True Star _ Volume III _ Chapter (37) - သတိပေးချက် (U+Z)
Lu Tian chen ၏စွမ်းဆောင်ရည်က အရမ်းထက်မြက်ပြီး အလွန်မြန်သည်။ Tang Feng တရုတ်နိုင်ငံသို့ပြန်လာပြီး နောက်တစ်နေ့တွင် အဖွဲ့ဥက္ကဌ Lu Tian chen သည် Tang Feng အားပိတ်ဆို့ခြင်းခံရသည့်အချိန်ကာလအတွင်း ပြည်သူ့ဆက်သွယ်ရေး PR အဖွဲ့ကို ဖွဲ့စည်းရန် လုပ်လိုက်သည်။
စစ်မှန်တဲ့ခေါင်းဆောင်ဆိုတာ အရာအားလုံး သူတို့ကိုယ်တိုင် လုပ်မယ့်အစား မိမိရဲ့လက်အောက်ငယ်သားတွေကို ကောင်းကောင်းတာနိုင်အောင် ဘယ်လိုညွှန်ကြားရမယ် ဆိုတာသိဖို့လိုတယ်။ Lu Tian chen သည် အစည်းအဝေးတွင် ပြသနာအတွက် အဖြေကို အဆိုပြုခဲ့သည်။ အစည်းအဝေးတွင်ပါဝင်ခဲ့သူ Tang Feng ကလည်း ဗဟုသုတရခဲ့သည်။ ။
ပထမ ဦး ဆုံးအနေနဲ့ Lu Tian chen သည် သူတို့၏ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုရှိသော သတင်းစာများ၊ မဂ္ဂဇင်း လုပ်ငန်းများကို သူဖြစ်စေချင်တာကို လုပ်စေဖို့ တွန်းအားပေးခဲ့သည်။ Tang Feng နှင့်ပတ်သက်သည့် သတင်းများကို သူတို့ ကြေငြာပေးရန် မလိုအပ်ပေ။ သို့သော်အနည်းဆုံးတော့ သူတို့တွေဟာ Tang Feng နဲ့ပတ်သတ်တဲ့ မကောင်းသတင်းတွေကို ပုံနှိပ်ထုတ်ဝေခြင်း မပြုရတော့ပေ.
သာမန်ဖျော်ဖြေရေးကုမ္ပဏီများသည် ဟဲဗီးဝိတ် သြဇာအာဏကြီးသော သတင်းစာများနှင့်မဂ္ဂဇင်းများအပေါ် အနည်းငယ် သြဇာညောင်းကြသည်။ သို့သော် Lu Tian chen သည် နာမည်ကျော်ဖျော်ဖြေရေးကုမ္ပဏီတစ်ခု သက်သက် မဟုတ်ပေ။ တန်ဖန်း၏ထင်မြင်ချက်အရ Lu Tian chen ၏ များပြားလှသော စီးပွားရေးအင်ပါယာထဲတွင် ရုပ်ရှင်ကုမ္ပဏီက အခွဲတစ်ခုသာဖြစ်သည်။ သူနှင့်ပူးပေါင်းထားသူများက စီပွားရေးအုပ်စုကြီးဆီက အကျိုးအမြတ်ကို လိုချင်သောကြောင့် Lu Tian chen ၏ စကားကို နာခံကြခြင်းဖြစ်သည်။
မဂ္ဂဇင်းနှင့်သတင်းစာကို အများဆုံးဝယ်ယူကြသူများက သူတို့လုပ်ငန်းကို အဓိက ထိခိုက်စေနိုင်သည့်လူများမဟုတ်ပေ။ သူတို့ တန်ဖိုးထားသောဖောက်သည်များသည် သတင်းစာများနှင့်မဂ္ဂဇင်းများတွင်ကြော်ငြာများ ထည့်သွင်းနေသော လုပ်ငန်းကြီးများသာ ဖြစ်သည်။ Lu Tian chen သည်ဖျော်ဖြေရေးလုပ်ငန်း နှင့်မရင်းနှီးသော်လည်း စီးပွားလုပ်ကိုင်ရာတွင် အရမ်းကို ကျွမ်းကျင် သူဖြစ်သည်။ သူက ဖုန်းကောလ် အနည်းငယ်ခေါ်ပြီးနောက် သူတို့ကသတင်းစာများနှင့်မဂ္ဂဇင်းများတွင်ကြော်ငြာလေ့ရှိသော ကုမ္ပဏီကြီးများနှင့်ဆက်သွယ်ခဲ့သည်။ ကြီးမားသော ဖိအားကိုမဂ္ဂဇင်းမီဒီယာများဆီသို့ တိကျသေချာစွာပေးပို့ခဲ့သည်။
မီဒီယာပြသနာတွေကိုဖြေရှင်းရုံနဲ့ မလုံလောက်သေးဘူး . အရေးအပါဆုံးအရာက နောက်ကွယ်က ထိန်းချုပ်နေသည့်သူသာ ဖြစ်သည်။ သူ့ကို ဖာ်ထုတ်လိုက်မှ ဒီပြသနာကို လုံးဝ ရှင်းနိုင်လိမ့်မည်။
"ဝေ့တောက်မင် ရဲ့နောက်ကွယ်မှာ လူတစ်ယောက်ရှိတယ်။ အဲ့ဒီလူ လဲမကျသေးဘူးဆိုရင် ဝေ့တောက်မင်ကို ဟန့်တားနိုင်မှာ မဟုတ်ဘူး လို့ပြောနိုင်ပါတယ်"
Lu Tian chen သည် စားပွဲကို လက်ချောင်းဖြင့် ခေါက်ကာ အေးအေးဆးဆေး ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ဒီပြသနာကိုချက်ချင်းမဖြေရှင်းနိုင်လောက်သေးဘူး၊ ဒါပေမယ့် ဒီပိတ်ဆို့ခြင်းကို ဖယ်ရှားဖို့ဆိုရင် အနည်းဆုံး သုံးလလောက်ကြာမယ်။ Tang Feng မင်း နောင်မှာ ဝေ့တောက်မင်နဲ့ပတ်သတ်ရင် နည်းနည်း အာရုံစိုက်ဦး..."
Lu Tian chen သည် Tang Feng ကို ဒီလူက အမြဲ တန်ခိုးရှင် တစ်ယောက်လို လုပ်နိုင်စွမ်းရှိတယ်လို့ ထင်မြင်လာစေ သည်။
Tang Feng က ရယ်မောလိုက်ပြီး ပြောလိုက်သည်။
" ခင်ဗျား ဘာမှလုပ်လို့မရနိုင်တော့ဘူးလား။ "
"လုပ်နိုင်တဲ့ နည်းလမ်းတစ်လမ်းတော့ ရှိတယ်။"
Lu Tian chen သည် အနည်းငယ်ပြုံးပြီး လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားပုံရသည်။
"ပြည်တွင်းအရာရှိတစ်ယောက်က အများပြည်သူတွေရဲ့ အမြင်ကို ခဏတာလွှမ်းမိုးနိုင်လိ့မ်မယ်။ ဒါပေမယ့် တသက်လုံးတော့ သူ ပိတ်ဆို့ထားနိုင်မှာ မဟုတ်ဘူး။ ငါတို့ ဖြည်းဖြည်းချင်း ဒီအကျပ်တည်းကို ကျော်လွှားနိုင်မှာပါ"
နောက်ဆုံးတွင် ကိုယ့်ကို တိုက်ခိုက်နေတဲ့ တဖက်လူက နိုင်ငံရေးလောကထဲက ထိပ်တန်းပုဂ္ဂိုလ်ဖြစ်ပြီး မင်းရဲ့ စိးပွားရေးလုပ်ငန်းက မသန့်ရှင်းတာတွေရှိနေရင် ဒီလို အသေးအဖွဲတွေနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်သင့်ဘူး...
Tang Feng ကခေါင်းခါလိုက်သည်။ Lu Tian chen သည် သူ့ကို ဂရုစိုက်ကြောင်း သူ သိသည်။ သို့သော်ဖျော်ဖြေရေး လုပ်ငန်းတွင် သူသည် အရာများစွာကို အမြဲတမ်းကြုံတွေ့ရ ခဲ့ရသည်။ အိုကေ၊ သူသည် ခုလို ရုပ်ရှင်ရိုက်ဖို့ ပိတ်ပင်တားဆီးမှုကို ကြုံရတာကတော့ ပထမဆုံးအကြိမ့်ဖြစ်သည်။
သို့သော်၎င်းသည် သုံးလမျှသာဖြစ်ပြီး သူကို ကြီးမားသောထိခိုက်မှု မဖြစ်စေနိုင်ပါ။ ပိတ်ပင်မှုက တစ်သက်တာလုံးကြာရှည် မရှိနိုင်ပါ။ သူတကယ်လုပ်ရမယ့်အရာက စောင့်ဆိုင်းဖို့ပဲဖြစ်သည်။
"မင်း ငါ့ကို စိတ်ပူနေတာလား"
Lu Tian chen သည် စားပွဲခုံ၏နောက်ကွယ်တွင်ထိုင်ကာ Tang Fengအားအနည်းငယ်ပြုံးကြည့်ကာ မေးလိုက်သည်။ Tang Feng ၏ ပထမဆုံးထင်မြင်ချက်ဆိုးဆိုးကို ရရှိစေခဲ့သည့် ရေခဲတုန်းမျက်နှာနှင့်လူ၏ အမူအယာကြောင့် Tang Feng ရယ်လိုက်မိတော့သည်။
"တကယ်တော့ မင်းက ရယ်တဲ့အခါ မင်းကို ပိုပြီး စိတ်သက်သာလာစေတယ်။ မင်း များများ ရယ်သင့်တယ်။"
"ဒီလိုမျိုးလား?"
Tang Fengက မျက်ခုံးပင့်ကာ ရယ်ရင်း ထပ်မေးလိုက်သည်။
စကားပြောနေသော Lu Tian chen ရဲ့ မျက်နှာအမူယာက ချိုမြိန်မှုတိုးလာပြီး မျက်လုံးအကြည့်တွေကနူးညံ့လာတယ်။ ဒီနူးညံ့သိမ်မွေ့တဲ့ကောင်လေးက လူတွေရဲ့နှလုံးသားကို အရည်ပျော်စေတယ်ဆိုတာ အမှန်ပဲ။
"အရမ်းကောင်းတယ်။ ကျွန်တော်က ခင်ဗျားကို ဂရုစိုက်တယ်ဆိုတာ ခင်ဗျားက ကျွန်တော့် အလုပ်ရှင်ဖြစ်နေလို့ပါ။ ခင်ဗျားလို့ ဘော့စ်က ကျွန်တော့်ကို ခေါ်မထားရင် ဝန်ထမ်းလေး ဖြစ်တဲ့ ကျွန်တော်က သွားစရာ ဘယ်မှ မရှိတော့ဘူးလေဗျာ... "
Tang Feng သည် မတ်တပ်ရပ်ပြီးနာရီကိုကြည့်လိုက်သည်။
" ကျွန်တော် ရုပ်ရှင်ဇာတ်ညွှန်းအသစ်ကို ကုမ္ပဏီကလူတွေနဲ ဆွေးနွေးရတော့မယ်။ ခင်ဗျားကို မနှောက်ယှက်တော့ပါဘူး"
"အလုပ်ပြီးရင် ညစာ အတူတူစားရအောင်။"
Lu Tian chen သည် စားပွဲပေါ်ရှိသတင်းအချက် အလက် များကို ဖွင့်လိုက်ပြီး သူက ပြောလိုက်သည်။
"ဒီပြောလိုက်တဲ့ စကားကြီးက ဘာကြောင့်လူတွေကို ငြင်းဆန်ဖို့ ခက်ခဲနေစေတာလဲ "
ဒါက ဥက္ကဌနဲ့ အခြားလူတွေရဲ့ ကွဲပြားကြတဲ့ အချက်ပဲဖြစ် သည်။ သူ့လေသံက မေးမြန်းတဲ့ပုံစံပေါက်ပေမယ့် တကယ်တော့ အမိန့်ပေးလိုက်တာပဲဖြစ်တယ်။
Tang Feng သည်ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ။ ဥက္ကဌ Lu နဲ့ ညစာစားရတာကို ကျွန်တော် အရမ်းဝမ်းသာပါတယ်။ အမိန့်အတိုင်းပါပဲ ညနေ အလုပ်ပြီးချိန်မှာ ပြန်တွေ့ကြတာပေါ့ဗျာ"
Tang Feng ပြောပြီး ရုံးခန်းထဲကနေ ချက်ချင်း ထွက်ခွာခဲ့သည်။
Tang Feng က ရုံးခန်းအပြင်ကိုရောက်သည်နှင့် ရုံးခန်းထဲက လိုက်ကာနောက်တွင် လူတစ်ယောက် ချက်ချင်း ထွက်လာခဲ့သည်။ ထိုလူသည် ထိုနေရာတွင် ဘာကြောင့် ပုန်းအောင်းနေရသည်ကို Tang Feng မသိခဲ့ပါ။
"ဘော့စ်... သူ့ကို ပြောဆိုတာ အခုထက်ကို ပိုပြီး နူးညံ့သိမ်မွေ့ဖို့လိုတယ်၊ ဘော့စ်လေသံကိုကြားရတာ ကျွန်တော်တောင် ကြက်သီးတွေထလာတယ်... "
စိတ်ပျက်လက်ပျက်ပုံစံဖြင့် နတ်ဆိုးလေးဆိုသည့် ကြေးစားသမားက လက်မောင်းက ကြက်သီးမွေးညှင်တွေကို သပ်ချကာ Tang Feng ထိုင်ခဲ့သည့်ထိုင်ခုံတွင် ထိုင်လိုက်သည်။
Lu Tian chen သည် နတ်ဆိုးလေး၏တည်ရှိမှုကို သိပြီးဖြစ်သည်နှင့် တူသည်၊ သတင်းအချက်အလက်ဖိုင်ကိုကြည့်ပြီး သူက ထူးမခြားနားဟန်ဖြင့် မျက်နှာထက်က အပြုံးပင်ပေါ်လာသေးသည်။
"နတ်ဆိုးလေး "
Lu Tian chen က ငြင်သာစွာ ခေါ်လိုက်သည်။.
လူငယ်ကသူ့ဆံပင်ကိုကုတ်ဖွကာ ထူးလိုက်သည်။
" ဟမ်?"
"နတ်ဆိုးလေး "
Lu Tian chen က ထပ်ခေါ်လိုက်သည်။
"ဘော့စ်... ဘာပြောမလို့လဲ။ ပြောပါ.။ ဘာကြောင့် ကွျှန်တော့်နာမည်ကိုပဲ ခေါ်နေရတာလဲ?"
"ငါက မင်းရဲ့ဘော့စ်ဆိုတာ မင်းသိသေးရဲ့လား။ "
သတင်းအချက်အလက်ကိုဆက်လက်ကြည့်ရှုနေသည့် Lu Tian chen သည်ဘောပင်တစ်ချောင်းကိုယူပြီး ထိုသတင်းပေါ်မှာ တခုခုကို မှတ်သားလိုက်သည်။
"ဘော့စ်က အမြဲတမ်း ကျွန်တော့်ရဲ့သူဌေးပဲ။ ဘော့စ်ကြောင့်သာ မဟုတ်ရင် ကျွန်တော် အခုထိ အသက်မရှင်နိုင်ပါဘူး ဒါကြောင့် ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး "
နတ်ဆိုးလေး ဆိုသည့် လူက ကိုယ်ကို မတ်မတ်ထားကာ ချက်ချင်းဖြေလိုက်သည်။
" ငါက မင်းအသက်ကို ကယ်ခဲ့တဲ့ဘော့စ်ဖြစ်လို့ မင်း ကို ပြန်သတ်နိုင်တယ်ဆိုတာ မမေ့နဲ့! "
Lu Tian chen က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
လူငယ်လေးက ထိုစကားကို ကြားုတော့ ရုတ်တရက်ခေါင်း ပေါ်ကနေ ရေခဲရေဖြင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရပြီး ကျောနောက်ကနေ ချွေးတွေ ပြန်လာသည်။
နတ်ဆိုးလေးရဲ့မျက်လုံးတွေတဖြည်းဖြည်းအေးလာပြီး မှောင်မိုက်လာပြီး သူ့လို ကြေးစားသမားတစ်ယောက်က ဒီဝါကျမှာ ဘာခြိမ်းခြောက်မှု သတိပေးချက်များကို ဖုံးကွယ်ထားတယ်ဆိုတာ သေချာသိတာပေ့ါ။ ဒါပေမယ့် ဘာကြောင့် ဘော့စ်က ခုလို ခြိမ်းခြေက်တယ်ဆိုတာတော့ မသိဘူး။
"Boss ကွျှန်တော် ဘာအမှားလုပ်မိနေတာလဲ"
Lu Tian chen က သူ့အမေးကို လျစ်လျူရှုတာကို တွေ့လိုက်ရသည် ။
လူငယ်က ကြောက်စိတ် နည်းနည်းလေးလျော့သွားပြီး ကိုယ်ကို ကျုံ့ကာ ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး ထပ်မေးလိုက်သည်။
"ကျွန်တော်က ဉာဏ်မကောင်းလို့ ဘော့စ် ဘာပြောချင်တယ်ဆိုတာကို ကျွန်တော် ခန့်မှန်းနိုင်မှာမဟုတ်ဘူး၊ ဘော့စ် ပြောစရာရှိတာကို ပြောပါ"
ရေးလက်စာ ဘောပင်ကိုရပ်တန့်လိုက်ပြီးနောက် Lu Tian chen သည် စာရွက်စာတမ်းများကို နတ်ဆိုးလေးထံကို ကမ်းပေးကာ ပြောလိုက်သည်။
"မင်းအတွက် မစ်ရှင်အသစ်"
နတ်ဆိုးလေးက ယူကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးများက အေးခဲသွားသည်။
"ဘော့စ်...ထပ်ပြီး အဲ့ဒီလူကြောင့်ပဲလား ?"
ဘာလို့လဲဆိုတော့ ငါ သူ့ကိုနမ်းခဲ့တဲ့အတွက် ... မကျေနပ်မှုအချို့ ရှိနေပုံရသည်။ နတ်ဆိုးလေးသည် ထိုဖိုင်တွဲကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားသည်။
လူငယ်လေးရဲ့အဖြေကို သိပ်မကျေမနပ်ဖြစ်ပုံရတယ်။ Lu Tian chen ရဲ့အသံက ပိုပြီးအေးစက်သွားတယ်။
"မင်းရဲ့ ဦး နှောက်က ဘယ်အချိန်က ဒီလောက် မိုက်မဲလာသလဲ။ "
ထိုစကားလုံးက လူငယ်လေးရဲ့ရင်ဘတ်ကို ရေခဲဓါးနဲ့ဖြတ်လိုက်သလို ခံစားလိုက်ရသည်။
"အဲဒီနေ့မှာ Tang Feng က ဘယ်သူပဲဖြစ်ဖြစ်၊ မင်း ဘယ်သူ့ကို ထိခိုက်နာကျင်အောင်လုပ်လိုက်ပါစေ၊ သူ့ကို ရအောင်ကာကွယ်ရမယ်။ ဘာအကြောင်းပြချက်ကိုမှ မလိုချင်ဘူး။ လက်အောက်ခံ တစ်ယောက်အနေနဲ့ မင်းရဲ့နာခံမှုရှိဖို့ပဲလိုတယ်။ ဒါ မင်းရဲ့ဘော့စ်ဖြစ်တဲ့ ငါက ပေးတဲ့ အမိန့်ပဲ "
Lu Tian chen က သူ့ရှေ့က လူငယ်လေးကို ခပ်ပေါ့ပေါ့ပုံနှင့်ကြည့်လိုက်ပေမယ့် သူ့လေသံထဲက သတိပေးချက်ပါနေတာရှင်းနေတာပဲ။
"ငါနဲ့ နှစ်ပေါင်းများစွာ အတူနေလာခဲ့လို့ မင်းကို ငါ တစ်ခုတည်းသော အခွင့်ရေး ပြန်ပေးခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ့အခွင့်အရေးက နောက်ဆုံးပဲ။ နောက်ထပ်တကြိမ်ဆိုတာ မရှိတော့ဘူး"
Lu Tian chen သည် ကုလားထိုင်နောက်မှီသို့ဖြည်းဖြည်းချင်း မှီထိုင်လိုက်ပြီး ဆက်ပြောလိုက်သည်။
"အင်အားကြီးတဲ့အဖွဲ့အစည်းတစ်ခုရဲ့ အကာအကွယ်ကိုဆုံးရှုံးလိုက်ရတဲ့ လူသတ်သမားဟာ မြေပေါ် မြေအောက် အင်အားစုတွေဆီက အမဲလိုက်တာကို နေ့နေ့ ညည ကြုံတွေ့ရနိုင်သည်။ အသက်ဘေးက ပြေးလွှားနေရလို့ ရံဖန်ရံခါပင်ပန်းနွမ်းနယ်မှုနှင့် ပေါ့ဆမှုတွေရှိလာနိင်တယ်။ ဒါကြောင့် "ရံဖန်ရံခါ" သေခြင်းတရားကို ရင်ဆိုင်ရနိုင်တယ်။ "
Lu Tian chen က သူလုပ်လိမ့်မယ်လို့ပြောခဲ့တယ်။ သူမြင်တွေ့ခဲ့ရသော Lu Tian chen ၏နူးညံ့သိမ်မွေ့သောအခြမ်းနဲ့ဆန့်ကျင်ဘက် ခုလို သွေးအေးရက်စက်တဲ့ မှောင်မိုက်သော အခြမ်းလည်းရှိပါသည်။
" နတ်ဆိုးလေးက ဘယ်သူထက် မဆို သာလွန်ပါတယ်"
နိုင်ငံတကာကို ဖြန့်ဖြူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ခဲ့ပြီး ထူးချွန်ဆုရရှိခဲ့သူ Tang Feng သည် Tian chen Group တွင် ထပ်မံပေါ်လာခြင်းက လူများစွာ၏ အာရုံကို ဆွဲဆောင်နိုင်သည် ဟုပြောနိုင်သည်။ အင်အားကြီးမားသော ကုမ္ပဏီဥက္ကဌLu Tian chen နှင့်အတူ လုပ်ကိုင်နေသည့် အနုပညာလုပ်ငန်းထဲက ထူးချွန်သော အနုပညာ ကြယ်တစ်ပွင့် ရှိခြင်းသည် ပုံမှန်အတိုင်းဖြစ်သည်။
ဒါပေမယ့် Tang Feng ဟာ Lu Tian chen ရုံးခန်းထဲကို ၀ င်လာတဲ့အခါ ဒီမှာလူတွေက Tang Feng ဟာ မကြာခင်မှာ ဘော့စ်ရဲ့လူ ဖြစ်လိမ့်မည်ဟု ထင်ကြေးမပေးကြဘူးဆိုတာ မဖြစ်နိုင်ဘူး။
Tang Feng က နိုင်ငံတကာမှာကျော်ကြားတဲ့ ဒါရိုက်တာ လီဝေ့ တာဝန်ယူရိုက်ကူးသည့် Satan's Alley ဆိုသည့် ဇာတ်ကားကြိးတွင် ဟောလိဝုဒ်စတား Gino နှင့်တွဲဖက် သရုပ်ဆောင်ပြီး ရုပ်ရှင်ထူးချွန်ဆု ၂ ဆုပင် ရရှိခဲ့သောကြောင့် Company ထဲက Tang Fengကို အထင်သေးခဲ့ကြသူတွေက သေချာပေါက် Tang Fengကို အထင်ကြီးလာကြသည်။ Tang Fengက နာမည်ကျော်ကြားစပြုလာပြီး ဒါက အထွတ်ထိပ်ကို ရောက်သေးတာ မဟုတ်သေးပေ။ ထို့ကြောင့် Tang Fengသည်ကုမ္ပဏီတွင် ပြန်လည်ရောက်ရှိချိန် မှစ၍ လူအများဘယ်လောက်တောင် အာရုံစိုက်တာ ခံရမည်ကို မသိနိုင်ပေ။
အထူးသဖြင့်ကုမ္ပဏီအတွင်းရှိလူအချို့က 'Satan's Alley' ဇာတ်ကားကြီးကို တရုတ်နိုင်ငံတွင်ကြိုတင် ပိတ်ပင်ထားသပေမယ့် သူတို့က ဒီရုပ်ရှင်ကို ကြည့်ပြီးသွားခဲ့မယ်ဆိုရင် ဒီရုပ်ရှင်ကိုကြည့်တဲ့သူက အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်၊ ဘာဆက်ဖြစ်ကြမည်ကို ဘယ်သူမှ မသိနိုင်ကြပေ။ Tang Feng ရောက်နေတာကို သူတို့မြင်တဲ့အခါ သူတို့ မျက်ဝန်းထဲမှာ ရှက်ရိပ်တွေ သန်းပြီး ခေါင်းငြိမ့်သွားကြလိမ့်မည်။
နောက်ပိုင်းတွင် ရှောင်ယု က ဒီအဖြစ်အပျက်ကို Tang Feng ကိုပြောပြကာ စနောက်နေလ့ရှိသည်။ ကုမ္ပဏီအတွင်းရှိ လူကြီးများပင်လျှင် Satan's Alley ဇာတ်ကားကို ကြည့်ပြီး ဒီဇာတ်ကားထဲက Tang Feng နှင့် Gino ကြားက ချစ်ခြင်းမေတ္တာ ကို သူတို့ စိတ်လှုပ်ရှားသွားကြပြီး ဇာတ်ကားကြည့်နေချိန်မှာ မျက်နှာတွေ ရှက်သွေးဖြန်းပြီး ရင်ခုန်နေခဲ့ကြသည်။ သူတို့ ဒီဇာတ်ကားကို ကြည့်ပြီးတော့ ကွေးမသွားစေဖို့ သူတို့ အိမ်ကို အမြန်ပြန်ပြေးပြီး သူတို့ ချစ်သူနှင့် ဇနီးတွေဆီကို အမြန်ပြေးသွားကြရတယ်တဲ့...။
Tang Feng သည်ထိုသတင်းကိုကြားရသောအခါ ရယ်လိုက် မိသည်။ အိုကေ, ဒီလိုဖြစ်တာက သူ၏သရုပ်ဆောင်ကျွမ်းကျင်မှုကို အတည်ပြုပေးနေတာ ဖြစ်တယ်။
************-*******
ESTÁS LEYENDO
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.