True Star
Volume- 3 , Chapter 3
Tang Feng က မနက်မိုးလင်းတဲ့အထိ သဘောင်္ပေါ်က အိပ်ယာကြီးပေါ်မှာ တောက်လျောက် တချိုးတည်း အိပ်ပျော်သွားခဲ့တယ်။ အသက် ၃၅ နှစ်ကျော်လာပြီး လူကြီးဖြစ်လာပြီးကတည်းက ဒီလို စိတ်လွတ်ကိုယ်လွတ် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျတယ်ဆိုတာ အရမ်းရှားသွားခဲ့ပြီဖြစ်တယ်။ တည်ငြိမ်ရင့်ကျက်ခြင်းဆိုတဲ့အရာနဲ့အတူ လွတ်လပ်ပေါ့ပါးခြင်းဆိုတဲ့အရာတွေက ဆုံးရှုံးသွားရစမြဲပါပဲ။ အခုဆိုရင် သူ့ဘ၀က တိမ်ကင်းစင်တဲ့ မိုးသားကောင်းကင်လို ပေါ့ပါးလို့နေတယ်လို့ ခံစားလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက ငယ်ရွယ်မှုကို ပြန်ရလိုက်တာကိုး။
မင်းက ချစ်ခြင်းကို ခံစားချင်တယ်၊ အချစ်မှာကျရှုံးချင်တယ်ဆိုရင် မင်းကိုယ်မင်း အလုပ်တွေနဲ့ကင်းဝေးတဲ့ အားလပ်ရက် နည်းနည်းလောက်ယူဖို့လိုတယ်။ မင်းရဲ့ ရုပ်ရှင်မင်းသား ဆိုတဲ့ ဘ၀ကြီးကိုရော အရာအားလုံးကိုရော ပင်လယ်အောက်ကို နစ်မြှုပ်ထားဖို့လိုအပ်တယ်။
အခုချိန်မှာ Tang Feng က ချစ်ခြင်းတရား အနည်းငယ်ကို ခံစားနေတယ်။ တကယ့်ကို နည်းနည်းလေးပါပဲ။
"ဘာဖြစ်လို့လဲ။ ဘယ်လို ခံစားနေရလဲ။ လှိုင်းမှုးတာလား "
Lu Tianchen က ဘေးမှာ လဲလျောင်းနေပြီး လက်တဖက်က စောင်တွေအောက်မှ Tang Feng ရဲ့ခါးကို ဖက်ထားပြီး ကျန်တစ်ဖက်က Tang Feng ရဲ့ကိုယ်ကို ထူမပေးထားတယ်။ သူတို့နှစ်ယောက် အိပ်ယာပေါ်မှာ အချိန်ဖြုန်းလာခဲ့တာ အချိန်တွေကြာသွားတာနဲ့အမျှ Tang Feng ရဲ့လည်ပင်းနဲ့ ကိုယ်ပေါ်မှာ အနီမှတ်နဲ့ ကိုက်ခဲထားတဲ့ အရာတွေ တိုးသထက် တိုးလာခဲ့တယ်။
လွန်ခဲ့တဲ့ နာရီဝက်ကမှ Lu Tianchen က ဒီလို အနေထားကို ပြောင်းပြီးသူ့ကို အနောက်ကနေ ဖက်ထားတာ ဖြစ်တယ်။ ဒီလိုဖက်ထားပြီး Lu Tianchen က Tang Feng ရဲ့ ပါးပြင်၊ နဖူးနဲ့ ပုခုံးတွေကို စိတ်တိုင်းကျ နမ်းနေတော့တယ်။ အချိန်အများစုကတော့ Lu Tianchen က Tang Feng ရဲ့ မျက်နှာကို စိုက်တိုင်းကျ စိုက်ကြည့်နေတာပဲဖြစ်တယ်။
တောက်လျောက်မျက်တောင် မလွဲတမ်းကို စိုက်ကြည့်နေတာပဲဖြစ်တယ်။ ကံကောင်းတာက Tang Feng က မီးရောင်အောက်မှာ လူတကာရဲ့အကြည့်တွေကို နှစ်ပေါင်းများစွာယဉ်ပါးပြီး ကျင့်သားရနေလို့သာပေါ့။ မဟုတ်ရင် Lu Tianchen ရဲ့ ချစ်စိတ်ပြင်းပြတဲ့ မျက်ဝန်းအကြည့်တွေကြောင့် Tang Feng ပြာတောင်ကျသွားနိုင်တယ်။
YOU ARE READING
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.