Volume 4 _Chapter 54: ဒါရိုက်တာကြီးကို စည်းရုံးခြင်း
"ဒါရိုက်တာ နဲ့ တွေ့တဲ့အခါ ယဉ်ကျေးပြီး လိမ်မာတဲ့ ကလေးဖြစ်ဖို့ ငါမတောင်းဆိုပါဘူး။ ဘာပဲဖြစ်ဖြစ် သူနဲ့ ပဋိပက္ခ မဖြစ်ပါစေနဲ့၊ ဆူပူကြိမ်းမောင်း ရိုက်နှက်ဖို့ နေနေသာသာ စကားတောင် မများအောင် ထိန်းနိုင်မလား... နတ်ဆိုးလေး။"
"ငါသိတယ်၊ ငါသိတယ်၊ မင်းဘာလို့စိတ်အနှောက်အယှက်ဖြစ်နေတာလဲ၊ ငါလည်း နာမည်ကြီးတွေ စိတ်ဆတ်ဆတ်တယ်ဆိုတာတော့ သိပါသေးတယ်။ ဒါကိုမင်းတောင်နားမလည်ဘူးလား။ "
ကားထဲက မထွက်ခင် Tang Feng က နတ်ဆိုးလေးကို ပြောလိုက်သည်။ နတ်ဆိုးလေးသည် လူသိများသော လူသတ်သမားတစ်ဦးအဖြစ် အံ့မခန်း အရည်အချင်းများရှိကြောင်း သူ သိသည်၊ သို့သော် သူ၏ အမြင်အရ၊ ဤအန္တရာယ်ရှိသောအလုပ်တွင် ပါဝင်နေသူသည် လူ့အဖွဲ့အစည်း၏ စည်းမျဉ်း ဘောင်တွေနဲ့ ကင်းလွတ်ကာ အထီးကျန် နေလေ့ရှိသည်။ သူတို့အားလုံးသည် အရမ်းကို သီးသန့်နေတတ်သည့် လူတွေဖြစ်ကာ သာမန်အသိဉာဏ်ဖြင့် နားမလည်နိုင်ပေ။
ချန်တောက်က ဒီနေ့ သရုပ်ဆောင်တွေရဲ့ လေ့ကျင့်မှုရဲ့ ရလဒ်တွေကို စစ်ဆေးဖို့ ထွက်လာတယ်လို့ မနေ့က ကြားသိရပြီး Tang Feng ချက်ခြင်း ထွက်သွားတယ်။
လွေ့ချိန်အပါဝင် ထျန်းဖုန်းထံတွင် လက်ထောက် သုံးဦးသာ ရှိသော်လည်း ကျန် နှစ်ယောက်မှာ လူသတ်သမား ၊ တစ်ယောက်က သတင်းထောက် ဖြစ်သည်၊ ဘာပဲဖြစ်ဖြစ် ချန်တောက်နှင့် မတွေ့မီ ထိုလူများနှင့် စကားပြောရန် ၊ အသိဉာဏ်ရှိသော လူကို လုပ်ကြံသတ်ဖြတ်ဖို့ မလုပ်ရန်၊ အချင်းချင်းရန်ဖြစ်ရန် သေချာမှာရသည်။
သူ အောက်ထပ်ကို ရောက်တဲ့အခါ Tang Feng က ချန်တောက်ရဲ့ လက်ထောက်ကို သူ့ဘာသာသူ ဖုန်းခေါ်လိုက်သည်။ ဖုန်းနှစ်ခါသုံးခါမြည်ပြီးနောက် Tang Feng က သူ့ရည်ရွယ်ချက်ကိုရှင်းပြပြီး ချန်တောက်ကိုတွေ့ချင်ကြောင်း ခွင့်တောင်းသည်။
ချန်တောက်၏ လက်ထောက်က ချန်တောက် ယခု အဆင်မပြေဖြစ်နေကြောင်း လိမ်ညာပြောခဲ့ပြီး Tang Feng သည် ယခု သူ အောက်ထပ်တွင် ရှိနေကြောင်း ရိုးရိုးရှင်းရှင်း ပြောကြားခဲ့သည်။ ချန်တောက် နဲ့ တိုက်ရိုက် စကားပြောမယ်လို့ ပြောလိုက်သဖြင့် တဖက်က နည်းနည်း အံ့သြသွားပုံရတယ်။
KAMU SEDANG MEMBACA
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romansa(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.