Volume 4 Chapter (69) -North American premiere

316 56 2
                                    

True Star _Volume 4 Chapter (69)  -North American premiere


မြောက်အမေရိကတွင် "Rebirth" ကို ပြသသောအခါ Gino  အပြင် Tang Feng ၏ သူငယ်ချင်း အများအပြား လာရောက်ကူညီခဲ့ကြသည်။ ဒါရိုက်တာ အပါအဝင် သရုပ် ဆောင်အားလုံးနီးပါး ရောက်ရှိလာသည်။

ဒီအချက်က ဖျော်ဖြေရေးနယ်ပယ်တွင် ဆယ်စုနှစ်များစွာ လှုပ်ရှားလာခဲ့သည့် Tang Feng ကို အရမ်း စိတ်အား တက်ကြွစေခဲ့သည်။ ဟိုး အရင်အတိတ်တုန်းကလည်း ဖီးနစ်က သူရိုက်ကူးတဲ့ ရုပ်ရှင်တိုင်းကို ရုံတင်သည့်အခါ သူ့ရဲ့အရည်အချင်းတွေထက် ရလဒ်က အမြဲတမ်းပိုရခဲ့သည်။ ဇာတ်ကားတိုင်းမှာ    တစ်ကြိမ်တည်းတွေ့ဆုံဖူးသည်နှင့် လူအချင်းချင်းကြား လေးနက်သော ခင်မင်မှုဖြင့် မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။

လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် သိပ် အဆက်အစပ်မရှိကြပဲ သူတို့ ကိုယ်ပိုင်ဘဝတွင် အလုပ်များနေကြသော်လည်း တဖက်လူက အကူအညီလိုအပ်သရွေ့ သူတို့က အမြဲ အသင့်ရှိနေမည် ဖြစ်သည်။

"ဟေး...စူပါစတားလေး၊ မင်းက ငါ့ရဲ့ အလင်းရောင်ကို ခိုးယူတော့မယ်။"

လေယာဉ်ပေါ်မှာ ကောင်းကောင်းဝတ်စားဆင်ယင်ထားပြီး ဆင်းလာတဲ့ Tang Feng ကို  Gino  တွေ့ပြီး   နှုတ်ဆက်ပြီး သူ့ကို တင်းတင်း ပွေ့ဖက်ထားခဲ့သည်။

"မေ့လိုက်ပါ၊ လင်ဒါ  နဲ့ သူ့ခင်ပွန်း မနေ့က မင်းရဲ့ တစ်ဖက်တစ်ချက်မှာ လက်ကိုင်ထားတဲ့ ပုံတွေက ဒီနေ့ သတင်းစာ အားလုံးနီးပါးရဲ့ ခေါင်းကြီးပိုင်းတွေ ဖြစ်လာတယ်။ အဲဒါက ပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်မှုပဲ။ အတင်းအဖျင်းဖတ်ပြီး သတင်းအတုလုပ်ချင်တဲ့သူတွေ ခေါင်းကြီးသွားတယ်။ ဒီတခေါက်မှာတော့ လင်ဒါ a နဲ့ မင်းရဲ့ပရိသတ်တော်တော်များများက သတင်းအတုတွေ ထုတ်ခဲ့တဲ့ သတင်းစာတွေကို လူသိရှင်ကြား တောင်းပန်ဖို့   လင်ဒါ နဲ့ မင်းရဲ့ပရိသတ်တော်တော်များများက ပြောဖူးတယ်။"

Gino  သည် Tang Feng နှင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြောပြရသည့်အတွက် အလွန်ပျော်နေပုံရသည်။ Tang Feng နှင့် လင်ဒါ တို့ လက်တွဲထားသည့်ပုံက  ပင်လယ်တစ်ဖက်ကမ်းတွင် ဖြစ်ပွားခဲ့သော်လည်း မြောက်အမေရိကဘက်သို့ အမြန်ပင် သတင်း ပြန့်ပွား ခဲ့သည်။

ဒီနေ့ချိန်မှာ သတင်းက လျင်မြန်စွာပျံ့နှံ့သွားပြီး မြောက်အမေရိက ရုပ်ရှင်၏ ပရီမီယာပွဲတွင် လင်ဒါတို့ စုံတွဲ၏ပုံရိပ်က ကိုယ်ရေးကိုယ်တာ အရ ပွဲတက်သည်ထက် ပိုမိုထိရောက်ခဲ့သည်။

ပြည်မကြီးတွင် ပြသသည့်ပွဲ၌ လင်ဒါ နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် ပြင်ပ လူများ ထုတ်လွှတ်နေသည့် ကောလဟာလ သတင်းများကို Tang  Feng မှ တန်ပြန်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊  ဒါက မမျှော်လင့်ထားသော လူသိရှင်ကြား အကျိုးသက်ရောက်မှုကိုလည်း ဖုံးကွယ်ထားခဲ့သည်။

"ဒီကောင် ဘာလုပ်တာလဲ၊ မင်း သူ့ကို ဖိတ်ထားတာလား။" Gino  က  တစ်ဖက်ကို ကြည့်ကာ ရုတ်တရက်ပြောလိုက်တယ်။

"ဘယ်သူလဲ?"
Tang  Feng က Gino  ကို ကြည့်သည့် ဘက်ကို လှမ်းကြည့်ကာ မေးလိုက်သည် ။ Lmborghini ပြိုင်ကား အသစ်တစ်စီးက ကော်ဇောနီဘေးမှာ ရပ်တန့်သွားခဲ့သည်။ ယနေ့ ပွဲအတွက် တာဝန်ရှိသော လုံခြုံရေး ဝန်ထမ်းများက ယာဉ်မောင်းကို မေးမြန်း နေပုံရသည်။ ကားတံခါးကို ဖွင့်လိုက်စဉ်  ဝတ်ကောင်း စားလှ ဝတ်စားထားသည့် လူငယ်လေးက ကားပေါ်ကနေ ဆင်းလာသည်ကို တွေ့လိုက်သည်။

"ငါ သတိမေ့တာတော့ မဟုတ်ဘူး။ ငါ သူ့ကို ဖိတ်ထားတာ မဖြစ်လောက်ဘူး ထင်တယ်။"

တကယ်တော့ သူနဲ့ Mike Chen က လုံးဝမရင်းနှီးပါဘူး။  သူတို့ အချိန်အကြာကြီး စကားစမြည်ပြော ဖြစ်ခဲ့ပေမယ့်၊ စကားဝိုင်းရဲ့ အကြောင်းအရာက သူ့ကို တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းလို ဆက်ဆံဖို့ မလုံလောက်ပေ။

Mike Chen သည် "Rebirth" ဇာတ်ကား၏ ဖွင့်ပွဲတွင် ခမ်းနားစွာ ပါဝင်ခဲ့သည်။   ထိုအမျိုးသားကြယ်ပွင့်အသစ်ကို မြင်လိုက်ချိန်မှာ သတင်းထောက်တွေက သူတို့ရဲ့ ပစ်မှတ်ထား၍ သေနတ်ပြောင်းဝကို ရောက်လာသည့် လူသစ်တစ်ယောက်ရှိတာကို မြင်လိုက်ရသလိုပဲ စိတ်လှုပ်ရှားသွားကြသည်။

သူတို့ ခေါင်းထဲမှာ သတင်းအကြောင်းအရာကိုပင် စီထားမိလေပြီ။
 "ကောင်းကင်ဘုံ၏သားတော်-2" ဇာတ်ကားထဲမှ မျက်နှာသစ် သရုပ်ဆောင်လေးက ပထမဇာတ်ကားထဲမှ စီနီယာ သရုပ်ဆောင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းစေသည့် တွန်းအားက ဘာလဲ.....
   
"ကောင်းကင်ဘုံ၏သားတော်-2"၏  ပထမဆုံးရက်သတ္တပတ် ရုံတင်ဝင်ငွေ Box Office ရလဒ်လည်း ကောင်းနေခဲ့သည်။ ဒါကို ပထမဇာတ်ကားမှာ ပါဝင်ခဲ့ပြီး ထုတ်လုပ်သူထံမှ စွန့်ပစ်ခံခဲ့ရသော Tang  Feng က ဘယ်လိုမြင်သလဲ ဆိုတာကို သတင်းထောက်များ သိချင်နေကြသည်။

တကယ်တော့၊  "ကောင်းကင်ဘုံ၏သားတော်-2"   ဘယ်လောက်ကောင်းနေပါစေ Tang  Feng နဲ့ ဘာမှ မဆိုင်ပါဘူး။

"မစ်စတာ.... သူက ခင်ဗျား ဖိတ်ထားတဲ့  ဧည့်သည်တော်လား ခင်ဗျာ"

  Mike Chen ၏အသွင်အပြင်သည် အထူး ကောင်းမွန်သော်လည်း လုံခြုံရေးက သူ့တာဝန် ကျေပွန်စေရန်   Tang  Feng ဆီကို ထိုလူအကြောင်းမေးမြန်းခဲ့သည်။

"ဟုတ်တယ်။"

Tang  Feng က ခေါင်းညိတ်ပြလိုက်တယ်။ သူက Mike Chen ကို ဒီအချက်နဲ့ မောင်းထုတ်လိုက်လို့ မရဘူး။ ဒီအဖြစ်နဲ့ သူ့ရုပ်ရှင်ရဲ့ ကနဦးပွဲစဉ်ကို မပျက်စီးစေချင်ဘူး။

Mike Chen သူ့ကိုယ်သူ ဒီနေ့ဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်လို သဘောထားပြီး မာနတခွဲသားဖြင့်  ပေါ်လွင်ထင်ရှားသည့် ပြိုင်ကားတစ်စီးနှင့် အရောက်လာပြီး နေကာမျက်မှန်တပ်ကာ ကော်ဇောနီပေါ်တွင် လမ်းလျှောက်ရင်း ပရိသတ်များကို လက်ပြနှုတ်ဆက်ခဲ့သည်။  သတင်းထောက်များက သူ့နာမည်ကို အော်ခေါ်သည်ကို တွေ့လိုက်ကာ ချက်ချင်းပင် ပြုံးကာ ဓာတ်ပုံရိုက်ဖို့ တခြားတစ်ဖက်ကို လှည့်ကြည့် လိုက်သည်။

"သူကြည့်ရတာ လူရွှင်တော်တစ်ယောက်လိုပါပဲ။"Gino  က မိုက်ချန်၏အမူယာကိုကြည့်ကာ မပြုံးပဲ မနေနိုင်တော့ပေ။

ကျော်ကြားမှုနှင့် သြဇာလွှမ်းမိုးမှုအရ Gino  သည် Mike Chen  ထက် စီနီယာကျသည့် အပြင် အဆင့်များစွာ မြင့်သည့်  "စူပါစတား" ဖြစ်ပေမယ့် Mike Chen လို တက်သစ်စ ကြယ်ပွင့်လေးက ဟန်အမူယာပိုလှသည်။

Tang  Feng ကတော့ ဘာမှ မပြောလိုက်ဘူး။

"ဂုဏ်ယူပါတယ်။"

Mike Chen က ကော်ဇောနီပေါ်မှာ ပရိသတ်တွေကို လက်မှတ်ထိုးပေးပြီး သတင်းထောက်တွေနဲ့ ဓာတ်ပုံရိုက်ပြီး နောက်ဆုံးမှာတော့ သူဟာ တကယ့် ဇာတ်လိုက်မင်းသားဆီကို လျှောက်လာခဲ့သည်။

"ဂုဏ်ယူပါတယ် ဒီဇာတ်ကားက ကောင်းတယ်။"

Tang  Feng က သူ့ဇာတ်ကားကို လာရောက်အားပေးပြီး အဓိက လူထက် ဝင့်ကြွားနေသည့် ပရိသတ်ကို   စကားအနည်းငယ်ဖြင့် ယဉ်ယဉ်ကျေးကျေး ပြောလိုက်ရသေးသည်။

Tang  Feng  "ကျေးဇူးတင်ပါတယ်။"   

Tang  Feng သည် သူ၏ "ချီးကျူးစကား" ကို ပေါ့ပေါ့ပါးပါးနှင့် သဘာဝကျကျ လက်ခံရန် မမျှော်လင့်ထားမိပေ။ ထျန်းဖုန်း၏ စကားတွေက သူ့ကို လှောင်ပြောင်နေသည်ဟု Mike Chen ခံစားလိုက်ရသည်။

"မင်း ရုပ်ရှင်လာကြည့်တာလား။"
Gino  က မိုက်ချန်ကို တမင်တကာပြောရင်း သူ့ဘေးမှာ ရယ်မောလိုက်သည်။

ဘယ်ဟုတ်မလဲ။ ရုပ်ရှင်ရုံတင်သည့် ပထမနေ့တွင် Box Office ကောင်းကောင်းရအောင် အဓိက စွမ်းဆောင်ခဲ့သူက ဒါရိုက်တာ လီဝေ့ ဆိုတာ သိသာပေမယ့်     Mike Chen ၏ အမူယာတွေအရ သူ့ သရုပ်ဆောင်ချက်က ကောင်းလွန်းလို့ ပထမဆုံးရက် ရုံတင်ဝင်ငွေ ကောင်းသည်ဟု ယုံကြည်နေပုံရသည်။
 ဒါကြောင့် မိုက်ခ်ချန်က တမင်သက်သက်  Tang  Feng ပါဝင်ရိုက်ကူးထားသည့် ဇာတ်ကား၏ ပထမဆုံး ရုပ်ရှင်ပြသသည့် ပွဲကို တက်ကာ တဖက်လူကို သူ့အောင်မြင်မှုနဲ့ ဖိနှိပ်ရန် ကြံခဲ့သည်။

သူ့လုပ်ရပ်တွေက အဓိပ္ပါယ်မဲ့ကာ ကလေးဆန်ပြီး ရယ်စရာကောင်းလှ တယ်။

"မင်းရဲ့ ဇာတ်ကားကို ငါကြည့်ချင်ပေမယ့် အခုလက်ရှိမှာ  ငါ့မှာလုပ်စရာတွေ အများကြီး ရှိသေးတယ်။ ငါ အရမ်း အလုပ်များနေတယ်၊ ငါ့ဇာတ်ကားကို ပရိုမိုးရှင်းဆင်းဖို့ ရို  နေရာမျိုးစုံကို သွားဖို့လိုတယ်၊ မီဒီယာ အတော်တော်များများနဲ့ အင်တာဗျူးလုပ်ရဦးမယ်။ ဘုရားရေ.. ငါ သေတော့မလို ခံစားနေ ရတယ်။အလုပ်များလိုက်တာကွာ..ဟူး...."

နေကာမျက်မှန်တွေကို ချွတ်ပြီးတာနဲ့ သတင်းထောက်တွေက သူတို့အဖွဲ့ ဓာတ်ပုံရိုက်နိုင်အောင် Tang  Feng အနားမှာ အတင်းလာရပ်ပြီး  Mike Chen က သူ မအားလပ်ကြောင်း မရပ်တမ်း ညည်းညူသလိုနှင့် ကြွားဝါနေခဲ့သည်။

ထိုစကားများကို ကြားပေမယ့် Tang  Feng က အပြုံးဖြင့် ကင်မရာကို မျက်နှာမူလိုက်သည်။ ဒီအချိန်မှာ သူ့အနားကို အတင်းကပ်နေသည့်  Mike Chen ကို မတွန်းထုတ်နိုင်ခဲ့ဘူး။

"ဒါဆို မြန်မြန်သွားတော့လေ။" Tang  Feng က ပြောလိုက်သည်။

"ငါ သွားမှာပါ " သူ Tang  Feng ကို စိုက်ကြည့် လိုက်တယ်။

တစ်ဖက်သား၏ မျက်နှာက သူ့ စကားတွေကြောင့် ဘယ်လိုမှ မခံစားရသည့်အပြင်  တိမ်တွေလို လွတ်လပ် ပေါ့ပါးသည့် ဟန်ပန်ဖြင့် သူ့ကို တိုက်တွန်းလိုက်သေးသည်။
ဒါက တစ်ဖက်သားကို ထိမှန်အောင် တိုက်ခိုက်နေသည့်အချက်တွင် အထူးကျွမ်းကျင်တဲ့ Mike Chen ကို စိတ်ပျက်သွားစေခဲ့သည်။

  မြန်မြန်သွား..... မြန်မြန်သွား..... ဟုတ်လား...ဒင်းက ငါ့ကို မောင်းထုတ်တယ်ပေါ့....

 Mike Chen က သူ့ Lmborghini ပြိုင်ကားထဲမှာ ထိုင်ပြီး ရုပ်ရှင်မစခင် အရှိန်ဖြင့် မောင်းထွက်သွားခဲ့တယ်။

"အဲဒီကောင်က အရူးတစ်ယောက်ပဲ၊ ဒါပေမယ့် ထုတ်လုပ်သူတွေက သူ့ကို သဘောကျတယ်၊ ဒီလိုကောင်မျိုးက ထိန်းချုပ်ရလွယ်တယ်၊ သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးတဲ့အတွက်ကြောင့ ဒီလိုကောင်ကို သူတို့က ခေါ်ထားတာပဲ "

ဒါက ဖျော်ဖြေရေးလောကရဲ့ အဖြစ်ပျက်တချို့သာ ရှိသေးသည်။

  Gino  က Tang  Feng နဲ့ ရုပ်ရှင်ရုံထဲကို လျှောက်သွားတဲ့အခါ Tang  Feng နဲ့ စကားပြောနေသည်။  လူငယ်တစ်ယောက်ရဲ့  သွေးတွေနဲ့ တွန်းအားတွေက သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသေးသည့်  Gino  က Tang  Feng လောက် မတည်ငြိမ်နိုင်သေးပေ။

"မင်း သူ့ကို တစ်ချက်လောက် ပညာပေးဖို့ တကယ်ထိုက်တန်တယ်!"
လေထဲကို ဒေါသတွေ လွှတ်ထုတ်လိုပြီးနောက် Gino  သည် တည်ငြိမ်လာသည်။

"နောက်နေ့ သတင်းစာထဲမှာ စွန့်ပစ်ခံရတဲ့ သနားစရာကြယ်ပွင့်လေး Tang  Feng တစ်ယောက်  မနာလိုစိတ်ကြောင့် မိုက်ခ်ချန်ကို ရိုက်လိုက်တယ်ဆိုတဲ့ သတင်းမျိုး ပါစေချင်တာလား "

Tang  Feng က အေးအေးဆေးဆေး ပြောလိုက်တယ်။

လူသိများသည့် အနုပညာရှင် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့်၊ အနည်းဆုံးတော့ ပြည်သူတွေရှေ့မှာ သူ့ပုံရိပ်ကောင်းကို    အချိန်တိုင်း ထိန်းသိမ်းရန် လိုအပ်သည်။

"စိတ်လျှော့ပါ ဂျီနိုရာ....  မင်းနဲ့ မရင်းနှီးတဲ့ သူတွေ အားလုံးနဲ့ ရန်ဖြစ်ရင် ငါတို့ ချစ်တဲ့ခင်တဲ့သူတွေကို ပေးဖို့ အဖိုးတန်တဲ့ အချိန်တွေ ဘယ်လောက်တော့ မှာလဲ"

 Tang  Feng က ဂျီနိုကို ရှင်းပြလိုက်သည်။
 "သူတို့က ရွှံ့ထဲက နွယ်ပင်တွေလိုပဲ ။  မင်းက သူတို့နဲ့ တစ်ခါလောက်  ငြိစွန်းလိုက်ရင် မင်းရဲ့ ခြေလှမ်းတွေ  တဖြည်းဖြည်း နှေးလာတာကို တွေ့ရလိမ့်မယ်။ မင်းရောက်ချင်တဲ့နေရာကို ဘယ်လောက်သွားနေလည်း ကိုယ့်ခြေထောက်ကို ဆွဲချနေတဲ့ နွယ်တွေကြောင့် မင်းရဲ့ ပန်းတိုင်လည်း ပိုဝေးသွားလိမ့်မယ်။  "

"သြော်၊ စိတ်ဝင်စားစရာကောင်းတဲ့ ဥပမာပဲ"

ထျန်းဖုန်းပြောတာကြားတော့ Gino  က လက်မထောင်ပြလိုက်သည်။

" သူတို့ကို ရွှံ့ပုပ်ထဲက နွယ်တွေနဲ့ ခိုင်းနှိုင်းရတာကို သဘောကျတယ်။"

Tang  Feng ပြောချင်တာက ဒါမဟုတ်ပါဘူးလေ။

"ကောင်းပြီ၊ မင်း ဒီလိုလူနဲ့တွေ့တဲ့အခါ မင်းကိုယ့်လမ်းကိုယ် ဆက်သွားဖို့လိုတယ်၊ မင်း သူတို့နဲ့ ဝေးရာကို သွားတဲ့ အခါ ဒီငရဲကောင်တွေက တခြားသူတွေနဲ့ အချိန်ဖြုန်းဖို့ပဲရှိလိမ့်မယ်။ ဒီအချိန်မှာ မင်းလည်း သွားချင်တဲ့ နေရာကို ရောက်နေပြီး ဖြစ်လိမ့်မယ်"


"တခါတလေမှာ မင်းက လူငယ်တစ်ယောက်လို့ ငါ  မခံစားရဘူး။ မင်းက ငါ့အဖေရဲ့ မျိုးဆက်နဲ့ ပိုတူတယ်။ မင်းနဲ့ ငါ့အဖေ စကားစမြည်ပြောရင် တော်တော် လေး အပေါက်အလမ်းတည့်လိမ့်မယ် ထင်တယ်။"

Gino  ရဲ့ စကားလုံးတွေက ချီးကျူးနေတာနဲ့ မတူဘူး။ ဒါက တကယ့် အဖြစ်မှန်ကို မိးမောင်းထိုးပြလိုက်သလိုပဲ။
 Tang  Feng က သူ့မှာ အသက်အရွယ်အရ ငယ်ရွယ်ပေမယ့် စိတ်သက်က လူလတ်ပိုင်းအရွယ် ရောက်နေပြီဆိုတဲ့ အချက်ကို လက်ခံရမှာ ဖြစ်တယ်။

Mike Chen ရဲ့ နှောက်ယှက်မှုကို စိတ်ထိခိုက်မှုမရှိဘဲ၊ Tang  Feng ဟာ သူ့ကိုယ်ပိုင်ရုပ်ရှင်ကို ပြန်ကြည့်ရတာ အရမ်းပျော်နေတယ်။ "Rebirth" ၏ အမေရိကန်ဗားရှင်းသည် မြောက်အမေရိက ပရိသတ်များအတွက် သူ့အရည်ချင်းကို ချပြနိုင်မယ့်  အကောင်းဆုံး သက်သေဖြစ်သည်။
 

အရင်တုန်းကတော့ ဖီးနစ်ဘဝမှာ သူက ဇာတ်ကားတစ်ကားပြီးရင် ရုပ်ရှင်ရဲ့ Box Office ကို သိပ်ပြီး အာရုံစိုက်လေ့မရှိပေမယ့် အခု ထုတ်လုပ်သူအနေနဲ့ Tang  Feng ဟာ ရုပ်ရှင်ရဲ့ Box Office ကို အချိန်တိုင်း သိချင်နေခဲ့တယ်။

"Rebirth" ဇာတ်ကား၏  မြောက်အမေရိက  box office ပထမနေ့ ရုံတင်ဝင်ငွေက အရမ်း ကောင်းမွန်ခဲ့သည်။ ကောင်းကင်ဘုံ၏သားတော် အတွဲ2 ရဲ့ ရလဒ်များနှင့် ဝေးကွာနေသော်လည်း ပထမနေ့တွင် Box Office သည် 10 သန်းရခဲ့သည်။ ဒီအချက်အရ Tang  Feng အတွက် လူတိုင်းကို အနီရောင်စာအိတ်များ ပေးပို့ရန် လုံလောက်နေပြီ။

ညပိုင်းတွင် Tang  Feng သည် အဖွဲ့သားများကို ဂုဏ်ပြုပွဲကို ကျင်းပပေးခဲ့သည်။ ပါတီ၏  အဓိက ဇာတ်ဆောင်မှာ "Rebirth" ၏ ဝန်ထမ်းအားလုံး ဖြစ်သည်။ ရှောင်ယု  သည် ပွဲ၏ တာဝန်ခံဖြစ်သည်။ ပါတီတွင် ဝန်ထမ်းတစ်ဦးစီအား ဝီရိယအရှိဆုံးဆု၊ အကောင်းဆုံးရယ်မောခြင်းဆုများ ချီးမြှင့်ခဲ့သည်။ သစ်သီးခြင်းများုအပြင်  အနီရောင်စာအိတ်ကြီးတစ်စောင်လည်း ပေးခဲ့သေးသည်။

Tang  Feng သည် ပါတီကို သူ့နောက်ကွယ်မှ တိတ်တဆိတ် ပေးဆောင်သော လူအုပ်စုထံ လွှဲအပ်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင်ထိုင်ကာ အခြားသူများကို ပြုံးပြုံးရွှင်ရွှင်ကြည့်ကာ အလွန်ကျေနပ်သွားသည်။

"မင်္ဂလာပါ သခင်လေး၊ ဒါက မင်းအတွက်ပါ"

စားပွဲထိုးတစ်ယောက် ရုတ်တရက်ရောက်လာပြီး Tang  Feng ကတ်လှလှလေး ပေးလိုက်တယ်။

"ငါ့ကို ဘယ်သူပေးတာလဲ။" Tang  Feng က မေးသည်။

"ကျွန်တော် အဲဒါကို မဖွင့်ရသေးဘူး။ စာအိပ်ပေါ်မှာတော့ မင်းရဲ့ ထာဝရ အာစီမိုဒို လို့တော့ ရေးထားတယ်" စားပွဲထိုးက ပြောခဲ့ကာ  အမြန်ထွက်သွားတယ်။

Tang  Feng ခေါင်းငုံ့ပြီး ကတ်ကိုဖွင့်လိုက်သည်။ ကတ်၏အလယ်တွင် နှင်းဆီပွင့်ချပ်တစ်ခုပါရှိပြီး ထိုပေါ်တွင် စာကြောင်းလေးတစ်ကြောင်း ရေးထားပါသည်-

 [သူငယ်ချင်းဟောင်းတစ်ဦးက မင်းကို 00 XX လမ်းမှာ စောင့်နေတယ် ]

ရင်းနှီးသောလက်ရေးမှာ အမှန်ပင် အဲလ်ဘတ်၏ လက်ရေး ဖြစ်သည်။

*****-*******

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now