Volume_ 4_ Chapter (35): ငါတို့အားလုံး သူ့ကို လှည့်စားနေတယ်...
Tang Feng သည် Charles အား အနည်းငယ် ပြင်းထန်စွာ ပြောလိုက်သော်လည်း Charles က နောက်ရက်အနည်းငယ်တွင်လည်း Tang Feng ရှေ့တွင် ပေါ်မလာပေ။ ဒါက သိပ်ကို ဆန်းကြယ်တယ်။ ချားလ်စ်ဒီလိုလုပ်တာက အကြောင်းပြချက်တစ်ခု ရှိကောင်းရှိနိုင်သော်လည်း ဒီအချက်က Charles အပေါ် ဒေါသထွက်နေသည့် Tang Feng ကို မထိခိုက်စေပေ။
ဘယ်လောက်ပဲ စိတ်ထားကောင်းတဲ့လူဖြစ်ပါစေ..မပြောမဆိုနဲ့ ထားရစ်ခံရရင် ဒေါသဖြစ်လိမ့်မယ်။
Charles က သူ့ဆီကနေ ဖုံးကွယ်စရာတစ်ခုခုရှိနေလို့ Tang Feng ဒေါသထွက်သွားတယ်။ လူနှစ်ဦးကြားမှာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ထိန်ချန်ထားနိုင်ပေမယ့် လိုအပ်တဲ့ ယုံကြည်မှုလည်း ရှိမယ်လို့ ထျန်းဖုန်း မျှော်လင့်ခဲ့သည်။ Charles သည် အရေးကြီးသော အရာများအတွက် သူ့ကို လှည့်ဖြားကာ ထားခဲ့ခြင်းကို ထျန်းဖုန်း လုံးဝ သည်းမခံနိုင်ပါ။ အထူးသဖြင့် ထို ဖုံးကွယ်ထားသည့် အရာများသည် သူနှင့်ပတ်သက်နေသည့် အခါမျိုးပေါ့...
ပထမနေ့မှလွဲ၍ အဲလ်ဘတ်သည် ညသန်းခေါင်တွင် ဝံပုလွေအဖြစ်သို့ ပြောင်းလဲကာ ထျန်းဖုန်းကို ရုတ်တရက် ပြေးဝင်တိုက်ခိုက်ကာ ချစ်တင်းနှောတာ သိပ်မရှိခဲ့သည်။ နောက်ရက်များတွင်၊ Tang Feng နှင့် တစ်ခန်းတည်းနေရန် တောင်းဆိုသော်လည်း၊ နံနက်ခင်းတွင် သူ့ကို အတင်းအကျပ် ချစ်တင်းနှောခြင်းကိုပင် အလွန်အကျွံ မလုပ်ဆောင်ခဲ့ပေ။
Lu Tian chen နှင့် Charles အကြောင်း တွေးကာ ရံဖန်ရံခါ ဒေါသထွက်ရသည်ကလွဲရင် Tang Feng သည် သူ၏အချိန်အများစုကို ရှားရှားပါးပါး အေးအေးဆေးဆေး ကုန်ဆုံးခဲ့ရသည်။
ရေကန်ဘေးမှာ တစ်နေ့လုံး ငါးထိုင်မျှားလျှင်မျှား ဒါမှမဟုတ်ရင် အပျော် လှေစီးတာပဲဖြစ်ဖြစ်၊ ဘတ်စကက်ဘော ကစားတာနဲ့ ရုပ်ရှင်တွေကြည့်တာတွေ လုပ်ဖြစ်နေသည်။
အနည်းငယ် ထူးဆန်းသော်လည်း Tang Feng သည် မည်သူ၏ ဒုက္ခပေးမှုကို မခံရပဲ ငြိမ်သက်အေးချမ်းသော အားလပ်ရက်ကို နှစ်ပတ်နီးပါး အချိန်ဖြုန်းနေခဲ့သည်။ ထိုဖြစ်စဉ်တစ်ခုလုံးမှာ Albert လို့ ခေါ်တဲ့ လူတစ်ယောက် ငြိမ်သက်စွာနဲ့ သူ့ကို တိတ်တဆိတ် ကြည့်နေသည်။
ထိုသို့ အေးဆေးစွာ နေလာရင်း မျှော်လင့်မထားသော ငြိမ်သက်နေသည့် ဘဝထဲ နွေဦး၏ နွေးထွေးမှုအချို့ကို ယူဆောင်လာခဲ့သည်။
"ရိုက်ကူးရေး အဖွဲ့သားတွေထဲကို ဝင်ဖို့ အချိန်တန်ပြီ"
Tang Feng က အားလပ်ရက်မှာ Charles ဖြစ်ဖြစ် Lu Tian chen ဖြစ်ဖြစ်၊ ပထမဆုံးသူ့ရဲ့ အိပ်ဖန်စောင့်အဖြစ် အမှုထမ်းခဲ့တဲ့ Albert က အားလပ်ရက်မှာ ပျင်းရိနေတဲ့ ထျန်းဖုန်းရဲ့ စိတ်ကို အမြန်ဆုံး အသက်ဝင်လာစေသည်။
ယခင်က Fiennes အနေဖြင့် Tang Feng သည် စီးပွားဖြစ် အမြတ်ရစေမည့် ဇာတ်ကားများကို ရိုက်ကူးခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့သည်။
အမှန်တကယ်တော့ အချို့သော ဇာတ်ညွှန်းရုပ်ရှင်များနှင့် ဘဝသရုပ်ဖော် လေးနက်သည့် စာပေဇာတ်ကားများနှင့် နှိုင်းယှဉ်ပါက စီးပွားဖြစ်ရုပ်ရှင်အများစုသည် သရုပ်ဆောင်များအတွက် အထူးတောင်းဆိုမှု မြင့်မားခြင်းမရှိပေ။ Tang Feng သည် တိုက်ပွဲများစွာတွင် တိုက်ခိုက်ခဲ့ဖူးသူကဲ့သို့ ဘယ်လို ဇာတ်ကားကိုမဆို သရုပ်ဆောင်နိုင်ခဲ့သည်။
တစ်ချိန်က တူညီသော အနုပညာ အသိုင်းအဝိုင်းမှ ထူးချွန်သော သရုပ်ဆောင် တစ်ဦးက စီးပွားဖြစ် ရုပ်ရှင်ဇာတ်ကားတွေဆိုတာ အနုပညာရှင်တွေအတွက် အားလပ်ရက် ကစားသလိုမျိုး ပေါ့ပေါ့ပါးပါး ရိုက်ကူးလို့ရကြောင်း ပြောခဲ့ဖူးသည်။ ဒါကိုကြားစဉ်က သူ ရယ်မောခဲ့ဖူးသေးသည်။
ဒါပေမယ့် ထိုဖြစ်ရပ်က Feins Tang ဘဝတွင်သာ ဖြစ်ခဲ့သည်။ အခု Tang Feng ဘဝတွင်တော့ ခပ်ပေါ့ပေါ့ လုပ်နေလို့မရပေ။ ရုပ်ရှင်မစတင်မီ နှစ်လမပြည့်မီ အပြင်းအထန်လေ့ကျင့်ခဲ့သော်လည်း Tang Feng အတွက် "Devil Slayer" နှင့် ပထမဇာတ်ကား "Devil's Trail" လို ကုန်ကျစရိတ်နည်းသော ရုပ်ရှင်နှင့် နှိုင်းယှဉ်ပါက ပထမနှစ်ကားသည် တောင်တက်ခြင်းနှင့်ဆင်တူပါက "Heaven"၊ လမ်းလျှောက်ရသလို သူ့အပေါ် ဖိအားမရှိပေ။
Tang Feng သည် ရိုက်ကူးရေး အဖွဲ့ထဲ ဝင်လာတော့ ရိုက်ကွင်း အများစုကို ပြင်ဆင်ထားပြီးဖြစ်သည်။ သူ၏ တကိုယ်တော် လေ့ကျင့်မှု လုပ်နေသည့် အတောတွင်း ရုပ်ရှင်အဖွဲ့သားများသည် ပဏာမ ပြင်ဆင်မှုများ ပြုလုပ်ရန် အလုပ်များနေ သောကြောင့် ရုပ်ရှင်ပြီးသွားပြီးနောက်တွင် လူအများကြည့်ရှုနိုင်ရန် မရေမတွက်နိုင်သော Behind the Sence ရိုက်ကွင်းနောက်ကွယ်မှ ရိုက်ချက်တွေကို ဝန်ထမ်းများက ကြိုးစားပမ်းစား စုဆောင်းခဲ့ကြသည်။
ဝတ်စားဆင်ယင်မှု၊ နောက်ခံ ဇာတ်ဝင်ခန်းတည်ဆောက်မှု၊ ရုပ်ရှင်တေးသံများ စသည်တို့ကဲ့သို့သော သေးငယ်သော လုပ်ဆောင်ချက်များစွာက ရုပ်ရှင်တစ်ကား၏ အခြေခံအုတ်မြစ်များ ဖြစ်သည်။ Tang Feng ၏ သရုပ်ဆောင်စွမ်းရည်ကို စီးပွားရေးဖြစ် ရုပ်ရှင်များတွင် အသုံးမချသော်လည်း ရုပ်ရှင်လုပ်သားတိုင်းက ထိုဇာတ်ကားတွေကို ထုတ်လုပ်သည့်အခါတိုင်း လေးနက်သောသဘောထားရှိသည်။
Tang Feng ၏ လက်ရှိ သူဌေးအဖြစ် Albert သည် သူ့ကိုယ်သူ ထိုအသိုင်းဝိုင်းထဲ မျက်နှာလာပြရန် မရည်ရွယ်ခဲ့ပေ။ Tang Feng နှင့် ထုတ်လုပ်သူ၏ အမှုဆောင်အရာရှိများ ပြတ်ပြတ်သားသား တွေ့ဆုံသောအခါ သူ မသွားဘဲ ပရော်ဖက်ရှင်နယ် ပညာနှင့် ရှောင်ယု တို့ကို ပို့လွှတ်လိုက်သည်။
တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ဖို့၊ စကားပြောဆိုဖို့က အရေးကြီးတာ မဟုတ်ပေ။ အလုပ်နှင့်ပတ်သက်သည့် စည်းကမ်းချက်အများစုကို လွန်ခဲ့သည့်လအနည်းငယ်က ညှိနှိုင်းခဲ့ပြီး စာချုပ်များ ချုပ်ဆိုခဲ့ပြီးဖြစ်သည်။ စာချုပ်ထဲတွင် အသေးစိတ် စည်းကမ်းချက်များ ရေးထားသည်။
လူတွေ အလိုအပ်ဆုံးက ရုပ်ရှင်ကောင်းတွေ ဖန်တီးဖို့ပါပဲ။
............
"Heavenly Son" ရုပ်ရှင်ကို အမေရိကန်မှာ တရားဝင် စတင်ရိုက်ကူးလျက်ရှိပြီ။
ရုပ်ရှင်ဖွင့်ပွဲ အခမ်းအနားမှလွဲ၍ လက်ရှိအဖွဲ့သားများသည် မည်သည့်ရုပ်မြင်သံကြားဌာနများကိုမျှ လာရောက်ကြည့်ရှုရန် ဖိတ်ကြားထားခြင်းမရှိပေ။ တရားဝင် မီဒီယာကို ဖွင့်ဟ အသိပေးတာက နောက်တစ်လမှ ဖြစ်သည်။
ဖီးနစ်ထျန်း ပေါ်လာပြီးနောက် ဒုတိယမြောက် တရုတ် လူမျိုး သရုပ်ဆောင်က ဟောလိဝုဒ်ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Tang Feng သည် ယခင်က ရုပ်ရှင်တွင် နှစ်နှစ်ဆက်တိုက် အောင်မြင်မှုရရှိခဲ့လို့ အခု ရိုက်ကူးသည့် ဇာတ်ကားက ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ဥရောပနှင့် အမေရိကန်မီဒီယာများ၏ ထက်ဝက်နီးပါးသည် ယခု ရိုက်ကူးသည့် ရုပ်ရှင်ကို မကြိုက်ကြပေ။
"ရုပ်ရှင်ရမှတ်တွေ တကယ်မထွက်လာခင်မှာ တော်တော်များများ ဝေဖန်နေတာကို သေတောင် ပြန်တုန့်ပြန်မပြောနိုင်ဘူး "
Tang Feng က မှန်ရှေ့မှာထိုင်ပြီး မိတ်ကပ်ပညာရှင်ကို မိတ်ကပ်လိမ်းဖို့ အကူအညီတောင်းခဲ့ပါသည်။ ဒါက သူ့ရဲ့ပထမဆုံးမိတ်ကပ်ပုံစံဖြစ်ပြီး၊ သူ့ရဲ့မိတ်ကပ်ဆရာက "Slayer" အဖွဲ့သားဟောင်းရဲ့ အမျိုးသမီး မိတ်ကပ်ပညာရှင်ဖြစ်တယ်။
အဖွဲ့ထဲဝင်ပြီး မိတ်ကပ်မလိမ်းခင်မှာ Tang Feng က မိတ်ကပ်ပညာရှင်ဘယ်သူလဲဆိုတာ မသိခဲ့ဘူး။ ထို့ကြောင့် သူမကိုတွေ့လိုက်ချိန်မှာ သူမက ခင်မင်ရင်းနှီးသော သူငယ်ချင်းဟောင်းတစ်ဦးဖြစ်နေကြောင်း သိလိုက်ရသည်။
တရုတ်ဂန္တဝင်ပစ္စည်းတွေကို အထူးပြုတဲ့ အမျိုးသမီးမိတ်ကပ်ပညာရှင် အမျိုးသမီးက ဒီနေရာကို ရပ်တည်ပြီး ဒီနေ့ သူနဲ့တွဲလုပ်ဖို့ သုံးလလောက် စိတ်လှုပ်ရှားခဲ့ရတာကို ကြားလိုက်ရတယ်။
Tang Feng က အဆင့်တန်း မခွဲခြားတတ်လို့ အမျိုးသမီး မိတ်ကပ်ပညာရှင်က ခါတိုင်းလို ပေါ့ပေါ့ပါးပါး စကားပြောနေခြင်းဖြစ်သည်။
"ရုပ်ရှင်ထွက်ပြီးရင် ဇာတ်ကားက ပိုက်ဆံဆုံးရှုံးမယ်လို့ ကြိုပြီးပြောတဲ့သူတွေက လျှာကိုက်မိကြမှာ သေချာတယ်။"
အမျိုးသမီး မိတ်ကပ်ပညာရှင်က မှန်ထဲက ယောက်ျားကို ကြည့်ပြီး ပြောလိုက်သည်။
"ထျန်း...မင်းက အရမ်း ကြည့်ကောင်းတယ်။ ဒီဇာတ်ကားမှာ ဇာတ်ကွက်မရှိရင်တောင် မင်းက ကြီးမားတဲ့ ဖန်သားပြင်ပေါ်မှာပဲ ရပ်နေဖို့ပဲ လိုတယ်လို့ ငါ ထင်တယ်။ မင်းကို မြင်ရင် လူတော်တော်များများက 'Oh my God, အရမ်း ညှို့အားပြင်းတဲ့လူပဲလို့ သေချာပေါက် ရေရွတ်ကြမှာပဲ။ ငါဆိုရင်လည်း သေချာပေါက် ဖွင့်ဟ ပြောမိမှာပဲ "
မှန်ထဲကလူငယ်လေး၏ ပုံရိပ်က မဟာဆန်သည့် ရုပ်သွင်မျိုး ဖြစ်သည်။ Tang Feng ရဲ့ ဆံပင်တိုကို အမျိုးသမီးမိတ်ကပ်ပညာရှင်နဲ့ သူမရဲ့လက်ထောက်က ဆံပင်တု မဝတ်ပေးပဲ နေ့ခင်းဘက်တစ်ခုလုံးကို ဆံပင်တိုနဲ့ ထားခဲ့သည်။ ရိုက်ခါနီးမှ ဆံပင်ရှည် စွပ်အောင် ပြင်ဆင်ပေးထားသည်။
Tang Feng သည် ပေါ့ပါး လန်းဆန်းမှုကို နှစ်သက်သူဖြစ်ပြီး ထိုဆံပင်ရှည်တွေကို ပထမဆုံးမြင်လိုက်ရသည့်အချိန်၌ နည်းနည်းပူအိုက်သလို ခံစားရပေမယ့် အခုတော့ အနည်းငယ် ကျင့်သားရနေပြီ။ အဆိုပါ ဆံပင်ရှည်များကို နေ့တိုင်း ဖြီးရန်မှာလည်း ခက်ခဲလှသည်။
သို့သော် ဆံပင်ရှည်ကိုဝတ်ပြီးနောက် သူ့ တစ်ကိုယ်လုံး နူးညံ့သိမ်မွေ့သည့် အငွေ့အသက်တို့ လွှမ်းခြုံလာသည်ကိုတော့ ဝန်ခံရမည်။ သူ့ပုံစံက ဆေးရေးပန်းချီကားထဲမှ ထွက်ပေါ်လာသည့် ဂန္တဝင်ဆန်သည့် တရုတ်လူချောတစ်ယောက်နှင့် တကယ်တူနေပုံရသည်။
"ဝိုး အချစ်လေး၊ မင်းက အရမ်းအံ့သြစရာကောင်းတယ်။ ငါတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်ကို ပြန်သွားသလို ခံစားလိုက်ရတယ်။"
Tang Feng က ရယ်မောပြီး ဂိမ်းထဲက ဇာတ်ကောင်တစ်ခုအဖြစ် ပြောင်းလဲခံရတာကို သူ အရမ်းပျော်နေသည်။
ဆံပင်ရှည်က အရမ်း အလုပ်ရှုပ်ပြီး ထိုဆံနွယ်တွေက ပျော့ပြောင်းလွန်းသည်။
အမျိုးသမီးမိတ်ကပ်ပညာရှင်သည် Tang Feng သည် ထိုဆံပင်ကို ကျောက်စိမ်းကွင်း တစ်ခုနှင့် အချိန်အများစု စည်းခွင့်ပြုကာ စိတ်ကြိုက်ရုပ်ရှင်တင်ဆက်မှုဝတ်စုံဖြင့် လိုက်ဖက်ရန် အပြောင်း အလဲအနည်းငယ် ပြုလုပ်ခဲ့သည်။ ထိပ်တန်း ဒီဇိုင်နာများမှ ဒီဇိုင်းထုတ်ထားသော အဝတ်အစားများ၊ နတ်သားကဲ့သို့ အဖြူရောင်အဝတ်အစားများနှင့် ငြိမ်သက်အေးချမ်းမှုကို ပေးစွမ်းနိုင်သော အစိမ်းရောင် ဝတ်ရုံများရှိသည်။
ရုပ်ရှင်တစ်ကားလုံးတွင် Tang Feng အတွက် အဝတ်အစား စုစုပေါင်း ခုနစ်စုံ သို့မဟုတ် ရှစ်စုံခန့် ဝတ်ရမည် ဖြစ်သည်။ ရုပ်ရှင်၏ နောက်ခံသည် ခေတ်မီသောကြောင့် စူပါဟီးရိုးအများစုကဲ့သို့ပင် Tang Feng သည် သူ၏ ပင်ကိုယ်စရိုက်ကို ဖုံးကွယ်ရန် ကျွမ်းကျင်သည့် ပညာရပ်တစ်ခုလည်း ရှိသည်။ ဒီဇာတ်ကားထဲမှာ Tang Feng ရဲ့ ဖုံးကွယ်ထားရမည့် အချက်က နာမည်ကြီး ကြယ်ပွင့်နဲ့ တက်သစ်စ အနုပညာ ကြယ်ပွင့်လေး ဖြစ်သည်။
ရုပ်ရှင်ထဲတွင် ဇာတ်ကောင်များသည် ရုတ်တရက် မှုန်ဝါးသွားကာ ရုပ်ရှင်အတွက် အထူး အသားပေးဖော်ပြထားသည်။
ပထမနေ့မှာပဲ မိတ်ကပ်ပြင်ဖို့ အဖွဲ့သားတွေနဲ့ စကားပြောခဲ့သည်။ ဇာတ်ကား ဇာတ်ရုပ်အတွက် အပြီးသတ်ရန် ဓာတ်ပုံအနည်းငယ်ရိုက်ပြီးနောက် Tang Feng သည် ဆံပင်ရှည်ဖြင့် ဟိုတယ်သို့ ပြန်လာခဲ့သည်။
အဲလ်ဘတ်သည် အထပ် နှစ်ထပ်ပါသည့် အထူး ဟိုတယ်ခန်းတွင် နေထိုင်သည်။ Tang Feng သည် အခန်း တံခါးဝသို့ ဝင်သွားသောအခါ ထိုလူကို မတွေ့ရပေ။ ဘာကြောင့်လဲ မသိပေမယ့် အဲလ်ဘတ်သည် အပေါ်ထပ် စာဖန်ခန်းတွင် စာဖတ်နေတာဖြစ်မည်ကို သူ အမြဲတမ်း ခံစားခဲ့ရသည်။ Albert လောက် စာဖတ်ဝါသနာပါသူကို ထျန်းဖုန်း မတွေ့ဖူးပေ။
Albert ကို နှောင့်ယှက်ရန် မရည်ရွယ်ဘဲ Tang Feng သည် အပေါ်ထပ်သို့ ပေါ့ပေါ့ပါးပါး တက်လာခဲ့သည်။ ရေချိုးဖို့ အိပ်ခန်းကို သွားရန် ရည်ရွယ်ပြီး စာဖတ်ခန်းကို ဖြတ်သွားသောအခါ Tang Feng သည် စာဖတန်ခန်း တံခါးကို သော့ခတ်မထားကြောင်းတွေ့လိုက်ရသည်။ တံခါးအနည်းငယ်ပွင့်နေပြီး အခြားသူများနှင့် စကားပြောနေသည့် Albert ၏အသံသည် အတွင်းမှထွက်လာသည်ကို မတော်တဆတွေ့ရှိခဲ့သည်။
"ရုပ်ရှင်မပြီးခင်မှာ ပြန်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အိုး၊ စိတ်ဆိုးမနေနဲ့၊ ငါ သူ့လုပ်ရပ်တွေကို မကန့်သတ်ထားဘူး၊ အတင်းအကြပ် ပြောနေတာကို ရပ်လိုက်တော့...ချားလ်"
Tang Feng သည် Albert ၏ စကားကို ခိုးနားထောင်ရန် အစီအစဉ်မရှိသော်လည်း တစ်ဖက်လူပြောသော "Charles" ဟူသော စကားကို ကြားသောအခါ တံခါးဝတွင် ရပ်တန့်ကာ နားမထောင်ပဲ မနေနိုင်တော့ပေ။
"သူက မင်းနဲ့ Lu Tian chenနဲ့ အတူနေတာထက် ငါနဲ့ နေတာက ပိုလုံခြုံတယ်။ "ပူးပေါင်းကြံစည်မှု" ဆိုတဲ့ စကားကို မသုံးစမ်းနဲ့။ ဒါကို အရမ်း မိုက်မဲလွန်းတယ်။ တကယ်လို့ ငါသာ သူ့ကို အလစ်သုတ်ချင်တယ်ဆိုရင် မင်းနဲ့ လုထျန်းချန် သူ့ကို လုံးဝ ရှာမတွေ့အောင် လုပ်ထားလို့ရတဲ့ နည်းလမ်းအများကြီးရှိတယ် "
Albert က စကားပြောကို ခေတ္တရပ်လိုက်သည်။
"ဒါပေမယ့် မင်းရဲ့ဒုက္ခတွေကို ငါ ဖြေရှင်းပေးမှာ မဟုတ်ဘူး။"
တစ်ဖက်က ဖုန်းက ဖုန်းချသွားပုံရတယ်။ Tang Feng က နောက်တကြိမ် မလှုပ်နိူင်ခင်မှာ Albert ရဲ့ အသံက စာဖတ်ခန်းထဲမှ ထွက်ပေါ်လာသည်။
"ဘယ်လောက်ကြာအောင် တံခါးမှာရပ်မှာလဲ၊ ထျန်း"
Tang Feng က တံခါးနားမှာ ရှိနေတယ်ဆိုတာ Albert သိနေခဲ့သည်။
ဖုံးကွယ်စရာ မလိုတာတော့လို့ Tang Feng က လူလုံးပြလိုက်သည်။ သူ့ကိုမြင်တော့ Albert ၏ မျက်လုံးများသည် တောက်လာသည်။ Charles ၏ ဖုန်းပြောမည့်အစား ထိုလူကို လေးလေးနက်နက် တိတ်တိတ်လေး ကြည့်နေခဲ့သည်။ .
"မင်းရဲ့ပုံစံကို ပြောင်းလိုက်တာ ရုပ်ရှင်ထဲက ဇာတ်ကောင်ကြောင့်လား? မင်းကြည့်ရတာ အရမ်းထူးခြားနေတယ်။"
တစ်ဖန် အဲလ်ဘတ်သည် ပြဇာတ်တစ်ခုလို သီချင်းဆိုလိုက်သည်။
ဒါပေမယ့် အခု Tang Feng က သူ့ရဲ့ ဆံပင်ရှည်ပုံစံကို မဆွေးနွေးချင်ပေ။
............
လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး အဲလ်ဘတ်က လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ အဖြေလိုချင်တဲ့ သူ့ရှေ့ကလူကို ကြည့်လိုက်တယ်။ ဒီလိုနေ့က ရောက်လာမယ်ဆိုတာ သူ သိသည်။ Tang Feng သည် အနှေးနှင့်အမြန် တစ်ခုခုကို သိလိမ့်မည်။ Albert က အဲဒါကို ဖုံးကွယ်မထားချင်တာကြောင့် Tang Feng က တံခါးအပြင်ဘက်မှာ သူ့စကားဝိုင်းကို ကြားသွားတာကို စိတ်မဝင်စားတာကြောင့် စာဖတ်ခန်း တံခါးကို ရည်ရွယ်ချက်ရှိရှိ သော့ခတ်မထားခဲ့ပေ။
"မင်းသိချင်တဲ့အဖြေက မင်းတွေးနေတာဖြစ်နိုင်တယ်။"
Tang Feng မပြောခင် Albert က အဲဒါကို ကြိုပြောခဲ့သည်။
"ကျွန်တော် ဘာတွေတွေးနေတာလဲ ဆိုတာ ခင်ဗျား သိလား" Tang Feng ပြုံးလိုက်သည်။
"မင်းက အရမ်းဉာဏ်ကောင်းတယ်လေ" အဲလ်ဘတ်က ပြောခဲ့သည်။
Tang Feng က ခါးသီးသော အပြုံးဖြင့် သက်ပြင်းချလိုက်သည်-
"ကျွန်တော်က ဒီလို ဒုက္ခက ကျွန်တော့်နားက ထာဝရပျောက်ကွယ်သွားဖို့ မျှော်လင့်ပေမယ့်ဒါတွေက အိပ်မက်လိုပဲ"
သူက အားနည်းသည့်အတွက် သူ့ကို ချစ်သည့်လူအားလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည်ကို ထျန်းဖုန်း ကောင်းကောင်း သိနေသည်။ သူဟာ သာမန်လူတစ်ယောက်ဖြစ်ရင်တောင် ဒီကမ္ဘာကြီးရဲ့ အမှောင်ဘက်ခြမ်းကနေ လွတ်ကင်းနိုင်တဲ့ စွမ်းအားတွေ မရှိပေ။
ယခုအခါ Tang Feng သည် ယခင်က Feins ကဲ့သို့ နိုင်ငံတကာက သိသည့် နာမည်ကြီး အနုပညာရှင် မဟုတ်ပေ။ Tang Feng ဆိုသည့် တရုတ်ပြည်ထဲက နာမည်ကြီးလာသည့် အနုပညာသမားလေးသာ ဖြစ်ပြီး အမှောင်အင်အားစုများ၏ ခြိမ်းခြောက်မှုကို ခံနေရသည်။
လူတွေက အနုပညာသမားတွေရဲ့ ထင်ပေါ်ကျော်ကြားမှုကိုသာ မြင်ပေမယ့် အနုပညာသမား အတော်များများက အမှောင်လောကသားတွေရဲ့ တိတ်တဆိတ် ဝါးမြိုခံနေရတဲ့ ဘဝမှာ နေထိုင်နေရတယ်ဆိုတာ ဘယ်သူမှ မသိကြပေ။ ထိုလူတွေ လက်ထဲမှ ရုန်းမထွက်နိုင်ရင် တစ်သက်လုံး အမှောင်ချောက်ကြီးထဲ ပိတ်မိနေလိမ့်မည်။
"သူတို့က Charles ဖြစ်ဖြစ် လုထျန်းချန် ပဲဖြစ်ဖြစ်၊ ဘယ်သူတွေနဲ့ သူတို့ ဘယ်လိုပဲ တိုက်ခိုက်နေကြပါစေ။ ကျွန်တော့်ကို ဆွဲသွင်းကြမှာမဟုတ်ဘူး။ သူတို့က ကျွန်တော့်ကို ကာကွယ်ဖို့ အမြဲကြိုးစားခဲ့တာကိုလည်း ကျွန်တော် သိပါတယ်။"
Tang Feng အနည်းငယ်ပြုံးလိုက်သည်။
"အစတုန်းကတော့ သူတို့အားလုံးက သောက်သုံးမကျတဲ့ကောင်တွေဖြစ်ခဲ့ပမေယ့် ...."
ထျန်းဖုန်းပြောသမျှကို မနှောက်ယှက်ပဲ အဲလ်ဘတ်က အေးအေးဆေးဆေး နားထောင်ဖို့ ရွေးချယ်ခဲ့တယ်။
"ကျွန်တော် ဘာပြောရမှန်းမသိဘူး၊ အဖြစ်ပျက်တွေက အရမ်းရှုပ်နေတာပဲ၊ ဟုတ်ပြီ၊ ကျွန်တော် ခန့်မှန်းကြည့်ရအောင်၊ အခုဖြစ်နေတာက လုထျန်းကျီ နဲ့ သက်ဆိုင်သလား"
Tang Feng က ခေါင်းစဉ်ကို လမ်းကြောင်းပေါ်ပြန်ဆွဲတင်လိုက်ပြီး Tian chen Entertainment ကို ပြန်လည်ရရှိလာတဲ့အခါ လုထျန်းကျီ ဟာ ပြိုင်ဘက်ဖြစ်ရမယ်လို့ Albert ဆီက ကြားခဲ့ဖူးသည်။
"တကယ်တော့ ကိုယ်က လုထျန်းချန် ရဲ့အဖေနဲ့ အကြိမ်ပေါင်းများစွာ အလုပ်လုပ်ဖူးပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းမြင့်မားပြီး အခကြေးငွေကလည်း ကျိုးကြောင်းဆီလျော်ပါတယ်။"
Albert သည် လုထျန်းချန် ၏ဖခင်အကြောင်းကို စတင်ပြောဆိုခဲ့ပြီး သူတို့က ယခင်က တစ်ယောက်နှင့် တစ်ယောက် သိခဲ့ကြပုံရသည်။
"လွန်ခဲ့တဲ့ သုံးလလောက်အထိ လုထျန်းကျီ က လုထျန်းချန် ရဲ့ အဖေမှန်း မသိခဲ့ဘူး၊ အဲဒီလူရဲ့ နာမည်အရင်းနဲ့ မူလရုပ်သွင်ကိုတောင် မသိဘူးလို့ ပြောရမှာပေါ့။"
အဲလ်ဘတ်က ရုတ်တရက် ပြောလက်စကို ရပ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်တယ်။ Tang Feng က အလျင်လိုမနေဘဲ အဲလ်ဘတ် ဆက်ပြောဖို့ တိတ်တဆိတ် စောင့်နေတယ်။
"လုထျန်းကျီ သည် အရမ်း ဒုက္ခပေးသည့် လူတစ်ယောက်ဖြစ်တယ်။ ကိုယ်တို့ လောကထဲမှာ သူက အမြဲလိုလို လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ဖြစ်တယ်။ ကမ္ဘာ့အကြီးဆုံး အဖွဲ့စည်း တစ်ခုရဲ့ အကြီးအကဲ အဖြစ်၊ သူက သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာကို အမြဲလျှို့ဝှက်ထားလေ့ရှိတယ်"
လုထျန်းကျီသည် လက်တွဲဖော်ကောင်း၊ မိတ်ဖက်ကောင်းတစ်ဦး သို့မဟုတ် အလွန်အန္တရာယ်များသော ပုဂ္ဂိုလ်ဖြစ်နိုင်သည်။
Albert သည် လုထျန်းကျီ ကို သိသိသာသာ သဘောကျခဲ့ပြီး သူ့စကားများတွင် လုထျန်းကျီကငို တမင်တကာ နှိမ့်ချမှုမျိုး မရှိခဲ့ပေ။
"သူ့သားနဲ့ အိပ်နေတော့ သူက ကျွန်တော့်ကို ရှင်းပစ်ချင်နေတာလား"
"ဖခင်တစ်ယောက်ဟာ သူ့သားအကြောင်းကို ဘယ်လောက်ပဲ မသိပါစေ၊ အပြင်လူက မင်းကို ဘယ်လောက်ပဲ မသိပါစေ.. သူ့ကလေးက တစ်စုံတစ်ယောက်ကို ချစ်နေသလားဆိုတာကိုတော့ အဖေ တစ်ယောက်အနေနဲ့ သူ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။"
Albert က Tang Feng နဲ့ နည်းနည်းနီးကပ်အောင် တိုးလာသည်။ သူက Tang Feng ၏ ဆံပင်ရှည်များကို ကြည့်ရင်း ပြောလာခဲ့သည် ။
"ဆံပင်က လှတယ်၊ ငါ အဲ့ဒီဆံပင်တွေကို ထိချင်တယ်။"
Tang Feng က အဲလ်ဘတ်ကို ဒေါသတကြီး ကြည့်လိုက်သည်။
" Albert.... ခင်ဗျား ဒီထက်ပိုပြီး လေးနက်လို့ ရနိုင်မလား၊ အခုပဲ စကားဆက်ပြောကြရအောင်။ "
"အေးအေးဆေးဆေး ကော်ဖီတစ်ခွက်သောက်ရအောင်။"
ရလဒ်အနေနဲ့ Albert က ကော်ဖီသောက်ဖို့ခေါ်နေတယ်။ Tang Feng ဘာလုပ်နိုင်မှာလဲ၊ ဒီကောင်က သူ လိုချင်တာကို တကယ်လုပ်တတ်တယ်။
ကံအားလျော်စွာ၊ ကော်ဖီသောက်ပြီးနောက် Albert သည် Tang Feng ၏ ဆံပင်ရှည်များကို စိုက်ကြည့်မည့်အစား ယခု အကြောင်းအရာကို ဆက်ပြောခဲ့သည်။
"လုထျန်းကျီ ရဲ့ ကိုယ်ရည်ကိုယ်သွေးက ကိုယ် နဲ့ ဆင်တူပေမယ့် သူက ကိုယ့်လောက် မပြည့်စုံပါဘူး" လို့ ဆိုခဲ့သည်။
ဒါဟာ သူ့ကို ကိုယ်ရည်သွေးပြောတာ မဟုတ်ပေ။ Albert က အဖြစ်မှန်ကို ဆက်ပြောနေခြင်းသာ။
"ပြီးပြည့်စုံသော ကလေးနဲ့ အမွေဆက်ခံသူဆိုတာ ချို့ယွင်းချက်မရှိသင့်ဘူး။ သူက ယောက်ျား တစ်ယောက်ကို မချစ်သင့်ဘူး။ ယောက်ျား တစ်ယောက်ကို သူ့ရဲ့ လက်တွဲဖော် အဖြစ် မရွေးသင့်ဘူး။ ဒီ အားနည်းချက်မရှိသရွေ့ လုထျန်းချန် က ပြီးပြည့်စုံတဲ့ ဆက်ခံသူ ဖြစ်နေပြီ မဟုတ်လား"
ဘုရားသခင်၊ ဒီ အကြောင်းပြချက်ကြောင့် လုထျန်းကျီက သူ့ကို ရှင်းပစ်ချင်တာလား...
"ဒီလူတွေက ပိရမစ်ထိပ်မှာ ရပ်နေတာဖြစ်လို့ ပို တိုက်ခိုက်ခံရတယ်။ တစ်ယောက်ချင်းစီက အာရုံကြောရောဂါရနေသလိုပဲ။ လုထျန်းချန် ကို ပိုပြီးပြည့်စုံအောင်လုပ်ဖို့ တခြားနည်းလမ်းတွေ ရှိကောင်းရှိနိုင်ပေမယ့် မင်းရဲ့တည်ရှိမှုက သူ့မျက်လုံးထဲမှာ စိုက်ဝင်နေတဲ့ လက်သည်းနဲ့တူတယ်"
Albert ရဲ့ ဖော်ညွှန်းချက်က ကွက်ကွက်ကွင်းကွင်းရှိလွန်းတယ်၊ ဖြူဖျော့ဖျော့ဖျော့နဲ့ သွယ်လျတဲ့လက်ချောင်းတွေနဲ့ ထိုလူက သူ့ရဲ့ စိမ်းမြနေတဲ့ မျက်သားတွေကို ညွှန်ပြကာ ပြောခဲ့သည်။ ထိုမျက်ဝန်းများက အေးစက်စွာ ကြည့်နေပြီး သူ့အသံက တိုးသွားသည်။
"လုထျန်းကျီဆီမှာ အကြွင်းမဲ့ စွမ်းအားရှိနေတယ်။ သူ ဘာလို့ အမှားလုပ်ရမှာလဲ၊ ဘာလို့ သူ့မျက်လုံးထဲမှာ သံချောင်းကို ဒီအတိုင်းထားခဲ့ရမှာလဲ။"
"အဲဒါက သူ့အတွက် တကယ်ကို နာကျင်နေပုံပဲ။"
တကယ်တော့ Tang Feng က ရယ်စရာကောင်းတယ်လို့ ပြောချင်တာပါ။ သာမန်လူတွေရှိသင့်တဲ့ ဘဝလေးကိုပဲ သူ့ကို ကျေးဇူးပြုပြီး ပေးလိုက်ပါ။ အင်အားကြီး အဖွဲ့ ခေါင်းဆောင်လောင်း တစ်ယောက်နဲ့ သူ့ရဲ့ လိင်မှုကိစ္စ တွေကနေ သူ့ကို ဝေးဝေးနေခွင့်ပြုပါ။ သူ့ဘာသာ ရုပ်ရှင်ကို စိတ်အေးလက်အေး ရိုက်ခွင့်ရလျှင် ကျေနပ်ပါပြီ
"မင်းက သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်လိုပါပဲ၊ မင်းကို သူက အလွယ်တကူ နင်းလို့ရပြီ"
Albert က သူ့လက်မောင်းကို လက်ညှိုးနဲ့ ပုတ်လိုက်တယ်။
"ဥပမာအားဖြင့်၊ ကျော်ကြားမှုနည်းတဲ့ အဖွဲ့အစည်းတစ်ခုက ရိုက်ကူးရေး အဖွဲ့ကို ဖမ်းဆီးခေါ်ဆောင်သွား သလိုမျိုးပေါ့..."
"ပြန်ပေးဆွဲတာလား?" တောင်အာရှမှာ ဖြစ်ခဲ့တဲ့ဟာက လုထျန်းကျီ လုပ်ခဲ့တဲ့ ပြန်ပေးဆွဲမှုလား။ "
Tang Feng က အရမ်းထိတ်လန့်ပြီး ဒေါသအရမ်းထွက်နေတယ်။ အဲဒါက မတော်တဆမှုတစ်ခုလို့ သူ တချိန်လုံး ထင်ခဲ့တာ။ လုထျန်းကျီ က အဲဒီအချိန်က သူ့ဖြစ်တည်မှုကို သတိထားမိနေမယ်လို့ မမျှော်လင့် ထား မိဘူး။
"သူဟာ ကိုယ်ကျိုးရှာတဲ့ တောင်အာရှသားတချို့ကို နည်းနည်းလောက် သတိပေးဖို့ပဲ လိုတယ်၊ ပိုက်ဆံအတွက် စိတ်အားထက်သန်သူတွေဟာ မင်းကို တရကြမ်း လိုက်ဖမ်းကြလိမ့်မယ် "
Albert သည် Tang Feng ၏စကားကို သွယ်ဝိုက်၍ အတည်ပြုခဲ့သည်။
"လုထျန်းချန် က မင်းကို ဒုက္ခပေးနိုင်တဲ့ သူ ဖြစ်လာလိမ့်မယ်။ အစကတည်းက သူက အန္တရာယ်ရှိတဲ့ ဖြစ်တည်မှုတစ်ခုပဲ။ ကံကောင်းထောက်မစွာနဲ့ပဲ သူက မိုက်မဲပြီး အလုပ်ထွက်ဖို့ သိပေမယ့် အရမ်းနောက်ကျသွားပြီ။လုထျန်းကျီ က မင်းကို မကြိုက်ဘူး၊ ငါ မင်းကို စိတ်ဝင်စားမှန်းသိလို့ မင်းကို ငါ စိတ်တိုင်းကျ ပျော်ပါးလို့ရအောင် မင်းကို ငါ့လက်ထဲ ထည့်ပေးလိုက်တယ် "
သို့သော် ကံမကောင်းစွာပဲ လုထျန်းကျီ သည် Tang Feng ကို အထင်သေးခဲ့သည်။ ဒီလူက သူ့သားကို ဆွဲဆောင်နိုင်သော်လည်း အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ Albert ကိုလည်း ဆွဲဆောင်နိုင်မည်ဟု မထင်ထားပေ။
"Charles က မင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိနိုင်ပေမယ့် ငါတို့ထဲက တစ်ယောက်မှ မင်းရဲ့ ကံကြမ္မာကို ထိန်းနိုင်မှာ မဟုတ်ဘူး၊ မသိနိုင်တဲ့ လုပ်ကြံမှုတွေ ဖြစ်ပျက်လာနိင်တယ်။ ငါတို့ သတိလက်လွှွတ်ဖြစ်ဖို့ပဲ လိုတယ်။ သတိတစ်ချက်လွတ်တာနဲ့ သေခြင်းတရားက မင်းရဲ့ဘေးမှာ အချိန်မရွေး နေရာမရွေး ပေါ်လာလိမ့်မယ်။"
ထိုအကြောင်းရာကို Tang Feng ကို ဖုံးကွယ်ထားဖို့ မလိုအပ်ဘူးလို့ ထင်ကာ အဲလ်ဘတ်က
ဖြစ်ရပ်မှန်တွေကို အားလုံးကို ပြောပြခဲ့သည်။
Tang Feng ကို ယာဉ်မတော်တဆမှုများ၊ ဆေးဘက်ဆိုင်ရာမတော်တဆမှုများနှင့် ဆေးဝါးမှားယွင်းမှုများကဲ့သို့သော မတော်တဆ ဖြစ်ရပ်ဖြင့် ဒီကမ္ဘာမှ ထွက်သွားအောင်လုပ်နိုင်သည့် နည်းလမ်းများစွာရှိသည်။
အများပြည်သူတွေက ဒီသတင်းကိုမြင်ရင် အိုး၊ ဒီကြယ်ပွင့်လေးတော့ သေသွားရှာပြီ.... သနားစရာပဲဟုသာ ပြောကြလိမ့်မည်။
နောက်တော့ အမှန်တရားကို ဘယ်သူမှမသိဘဲ သူက ပျောက်သွားလိမ့်မည်။ အရာအားလုံးပြီးသွားတဲ့အခါ အမှန်တရားပေါ်လာပေမယ့် သေသွားတဲ့လူတွေဟာ ဘယ်တော့မှ အသက်မရှင်တော့ဘူး။
Tang Feng သည် ရုတ်တရက် သူ့ကျောပေါ်တွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ အကြွင်းမဲ့အာဏာရှိသူက သူ့ကိုသေစေချင်တဲ့အခါ ပုရွက်ဆိတ်လေးတစ်ကောင်သာသာလိုမျိုး သူ့ကို ပေါ့ပေါ့ပါးပါးနဲ့ နင်းလိုက်ရုံနဲ့ သူ သေသွားနိုင်တယ်။
"သူတို့က ကျွန်တော့်ကို ကာကွယ်ချင်ရုံပဲ။ လုထျန်းချန် က မမှားဘူး၊ Charles လည်း မမှားဘူး။"
ဘယ်သူမှ မမှားပါဘူး Tang Feng က ကောင်းမွန်သည့် ကံကြမ္မာနဲ့ ခွန်အားကြီးသူရှေ့မှာ ကူကယ်ရာမဲ့၊ အားကိုးရာမဲ့သလို ခံစားနေရတယ်။
ထိုလူငယ်လေးက Albert ကို လှမ်းကြည့်လိုက်သည်-
"လွန်ခဲ့တဲ့ သုံးလက လုထျန်းကျီ ရဲ့ ရောဂါ လက္ခဏာကို သိတယ်လို့ မင်းပြောခဲ့တာ။ အဲဒီတုန်းက လုထျန်းချန် က သူတို့ အကြောင်း ပြောဖူးလို့သလား"
"ဟုတ်တယ်။"အဖြေက တကယ်ရှင်းပါတယ်။
"အခုဆွေးနွေးမှုရလဒ်ကရော?" Tang Feng က မေးသည်။
" တကယ်ကို ရောဂါ လက္ခဏာရှိနေတယ်"
Albert က ပြုံးပြီး "မင်းမေးခဲ့ဖူးတဲ့ မေးခွန်းကို မှတ်မိလား"
ထျန်းဖုန်း - "ကျွန်တော် ခင်ဗျားကို မေးခွန်းတွေ အများကြီး မေးခဲ့ဖူးတယ်လေ။"
" ဥပမာ၊ ဒါဟာ အိပ်ရာထဲမှာ တကယ်ပဲ စိတ်ဖောက်ပြန်တတ်သလား ဆိုတဲ့ မေးခွန်းမျိုး"
Albertက အရိပ်မြွတ်ပေးခဲ့သည်။ ဒါက မေးနေတာထက် သူ့ဘာသာ ပြောနေသလိုပင်။
Tang Feng က ခေါင်းညိတ်လိုက်ပြီး အခုအချိန်မှာ Albert က ပုံမှန်ပါပဲ။
ခဏနေဦး....ဒီမေးခွန်းထဲမှ အဓိက ကျတာကို သူ သတိပြုလိုက်မိသည်။
လွန်ခဲ့သည့် ညသန်းခေါင်အချိန်က ရုတ်တရက် အဲလ်ဘတ်က သူ့ အိပ်ခန်းထဲ ဖောက်ဝင်ကာ တညလုံး အကြမ်းပတမ်း သူ့ကို တိုက်ခိုက်ကာ ချစ်တင်းနှောခဲ့တာက ပုံမှန်မဟုတ်ပေ။ ထိုနေ့တွင် အဲလ်ဘတ်၏မျက်နှာကို အလင်းရောင်က မြင်မိလျှင် သူ သေချာပေါက် ထိတ်လန့်သွားလိမ့်မည်။
ထိုညက ရူးသွပ်သောအပြုအမူသည် "အရူး" နှင့် "နှာဘူး" ဆိုတာကို ဖော်ပြရန် လုံလောက်သည်။
"ကိုယ်က လူတစ်ယောက်ကို မုန်းတယ်ဆိုရင် အဲ့ဒီလူသေတာကို မမြင်ချင်ဘူး။ သူနာကျင်နေတာကို မြင်ချင်တယ်။"
အဲလ်ဘတ်၏ လေသံထဲတွင် မိမိကိုယ်ကို ဖော်ပြကာ အရသာခံနေသလိုမျိုး ထျန်းဖုန်း ခံစားလိုက်ရသည်။
"ကိုယ့်ကို အရူး၊ နှာဘူးတစ်ယောက်လို့ ထင်နေတဲ့ လုထျန်းကျီက မင်းကို ကိုယ်က ကောင်းပြလို့ မင်း ပြုံးနေတာကို မြင်ရရင် နောင်အခါမှာ မင်းက ကိုယ့်ကို သေလုမျောပါး ကြောက်လန့်ပြီး ငိုကြွေးရလိမ့်မယ်လို့ သူက ထင်နေတယ် "
Tang Feng က သူ့ကို Albert ရဲ့ဘေးမှာ လုထျန်းကျီ ဘာလို့ထားခဲ့သလဲဆိုတာ ရှင်းသွားလေပြီ။
လုထျန်းကျီ ရဲ့အမြင်အရ၊ အခု သူက Albert ရဲ့ ညှဉ်းပန်းနှိပ်စက်ခံနေရပြီဖြစ်လို့ Albert လက်ထဲ သူ့ကို ပျော်ပျော်ကြီး ပေးပစ်လိုက်တာပဲ ။ လူ တစ်ယောက်ရဲ့ အချစ်ကြောင့် လုထျန်းကျီ က ဘာလို့ မပျော်ရတာလဲ။
Tang Feng က သူ့နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်သည်။
"ခင်ဗျားရဲ့ ကော်ဖီက ဘာလို့ မလောက်ရတာလဲ။ "
********-******
ESTÁS LEYENDO
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.