထားၿပီး ဧည့္ခန္းတြင္ထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။ ဧည့္ခန္းတစ္ခုလံုး သူတို႔ခ်စ္တင္းေႏွာထားသည္မ်ား တစ္စြန္းတစ္စ မက်န္ေအာင္ ရွင္းလင္းထားသည္ကိုၾကည့္ၿပီး Tang Feng လွ်ိဳ႕ဝွက္စြာၿပံဳးလိုက္သည္။ ဘာလုပ္လုပ္ ေျခရာလက္ရာမက်န္ေအာင္ ေဖ်ာက္ဖ်က္ပစ္တာ Albert ၏အက်င့္ပဲျဖစ္ရမည္။
Tang Feng ထြက္လာေတာ့ Albert က ျပတင္းေပါက္ေဘးကခံုမွာထိုင္ကာ ေကာ္ဖီေသာက္ရင္း လွမ္းေျပာလိုက္သည္။
"မနက္ျဖန္ဝတ္ဖို႔ အဝတ္အစားေတြအတြက္ ကိုယ္တိုင္းလာေပးလိုက္ဦး.."
Albert ၏ စိတ္ေနစိတ္ထားက ခ်စ္တင္းေႏွာစဥ္ကနဲ႔မတူ ပံုမွန္အျဖစ္ ေျပာင္းလဲသြားကာ ေအးေဆးစြာေျပာလိုက္သည္။ လူေတြရဲ့စိတ္က ျမဴလိုႏွင္းလို အေျပာင္းအလဲျမန္လွခ်ည္လားဟု Tang Feng စဥ္းစားေနမိသည္။
ေကာင္းၿပီေလ.. ကိုယ္တိုင္းေပးဖို႔ အရင္လုပ္လိုက္တာေပါ့..
တစ္စံုတစ္ခုကိုေတြ႕ၿပီးေနာက္ ကိုယ့္ဘာသာ ဒီအျဖစ္အပ်က္က ႐ုန္းမထြက္ႏိုင္တဲ့သူက ဘဝမွာ ဘယ္လိုဆက္လက္ရပ္တည္ႏိုင္ေတာ့မွာလဲ။ 'ဘဝက ကံတရားအတုိင္း အလွည့္အေျပာင္းမ်ိဳးစံု ႀကံဳေနမွာျဖစ္ၿပီး လူေတာ္ေတြက ဒီအလွည့္အေျပာင္းႏွင့္ လိုက္ေလ်ာညီေထြ ေနတတ္ရသည္။'
"Sir.. လက္ေမာင္းႏွစ္ဖက္ကို ပုခံုးနဲ႔တညီတည္း ဆန္႔တန္းေပးပါခင္ဗ်ာ.. ကၽြန္ေတာ္ ပုခံုးအက်ယ္နဲ႔ လကအရွည္ကို တိုင္းပါရေစ.."
အသက္ 50 ခန္႔ရွိေသာ အပ္ခ်ဳပ္ဆရာက ေလးစားစြာေျပာလိုက္သည္။ အပ္ခ်ဳပ္ဆရာက ေပႀကိဳးေပ်ာ့ႏွင့္ ကိုယ္တိုင္းယူေနစဥ္ လူငယ္လက္ေထာက္ေလးက စာအုပ္ႏွင့္ေဘာလ္ပင္ကိုင္ကာ ေဘးကေန အတိုင္းအထြာကို လိုက္မွတ္ေနသည္။
စက္ခ်ဳပ္ဆရာက လူတိုင္းကို ယဥ္ေက်းစြာေျပာဆိုကာ တိုင္းေနေပမယ့္ လက္ေထာက္က ေၾကာင္အအၾကည့္ကာ အခ်က္အလက္မွတ္ဖို႔ ေဘာလ္ပင္ကို တင္းေနေအာင္ကိုင္ထားသည္။
Tang Feng က စက္ဆရာေျပာသည့္အတိုင္း လက္ဆန္႔ေပးကာ ကိုယ္တိုင္းေပးေနစဥ္ ႐ုတ္တရက္ ကိုယ္တိုင္းယူသည့္ႀကိဳးေပ်ာ့က Tang Feng လည္ပင္းကို တင္းေနေအာင္ ရစ္ပတ္လိုက္သည္။
"အိုး.."
Tang Feng က တံေတာင္ႏွင့္ စက္ဆရာ၏ရင္ဘတ္ကို ပစ္ေဆာင့္လိုက္သျဖင့္ စက္ဆရာဆီက အသံထြက္လာသည္။
အသက္ 50 ေက်ာ္၊ 60 အရြယ္ စက္ဆရာရဲ့ ရင္ဘတ္က ဒီေလာက္မာေက်ာစရာ မရွိႏိုင္ေပ။ ထိုစဥ္ စက္ဆရာက Tang Feng ၏လက္ကို ေနာက္ကေနခ်ဳပ္လိုက္သည္။
ဘာေတြျဖစ္ကုန္တာလဲ..
Albert ကိုလုပ္ႀကံဖို႔ လူသတ္သမားေတြ ေရာက္လာတာလား..။
ပံုမွန္ဆိုလွ်င္ Albert က သူႏွင့္ ခုေလးတင္ခ်စ္တင္းေႏွာခဲ့ေသာ Tang Feng ကို လူသတ္သမားေတြ ဓားစာခံထားလိုက္တာကို ဒီအတုိင္းၾကည့္ေနမွာေတာ့ မဟုတ္ဘူးမလား။
ကိုယ္ရံေတာ္ေတြက အခန္းထဲကို လ်င္ျမန္စြာဝင္လာၿပီး လူသတ္သမားႏွစ္ဦးကို ေသနတ္ျဖင့္ခ်ိန္ထားေပမယ့္ ေရွ႕ကဓားစာခံ Tang Feng ကို ထိမည္စိုးသျဖင့္ မပစ္ဝံ့ၾကေပ။
"မလႈပ္နဲ႔.."
အူေၾကာင္ေၾကာင္လက္ေထာက္ေလးက ခ်က္ခ်င္း မေကာင္းဆိုးဝါး လူသတ္သမားပံုစံ ေျပာင္းသြားၿပီး မိုးမခရြက္လို ပါးလႊာသည့္ဓားေျမႇာင္ျဖင့္ Tang Feng ၏လည္ပင္းကို ေထာက္ထားလိုက္သည္။
"ငါ မလႈပ္ပါဘူး.."
Tang Feng ႐ုန္းကန္ေနရာက ရပ္ကာ ေျပာလိုက္သည္။ လက္သီးက ဓားကို ဘယ္လိုမွမယွဥ္ႏိုင္ေပ။ သူလႈပ္ရွားလည္း ေက်ာက္ေတာင္ကိုတိုက္ခြဲသည့္ ၾကက္ဥလို တစ္စစီျဖစ္မွာေသခ်ာသည္။ Albert က ထိုင္ခံုမွာ ေကာ္ဖီေသာက္မပ်က္ေပ။ သူက ေကာ္ဖီတစ္ငံုကို ေသာက္လိုက္ၿပီး ေအးေဆးစြာလွမ္းေျပာလိုက္သည္။
"ကမာၻ႕တတိယအဆင့္ရွိတဲ့ မေကာင္းဆိုးဝါးလူသတ္သမားေလးက ငါ့ကိုသတ္ဖို႔ ေရာက္လာတာလား.."
ဒါက တကယ့္နာမည္ႀကီးတဲ့ မေကာင္းဆိုးဝါး လူသတ္သမားပဲေပါ့..။ ဒီနာမည္က အရပ္ပုပုနဲ႔ လူငယ္ေလးနဲ႔ လိုက္ဖက္ပါေပတယ္။
"ငါ မင္းအသက္ကို မယူႏိုင္ေပမယ့္ ဒီေကာင့္အသက္အတြက္ ေငြယူခဲ့ၿပီးသားကြ.."
မေကာင္းဆိုးဝါး လူသတ္သမားလူငယ္က ျဖဴေဖြးေသာသြားမ်ားကိုၿဖဲကာ ေျပာလိုက္ရင္း Tang Feng ၏လက္ကုိဆြဲထုတ္ကာ ဓားသြားထက္ထက္ျဖင့္ လက္ေကာက္ဝတ္ကို အသာေလးရွပ္လွီးလိုက္သည္။ ထိုဓားရာမွ ေသြးတခ်ိဳ႕စီးက်လာၿပီး ေအာက္ကိုက်လာသည္။ ဒီဓားက တကယ္ထက္တာပဲ။ တစ္ခ်က္တည္းနဲ႔ သူ႔လက္ကိုေတာင္ ျပတ္ေအာင္ျဖတ္ႏိုင္ေလာက္သည္။
Tang Feng မလႈပ္ရဲေတာ့ေပ။ မေကာင္းဆိုးဝါးလူသတ္သမားက သူ႔ကို တကယ္သတ္မည္ဟု မယံုၾကည္ႏိုင္ေပ။ ကမာၻ႕တတိယအဆင့္ လူသတ္သမားက သူ႔လိုလူကို ဘယ္လိုလုပ္ တကူးတက လာသတ္ႏိုင္စရာ ရန္ၿငိဳးရွိမွာလဲ။ လူသတ္သမားက Albert ကိုပဲ target ထားရမယ့္ဟာ ဘာေၾကာင့္ သူ႔ကို target ထားေနရတာလဲ။
Tang Feng က Albert ကိုၾကည့္လိုက္ေပမယ့္ Albert က သူ႔ကိုမၾကည့္ဘဲ လူသတ္သမားကိုပဲ ၾကည့္ေနသည္။
"မင္း ဘာေၾကာင့္ သူ႔ကိုမသတ္တာလဲ.."
Albert က လက္ေဝွ႔ယမ္းကာ ကိုယ္ရံေတာ္ေတြကို အမိန္႔ေပးလိုက္သည္။
"အားလံုး ေသနတ္ခ်လိုက္ပါ.. ဧည့္သည္ကို ဒီလိုဆက္ဆံလို႔ မျဖစ္ဘူးေလ.."
"ငါက ငါသေဘာမက်တဲ့လူေတြကို ခ်က္ခ်င္းမသတ္ဘဲ ညႇင္းဆဲရတာကို ႀကိဳက္တာကြ.."
လူသတ္သမားက မ်က္ႏွာကိုခ်ီကာ ေျပာလိုက္သည္။
"ဒါ ဘာကိုဆိုလိုသလဲ သိရဲ့လား.. ေဟ့လူ.."
"ငါ့နာမည္က Tang Feng ပါ.."
Tang Feng က စကားေျပာဖို႔ႀကိဳးစားေပမယ့္ ဓားသြားက သူ႔လက္ေခ်ာင္းကို အသာလွီးျဖတ္ကာ ေသြးေတြစီးက်လာေစသည္။
"ငါ မင္းရဲ့လွ်ာကိုျဖတ္ၿပီး မင္းရဲ့လူေတြကစားဖို႔ ေပးလိုက္ရမလား.. ေဟ့လူ.. မင္းရဲ့မ်က္ႏွာကို ဓားနဲ႔မႊမ္းလိုက္ရင္ ေနာင္ဆို လူေတြကို လိုက္ၿပီး မျဖားေယာင္းႏိုင္ေတာ့ဘူး.."
"ငါ မျဖားေယာင္းပါဘူး.."
Tang Feng တိတ္တိတ္ေလး သက္ျပင္းခ်လိုက္မိသည္။ သူက လူေတြကို ဘယ္တုန္းက ျဖားေယာင္းဖူးလို႔လဲ။
သူ႔လက္ရွိအေတြ႕အႀကံဳအရ သူ ဒီလူကို ဆက္တိုက္စကားေျပာၿပီး အာ႐ံုမေျပာင္းရင္ သူ႔လက္တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္း ဓားႏွင့္လွီးမယ့္ပံု ေပၚေနသည္။
"မင္း ဒီေနရာကေန လြတ္ေအာင္ေျပးႏိုင္မယ္ထင္လား.. Little Devil.."
Albert က Tang Feng လက္ကေသြးေတြကို ဖ်တ္ခနဲတစ္ခ်က္ၾကည့္ကာ ေမးလိုက္သည္။ ဒီတစ္ႀကိမ္မွာ Little Devil က ဓားႏွင့္ Tang Feng မ်က္ႏွာနားကို ေဝွ႔ယမ္းကာ ေျပာလိုက္သည္။
"ငါ့ရဲ့ဓားခ်က္ေၾကာင့္ သူ႔မ်က္ႏွာ ပ်က္စီးႏိုင္မလား.. မပ်က္စီးႏိုင္ဘူးလား.. Mr. Albert.. မင္း ငါတို႔ကို သြားခြင့္ေပးပါ.. မဟုတ္ရင္ သူ႔မ်က္ႏွာကို ငါ လွီးပစ္လိုက္မယ္.."
"ငါ ဂ႐ုစိုက္မယ္ ထင္သလား.."
ဒီစကားကိုၾကားေတာ့ တကယ္ေျပာတာ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ ၾကားရတာ Tang Feng အတြက္ မသက္မသာျဖစ္ေစသည္။ ပံုမွန္ Albert ရဲ့စ႐ိုက္အရ သူ႔လူကိုထိသည္ႏွင့္ ဘယ္လိုမွလႊတ္မေပးတတ္သူျဖစ္သည္။
"တကယ္လို႔ မင္း ဒီလူကို တကယ္ဂ႐ုမစိုက္ဘူးဆိုရင္ ခုခ်ိန္မွာ ငါက ၾကမ္းေပၚမွာ ခႏၶာကိုယ္အေပါက္ျဖစ္ၿပီး လဲေနေလာက္ၿပီ.. ခုလိုမတ္တပ္ရပ္ၿပီး မ်က္ႏွာကိုဓားနဲ႔မႊမ္းဖို႔ ၿခိမ္းေျခာက္ေနႏိုင္ဦးမွာလား.."
Little Devil က လွ်ိဳ႕ဝွက္စြာၿပံဳးကာ ေျပာလိုက္ၿပီး လက္ထဲကဓားကို လႈပ္ရန္ျပင္လိုက္စဥ္ Albert က ေျပာလိုက္သည္။
"မွန္တယ္..ငါ ဒီလူကို တကယ္ဂ႐ုစို္ကတယ္.. ဒါေၾကာင့္ ေက်းဇူးျပဳၿပီး သူ႔ကိုထပ္မထိပါနဲ႔.. သူ႔ကို ေနာက္ထပ္အနာရြတ္ ဘာမွမျဖစ္ပါေစနဲ႔.. ဘာေၾကာင့္လဲဆိုေတာ့ မင္းထပ္လုပ္ရင္ ငါ ေဒါသထြက္လာမွာေၾကာင့္ပဲ.."
ဒါက Albert ဆီက ဝန္ခံစကားလား..။ Tang Feng က Albert ကို တစ္ခ်က္စိုက္ၾကည့္လိုက္သည္။
"ကိုယ့္ရဲ့ဝန္ခံစကားေၾကာင့္ မင္း အံ့ၾသသြားတာလား.. ကိုယ့္အခ်စ္ေလး Tang.. ကိုယ္က မင္းကို အၿမဲသတိရေနၿပီး မထိခိုက္ေစခ်င္ဘူးဆိုတာကို မင္း မယံုၾကည္တာလား.."
Albert က ညင္သာစြာျဖင့္ Tang Feng ကိုေျပာကာ ေရွ႕တိုးလာခဲ့သည္။
"Little Devil.. ကမာၻေပၚမွာ အဆင့္သတ္မွတ္ခ်က္ဆိုတာ တသမတ္တည္းမဟုတ္ဘူး.."
Albert ၏ႏႈတ္ခမ္းေထာင့္ေတြက အထက္ကိုေကာ့ညြတ္စြာ ၿပံဳးလိုက္ၿပီး ေအးေဆးစြာေျပာေနေပမယ့္ Albert ကိုယ္ကေန အႏၱရာယ္ႀကီးသည့္ အရိပ္အေငြ႕တို႔က လြင့္ပ်ံထြက္လို႔ေနသည္။
"မင္း ငါ့ကို ၿခိမ္းေျခာက္ေနတာလား.."
Little Devil က ဓားျဖင့္ Tang Feng ၏မ်က္ႏွာနားတြင္ ေဝွ႔ယမ္းကာ ေျပာလိုက္သည္။
"အခုေတာ့ မင္းက ငါ့ကိုၿခိမ္းေျခာက္ေနတာပဲ မဟုတ္လား.. သြားေတာ့.."
Albert က တံခါးဝကိုလက္ညိႈးညႊန္ကာ ေျပာလိုက္သည္။
"ခင္ဗ်ားက ကၽြန္ေတာ္တို႔ထြက္သြားခ်ိန္ ေနာက္ေက်ာကေန ေသနတ္နဲ႔ပစ္မွာ မဟုတ္လား.."
Little Devil က Tang Feng ကုိေရွ႕ကကာၿပီး ေနာက္ဆုတ္ရင္း Hotel ခန္းထဲကထြက္လာစဥ္ ကပ္ေမးလိုက္သည္။
"ေဟ့လူ.. ခင္ဗ်ား သူနဲ႔အိပ္ခဲ့တာလား.. သူ ခုလိုမ်ိဳး လူတစ္ေယာက္ကို တန္ဖိုးထားတယ္ဆိုတာ ေတြ႕ရခဲတယ္.."
"ခင္ဗ်ားတို႔ပါးစပ္ကို ခဏပိတ္ထားလို႔ မရဘူးလား.."
Albert က အခန္းထဲမွာရပ္က်န္ရစ္ၿပီး Tang Feng ကိုၿပံဳးကာၾကည့္ရင္း ေျပာလိုက္သည္။
"ကိုယ့္ရဲ့ Tang Feng.. မင္း ဒီဗင္းနစ္႐ုပ္ရွင္ပြဲေတာ္မွာ star တစ္ေယာက္ျဖစ္လာေတာ့မယ္.. ဒါေပမယ့္ ေကာ္ေဇာနီေပၚက မင္းရဲ့အႏုပညာလမ္းေၾကာင္းက ပန္းတိုင္ေရာက္ဖို႔ ေဝးကြာသလို၊ မင္းနဲ႔ကိုယ္ၾကားက နီးစပ္ဖို႔လည္း အခ်ိန္အေတာ္ၾကာဦးမယ္.. မင္း တကယ့္ superstar ျဖစ္လာမယ့္ေန႔ကို ကိုယ္ေစာင့္ေမွ်ာ္ေနပါမယ္.."
Albert က သူ႔ကိုေျပာၿပီး သူတို႔ထြက္သြားႏိုင္ဖို႔ သူ႔လူေတြကို အခ်က္ျပလိုက္သည္။ Tang Feng၊ စက္ဆရာႏွင့္ Little Devil က သူ႔ျမင္ကြင္းေရွ႕က ေပ်ာက္သြားသည္ႏွင့္ Albert ၏ႏူးညံ့ေသာအၿပံဳးက ေပ်ာက္ကြယ္သြားခဲ့သည္။
"အခန္းကို သန္႔ရွင္းလိုက္.."
Albert က ၾကမ္းျပင္ထက္က Tang Feng ဆီကက်ခဲ့သည့္ ေသြးစက္ကိုၾကည့္ကာ အမိန္႔ေပးလိုက္သည္။
"သခင္.. ကၽြန္ေတာ္တို႔ ေနာက္က လိုက္ဖမ္းရမလား.."
"မလိုဘူး.. သြားၾကပါေစ.. အလွဆံုးပန္းပြင့္ဆိုတာ ဖန္လံုအိမ္ထဲမွာ ပြင့္တာမဟုတ္ဘဲ အ႐ိုင္းကမာၻမွာပဲ ပြင့္ဖူးေလ့ရွိတယ္.."
Albert က ဆိုဖာေပၚမွာျပန္ထိုင္ၿပီး ျဖည္းညွင္းစြာေျပာလိုက္သည္။
"ငါ့ Tang Feng ေလးက ငါ့ကမာၻထဲကေန သူ႔ကမာၻေလာကဆီကို ခဏျပန္သြား႐ံုပါပဲ.. ဒါက ယာယီပါပဲ.."
"သူက ဗင္းနစ္ကေန ထြက္သြားႏိုင္ပါတယ္.. ဒါေပမယ့္ ဒီလိုနည္းနဲ႔ေတာ့ မဟုတ္ဘူးေပါ့.."
Albert က ေျပာရင္း သူ႔မ်က္လံုးေတြက ေအးစက္သြားခဲ့သည္။
"အမိႈက္ပံုထဲကၾကြက္ေတြက ငါ့ရတနာကို လုယက္သြားရဲတယ္.. ဒီကိစၥက ငါ့ကို စိတ္မခ်မ္းမသာျဖစ္ေစတယ္.. No.1 ကိုေျပာလိုက္၊ သူစၿပီး လႈပ္ရွားလို႔ရၿပီ.. ေနာင္မွာ ငါ့အစာကို ၾကြက္ေတြျဖတ္ခုတ္သြားတာမ်ိဳး မလိုခ်င္ဘူး.."
Albert က ခံုကို လက္ေခ်ာင္းႏွင့္ တေတာက္ေတာက္လုပ္ရင္း ေျပာလိုက္သည္။
"ဟုတ္ကဲ့ပါ သခင္.. ကၽြန္ေတာ္တို႔ Mr.Tang ကို လွ်ိဳ႕ဝွက္ၿပီး ေစာင့္ၾကည့္ရမလား.."
"No.1 ကို သူ႔အလုပ္ၿပီးရင္ Tang Feng ေနာက္ကို လိုက္ခိုင္းလိုက္.."
=====================
Chapter (28) - မကောင်းဆိုးဝါး လူသတ်သမား ရောက်ရှိလာခြင်း
ရေချိုးပြီးနောက် Tang Feng သည် ပေါ့ပေါ့ပါးပါးဝတ်စုံလဲကာ ဧည့်ခန်းကိုထွက်လာခဲ့သည်။ Albert က ဆိုဖာကိုသန့်ရှင်းခိုင်းထားပြီး ဧည့်ခန်းတွင်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဧည့်ခန်းတစ်ခုလုံး သူတို့ချစ်တင်းနှောထားသည်များ တစ်စွန်းတစ်စ မကျန်အောင် ရှင်းလင်းထားသည်ကိုကြည့်ပြီး Tang Feng လျှို့ဝှက်စွာပြုံးလိုက်သည်။ ဘာလုပ်လုပ် ခြေရာလက်ရာမကျန်အောင် ဖျောက်ဖျက်ပစ်တာ Albert ၏အကျင့်ပဲဖြစ်ရမည်။
Tang Feng ထွက်လာတော့ Albert က ပြတင်းပေါက်ဘေးကခုံမှာထိုင်ကာ ကော်ဖီသောက်ရင်း လှမ်းပြောလိုက်သည်။
"မနက်ဖြန်ဝတ်ဖို့ အဝတ်အစားတွေအတွက် ကိုယ်တိုင်းလာပေးလိုက်ဦး.."
Albert ၏ စိတ်နေစိတ်ထားက ချစ်တင်းနှောစဉ်ကနဲ့မတူ ပုံမှန်အဖြစ် ပြောင်းလဲသွားကာ အေးဆေးစွာပြောလိုက်သည်။ လူတွေရဲ့စိတ်က မြူလိုနှင်းလို အပြောင်းအလဲမြန်လှချည်လားဟု Tang Feng စဉ်းစားနေမိသည်။
ကောင်းပြီလေ.. ကိုယ်တိုင်းပေးဖို့ အရင်လုပ်လိုက်တာပေါ့..
တစ်စုံတစ်ခုကိုတွေ့ပြီးနောက် ကိုယ့်ဘာသာ ဒီအဖြစ်အပျက်က ရုန်းမထွက်နိုင်တဲ့သူက ဘဝမှာ ဘယ်လိုဆက်လက်ရပ်တည်နိုင်တော့မှာလဲ။ 'ဘဝက ကံတရားအတိုင်း အလှည့်အပြောင်းမျိုးစုံ ကြုံနေမှာဖြစ်ပြီး လူတော်တွေက ဒီအလှည့်အပြောင်းနှင့် လိုက်လျောညီထွေ နေတတ်ရသည်။'
"Sir.. လက်မောင်းနှစ်ဖက်ကို ပုခုံးနဲ့တညီတည်း ဆန့်တန်းပေးပါခင်ဗျာ.. ကျွန်တော် ပုခုံးအကျယ်နဲ့ လကအရှည်ကို တိုင်းပါရစေ.."
အသက် 50 ခန့်ရှိသော အပ်ချုပ်ဆရာက လေးစားစွာပြောလိုက်သည်။ အပ်ချုပ်ဆရာက ပေကြိုးပျော့နှင့် ကိုယ်တိုင်းယူနေစဉ် လူငယ်လက်ထောက်လေးက စာအုပ်နှင့်ဘောလ်ပင်ကိုင်ကာ ဘေးကနေ အတိုင်းအထွာကို လိုက်မှတ်နေသည်။
စက်ချုပ်ဆရာက လူတိုင်းကို ယဉ်ကျေးစွာပြောဆိုကာ တိုင်းနေပေမယ့် လက်ထောက်က ကြောင်အအကြည့်ကာ အချက်အလက်မှတ်ဖို့ ဘောလ်ပင်ကို တင်းနေအောင်ကိုင်ထားသည်။
Tang Feng က စက်ဆရာပြောသည့်အတိုင်း လက်ဆန့်ပေးကာ ကိုယ်တိုင်းပေးနေစဉ် ရုတ်တရက် ကိုယ်တိုင်းယူသည့်ကြိုးပျော့က Tang Feng လည်ပင်းကို တင်းနေအောင် ရစ်ပတ်လိုက်သည်။
"အိုး.."
Tang Feng က တံတောင်နှင့် စက်ဆရာ၏ရင်ဘတ်ကို ပစ်ဆောင့်လိုက်သဖြင့် စက်ဆရာဆီက အသံထွက်လာသည်။
အသက် 50 ကျော်၊ 60 အရွယ် စက်ဆရာရဲ့ ရင်ဘတ်က ဒီလောက်မာကျောစရာ မရှိနိုင်ပေ။ ထိုစဉ် စက်ဆရာက Tang Feng ၏လက်ကို နောက်ကနေချုပ်လိုက်သည်။
ဘာတွေဖြစ်ကုန်တာလဲ..
Albert ကိုလုပ်ကြံဖို့ လူသတ်သမားတွေ ရောက်လာတာလား..။
ပုံမှန်ဆိုလျှင် Albert က သူနှင့် ခုလေးတင်ချစ်တင်းနှောခဲ့သော Tang Feng ကို လူသတ်သမားတွေ ဓားစာခံထားလိုက်တာကို ဒီအတိုင်းကြည့်နေမှာတော့ မဟုတ်ဘူးမလား။
ကိုယ်ရံတော်တွေက အခန်းထဲကို လျင်မြန်စွာဝင်လာပြီး လူသတ်သမားနှစ်ဦးကို သေနတ်ဖြင့်ချိန်ထားပေမယ့် ရှေ့ကဓားစာခံ Tang Feng ကို ထိမည်စိုးသဖြင့် မပစ်ဝံ့ကြပေ။
"မလှုပ်နဲ့.."
အူကြောင်ကြောင်လက်ထောက်လေးက ချက်ချင်း မကောင်းဆိုးဝါး လူသတ်သမားပုံစံ ပြောင်းသွားပြီး မိုးမခရွက်လို ပါးလွှာသည့်ဓားမြှောင်ဖြင့် Tang Feng ၏လည်ပင်းကို ထောက်ထားလိုက်သည်။
"ငါ မလှုပ်ပါဘူး.."
Tang Feng ရုန်းကန်နေရာက ရပ်ကာ ပြောလိုက်သည်။ လက်သီးက ဓားကို ဘယ်လိုမှမယှဉ်နိုင်ပေ။ သူလှုပ်ရှားလည်း ကျောက်တောင်ကိုတိုက်ခွဲသည့် ကြက်ဥလို တစ်စစီဖြစ်မှာသေချာသည်။ Albert က ထိုင်ခုံမှာ ကော်ဖီသောက်မပျက်ပေ။ သူက ကော်ဖီတစ်ငုံကို သောက်လိုက်ပြီး အေးဆေးစွာလှမ်းပြောလိုက်သည်။
"ကမ္ဘာ့တတိယအဆင့်ရှိတဲ့ မကောင်းဆိုးဝါးလူသတ်သမားလေးက ငါ့ကိုသတ်ဖို့ ရောက်လာတာလား.."
ဒါက တကယ့်နာမည်ကြီးတဲ့ မကောင်းဆိုးဝါး လူသတ်သမားပဲပေါ့..။ ဒီနာမည်က အရပ်ပုပုနဲ့ လူငယ်လေးနဲ့ လိုက်ဖက်ပါပေတယ်။
"ငါ မင်းအသက်ကို မယူနိုင်ပေမယ့် ဒီကောင့်အသက်အတွက် ငွေယူခဲ့ပြီးသားကွ.."
မကောင်းဆိုးဝါး လူသတ်သမားလူငယ်က ဖြူဖွေးသောသွားများကိုဖြဲကာ ပြောလိုက်ရင်း Tang Feng ၏လက်ကိုဆွဲထုတ်ကာ ဓားသွားထက်ထက်ဖြင့် လက်ကောက်ဝတ်ကို အသာလေးရှပ်လှီးလိုက်သည်။ ထိုဓားရာမှ သွေးတချို့စီးကျလာပြီး အောက်ကိုကျလာသည်။ ဒီဓားက တကယ်ထက်တာပဲ။ တစ်ချက်တည်းနဲ့ သူ့လက်ကိုတောင် ပြတ်အောင်ဖြတ်နိုင်လောက်သည်။
Tang Feng မလှုပ်ရဲတော့ပေ။ မကောင်းဆိုးဝါးလူသတ်သမားက သူ့ကို တကယ်သတ်မည်ဟု မယုံကြည်နိုင်ပေ။ ကမ္ဘာ့တတိယအဆင့် လူသတ်သမားက သူ့လိုလူကို ဘယ်လိုလုပ် တကူးတက လာသတ်နိုင်စရာ ရန်ငြိုးရှိမှာလဲ။ လူသတ်သမားက Albert ကိုပဲ target ထားရမယ့်ဟာ ဘာကြောင့် သူ့ကို target ထားနေရတာလဲ။
Tang Feng က Albert ကိုကြည့်လိုက်ပေမယ့် Albert က သူ့ကိုမကြည့်ဘဲ လူသတ်သမားကိုပဲ ကြည့်နေသည်။
"မင်း ဘာကြောင့် သူ့ကိုမသတ်တာလဲ.."
Albert က လက်ဝှေ့ယမ်းကာ ကိုယ်ရံတော်တွေကို အမိန့်ပေးလိုက်သည်။
"အားလုံး သေနတ်ချလိုက်ပါ.. ဧည့်သည်ကို ဒီလိုဆက်ဆံလို့ မဖြစ်ဘူးလေ.."
"ငါက ငါသဘောမကျတဲ့လူတွေကို ချက်ချင်းမသတ်ဘဲ ညှင်းဆဲရတာကို ကြိုက်တာကွ.."
လူသတ်သမားက မျက်နှာကိုချီကာ ပြောလိုက်သည်။
"ဒါ ဘာကိုဆိုလိုသလဲ သိရဲ့လား.. ဟေ့လူ.."
"ငါ့နာမည်က Tang Feng ပါ.."
Tang Feng က စကားပြောဖို့ကြိုးစားပေမယ့် ဓားသွားက သူ့လက်ချောင်းကို အသာလှီးဖြတ်ကာ သွေးတွေစီးကျလာစေသည်။
"ငါ မင်းရဲ့လျှာကိုဖြတ်ပြီး မင်းရဲ့လူတွေကစားဖို့ ပေးလိုက်ရမလား.. ဟေ့လူ.. မင်းရဲ့မျက်နှာကို ဓားနဲ့မွှမ်းလိုက်ရင် နောင်ဆို လူတွေကို လိုက်ပြီး မဖြားယောင်းနိုင်တော့ဘူး.."
"ငါ မဖြားယောင်းပါဘူး.."
Tang Feng တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ သူက လူတွေကို ဘယ်တုန်းက ဖြားယောင်းဖူးလို့လဲ။
သူ့လက်ရှိအတွေ့အကြုံအရ သူ ဒီလူကို ဆက်တိုက်စကားပြောပြီး အာရုံမပြောင်းရင် သူ့လက်တစ်ချောင်းပြီးတစ်ချောင်း ဓားနှင့်လှီးမယ့်ပုံ ပေါ်နေသည်။
"မင်း ဒီနေရာကနေ လွတ်အောင်ပြေးနိုင်မယ်ထင်လား.. Little Devil.."
Albert က Tang Feng လက်ကသွေးတွေကို ဖျတ်ခနဲတစ်ချက်ကြည့်ကာ မေးလိုက်သည်။ ဒီတစ်ကြိမ်မှာ Little Devil က ဓားနှင့် Tang Feng မျက်နှာနားကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ငါ့ရဲ့ဓားချက်ကြောင့် သူ့မျက်နှာ ပျက်စီးနိုင်မလား.. မပျက်စီးနိုင်ဘူးလား.. Mr. Albert.. မင်း ငါတို့ကို သွားခွင့်ပေးပါ.. မဟုတ်ရင် သူ့မျက်နှာကို ငါ လှီးပစ်လိုက်မယ်.."
"ငါ ဂရုစိုက်မယ် ထင်သလား.."
ဒီစကားကိုကြားတော့ တကယ်ပြောတာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကြားရတာ Tang Feng အတွက် မသက်မသာဖြစ်စေသည်။ ပုံမှန် Albert ရဲ့စရိုက်အရ သူ့လူကိုထိသည်နှင့် ဘယ်လိုမှလွှတ်မပေးတတ်သူဖြစ်သည်။
"တကယ်လို့ မင်း ဒီလူကို တကယ်ဂရုမစိုက်ဘူးဆိုရင် ခုချိန်မှာ ငါက ကြမ်းပေါ်မှာ ခန္ဓာကိုယ်အပေါက်ဖြစ်ပြီး လဲနေလောက်ပြီ.. ခုလိုမတ်တပ်ရပ်ပြီး မျက်နှာကိုဓားနဲ့မွှမ်းဖို့ ခြိမ်းခြောက်နေနိုင်ဦးမှာလား.."
Little Devil က လျှို့ဝှက်စွာပြုံးကာ ပြောလိုက်ပြီး လက်ထဲကဓားကို လှုပ်ရန်ပြင်လိုက်စဉ် Albert က ပြောလိုက်သည်။
"မှန်တယ်..ငါ ဒီလူကို တကယ်ဂရုစိုကတယ်.. ဒါကြောင့် ကျေးဇူးပြုပြီး သူ့ကိုထပ်မထိပါနဲ့.. သူ့ကို နောက်ထပ်အနာရွတ် ဘာမှမဖြစ်ပါစေနဲ့.. ဘာကြောင့်လဲဆိုတော့ မင်းထပ်လုပ်ရင် ငါ ဒေါသထွက်လာမှာကြောင့်ပဲ.."
ဒါက Albert ဆီက ဝန်ခံစကားလား..။ Tang Feng က Albert ကို တစ်ချက်စိုက်ကြည့်လိုက်သည်။
"ကိုယ့်ရဲ့ဝန်ခံစကားကြောင့် မင်း အံ့သြသွားတာလား.. ကိုယ့်အချစ်လေး Tang.. ကိုယ်က မင်းကို အမြဲသတိရနေပြီး မထိခိုက်စေချင်ဘူးဆိုတာကို မင်း မယုံကြည်တာလား.."
Albert က ညင်သာစွာဖြင့် Tang Feng ကိုပြောကာ ရှေ့တိုးလာခဲ့သည်။
"Little Devil.. ကမ္ဘာပေါ်မှာ အဆင့်သတ်မှတ်ချက်ဆိုတာ တသမတ်တည်းမဟုတ်ဘူး.."
Albert ၏နှုတ်ခမ်းထောင့်တွေက အထက်ကိုကော့ညွတ်စွာ ပြုံးလိုက်ပြီး အေးဆေးစွာပြောနေပေမယ့် Albert ကိုယ်ကနေ အန္တရာယ်ကြီးသည့် အရိပ်အငွေ့တို့က လွင့်ပျံထွက်လို့နေသည်။
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား.."
Little Devil က ဓားဖြင့် Tang Feng ၏မျက်နှာနားတွင် ဝှေ့ယမ်းကာ ပြောလိုက်သည်။
"အခုတော့ မင်းက ငါ့ကိုခြိမ်းခြောက်နေတာပဲ မဟုတ်လား.. သွားတော့.."
Albert က တံခါးဝကိုလက်ညှိုးညွှန်ကာ ပြောလိုက်သည်။
"ခင်ဗျားက ကျွန်တော်တို့ထွက်သွားချိန် နောက်ကျောကနေ သေနတ်နဲ့ပစ်မှာ မဟုတ်လား.."
Little Devil က Tang Feng ကိုရှေ့ကကာပြီး နောက်ဆုတ်ရင်း Hotel ခန်းထဲကထွက်လာစဉ် ကပ်မေးလိုက်သည်။
"ဟေ့လူ.. ခင်ဗျား သူနဲ့အိပ်ခဲ့တာလား.. သူ ခုလိုမျိုး လူတစ်ယောက်ကို တန်ဖိုးထားတယ်ဆိုတာ တွေ့ရခဲတယ်.."
"ခင်ဗျားတို့ပါးစပ်ကို ခဏပိတ်ထားလို့ မရဘူးလား.."
Albert က အခန်းထဲမှာရပ်ကျန်ရစ်ပြီး Tang Feng ကိုပြုံးကာကြည့်ရင်း ပြောလိုက်သည်။
"ကိုယ့်ရဲ့ Tang Feng.. မင်း ဒီဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ star တစ်ယောက်ဖြစ်လာတော့မယ်.. ဒါပေမယ့် ကော်ဇောနီပေါ်က မင်းရဲ့အနုပညာလမ်းကြောင်းက ပန်းတိုင်ရောက်ဖို့ ဝေးကွာသလို၊ မင်းနဲ့ကိုယ်ကြားက နီးစပ်ဖို့လည်း အချိန်အတော်ကြာဦးမယ်.. မင်း တကယ့် superstar ဖြစ်လာမယ့်နေ့ကို ကိုယ်စောင့်မျှော်နေပါမယ်.."
Albert က သူ့ကိုပြောပြီး သူတို့ထွက်သွားနိုင်ဖို့ သူ့လူတွေကို အချက်ပြလိုက်သည်။ Tang Feng၊ စက်ဆရာနှင့် Little Devil က သူ့မြင်ကွင်းရှေ့က ပျောက်သွားသည်နှင့် Albert ၏နူးညံ့သောအပြုံးက ပျောက်ကွယ်သွားခဲ့သည်။
"အခန်းကို သန့်ရှင်းလိုက်.."
Albert က ကြမ်းပြင်ထက်က Tang Feng ဆီကကျခဲ့သည့် သွေးစက်ကိုကြည့်ကာ အမိန့်ပေးလိုက်သည်။
"သခင်.. ကျွန်တော်တို့ နောက်က လိုက်ဖမ်းရမလား.."
"မလိုဘူး.. သွားကြပါစေ.. အလှဆုံးပန်းပွင့်ဆိုတာ ဖန်လုံအိမ်ထဲမှာ ပွင့်တာမဟုတ်ဘဲ အရိုင်းကမ္ဘာမှာပဲ ပွင့်ဖူးလေ့ရှိတယ်.."
Albert က ဆိုဖာပေါ်မှာပြန်ထိုင်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"ငါ့ Tang Feng လေးက ငါ့ကမ္ဘာထဲကနေ သူ့ကမ္ဘာလောကဆီကို ခဏပြန်သွားရုံပါပဲ.. ဒါက ယာယီပါပဲ.."
"သူက ဗင်းနစ်ကနေ ထွက်သွားနိုင်ပါတယ်.. ဒါပေမယ့် ဒီလိုနည်းနဲ့တော့ မဟုတ်ဘူးပေါ့.."
Albert က ပြောရင်း သူ့မျက်လုံးတွေက အေးစက်သွားခဲ့သည်။
"အမှိုက်ပုံထဲကကြွက်တွေက ငါ့ရတနာကို လုယက်သွားရဲတယ်.. ဒီကိစ္စက ငါ့ကို စိတ်မချမ်းမသာဖြစ်စေတယ်.. No.1 ကိုပြောလိုက်၊ သူစပြီး လှုပ်ရှားလို့ရပြီ.. နောင်မှာ ငါ့အစာကို ကြွက်တွေဖြတ်ခုတ်သွားတာမျိုး မလိုချင်ဘူး.."
Albert က ခုံကို လက်ချောင်းနှင့် တတောက်တောက်လုပ်ရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်.. ကျွန်တော်တို့ Mr.Tang ကို လျှို့ဝှက်ပြီး စောင့်ကြည့်ရမလား.."
"No.1 ကို သူ့အလုပ်ပြီးရင် Tang Feng နောက်ကို လိုက်ခိုင်းလိုက်.."
=====================
YOU ARE READING
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.