Volume III- Chapter (45)-ဝလာလည်း ခံစားချက်တွေ မပြောင်းလဲဘူး...

2.7K 500 27
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)


True star _ Volume III- Chapter (45)-ဝလာလည်း ခံစားချက်တွေ မပြောင်းလဲဘူး...



 "မစ္စတာ Lu  ကျွန်မတို့ Tang Feng ကို စည်းရုံးရမယ်၊ ကျွန်မ ဒီရုပ်ရှင်ကို ဘယ်လိုလုပ် တာဝန် ယူနိုင်ပါ့ မလဲ"

ရှောင်ယု သည် Lu Tian chen ၏ရုံးခန်းသို့ အလျင်အမြန်သွားပြီးတံခါးဝသို့ရောက်သည်နှင့် စိုးရိမ်တကြီး ဒူးထောက်လုနီးပါးဖြစ်သွားသည်။

"ဖြေးဖြေးပြောပါ။"

 စားပွဲနောက်မှာထိုင်နေတဲ့လူက  ရှောင်ယုရဲ့ရုတ်တရက် ရောက်ရှိလာမှုအပေါ်  အံ့သြခြင်းမရှိဘဲ အလုပ်ကို လုပ်ရန်  သူ့ခေါင်းကိုနှိမ့် လိုက်သည်။

သူ့ရင်ဘတ်ကို ညင်သာစွာ ဖိလိုက်ပြီးမှ ရှောင်ယုက  အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အတွေးများကို စုစည်းကာ ပြောလိုက်သည်။

"မစ္စတာ Lu.... Tang Feng ကိုယ်တိုင် အပြင်မှာရုပ်ရှင်တစ်ကားကို လက်ခံခဲ့တယ် "

 ရှောင်ယု၏ စကားမဆုံးသေးပေမယ့် Lu Tian chen ကကြားဖြတ်ပြောလိုက်တယ်။

"ဒါက ပြသနာမဟုတ်ဘူး၊ သူဆန္ဒရှိတဲ့ အတိုင်း သူကြိုက်တဲ့ ရုပ်ရှင်ကို ရိုက်နိုင်တယ်။"

ဒါဟာ တကယ့်ကို သဘောကောင်းပြီး ရက်ရောတဲ့သူဌေးပဲ။

ရှောင်ယု အနည်းငယ် သက်ပြင်းချလိုက်သည်။ သူမ ဒီလုပ်ငန်းကို စ၀ င် ကတည်းက ပထမဆုံးအကြိမ် သူဌေးက ဝန်ထမ်းတွေကို ဒီလောက် အမြင့်မားဆုံး လုပ်ပိုင်ခွင့်ပေးတာကို မြင်ဖူးတာပဲ။

  သို့သော် Tang Feng အပေါ် Lu Tian chen ၏အတွေးများသည် လူတိုင်းကို အတိအလင်းမပြောခဲ့ပေမဲ့ အနည်းနှင့်အများ ပုံမှန်ထက ်သာသည်ဟု ခံစားခဲ့ရသည်။

ရဲရင့်စွာဖြင့် ရှောင်ယုက သူ့ခါးကိုဖြောင့်လျက် တည်ကြည်စွာပြောခဲ့သည်။

"မစ္စတာ Lu... ရှင်က Tang Feng ကို အများကြီး လုပ်ပိုင်ခွင့် အာဏာပေးထားတာလို့ ကျွန်မ ထင်တယ်။ သူက ဒီလောကထဲကို ၀ င်တာကြာပြီဖြစ်ပေမယ့် သူက ကိစ္စတော်တော်များများကို နားမလည်ဘူး။ ရုပ်ရှင်အသိုင်းအ ၀ န်းထဲမှာ ရုပ်ရှင်တစ်ခုကို ရွေးချယ်ခြင်းက သူရဲ့ အနာဂတ်အလုပ်အကိုင် လမ်းကြောင်းကို ထိခိုက်စေလိမ့်မယ်ဆိုတာ သူ မသိနိုင်ဘူး။"

Lu Tian chen အသက်မရှူပဲ နားထောင်နေတာ တွေ့လို့ ရှောင်ယုက  ဆက်ပြောလိုက်တယ်။

" ဒီတစ်ခါ Tang Feng က ဒီရုပ်ရှင်ကို သူကိုယ်တိုင် ရယူခဲ့တာဘဲ၊ သူက ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ချိုးဖောက်တယ်၊ Tang Feng က အခွင့်ကောင်း ယူတယ်။ ပြည်ပမှာ "Satan's Alley " ဇာတ်ကားနဲ့ သူ့ နာမည်ကောင်း ရနေတဲ့အချိန်မှာ  စီးပွားရေးကို ကောင်းကောင်းစီမံခန့်ခွဲပြီး သူ့ပုံရိပ်ကို ထိန်းသိမ်းဖို့ အချိန်တန်ပြီ။ ဒီတခါတော့ သူရွေးခဲ့တဲ့ရုပ်ရှင်က ကိုယ်အလေးချိန်ကို တိုးစေရုံသာမက အရုပ်ဆိုးစေတဲ့အပြင် အပျက်သဘောဆောင်တဲ့ ဇာတ်ကောင်နေရာကို ရိုက်ရမှာဖြစ်တယ်။   ဒါက Tang Feng ရဲ့ပုံရိပ်အပေါ် မကောင်းတဲ့သက်ရောက်မှုရှိတယ်လို့ ကျွန်မ ထင်တယ်။"

ဒါတွေအားလုံး ပြောအပြီးမှာ ရှောင်ယုက သူ့ဆီ ဆင်းသက်လာမယ့် Lu  Tian chen ရဲ့ ဒေါသကို စောင့်နေခဲ့ပေမယ့် နောက်ဆုံးမှာ ဘာတုံ့ပြန်မှုမှ မလာခဲ့ဘူး။

"မစ္စတာ Lu တခုခု ပြောပါဦး"


 " ပျက်စီးသွားတဲ့သူက Tang Feng မဟုတ်ဘူး၊ မင်းပဲ။"

Lu Tianc hen စာရွက်စာတမ်းကို ဘေးသို့ချထားလိုက်သည်။

ရှောင်ယုက ဘာကြောင့် သူမကို ခုလို ပြောလိုက်မှန်းမသိဘူး။

 "Mr. Lu?"

" Tang Feng ရဲ့ကျော်ကြားမှုက မင်းနဲ့ဘယ်လောက် ပတ်သက်တယ်လို့ မင်းထင်လဲ။ ရှောင်ယု....မင်းရဲ့အတွေ့အကြုံနဲ့အရည်အချင်းတွေကြောင့် မင်းက အနုပညာ ကြယ်ပွင့်ကြီးတွေကို တာဝန် မယူနိုင်ဘူး။  မင်းနေရာကို အစားထိုးဖို့  Tang Feng အတွက် မင်းထက်ပိုတော်တဲ့အေးဂျင့်တစ်ယောက်ကို ပြန်စီစဉ်ဖို့ ငါစ ဉ်းစားခဲ့ပေမယ့် Tang Feng က မင်းကို ဆက်ပြီ း ခန့်ပေးဖို့ပဲ့ငါ့ကိုတောင်းဆိုခဲ့တယ်။"

Lu Tian chen ကကောင်မလေးကို ကြည့်ပြီး ဆက်ပြောလိုက်သည်။

"မင်းရဲ့အကန့်အသတ်ပဲရှိတဲ့ စွမ်းဆောင်ရည်နဲ့ အတွေ့အကြုံကြောင့် မင်းက ဘာမှ မလုပ်ပေးနိုင်ဘူး။ မင်း Tang Feng အကြောင်းကို အဓိကစဉ်းစားနေတဲ့ အကြောင်းကို ငါသိတယ်။  မင်း ငါ့ကိုပြောခဲ့တဲ့ အရာအားလုံးကို ငါ နားလည်နိုင်တယ်၊ ဒါပေမယ့် မင်းရဲ့တာဝန်ကို မင်း  နည်းနည်းလောက် နားလည်ဖို့လိုတယ်။ Tang Feng ရဲ့စီစဉ်မှုတွေကို နာခံပြီး သူ့ကိုကူညီဖို့အပြင် အခြားအရာတွေကို မင်းက စီမံစရာ မလိုဘူး။"
 

ဒီမှတ်ချက်က အရမ်း တဲ့တိုးဆန်ပြီး ကြားရသူ ရင်ကို  နာကျင်စေပေမယ့် တခါတည်းကို မှတ်မိသွားစေမှာ သေချာတယ်။

 "သူပြောတဲ့အတိုင်း သွားလုပ်ပါ၊ ရုပ်ရှင်အသစ်အတွက်ပြင်ဆင်ဖို့ လိုအပ်တာ လုပ်ဖို့ သွားတော့.... ။ ပြိးတော့ မင်း ဘယ်မှာ ရှိနေတယ်ဆိုတာ သူ့ကို အသိပေးသွားလိုက်ဦး "

 

Lu Tian chen က ပြောလိုက်သည်။

ဒါက ချစ်သူကို အစွမ်းကုန ်စိတ်ချမ်းသာအောင် ထားတာလား။
 
 Lu Tian chen က Tang Feng ကို အဖော်လုပ်ပြီး စူပါမားကတ်ကို လိုက်သွားပြီး ကိုယ်အလေးချိန်တိုးစေတဲ့ အဆာပြေမုန့်နဲ့ ပရိုတိန်းဓါတ်တွေ အများကြီး ၀ ယ်တဲ့အခါ သူက သူ့ကိုယ်သူ မမေးဘဲ မနေနိုင်ခဲ့ဘူး။

" ကြည့်ရတာ အံ့သြစရာကောင်းတယ်၊ ကျွန်နေတာ် သူတို့ကို အကုန်စားပစ်ရမယ်။"



ကားထဲတွင် စားစရာထည့်တဲ့ box အတွင်းမှ အဆာပြေမုန့်များကိုထိုင်နေသော Tang Feng သည်ချောကလက်ဘားတခုကို ယူ၍ ချိုးလိုက်ပြီး အနည်းငယ်ကိုက်လိုက်ကာ "ကလစ်" ဟူသောအသံကို ကြားလိုက်ရသည်။

 

"ကျွန်တော် ခင်ဗျားရဲ့ကားပေါ်မှာ အဆာပြေမုန့်စားရင် ခင်ဗျား စိတ်အနှောက်ယှက်ဖြစ်နိုင်လား။ "

သူ မမေးခင်အစားအစာအားလုံးကို စားပစ်ခဲ့မိတယ်။

Lu Tian chen က သူ့ဘေးနားက ကလေး တစ်ယောက်လို အဆာပြေမုန့် စားနေတဲ့  လူငယ်လေး တစ်ယောက်ကိုကြည့်လိုက်တယ်။ ရုတ်တရက် တစ်စုံတစ်ယောက်က  သူ့နှလုံးသားကို အမွှေးပွလေးနျင့် အဆက်မပြတ်ပွတ်တိုက်နေ သလိုမျိုး မဖော်ပြနိုင်တဲ့ ယားကျိကျိ ခံစားချက်တစ်ခုပေါ်လာခဲ့တယ်။

 
သိသာထင်ရှားတဲ့အချက်က  မုန့်စားနေတဲ့ လူတိုင်းက ဒီကောင်လေးလောက် ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းမှာတော့ မဟုတ်ပေ။

  Lu Tian chen သေချာ သိသည့်အချက်က Tang Feng သည် ရုပ်ရှင်များကို အပေါ်ယံကြည့်ကာ ရွေးချယ်လေ့ရှိသူ မဟုတ်ပေ။
 

" စိတ်မရှိဘူး မဟုတ်လား "

" မင်း ဘယ်မှာ စားစား ငါ စိတ်မရှိပါဘူး"

"တကယ်လို့ ကျွန်တော် ကိုယ်အလေးချိန် တိုးသွားတဲ့အထိ စားလိုက်မယ်ဆိုရင်ကော ခင်ဗျား စိတ်ဆိုးမှာလား..."



 Tang Feng ကနှုတ်ခမ်းကို တွန့်ကာ မေးလိုက်သည်။

 

Lu Tian chen ၏ မျက်လုံးများသည် ထိုလူငယ်လေးအပေါ်သို့ရောက်သွားပြီး ဒီနူတ်ခမ်းလေးကို နမ်းလိုက်ရင် အရသာရှိမှာပဲလို့ တွေးနေသည်။ နူတ်ခမ်းလေးကို ကြည့်ပြီး သူ့ လည်ဇလုတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်လာသည်။

 ဒါပေမယ့် Tang Feng သည် သူ့ကို ဆက်လက်စစ်မေးနေသည်။

 

"အခုလား...."

  "အဲ့ဒီနောက်ပိုင်းကိုပြောတာ"

Tang Feng ကပြောလိုက်သည်။

 

ဒီဇာတ်ကားကိုလက်ခံရရှိပြီးတဲ့နောက် သူ့ရဲ့ရည်မှန်းချက်က တစ်လအတွင်းပေါင် ၄၀ တိုးဖို့ဖြစ်သည်။  ဒါက လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ ပုံမှန်စံနှုန်းနှင့် ကိုက်ညီရန် ခက်ခဲသည်။ အချိုပွဲများ ပိုစားနေစဉ် Tang Feng သည် အချိန်တိုအတွင်း ကိုယ်အလေးချိန်တက်စေသော အစာမှုန့်ကို  အာဟာရပညာရှင်တစ် ဦး နှင့် တိုင်ပင်ကာ စတင်စားခဲ့သည်။

 
သို့သော် အာဟာရပညာရှင်သည် Lu Tian chen အား ၀ န်ဆောင်မှုပေးနေသောကြောင့် Tang Feng သည် ယခုလတွင် Lu Tian chen ၏ villa ၌ ထပ်မံနေထိုင်ရမည်ဖြစ်သည်။

Tang Feng ပထမဆုံးအကြိမ် ဒီအိမ်မှာ စဝင်တုန်းက နေခဲ့သည့် အခန်းက အခုထိရှိနေသေးပြီး အရာအားလုံးက မပြောင်းလဲခဲ့ဘူး။ ကြမ်းပြင်တွေက နေရာ အနှံ့သန့်ရှင်းထားခဲ့သည်။ သေချာတွက်ကြည့်ပြီးနောက် ဒီမှာနေခဲ့တာ တစ်နှစ်နီးပါး ကြာခဲ့ပြီပဲ။

 

" ဒီနေ့နှင်းကျတော့မယ်။"

 ပြောင်းရွှေ့ပြီး ပထမအပတ်မှာ Tang Feng က ဧည့်ခန်းထဲက မီးဖိုနားမှာထိုင်ပြီး မီးကိုလျှော့လိုက် တယ်။ သူက နွေးထွေးပြီးနူးညံ့ တဲ့အဖြူရောင်အ ၀ တ် pajamas တွေကို ဝတ်ထားတယ်။

သူကလေပူပေးစက်ရဲ့အရသာကို မကြိုက်ဘူး။  ကံကောင်းထောက်မစွာ Lu Tian chen သည် သူ့အိမ်တွင် မီးလင်းဖိုတစ်လုံး ရှိ၍ သူ့အား အပူပေးရန် ခွင့်ပြုသည့်အပြင် သူ့ဘေးတွင် ထိုင်ခွင့်ပြုသည်။

"ကျလောက်တယ်"

 

Lu Tian chen သည် သူ့လက်ထဲတွင် ကိုင်ထားသော စာအုပ်ကို ချကာ မျက်နှာချင်းဆိုင် ထိုင်နေသည်။

နွေးထွေးပြီးနူးညံ့သိမ်မွေ့သောလေထုသည် လေထဲတွင် ငြိမ့်ငြောင်းစွာ ဝန်းရံနေသဖြင့် အချိန်အနည်းငယ်အတွင်း မီးလင်းဖိုက မီးပွားများ ထွက်လာသည်။

လွန်ခဲ့သောရက် အနည်းငယ်ကအေးလာပေမယ့် သာယာသော ရာသီဥတု ရှိသေးသည်။ ယနေ့အပူချိန် ရုတ်တရက်ကျဆင်းသွားပြီးနိုဝင်ဘာလသို့ရောက်ရှိလာတော့မည့် အချိန်ဖြစ်သည်။

နှင်းကျတဲ့နေ့တွေနဲ့ သိပ်မဝေးတော့ဘူး။


 Tang Feng သည် ဤဆောင်းရာသီ၌ ပထမဆုံးနှင်းကျလာသည်ကို ရိုက်ကူးရေးမဝင်ခင် မြင်နိုင်တော့မည်ဖြစ်သည်။

 

"ခင်ဗျားက ကျွန်တော့်ကို ဘာကြည့်နေတာလဲ"

ဇာတ်ညွှန်းကို  ကြည့်နေရင်း  Tang Feng ခေါင်းမော့ကြည့်လိုက်သောအခါ  Lu Tian chen သည် မျက်တောင်မခတ်ဘဲ သူ့ကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူသည်နှုတ်ခမ်းကို ကော့တက်အောင် ရယ်လိုက်ပြီး သူ့လက်ချောင်းများဖြင့် ပါးပြင်ကို အသာထိုးကြည့်ကာ ပြောလို်က်သည်။  

 "ဘယ်လိုလဲ၊  ဝိတ်တက်နေပြီလား"

ကိုယ်အလေးချိန်တက်စေသော ပရိုတိန်းမှုန့်ကို စားပြီးနောက် တပတ်အတွင်း သူက  ကီလိုဂရမ်အနည်းငယ် တက်လာခဲ့လို့ ယခင်  Tang Feng ၏  စံနှုန်းများနှင့်အနည်းငယ်ကွာခြားလာသည်။ ဥပမာအားဖြင့်၊ ယခုအခါ သွယ်လျသော မျက်နှာပေါ်တွင် ပါးက ဖောင်းလာသည်။ ပါးပြင်သည်နူးညံ့ပြီးတွန့်ကွေးနေပြီး တစ်ခါတစ်ရံ ဦးခေါင်းငုံ့လိုက်ရင် မေးစေ့တွင် အဆီ အနည်းငယ်ရှိလာလိမ့်မည်။

"အလေးချိန်တက်လာတယ်"


Lu Tian chen သည်နှုတ်ခမ်းထောင့်ကို အနည်းငယ်ပွတ်လိုက်ပြီး ပြုံးလိုက်သည်။

"ကံကောင်းလို့ အလုပ်ဖြစ်လို့သာပေါ့။ မဟုတ်ရင် ကျွန်တော် စိတ်ဆင်းရလိမ့်မယ်။ကျွန်တော့် ညဝတ်အင်္ကျီကော်လာကိုဖွင့်ကြည့်လိုက်ရင် ဗိုက်သားတွေက မကြာခင် အဆီတွေစုလာပြီး ဗိုက်ပူလာတော့မယ်။ အဲ့အချိန်ကျရင် စိတ်မပျက်သွားနဲ့..."

  Tang Feng ရယ်ရင်းပြောလိုက်သည်။

 
"ငါ့  ကြည့်ပါရစေ "

ထို့နောက် သူသည်ထိုင်ခုံမှ ခုန်ဆင်းပြီး Tang Feng ထံသို့ခြေလှမ်းနှစ်လှမ်း သုံးလှမ်းဖြင့် အရောက်လာခဲ့သည်။

 သူက ထိုင်ချလိုက်ပြီး လူငယ်လေး၏ ညအိပ်အင်္ကျီကိုဖြည်ရန် လက်လှမ်း လိုက်သည်။

"ဟေး..ခင်ဗျား တဲ့တိုးလုပ်လှချည်လား။ ကျွန်တော် ရှက်တယ်ဗျ"
 

Tang Feng ရဲ့ လက်နှစ်ဘက်က Lu Tian chen ရဲ့လက်ကိုဖမ်းလိုက်ပြီး  သူ့ခြေထောက်တွေကိုမြှောက် လိုက်ပြီး ဗိုက်ကို ကာရင်းပြောလိုက်သည်။

 
 " ရှက်လို့လား?  "

Lu Tian chen သည် သူ့အားကြည်လင်သောအပြုံးဖြင့် ထိုင်ကြည့်နေသည့် လူငယ်လေးရဲ့ ကိုယ်ဟန် အနေအထားကိုထိန်းထားနေထားစဉ် လူငယ်လေးကို မော့ကြည့်လိုက်သည်။

"ဟေ့...ဟေ့၊ President Lu Tian chen  ၊ ကျွန်တော်က ဟာသ ပြောနေတာနဲ့တူလို့လား။ ဘာလဲ... ကျွန်တော်က   ဘာဖြစ်နေလို့လဲ၊ ကျွန်တော် ရှက်လို့မရဘူးလား"


Tang Feng က သူ့ ခြေထောက်ကို မြှောက်လိုက်ပြီး Lu Tian chen ရဲ့ပခုံးပေါ်ကို တင်လိုက်တယ်။

"ဟေး..ကျွန်တော့် အဝတ်တွေကို မဆွဲနဲ့လေ...."

Lu Tian chen သည် သူ၏လက်များဖြင့် Tang Feng   ၏ခြေထောက်များကိုဆုပ်ကိုင်လိုက်ပြီး Tang Feng ၏နွေးထွေးသော ဝါဂွမ်းခြေအိတ်ကို ချက်ချင်းချွတ်လိုက်ပြီး သန့်ရှင်းသော အဖြူရောင်ခြေဖဝါးကို ထုတ်လိုက်သည်။

"ကျွန်တော့် ခြေထောက်ကို အချိန်ကြာကြာမပွတ်ပါနဲ့၊ ဒါဟာ နှာဘူးနဲ့တူတယ်"

 Tang Feng ကပြုံးပြီး Lu Tian chen ရဲ့ပုခုံးကိုပုတ်ပြီး

"ထတော့...ခင်ဗျားက အခုလို  ဒူးထောက်နေပုံက ကျွန်တော့်ကို လက်ထပ်ဖို့တောင်းဆိုသလိုမျိုးပဲ "


 " မင်း ကတိပေးမှာလား။ "

"ဘာကို ကတိပေးရမှာလဲ? "

Lu Tian chen သည် ထိုင်ခုံပေါ်တွင်ထိုင်နေသော လူ၏ခါးကိုဖက်ပြီး   Tang Feng ကို တင်လိုက်ကာ ပြောလိုက်သည်။

 
" ငါ့ကို လက်ထပ်ပါ။ "

Tang Feng က လက်လှမ်းလိုက်ပြီး Lu Tianchen ရဲ့နဖူးကို စမ်းကြည့်ကာ စူးစမ်းလိုက်တယ်။

"အဖျားလည်း မရှိပါဘူး။ "

"ငါ အတည်ပြောနေတာ။"

"ခင်ဗျား ကျွန်တော့်ကို ကြောင်အောင် ခြောက်နေတာလား ။ "

Tang Feng က ရယ်ပြီး ထိုင်ခုံပေါ်ကနေ ခုန်ချလိုက်တယ်။

Lu Tian chen မတ်တပ်ရပ်ပြီး Tang Feng ရဲ့အ ၀ တ်တွေကို ပွတ်သပ်လိုက်သည်။  ကီလိုဂရမ်အနည်းငယ် ကိုယ်အလေးချိန် တိုးလာသည့် လူငယ်လေးရဲ့ အသားရေက ပျော့ပြောင်းသော သကြားလုံးပျော့လို ချိုသာပြီး ကိုင်ရတာ အရမ်းအရသာရှိလှသည်။

 

လပေါင်းများစွာကြာခဲ့ပြီ။ Tang Feng ကို ဗီယက်နမ်နိုင်ငံ ကနေ Charles ကခေါ်ဆောင်သွား ပြီးနောက် သူက Tang Feng ကို ဘယ်တော့မှ ထပ် မထိဖြစ်ခဲ့ဘူး၊ ဘာကိုမှတောင် မတောင်းဆိုခဲ့ဘူး။  

ဒါကိုကြည့်ရင် သူက Tang Feng အတွက် လုံလောက်တဲ့ ဆွဲဆောင်မှု မရှိဘူးဆိုတဲ့ သဘောလား။ Tang Fengက သူ့အပေါ်ထားတဲ့ သဘောထားကလည်း သူတို့ အတွင်းကျကျ မရင်းနှီးခဲ့သလို ပေါ့ပေါ့ပါးပါးဖြစ်နေသည်။

 

"ဒီနေ့အေးတယ်။ ငါတို့ အတူတူအိပ်မယ်"

Lu Tian chen က ဂရုမစိုက်နိုင်တော့ဘဲပျော့ညံ့တဲ့ ခံစားချက်တွေကို စကားလုံးတွေနဲ့ ထုတ်ပြောလိုက်ပြီး  သူ့ရဲ့ကြမ်းတမ်းတဲ့စိတ်ဆန္ဒကိုနှိမ်နင်းလိုက်ပြီး သူ့ရဲ့ပါးကိုအသာအယာနမ်းလိုက်တယ်။

သူက Tang Feng ကို အပိုင် သို့မဟုတ် အကျဉ်းသားအဖြစ် မဟုတ်ဘဲ တန်းတူရပ်တည်ဖို့ ကတိပေးခဲ့တယ်ဆိုတာ သူ သတိရခဲ့တယ်။

"သေချာလား?"

 Tang Feng က ထိုင်ခုံနောက်ဘက်ကိုမှီပြီး သူ ဆင်းလာတဲ့ Tian chen ရဲ့လက်ကိုဆွဲပြီး သူ့ရဲ့ ပျော့ပျောင်းတဲ့ဗိုက်ပေါ်ကို ဖိလိုက်တယ်။

"ကျွန်တော့် ဗိုက် ဆူလာတယ်။ "

"အင်း...ပျော့နေတာပဲ..."

အင်း ကိုင်လို့အရမ်းကောင်းတာပဲ....

 
"ဒီလို မဟုတ်ဘူး ...... "

Tang Feng က သက်ပြင်းရှိုက်ကာ ပြုံးလိုက်တယ်

" အခုလောက် ဝတာကို ခင်ဗျားက ခံနိုင်ရည် ရှိလောက်သေးတယ်။ တကယ်လို့ ကျွန်တော် ပေါင် ၄၀ လုံးလုံး ဝိတ်တက်သွားပြီးရင် ခင်ဗျား ကျွန်တော့်ကို စိတ်ဝင်စားနိုင်သေးလို့လား။ "

 Lu Tian chen သည် Tang Feng  ၏ အမေးကြောင့်  ခဏတာမျှတုံ့ဆိုင်းသွားခဲ့ပြီး Tang Feng ၏ ခပ်ဝဝ ပုံပန်းသွင်ပြင်ကို စဉ်းစားမိပြီး သူက ဘယ်လောက်တောင် ချစ်စရာကောင်းလိုက် မလဲ လို့တွေးနေသည်။

 Tang Feng က Lu Tian chen ဘာတွေတွေးနေမှန်း မသိဘဲ တွေဝေနေသည်ဟုသာ မြင်သည်။

 
"တကယ်လို့  ကျွန်တော် ကိုယ်အလေးချိန် တက်လာပြီးတဲ့ နောက်ပိုင်း အချိန်ထိ ခင်ဗျား ကျွန်တော်နဲ့ အတူ အိပ်နိုင်မယ်ဆိုရင် အခု  ခင်ဗျား အတူအိပ်လို့ရမယ်...  "

သူ အလွန်အကျွံဝလာပြီးနောက်ပိုင်းမှာ Lu Tian chen က သူ့ကိုစိတ်ဝင်စားနေဆဲဆိုတာကို သူ လုံးဝ ယုံဘူး။

"မဟုတ်ဘူး"


Lu Tian chen ကခေါင်းယမ်းပြီးဆက်ပြောသည်။

"နောက်ထပ် တစ်ချက်ထပ်ပြောရမယ်၊ မင်း ဝဖြိုးလာပြီးတဲ့အထိ ငါက မင်းနဲ့ ှဆက်လုပ်နိုင်ရင် မင်းအပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို နောက်ထပ် သံသယဝင် မဝင်ရတော့ဘူး။ "

 Tang Feng က နူတ်ခမ်းကိုကော့အောင်ပြုံးလိုက်ကာ ပြောလိုက်သည်။

 
"ဒါက ကျွန်တော့်အတွက် မဆိုးပါဘူး၊ ကောင်းပြီလေ..သဘောတူတယ်"



**-**
















True star _ Volume III- Chapter (45)-ဝလာလည္း ခံစားခ်က္ေတြ မေျပာင္းလဲဘူး...



 "မစၥတာ Lu  ကြၽန္မတို႔ Tang Feng ကို စည္း႐ုံးရမယ္၊ ကြၽန္မ ဒီ႐ုပ္ရွင္ကို ဘယ္လိုလုပ္ တာဝန္ ယူႏိုင္ပါ့ မလဲ"

ေရွာင္ယု သည္ Lu Tian chen ၏႐ုံးခန္းသို႔ အလ်င္အျမန္သြားၿပီးတံခါးဝသို႔ေရာက္သည္ႏွင့္ စိုးရိမ္တႀကီး ဒူးေထာက္လုနီးပါးျဖစ္သြားသည္။

"ေျဖးေျဖးေျပာပါ။"

 စားပြဲေနာက္မွာထိုင္ေနတဲ့လူက  ေရွာင္ယုရဲ႕႐ုတ္တရက္ ေရာက္ရွိလာမႈအေပၚ  အံ့ၾသျခင္းမရွိဘဲ အလုပ္ကို လုပ္ရန္  သူ႔ေခါင္းကိုႏွိမ့္ လိုက္သည္။

သူ႔ရင္ဘတ္ကို ညင္သာစြာ ဖိလိုက္ၿပီးမွ ေရွာင္ယုက  အသက္ျပင္းျပင္းရႉလိုက္ၿပီး သူ႔အေတြးမ်ားကို စုစည္းကာ ေျပာလိုက္သည္။

"မစၥတာ Lu.... Tang Feng ကိုယ္တိုင္ အျပင္မွာ႐ုပ္ရွင္တစ္ကားကို လက္ခံခဲ့တယ္ "

 ေရွာင္ယု၏ စကားမဆုံးေသးေပမယ့္ Lu Tian chen ကၾကားျဖတ္ေျပာလိုက္တယ္။

"ဒါက ျပသနာမဟုတ္ဘူး၊ သူဆႏၵရွိတဲ့ အတိုင္း သူႀကိဳက္တဲ့ ႐ုပ္ရွင္ကို ႐ိုက္ႏိုင္တယ္။"

ဒါဟာ တကယ့္ကို သေဘာေကာင္းၿပီး ရက္ေရာတဲ့သူေဌးပဲ။

ေရွာင္ယု အနည္းငယ္ သက္ျပင္းခ်လိုက္သည္။ သူမ ဒီလုပ္ငန္းကို စ၀ င္ ကတည္းက ပထမဆုံးအႀကိမ္ သူေဌးက ဝန္ထမ္းေတြကို ဒီေလာက္ အျမင့္မားဆုံး လုပ္ပိုင္ခြင့္ေပးတာကို ျမင္ဖူးတာပဲ။

  သို႔ေသာ္ Tang Feng အေပၚ Lu Tian chen ၏အေတြးမ်ားသည္ လူတိုင္းကို အတိအလင္းမေျပာခဲ့ေပမဲ့ အနည္းႏွင့္အမ်ား ပုံမွန္ထက ္သာသည္ဟု ခံစားခဲ့ရသည္။

ရဲရင့္စြာျဖင့္ ေရွာင္ယုက သူ႔ခါးကိုေျဖာင့္လ်က္ တည္ၾကည္စြာေျပာခဲ့သည္။

"မစၥတာ Lu... ရွင္က Tang Feng ကို အမ်ားႀကီး လုပ္ပိုင္ခြင့္ အာဏာေပးထားတာလို႔ ကြၽန္မ ထင္တယ္။ သူက ဒီေလာကထဲကို ၀ င္တာၾကာၿပီျဖစ္ေပမယ့္ သူက ကိစၥေတာ္ေတာ္မ်ားမ်ားကို နားမလည္ဘူး။ ႐ုပ္ရွင္အသိုင္းအ ၀ န္းထဲမွာ ႐ုပ္ရွင္တစ္ခုကို ေ႐ြးခ်ယ္ျခင္းက သူရဲ႕ အနာဂတ္အလုပ္အကိုင္ လမ္းေၾကာင္းကို ထိခိုက္ေစလိမ့္မယ္ဆိုတာ သူ မသိႏိုင္ဘူး။"

Lu Tian chen အသက္မရႉပဲ နားေထာင္ေနတာ ေတြ႕လို႔ ေရွာင္ယုက  ဆက္ေျပာလိုက္တယ္။

" ဒီတစ္ခါ Tang Feng က ဒီ႐ုပ္ရွင္ကို သူကိုယ္တိုင္ ရယူခဲ့တာဘဲ၊ သူက ကုမၸဏီနဲ႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္၊ Tang Feng က အခြင့္ေကာင္း ယူတယ္။ ျပည္ပမွာ "Satan's Alley " ဇာတ္ကားနဲ႔ သူ႔ နာမည္ေကာင္း ရေနတဲ့အခ်ိန္မွာ  စီးပြားေရးကို ေကာင္းေကာင္းစီမံခန႔္ခြဲၿပီး သူ႔ပုံရိပ္ကို ထိန္းသိမ္းဖို႔ အခ်ိန္တန္ၿပီ။ ဒီတခါေတာ့ သူေ႐ြးခဲ့တဲ့႐ုပ္ရွင္က ကိုယ္အေလးခ်ိန္ကို တိုးေစ႐ုံသာမက အ႐ုပ္ဆိုးေစတဲ့အျပင္ အပ်က္သေဘာေဆာင္တဲ့ ဇာတ္ေကာင္ေနရာကို ႐ိုက္ရမွာျဖစ္တယ္။   ဒါက Tang Feng ရဲ႕ပုံရိပ္အေပၚ မေကာင္းတဲ့သက္ေရာက္မႈရွိတယ္လို႔ ကြၽန္မ ထင္တယ္။"

ဒါေတြအားလုံး ေျပာအၿပီးမွာ ေရွာင္ယုက သူ႔ဆီ ဆင္းသက္လာမယ့္ Lu  Tian chen ရဲ႕ ေဒါသကို ေစာင့္ေနခဲ့ေပမယ့္ ေနာက္ဆုံးမွာ ဘာတုံ႔ျပန္မႈမွ မလာခဲ့ဘူး။

"မစၥတာ Lu တခုခု ေျပာပါဦး"


 " ပ်က္စီးသြားတဲ့သူက Tang Feng မဟုတ္ဘူး၊ မင္းပဲ။"

Lu Tianc hen စာ႐ြက္စာတမ္းကို ေဘးသို႔ခ်ထားလိုက္သည္။

ေရွာင္ယုက ဘာေၾကာင့္ သူမကို ခုလို ေျပာလိုက္မွန္းမသိဘူး။

 "Mr. Lu?"

" Tang Feng ရဲ႕ေက်ာ္ၾကားမႈက မင္းနဲ႔ဘယ္ေလာက္ ပတ္သက္တယ္လို႔ မင္းထင္လဲ။ ေရွာင္ယု....မင္းရဲ႕အေတြ႕အႀကဳံနဲ႔အရည္အခ်င္းေတြေၾကာင့္ မင္းက အႏုပညာ ၾကယ္ပြင့္ႀကီးေတြကို တာဝန္ မယူႏိုင္ဘူး။  မင္းေနရာကို အစားထိုးဖို႔  Tang Feng အတြက္ မင္းထက္ပိုေတာ္တဲ့ေအးဂ်င့္တစ္ေယာက္ကို ျပန္စီစဥ္ဖို႔ ငါစ ဥ္းစားခဲ့ေပမယ့္ Tang Feng က မင္းကို ဆက္ၿပီ း ခန႔္ေပးဖို႔ပဲ့ငါ့ကိုေတာင္းဆိုခဲ့တယ္။"

Lu Tian chen ကေကာင္မေလးကို ၾကည့္ၿပီး ဆက္ေျပာလိုက္သည္။

"မင္းရဲ႕အကန႔္အသတ္ပဲရွိတဲ့ စြမ္းေဆာင္ရည္နဲ႔ အေတြ႕အႀကဳံေၾကာင့္ မင္းက ဘာမွ မလုပ္ေပးႏိုင္ဘူး။ မင္း Tang Feng အေၾကာင္းကို အဓိကစဥ္းစားေနတဲ့ အေၾကာင္းကို ငါသိတယ္။  မင္း ငါ့ကိုေျပာခဲ့တဲ့ အရာအားလုံးကို ငါ နားလည္ႏိုင္တယ္၊ ဒါေပမယ့္ မင္းရဲ႕တာဝန္ကို မင္း  နည္းနည္းေလာက္ နားလည္ဖို႔လိုတယ္။ Tang Feng ရဲ႕စီစဥ္မႈေတြကို နာခံၿပီး သူ႔ကိုကူညီဖို႔အျပင္ အျခားအရာေတြကို မင္းက စီမံစရာ မလိုဘူး။"
 

ဒီမွတ္ခ်က္က အရမ္း တဲ့တိုးဆန္ၿပီး ၾကားရသူ ရင္ကို  နာက်င္ေစေပမယ့္ တခါတည္းကို မွတ္မိသြားေစမွာ ေသခ်ာတယ္။

 "သူေျပာတဲ့အတိုင္း သြားလုပ္ပါ၊ ႐ုပ္ရွင္အသစ္အတြက္ျပင္ဆင္ဖို႔ လိုအပ္တာ လုပ္ဖို႔ သြားေတာ့.... ။ ၿပိးေတာ့ မင္း ဘယ္မွာ ရွိေနတယ္ဆိုတာ သူ႔ကို အသိေပးသြားလိုက္ဦး "

 

Lu Tian chen က ေျပာလိုက္သည္။

ဒါက ခ်စ္သူကို အစြမ္းကုန ္စိတ္ခ်မ္းသာေအာင္ ထားတာလား။
 
 Lu Tian chen က Tang Feng ကို အေဖာ္လုပ္ၿပီး စူပါမားကတ္ကို လိုက္သြားၿပီး ကိုယ္အေလးခ်ိန္တိုးေစတဲ့ အဆာေျပမုန႔္နဲ႔ ပ႐ိုတိန္းဓါတ္ေတြ အမ်ားႀကီး ၀ ယ္တဲ့အခါ သူက သူ႔ကိုယ္သူ မေမးဘဲ မေနႏိုင္ခဲ့ဘူး။

" ၾကည့္ရတာ အံ့ၾသစရာေကာင္းတယ္၊ ကြၽန္ေနတာ္ သူတို႔ကို အကုန္စားပစ္ရမယ္။"



ကားထဲတြင္ စားစရာထည့္တဲ့ box အတြင္းမွ အဆာေျပမုန႔္မ်ားကိုထိုင္ေနေသာ Tang Feng သည္ေခ်ာကလက္ဘားတခုကို ယူ၍ ခ်ိဳးလိုက္ၿပီး အနည္းငယ္ကိုက္လိုက္ကာ "ကလစ္" ဟူေသာအသံကို ၾကားလိုက္ရသည္။

 

"ကြၽန္ေတာ္ ခင္ဗ်ားရဲ႕ကားေပၚမွာ အဆာေျပမုန႔္စားရင္ ခင္ဗ်ား စိတ္အေႏွာက္ယွက္ျဖစ္ႏိုင္လား။ "

သူ မေမးခင္အစားအစာအားလုံးကို စားပစ္ခဲ့မိတယ္။

Lu Tian chen က သူ႔ေဘးနားက ကေလး တစ္ေယာက္လို အဆာေျပမုန႔္ စားေနတဲ့  လူငယ္ေလး တစ္ေယာက္ကိုၾကည့္လိုက္တယ္။ ႐ုတ္တရက္ တစ္စုံတစ္ေယာက္က  သူ႔ႏွလုံးသားကို အေမႊးပြေလးန်င့္ အဆက္မျပတ္ပြတ္တိုက္ေန သလိုမ်ိဳး မေဖာ္ျပႏိုင္တဲ့ ယားက်ိက်ိ ခံစားခ်က္တစ္ခုေပၚလာခဲ့တယ္။

 
သိသာထင္ရွားတဲ့အခ်က္က  မုန႔္စားေနတဲ့ လူတိုင္းက ဒီေကာင္ေလးေလာက္ ဆြဲေဆာင္မႈရွိၿပီး ခ်စ္စရာေကာင္းမွာေတာ့ မဟုတ္ေပ။

  Lu Tian chen ေသခ်ာ သိသည့္အခ်က္က Tang Feng သည္ ႐ုပ္ရွင္မ်ားကို အေပၚယံၾကည့္ကာ ေ႐ြးခ်ယ္ေလ့ရွိသူ မဟုတ္ေပ။
 

" စိတ္မရွိဘူး မဟုတ္လား "

" မင္း ဘယ္မွာ စားစား ငါ စိတ္မရွိပါဘူး"

"တကယ္လို႔ ကြၽန္ေတာ္ ကိုယ္အေလးခ်ိန္ တိုးသြားတဲ့အထိ စားလိုက္မယ္ဆိုရင္ေကာ ခင္ဗ်ား စိတ္ဆိုးမွာလား..."



 Tang Feng ကႏႈတ္ခမ္းကို တြန႔္ကာ ေမးလိုက္သည္။

 

Lu Tian chen ၏ မ်က္လုံးမ်ားသည္ ထိုလူငယ္ေလးအေပၚသို႔ေရာက္သြားၿပီး ဒီႏူတ္ခမ္းေလးကို နမ္းလိုက္ရင္ အရသာရွိမွာပဲလို႔ ေတြးေနသည္။ ႏူတ္ခမ္းေလးကို ၾကည့္ၿပီး သူ႔ လည္ဇလုတ္က နိမ့္လိုက္ျမင့္လိုက္ျဖစ္လာသည္။

 ဒါေပမယ့္ Tang Feng သည္ သူ႔ကို ဆက္လက္စစ္ေမးေနသည္။

 

"အခုလား...."

  "အဲ့ဒီေနာက္ပိုင္းကိုေျပာတာ"

Tang Feng ကေျပာလိုက္သည္။

 

ဒီဇာတ္ကားကိုလက္ခံရရွိၿပီးတဲ့ေနာက္ သူ႔ရဲ႕ရည္မွန္းခ်က္က တစ္လအတြင္းေပါင္ ၄၀ တိုးဖို႔ျဖစ္သည္။  ဒါက လြယ္ကူတဲ့အလုပ္မဟုတ္ဘူး။ ပုံမွန္စံႏႈန္းႏွင့္ ကိုက္ညီရန္ ခက္ခဲသည္။ အခ်ိဳပြဲမ်ား ပိုစားေနစဥ္ Tang Feng သည္ အခ်ိန္တိုအတြင္း ကိုယ္အေလးခ်ိန္တက္ေစေသာ အစာမႈန႔္ကို  အာဟာရပညာရွင္တစ္ ဦး ႏွင့္ တိုင္ပင္ကာ စတင္စားခဲ့သည္။

 
သို႔ေသာ္ အာဟာရပညာရွင္သည္ Lu Tian chen အား ၀ န္ေဆာင္မႈေပးေနေသာေၾကာင့္ Tang Feng သည္ ယခုလတြင္ Lu Tian chen ၏ villa ၌ ထပ္မံေနထိုင္ရမည္ျဖစ္သည္။

Tang Feng ပထမဆုံးအႀကိမ္ ဒီအိမ္မွာ စဝင္တုန္းက ေနခဲ့သည့္ အခန္းက အခုထိရွိေနေသးၿပီး အရာအားလုံးက မေျပာင္းလဲခဲ့ဘူး။ ၾကမ္းျပင္ေတြက ေနရာ အႏွံ႔သန႔္ရွင္းထားခဲ့သည္။ ေသခ်ာတြက္ၾကည့္ၿပီးေနာက္ ဒီမွာေနခဲ့တာ တစ္ႏွစ္နီးပါး ၾကာခဲ့ၿပီပဲ။

 

" ဒီေန႔ႏွင္းက်ေတာ့မယ္။"

 ေျပာင္းေ႐ႊ႕ၿပီး ပထမအပတ္မွာ Tang Feng က ဧည့္ခန္းထဲက မီးဖိုနားမွာထိုင္ၿပီး မီးကိုေလွ်ာ့လိုက္ တယ္။ သူက ေႏြးေထြးၿပီးႏူးညံ့ တဲ့အျဖဴေရာင္အ ၀ တ္ pajamas ေတြကို ဝတ္ထားတယ္။

သူကေလပူေပးစက္ရဲ႕အရသာကို မႀကိဳက္ဘူး။  ကံေကာင္းေထာက္မစြာ Lu Tian chen သည္ သူ႔အိမ္တြင္ မီးလင္းဖိုတစ္လုံး ရွိ၍ သူ႔အား အပူေပးရန္ ခြင့္ျပဳသည့္အျပင္ သူ႔ေဘးတြင္ ထိုင္ခြင့္ျပဳသည္။

"က်ေလာက္တယ္"

 

Lu Tian chen သည္ သူ႔လက္ထဲတြင္ ကိုင္ထားေသာ စာအုပ္ကို ခ်ကာ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနသည္။

ေႏြးေထြးၿပီးႏူးညံ့သိမ္ေမြ႕ေသာေလထုသည္ ေလထဲတြင္ ၿငိမ့္ေျငာင္းစြာ ဝန္းရံေနသျဖင့္ အခ်ိန္အနည္းငယ္အတြင္း မီးလင္းဖိုက မီးပြားမ်ား ထြက္လာသည္။

လြန္ခဲ့ေသာရက္ အနည္းငယ္ကေအးလာေပမယ့္ သာယာေသာ ရာသီဥတု ရွိေသးသည္။ ယေန႔အပူခ်ိန္ ႐ုတ္တရက္က်ဆင္းသြားၿပီးႏိုဝင္ဘာလသို႔ေရာက္ရွိလာေတာ့မည့္ အခ်ိန္ျဖစ္သည္။

ႏွင္းက်တဲ့ေန႔ေတြနဲ႔ သိပ္မေဝးေတာ့ဘူး။


 Tang Feng သည္ ဤေဆာင္းရာသီ၌ ပထမဆုံးႏွင္းက်လာသည္ကို ႐ိုက္ကူးေရးမဝင္ခင္ ျမင္ႏိုင္ေတာ့မည္ျဖစ္သည္။

 

"ခင္ဗ်ားက ကြၽန္ေတာ့္ကို ဘာၾကည့္ေနတာလဲ"

ဇာတ္ၫႊန္းကို  ၾကည့္ေနရင္း  Tang Feng ေခါင္းေမာ့ၾကည့္လိုက္ေသာအခါ  Lu Tian chen သည္ မ်က္ေတာင္မခတ္ဘဲ သူ႔ကိုစိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ ထိုလူသည္ႏႈတ္ခမ္းကို ေကာ့တက္ေအာင္ ရယ္လိုက္ၿပီး သူ႔လက္ေခ်ာင္းမ်ားျဖင့္ ပါးျပင္ကို အသာထိုးၾကည့္ကာ ေျပာလို္က္သည္။  

 "ဘယ္လိုလဲ၊  ဝိတ္တက္ေနၿပီလား"

ကိုယ္အေလးခ်ိန္တက္ေစေသာ ပ႐ိုတိန္းမႈန႔္ကို စားၿပီးေနာက္ တပတ္အတြင္း သူက  ကီလိုဂရမ္အနည္းငယ္ တက္လာခဲ့လို႔ ယခင္  Tang Feng ၏  စံႏႈန္းမ်ားႏွင့္အနည္းငယ္ကြာျခားလာသည္။ ဥပမာအားျဖင့္၊ ယခုအခါ သြယ္လ်ေသာ မ်က္ႏွာေပၚတြင္ ပါးက ေဖာင္းလာသည္။ ပါးျပင္သည္ႏူးညံ့ၿပီးတြန႔္ေကြးေနၿပီး တစ္ခါတစ္ရံ ဦးေခါင္းငုံ႔လိုက္ရင္ ေမးေစ့တြင္ အဆီ အနည္းငယ္ရွိလာလိမ့္မည္။

"အေလးခ်ိန္တက္လာတယ္"


Lu Tian chen သည္ႏႈတ္ခမ္းေထာင့္ကို အနည္းငယ္ပြတ္လိုက္ၿပီး ၿပဳံးလိုက္သည္။

"ကံေကာင္းလို႔ အလုပ္ျဖစ္လို႔သာေပါ့။ မဟုတ္ရင္ ကြၽန္ေတာ္ စိတ္ဆင္းရလိမ့္မယ္။ကြၽန္ေတာ့္ ညဝတ္အက်ႌေကာ္လာကိုဖြင့္ၾကည့္လိုက္ရင္ ဗိုက္သားေတြက မၾကာခင္ အဆီေတြစုလာၿပီး ဗိုက္ပူလာေတာ့မယ္။ အဲ့အခ်ိန္က်ရင္ စိတ္မပ်က္သြားနဲ႔..."

  Tang Feng ရယ္ရင္းေျပာလိုက္သည္။

 
"ငါ့  ၾကည့္ပါရေစ "

ထို႔ေနာက္ သူသည္ထိုင္ခုံမွ ခုန္ဆင္းၿပီး Tang Feng ထံသို႔ေျခလွမ္းႏွစ္လွမ္း သုံးလွမ္းျဖင့္ အေရာက္လာခဲ့သည္။

 သူက ထိုင္ခ်လိုက္ၿပီး လူငယ္ေလး၏ ညအိပ္အက်ႌကိုျဖည္ရန္ လက္လွမ္း လိုက္သည္။

"ေဟး..ခင္ဗ်ား တဲ့တိုးလုပ္လွခ်ည္လား။ ကြၽန္ေတာ္ ရွက္တယ္ဗ်"
 

Tang Feng ရဲ႕ လက္ႏွစ္ဘက္က Lu Tian chen ရဲ႕လက္ကိုဖမ္းလိုက္ၿပီး  သူ႔ေျခေထာက္ေတြကိုေျမႇာက္ လိုက္ၿပီး ဗိုက္ကို ကာရင္းေျပာလိုက္သည္။

 
 " ရွက္လို႔လား?  "

Lu Tian chen သည္ သူ႔အားၾကည္လင္ေသာအၿပဳံးျဖင့္ ထိုင္ၾကည့္ေနသည့္ လူငယ္ေလးရဲ႕ ကိုယ္ဟန္ အေနအထားကိုထိန္းထားေနထားစဥ္ လူငယ္ေလးကို ေမာ့ၾကည့္လိုက္သည္။

"ေဟ့...ေဟ့၊ President Lu Tian chen  ၊ ကြၽန္ေတာ္က ဟာသ ေျပာေနတာနဲ႔တူလို႔လား။ ဘာလဲ... ကြၽန္ေတာ္က   ဘာျဖစ္ေနလို႔လဲ၊ ကြၽန္ေတာ္ ရွက္လို႔မရဘူးလား"


Tang Feng က သူ႔ ေျခေထာက္ကို ေျမႇာက္လိုက္ၿပီး Lu Tian chen ရဲ႕ပခုံးေပၚကို တင္လိုက္တယ္။

"ေဟး..ကြၽန္ေတာ့္ အဝတ္ေတြကို မဆြဲနဲ႔ေလ...."

Lu Tian chen သည္ သူ၏လက္မ်ားျဖင့္ Tang Feng   ၏ေျခေထာက္မ်ားကိုဆုပ္ကိုင္လိုက္ၿပီး Tang Feng ၏ေႏြးေထြးေသာ ဝါဂြမ္းေျခအိတ္ကို ခ်က္ခ်င္းခြၽတ္လိုက္ၿပီး သန႔္ရွင္းေသာ အျဖဴေရာင္ေျခဖဝါးကို ထုတ္လိုက္သည္။

"ကြၽန္ေတာ့္ ေျခေထာက္ကို အခ်ိန္ၾကာၾကာမပြတ္ပါနဲ႔၊ ဒါဟာ ႏွာဘူးနဲ႔တူတယ္"

 Tang Feng ကၿပဳံးၿပီး Lu Tian chen ရဲ႕ပုခုံးကိုပုတ္ၿပီး

"ထေတာ့...ခင္ဗ်ားက အခုလို  ဒူးေထာက္ေနပုံက ကြၽန္ေတာ့္ကို လက္ထပ္ဖို႔ေတာင္းဆိုသလိုမ်ိဳးပဲ "


 " မင္း ကတိေပးမွာလား။ "

"ဘာကို ကတိေပးရမွာလဲ? "

Lu Tian chen သည္ ထိုင္ခုံေပၚတြင္ထိုင္ေနေသာ လူ၏ခါးကိုဖက္ၿပီး   Tang Feng ကို တင္လိုက္ကာ ေျပာလိုက္သည္။

 
" ငါ့ကို လက္ထပ္ပါ။ "

Tang Feng က လက္လွမ္းလိုက္ၿပီး Lu Tianchen ရဲ႕နဖူးကို စမ္းၾကည့္ကာ စူးစမ္းလိုက္တယ္။

"အဖ်ားလည္း မရွိပါဘူး။ "

"ငါ အတည္ေျပာေနတာ။"

"ခင္ဗ်ား ကြၽန္ေတာ့္ကို ေၾကာင္ေအာင္ ေျခာက္ေနတာလား ။ "

Tang Feng က ရယ္ၿပီး ထိုင္ခုံေပၚကေန ခုန္ခ်လိုက္တယ္။

Lu Tian chen မတ္တပ္ရပ္ၿပီး Tang Feng ရဲ႕အ ၀ တ္ေတြကို ပြတ္သပ္လိုက္သည္။  ကီလိုဂရမ္အနည္းငယ္ ကိုယ္အေလးခ်ိန္ တိုးလာသည့္ လူငယ္ေလးရဲ႕ အသားေရက ေပ်ာ့ေျပာင္းေသာ သၾကားလုံးေပ်ာ့လို ခ်ိဳသာၿပီး ကိုင္ရတာ အရမ္းအရသာရွိလွသည္။

 

လေပါင္းမ်ားစြာၾကာခဲ့ၿပီ။ Tang Feng ကို ဗီယက္နမ္ႏိုင္ငံ ကေန Charles ကေခၚေဆာင္သြား ၿပီးေနာက္ သူက Tang Feng ကို ဘယ္ေတာ့မွ ထပ္ မထိျဖစ္ခဲ့ဘူး၊ ဘာကိုမွေတာင္ မေတာင္းဆိုခဲ့ဘူး။  

ဒါကိုၾကည့္ရင္ သူက Tang Feng အတြက္ လုံေလာက္တဲ့ ဆြဲေဆာင္မႈ မရွိဘူးဆိုတဲ့ သေဘာလား။ Tang Fengက သူ႔အေပၚထားတဲ့ သေဘာထားကလည္း သူတို႔ အတြင္းက်က် မရင္းႏွီးခဲ့သလို ေပါ့ေပါ့ပါးပါးျဖစ္ေနသည္။

 

"ဒီေန႔ေအးတယ္။ ငါတို႔ အတူတူအိပ္မယ္"

Lu Tian chen က ဂ႐ုမစိုက္ႏိုင္ေတာ့ဘဲေပ်ာ့ညံ့တဲ့ ခံစားခ်က္ေတြကို စကားလုံးေတြနဲ႔ ထုတ္ေျပာလိုက္ၿပီး  သူ႔ရဲ႕ၾကမ္းတမ္းတဲ့စိတ္ဆႏၵကိုႏွိမ္နင္းလိုက္ၿပီး သူ႔ရဲ႕ပါးကိုအသာအယာနမ္းလိုက္တယ္။

သူက Tang Feng ကို အပိုင္ သို႔မဟုတ္ အက်ဥ္းသားအျဖစ္ မဟုတ္ဘဲ တန္းတူရပ္တည္ဖို႔ ကတိေပးခဲ့တယ္ဆိုတာ သူ သတိရခဲ့တယ္။

"ေသခ်ာလား?"

 Tang Feng က ထိုင္ခုံေနာက္ဘက္ကိုမွီၿပီး သူ ဆင္းလာတဲ့ Tian chen ရဲ႕လက္ကိုဆြဲၿပီး သူ႔ရဲ႕ ေပ်ာ့ေပ်ာင္းတဲ့ဗိုက္ေပၚကို ဖိလိုက္တယ္။

"ကြၽန္ေတာ့္ ဗိုက္ ဆူလာတယ္။ "

"အင္း...ေပ်ာ့ေနတာပဲ..."

အင္း ကိုင္လို႔အရမ္းေကာင္းတာပဲ....

 
"ဒီလို မဟုတ္ဘူး ...... "

Tang Feng က သက္ျပင္းရႈိက္ကာ ၿပဳံးလိုက္တယ္

" အခုေလာက္ ဝတာကို ခင္ဗ်ားက ခံႏိုင္ရည္ ရွိေလာက္ေသးတယ္။ တကယ္လို႔ ကြၽန္ေတာ္ ေပါင္ ၄၀ လုံးလုံး ဝိတ္တက္သြားၿပီးရင္ ခင္ဗ်ား ကြၽန္ေတာ့္ကို စိတ္ဝင္စားႏိုင္ေသးလို႔လား။ "

 Lu Tian chen သည္ Tang Feng  ၏ အေမးေၾကာင့္  ခဏတာမွ်တုံ႔ဆိုင္းသြားခဲ့ၿပီး Tang Feng ၏ ခပ္ဝဝ ပုံပန္းသြင္ျပင္ကို စဥ္းစားမိၿပီး သူက ဘယ္ေလာက္ေတာင္ ခ်စ္စရာေကာင္းလိုက္ မလဲ လို႔ေတြးေနသည္။

 Tang Feng က Lu Tian chen ဘာေတြေတြးေနမွန္း မသိဘဲ ေတြေဝေနသည္ဟုသာ ျမင္သည္။

 
"တကယ္လို႔  ကြၽန္ေတာ္ ကိုယ္အေလးခ်ိန္ တက္လာၿပီးတဲ့ ေနာက္ပိုင္း အခ်ိန္ထိ ခင္ဗ်ား ကြၽန္ေတာ္နဲ႔ အတူ အိပ္ႏိုင္မယ္ဆိုရင္ အခု  ခင္ဗ်ား အတူအိပ္လို႔ရမယ္...  "

သူ အလြန္အကြၽံဝလာၿပီးေနာက္ပိုင္းမွာ Lu Tian chen က သူ႔ကိုစိတ္ဝင္စားေနဆဲဆိုတာကို သူ လုံးဝ ယုံဘူး။

"မဟုတ္ဘူး"


Lu Tian chen ကေခါင္းယမ္းၿပီးဆက္ေျပာသည္။

"ေနာက္ထပ္ တစ္ခ်က္ထပ္ေျပာရမယ္၊ မင္း ဝၿဖိဳးလာၿပီးတဲ့အထိ ငါက မင္းနဲ႔ ွဆက္လုပ္ႏိုင္ရင္ မင္းအေပၚထားတဲ့ ငါ့ခံစားခ်က္ေတြကို ေနာက္ထပ္ သံသယဝင္ မဝင္ရေတာ့ဘူး။ "

 Tang Feng က ႏူတ္ခမ္းကိုေကာ့ေအာင္ၿပဳံးလိုက္ကာ ေျပာလိုက္သည္။

 
"ဒါက ကြၽန္ေတာ့္အတြက္ မဆိုးပါဘူး၊ ေကာင္းၿပီေလ..သေဘာတူတယ္"



**-**


















(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Tempat cerita menjadi hidup. Temukan sekarang