True Star - Volume _4 : Chapter (17) _ ငါ မင်းကို ပြန်လိုက်မယ်

1.6K 273 3
                                    

True Star – Volume _4 : Chapter (17) _ ငါ မင်းကို ပြန်လိုက်မယ်


"ရပ်လိုက်...... ခင်ဗျား ဒရမ်မာခင်းနေတာလား "

Tang Feng သည် Lu Tian chen ၏ နဖူးကို လက်ဖဝါးတစ်ဖက်ဖြင့် အသာပုတ်ကာ ပြောလိုက်သည်။

  "ခင်ဗျား ကျွန်တော့်ကို တစ်ခါမှ မထိဖူးသလိုမျိုး သိပ်ချစ်ဖို့ကောင်းအောင် ပြောမနေနဲ့ "

အရင်ကတော့ Lu Tian chen က သူ့ကို ကိုင်ပြီး နမ်းဖို့ တွန့်ဆုတ်နေခဲ့ဖူးသည်။ Lu Tian chen သည် ဆယ့်ငါးနှစ်သားကတည်းက ဝံပုလွေကဲ့သို့ ရက်စက်တတ်လာသည်။ လူတွေရဲ့ အသက်များစွာကို နူတ်ချွေခဲ့ပြီးပြီ၊ ဒါပေမယ့် ဒီလို အမှန်တရားစကားကို သူ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးပေ။
 
 Lu Tian chen ရုတ်တရက် ပြုံးလိုက်သည်။

"ခင်ဗျား ဘာရယ်တာလဲ" Tang Feng သည် မျက်ခုံးပင့်ကာ   ဘိုထိုင်အိမ်သာ ကမုတ်မှ မတ်တပ်ရပ်လိုက် သည်။ သူသည် အိမ်သာခုံတွင် ဆက်ထိုင်ပြီး သူ့အား အဆိုပြု နေပုံရသော Lu Tian chen အကြောင်းကို ဆက် ပြောမနေချင်တော့ပေ။

မဟုတ်ဘူး၊ သူ ထွက်သွားသင့်ပြီ... Lu Tian chen နဲ့ စကားအများကြီးမပြောသင့်ဘူး၊ သူပြောလေလေ၊ Lu Tian chen  နဲ့ မခွဲချင်ဘူးဆိုတာ သူ သေချာသိလေလေပါပဲ။

"မင်းက အမြဲတမ်း လိမ္မာတယ်၊ အမြဲတမ်း သတိကြီးမနေဘူး။"

Lu Tian chen သည် Tang Feng ၏လက်ကိုဆွဲကာ  ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
 

"မိုက်မဲ တုံးအ ခံစားချက်ကို ကျွန်တော် မကြိုက်ဘူး။"

  Tang Feng က သူ့အောက်နှုတ်ခမ်းကို ကိုက်ပြီး လက်ပိုက်ထားကာ   Tian chen ကို ကြည့်လိုက်သည်။

" ဖေဖေ ထွက်သွားပြီးရင် သွားလို့ရပြီ။"

 Lu Tianchen သည် ရုတ်တရက် စကားတစ်ခွန်း ပြောလိုက်သည် ။

"အားလုံးက လှည့်စားနေကြတာ...သတိထားပါ"


Tang Feng က သူ့မျက်လုံးတွေကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီး နားမလည်ဟန်ဖြင့် မေးလိုက်သည်။

"ဘာလှည့်စားနေတာလဲ"

 Lu Tian chen ၏ စကားသည် ပို၍ ပို၍ ရှုပ်ထွေးလာသည်။ ဒီလူက တစ်ခါတည်း ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူးလား။

"မင်း လက်မှာ သွေးစွန်းမှာကို ကြောက်တာကိုပြောတာ..."

ဒါက  Lu Tian chen ပြောနေကျ ပုံစံမဟုတ်ဘူး။

Lu Tian chen သည် အိပ်ခန်းထဲသို့ ဝင်သွားသည် ။ Tang Feng အခန်းတံခါးကို ကြည့်လိုက်ပြီး အိပ်ခန်းကို ကြည့်လိုက်သည် ။ သူ မထွက်ခွာချင်သလို ဖြစ်နေသောအခါ Lu Tian chen သည် အိပ်ခန်းထဲမှ ထွက်လာပြီး သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကို ထည့်လိုက်သည်။

"ဒီတစ်ခုပဲ။"

Lu Tian chen သည် စာအုပ်ကို ဖွင့်ပြီး စာအုပ်၏ မျက်နှာဖုံးတွင် စာလုံးကြီးအချို့ကိုသာ မြင်စေရန်  Tang Feng အား ပြသခဲ့သည်- သူ မင်းကို ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ။

သို့သော် Tang Feng သည် ဇာတ်ကြောင်းဘေးက  စာကြောင်းလေးကို လျစ်လျူမရှုခဲ့ပေ။

"လူသတ်သမားလည်း ဒါကို ကြည့်တာလား။"

Tang Feng သည် ငိုရမည်လား ရယ်ရမလား မသိတော့ပေ။ Lu Tian chen သည် သူ့ထံမှ အရာများစွာကို ဖုံးကွယ်ထားသောကြောင့် လျစ်လျူရှုဟန်ဆောင်သင့်သည်ဖြစ်သည်။ ဒီလိုပြောလိုက်မိလို့ သူ အနည်းငယ် တောင်းပန်ရမည်လား မသိတော့ပေ။

တစ်ဖက်တွင်မူ Lu Tian chen အကြောင်း သူ သိသည် နည်းပါးလေလေ၊ သူက  ပို၍ လုံခြုံလေလေဖြစ်ကြောင်း သိသည်။ တစ်ဖက်တွင်မူ Lu Tian chen သည် သူ၏အကြီးမားဆုံး လျှို့ဝှက်ချက်ကို အသိပေးခဲ့သော်လည်း Lu Tian chen အကြောင်းအနည်းငယ်သာ သိသေးသည့်အချက်ကို သူ ရင်ဆိုင်နေရသည်။

ဒီဟာသနဲ့တူတဲ့ ဇာတ်လမ်းမျိုးသာ မဟုတ်ရင် Lu Tian chen ဆီမှာ အဖေရှိမှန်းတောင် သိမှာ မဟုတ်ဘူး၊ သူ့အလုပ်က နတ်ဆိုးလေး နဲ့ အတူတူလောက် ဖြစ်နိုင်တယ်။

"သင့် အားနည်းချက်ကို သင့်လျော်စွာပြသခြင်းသည် တစ်ယောက်နဲ့ တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ဖြစ်စေသည်။"

Lu Tian chen သည် ခေါင်းငုံ့ကာ စာအုပ်ကို အလိုအလျောက် လှန်ကြည့်ကာ   စာအုပ်ကို အကဲဖြတ်ကာ ဖတ်လိုက်သည်။

"မင်းက မိန်းမ မဟုတ်ဘူး။"

"ဒါပေမယ့် ခင်ဗျားက ယောက်ျားပဲလေ၊ ဒီလိုပဲ ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်တယ်။"

"ဒီစာအုပ်က အသုံးမဝင်ဘူးလို့ ထင်ပါတယ်။"

 Lu Tian chen က အဲဒါကို အမှိုက်ပုံးထဲကို ပစ်ချလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူပဲ စမ်းကြည့်သင့်တယ်။ ဟုတ်တာပေါ့... အကျိုးသက်ရောက်မှုက ကောင်းဆိုရင် ယောကျာ်းလေးနဲ့ မိန်းကလေးကြားက အချစ်ရေးအကြံပေးဖြစ်ရင်တောင် အဲ့ဒါ အရေးမကြီးဘူး။ အလုပ်ဖြစ်ဖို့ အဓိကပဲ....

Tang Feng သည် လျစ်လျူရှုတယ် မဟုတ်ပေမယ့် သူက အခြားသူများကို အလွယ်တကူ စာနာတတ်သူ မဟုတ်ပေ။

 တစ်ခါတစ်ရံ "ကိုယ်ချင်းစာခြင်း" ဟူသော စကားလုံးသည် လူအချို့ကို စော်ကားပြီး နာကျင်စေတတ် သည်။

သူကိုယ်တိုင်က ကလေးဘဝက ကောင်းကောင်းအချစ်မခံခဲ့ရလို့ ဖြစ်နို်င်သည။

 Tang Feng သည် သူသည် မိဘမဲ့တစ်ဦးဖြစ်သည်ဟူသောအချက်ကို သုံးပြီး အခြားသူများဆီက စာနာမှုရယူခြင်းတို့ကို မကြိုက်ပေ၊ အခြားသူများ ပြောနေကြသလိုမျိုး မိဘမဲ့ဖြစ်ရသည်ကို ရှက်ရွံ့ထိတ်လန့်နေမည်လည်း မဟုတ်ပေ။

အခြားလူတွေက သူနဲ့ မတူပေ။ မတူညီတဲ့ ဘဝက လာတဲ့သူတွေက သူ့ရဲ့ တကယ့်ဘဝကို နားလည်ပြီး စာနာဖို့ အားကြသည်မဟုတ်ပေ။


ထို့ကြောင့် Lu Tian chen ရဲ့ လူသတ်သမား ဖြစ်ရသည်ကို သူ  စာနာ နားလည် တတ်မည် မဟုတ်ပေ။ ပြီးတော့  Lu Tian chen သည် အခြားသူများ၏စာနာမှုကို မကြိုက်ကြောင်း သူ သိသည်။

"ကျွန်တော် သွားတော့မယ်"
 

Tang Feng လှည့်ပြီး ထွက်သွားတော့မည်။ တခြားလူတွေအားလုံးက တံခါးဝကို ရောက်နေပြီ။ Lu Tian chen ရုတ်တရက်ထလာပြီး တံခါးကို သော့ခတ်လိုက်တယ်။

"ခင်ဗျား ဘာလုပ်နေတာလဲ?"

 တံခါးလက်ကိုင်ကို နှစ်ကြိမ်လှည့်ဖွင့် ဖို့ ကြိုးစားခဲ့ပေမယ့် မဖွင့်နိုင်ခဲ့ဘူး။ Tang Feng က ကဲ့ရဲ့ပြီး Tian chen ကိုပြောလိုက်သည်။

  "ဒီစေ့စပ်ပွဲက လုံလောက်တယ်လို့ မထင်ဘူးလား?"

 Lu Tian chen က   သူ့လက်နှစ်ဖက်ကို ကိုင်ထားပြီး တံခါးနားမှာ ရပ်လိုက်ပြီး တည်ကြည်စွာပြောလိုက်သည်။

 "ငါ စိတ်ပြောင်းသွားပြီ။ ငါ မင်းကို ရဖို့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ"
 

သူ မှန်းတာ မှန်တာပဲ....

ထိုစကားကို ကြားလိုက်ရပြီးနောက် Tang Feng ၏ ရင်ဘတ်ကြီးက မီးတောက်သွားသလို ခံစားလိုက်ရ သည်။

"ထမင်းကို လက်လွှတ်စပယ် စားလို့ရတယ်၊ စကားကို လက်လွှတ်စပယ် ပြောလို့မရဘူး။ ခင်ဗျား က ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူလို့ ကျွန်တော်ကအမြဲတွေးခဲ့တယ်။"


 အရင်က ဘာဖြစ်တာလဲ ဟား.....။ ကစားနေတယ်လို့ ခံစားခဲ့ရပေမယ့် Lu Tian Chen အခုလို ပြောလိုက်မယ်ဆိုရင် ဘယ်သူမှ ပျော်မှာမဟုတ်ဘူး။

နုတ်ထွက်တယ်လို့ ပြောတဲ့အခါ၊ နုတ်ထွက်ပြီး ပြန်ပါချင်တယ်လို့ ပြောတဲ့အခါ သူက ပြန်လာတယ်။ ဘာကြောင့် Lu Tian chen က သူ့ထင်မြင်ချက်ကို မမေးတာလဲ။

 "ဟင့်အင်း...ကျွန်တော် သဘောမတူဘူး။"


Tang Feng က ပြတ်ပြတ်သားသားပြောခဲ့သည်။

 "  ပြန်ပါချင်တာပဲက ခင်ဗျား ကိစ္စပဲ။ ဒါပေမယ့် ခင်ဗျားကို  လက်ခံဖို့ ငြင်းပယ်တာက ကျွန်တော့် ကိစ္စပဲ။ "  

"အရင်က ငါ နုတ်ထွက်မယ်လို့ ပြောခဲ့ပေမယ့် ငါ တစ်သက်လုံး နုတ်ထွက်မယ်လို့ မပြောခဲ့ဘူး "  
 

Tang Feng က အသက်ပြင်းပြင်းရှူပြီး တံခါးကို စိုက်ကြည့်ရင်း Lu Tian chen ကို စိုက်ကြည့်လိုက်သည်။

 " ဒါဆို နုတ်ထွက်တာက ခဏတဖြုတ်ပဲလို့ ခင်ဗှား အခုပြောချင်နေတာလား။ အဲဒီ အခါတုန်းက  ခင်ဗျား ဘာလို့အဲ့လိုမပြောခဲ့တာလဲ ဒါမှမဟုတ် ဆက်ဆံရေးတစ်ခုက ဂိမ်းတစ်ခုလို့  ထင်ခဲ့တာလား။ ဆက်သွားမယ်၊ ခဏရပ်မယ်ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်သလို အခုလည်း ဒီဆက်ဆံရေးကို ရပ်ချင်တဲ့အခါ ရပ်လိုက်၊ ပြန်ဆက်ချင်တဲ့အခါ ပြန်ဆက်လိုက်နဲ့ လုပ်နိုင်တယ်လို့ ခင်ဗျား ထင်နေတာလား။  "  

Lu Tian chen က အဲဒီ လူငယ်လးရဲ့ လက်ကို ဆွဲ ပြီး "မင်း စိတ်ဆိုးတယ်။ "   ဟုပြောလိုက်သည်။

Tang Feng က သက်ပြင်းချလိုက်ပြီး Lu Tian chen ၏လက်ကို တားဆီးရန် သူ့လက်ကို ပင့် မြှောက်လိုက်သည်။

 "တံခါးဖွင့်ပြီး ကျွန်တော့်ကို အပြင်ထွက်ခွင့်ပြုပါ။ ကျွန်တော့်ကို ဒီမှာထားပြီး ခင်ဗျား ဘာလုပ်ချင်တာလဲ"

"မင်းရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ကို ငါသိတယ်၊ ငါ့ရဲ့အသေးစိတ်အချက်အလက်တွေကို မင်းသိသင့်တယ်ထင်တယ်။ "  

Lu Tian chen က သူ့ဇာတ်လမ်းတစ်ခုလုံးကို ပြောပြချင်ခဲ့တာပဲ။

Tang Feng သည် ချက်ခြင်းပင် မျက်နှာအမူယာ ဆိုးရွားလာသည်။ တံခါးက မထွက်နိုင်တော့ဘဲ အခန်းထဲကို လျှောက်သွားပြီး အခန်းဝန်ဆောင်မှုကို ခေါ်ဖို့ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

 "နားမထောင်ချင်ဘူး။ "  

တစ်စုံတစ်ယောက်က သူ့အတွက် ဒီ တံခါးလာဖွင့်ပေးလိမ့်မယ်။

Lu Tian chen က လမ်းလျှောက်လာပြီး ဖုန်းလိုင်းကို ဖြုတ်လိုက်တယ်-

"ဒါက လူသတ်သမားမဟုတ်ဘူး၊ ဒါပေမယ့် အဲဒါက လူထုခေါင်းဆောင်နဲ့ ပိုတူတယ်။ "  

အိုး....ချီးပဲ... အဲဒါ ဘာလုပ်တာလဲ!

 Tang Feng က ဆိုဖာပေါ်မှာ ထိုင်ပြီး နားရွက်ကို အုပ်ပြီး ပြောလိုက်သည်။

 "ခင်ဗျား  ဒီလောက် တစ်ကိုယ်ကောင်းမဆန်လို့ မရဘူးလား။ ခင်ဗျား ဘာလုပ်ခဲ့သလဲဆိုတာ ကျွန်တော်  မကြားချင်ဘူး။ "  

Lu Tian chen က ဆက်လက်ပြောကြားခဲ့သည် -

"ငါတို့ ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်းစုတွေက အဖွဲ့အစည်းများစွာနဲ့  နိုင်ငံများစွာ သူဌေးတွေ ပါဝင်တာကြောင့် ထပ်တန်း စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေး အဖွဲ့ နှစ်ခုစလုံးက အရမ်းတင်းကြပ်ပြီး ရှေးရိုးဆန်တယ်။ ဒီအကြောင်းကို ပြင်ပက လူတွေ မသိနိုင်ဘူး။ အနည်းဆုံး လူတွေအမြင်မှာ ငါတို့ အားလုံးက တကယ့်ကို လေးနက်တဲ့ စီးပွားရေးသမားတွေဖြစ်တယ် "  
 

အပြင်ကလူတွေ မသိနိုင်လို့ မပြောသင့်ဘူး။ အခု သူ သိသွားပြီ မဟုတ်လား။

Tang Feng က ပလပ်ဖြုတ်ထားသောဖုန်းကို ချလိုက်သည်။

သူ့ပါးစပ်ထောင့်က တွန့်ကုတ်ကာ မကျေနပ်ကြောင်းပြနေပေမယ့် Lu Tian chen က ရပ်တန့်ဖို့ မရည်ရွယ်ခဲ့ပေ။

  "ရိုးရှင်းစွာ ပြောရရင်၊ ငါတို့ လုပ်ငန်းဟာ နိုင်ငံ့ပေါင်းစုံက အစိုးရတွေ ဒါမှမဟုတ် အထူးအဖွဲ့အစည်းအချို့ ကိုယ်တိုင်ကိုယ်ကျ မဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်တယ်။ ဒေသတစ်ခုမှာ  တပ်ဖွဲ့ဝင်အရေအတွက်အတော်များများရှိတယ်။ ဒါကြောင့် တခုခု လိုအပ်လာတဲ့သူတွေက ငါတို့ကို ။   အကူအညီတောင်းနိုင်တယ်။ ငါတို့က အခကြေးငွေရပြီး   အဖွဲ့ဝင်တွေကို ဌားရမ်းပေးတယ် "  
 

ရံဖန်ရံခါတွင် လုပ်ကြံသတ်ဖြတ်မှုအချို့ကို လုပ်ဆောင်ရသော်လည်း ထိုသို့သောအမှုချည်းတော့ မဟုတ်ပါ။

"ဒီကမ္ဘာမှာ ကြေးစားအဖွဲ့အစည်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ "  

Tang Feng သည် သူ၏နဖူးကို လက်ဖမိုးဖြင့်  ညင်သာစွာ ပွတ်သပ်ကာ ပြန်ပြောခဲ့သည်။

သူကောလိပ်တက်စဉ်က အမေရိကန်အစိုးရမှ တစ်စုံတစ်ဦးသည် အထူးကိုယ်စားလှယ်အဖြစ်  ရွေးချယ်ရန် သူတို့၏အတန်းသို့ ရောက်ရှိလာသည်ကို မှတ်မိသေးသည်။ ရုပ်ရှင်ထဲနှင့် မတူဘဲ၊ အထူးအေးဂျင့်များသည် ချောမောသော ယောက်ျား မိန်းမများမဟုတ်ကြသော်လည်း တစ်ဦးစီသည် သာမန်ဖြစ်ရမည်၊ လူအုပ်ထဲတွင် ရောနှောနေလည်း အလွယ်တကူ မသိနိုင်သော လူများဖြစ်နေသည်။
 

ရံဖန်ရံခါတွင် အချို့သောအဖွဲ့အစည်းများသည် သူတို့ထံသို့ ကုန်ပစ္စည်းလက်ကမ်းစာစောင်များ ပေးပို့ သလို အဖွဲ့အကြောင်း ပေးပို့ကြသော်လည်း ကြေးစားလုပ်ရန် အမှန်တကယ်ဝင်ရောက်လာကြသော သူတွေက နိုင်ငံအသီးသီးမှ စစ်မှုထမ်းဟောင်းများ ပိုများသည်။

လူတိုင်းက ကိုယ်တွက် အကောင်းဆုံးအရာတွေကို လုပ်ရတာ ကြိုက်တယ်။ စစ်မှုထမ်းသက်တမ် းကုန်သွားသော စစ်သားအများအပြားသည် အငြိမ်းစားယူပြီးနောက် သင့်လျော်သော အလုပ်တစ်ခုကို မရှာဖွေနိုင်သောကြောင့် ကြေးစားအဖြစ်ရွေးချယ်လိုက်ကြသည်။ သူတို့ အလုပ်ရှင်ခိုင်းတာကို လုပ်ပြီးနောက် သာမန် အလုပ်ထက် ပိုများတဲ့ ငွေကို ရနိုင်ခဲ့သည်။
 

"ကောင်းပြီ၊ ခင်ဗျား အခု ဘာလုပ်နေလဲ ကျွန်တော် သိသွားပြီ။ အခု ကျွန်တော် ထွက်သွားလို့ရမလား?" Tang Feng က ယဉ်ယဉ်ကျေးကျေး မေးသည်။

"ငါ မင်းကိုနမ်းလို့ရမလား?" Lu Tian chen က မျက်နှာ တချက် မပြောင်းဘဲ ပြောလိုက်သည်။

"မရဘူး...ဟင့်အင်းပဲ!"

Tang Feng က ပြောပြီးတာနဲ့ Lu Tian Chen က သူရှေ့ကို ချက်ချင်းရောက်လာသဖြင့် သူက ခေါင်းကို အလျင်အမြန် ငုံ့ပြီး "ဟေး!" ဟုပြောလိုက်ပေမယ့်  နူးညံ့သော နွေးထွေးမှုက သူ့ပါးပြင်ကို အသာလေး ဖြတ်သွားသလို ရေခဲတုံးကြီး Lu က Tang Feng ကို ဖြူစင်ရိုးသားစွာ  နမ်းလိုက်သည် ။

"ချားလ်စ်လို လူဆိုးကို မင်း  ဘယ်လို သဘောကျရတာလဲ!"

တစ်စုံတစ်ယောက်ရဲ့ အနမ်းကြောင့် သူ၏ပါးပြင်ပေါ်မှ ပြင်းထန်စွာကျန်ခဲ့သော အပူချိန်ကို လက်နှင့်ပွတ်ကာ  ဖယ်ရှားလိုက်ရရင်း Tang Feng သည် ဆိုဖာပေါ်မှထကာ ဒေါသတကြီး ပြောလိုက်သည်။

"တံခါးဖွင့်... Lu Tian chen!"

"  မင်းက Charles နဲ့ ငါနဲ့ အတူတူရှိချင်လား။  "  

Lu Tian chen က ရှေ့ကို လှမ်းပြီး အဲဒီလူငယ်လေးဆီကို ချဉ်းကပ်သွားပြီး တစ်ယောက်နဲ့တစ်ယောက် မျက်လုံးတွေကို ဆုံ ကြည့်ပြီး မေးလိုက်သည်။

 "ဒါဆို ငါတို့ အတူတူနေကြမယ်လေ "  

 ... Lu Tianchen ရဲ့အခန်းကနေ Tang Feng က ထွက်လာပေမယ့် အဲဒီလူပြောခဲ့တာကို တွေးနေတုန်းပဲ။

သူတို့သုံးယောက်ကြားက ဆက်ဆံရေးက အမြဲတမ်း ရှုပ်ထွေးနေတာ မဟုတ်ဘူးလား။ Lu Tianchen က သူတို့ သုံးယောက် အတူတူ ရှိနေနိုင်တယ်လို့ ပြောတဲ့အခါ Tang Feng က သူကြားတာ မှားတယ်လို့ ထင်နေမိတယ်။ ဒါမှမဟုတ် Lu Tianchen က သူ့ကို ထပ်ပြီး လှည့်စားနေသလိုပဲ။
 

ဒါဆို နုတ်ထွက်ဖို့ ဘာကြောင့် ပြောတာလဲ။

Lu Tian chen က သူပြောခဲ့ပြီးတ ာကို မေ့ပစ်ရန် စိတ်ပိုင်းဖြတ်ထားပြီးပေမယ့် ဘာကြောင့် ခုလို နောက်ပြန်လှည့်လာတာလဲ။   သူက ရင့်ကျက်တယ်၊ ဆင်ခြင်တုံတရားရှိပြီး အတွေ့အကြုံကြွယ်ဝတယ်။

လူတွေရဲ့ ခံစားချက်တွေကို ရေပိုက်ခေါင်း တစ်ခုလို အဖွင့်အပိတ်လုပ်လို့ရရင် ဒါဟာ ရှေးခေတ်ကတည်းက ဇာတ်လမ်းရေးသားသူတွေက အချစ်က လုပ်ယူလို့ မရဘူးဆိုတဲ့   ဆောင်ပုဒ် ပေါ်လာမှာ မဟုတ်ဘူး။ အသက် 50 သို့မဟုတ် 60 ပြည့်ပြီးသောသူများပင်လျှင် အချစ် သမုဒ္ဒရာထဲတွင် ကူးခတ်နေကြဆဲဖြစ်ပြီး သူသည် သာမန်လူဟု မဆိုလိုပေ။

လူတစ်ယောက်အပေါ် ကိုယ့်ခံစားချက်ကို  ရင်းနှီးမြုပ်နှံပြီးနောက် အဲ့လူက မင်းရဲ့ဘေးကနေ နူတ်ထွက်ပြီလို့ ပြောပြီး ထွက်သွားတာကို အလွယ်တကူ လက်ခံလို့ မရနိုင်ပေ။
 

သေစမ်း.... Lu Tian chen ဆိုတဲ့ကောင်....

Tang Feng အခန်းထဲပြန်ရောက်တော့ Charles က ဘောင်းဘီရှည်ဝတ်နေဆဲ့ဖြစ်ပြီး ဘောင်းဘီက ဒူးလောက်ရောက်နေသည်။ လူနှစ်ယောက်၏ မျက်လုံးများသည် လေထဲတွင် ဆုံသွားကာ Tang Feng ချက်ချင်း ရယ်မောလိုက်သည်။

"ခင်ဗျား ဘယ်သွားမလို့လဲ?"

 Tang Feng သည် အပြင်ဘက်ကနေ Charles ၏ ကြီးကျယ်သောရုပ်တုအသွင်ပုံစံကို မမြင်ရစေဖို့ တံခါးကိုပိတ်လိုက်သည်။

"မင်းချန်ထားခဲ့တဲ့ မှတ်စုကို ငါ မြင်လို့ ချန်မင်ရွှိက မင်းကို အရိုးသားမကျန် စားပစ်မှာကို စိုးလို့ သူ့ကို ရိုက်ဖို့ ငါ အပြေးလာမလို့ "

ဒီလိုပြောပြီးနောက် ချားလ်က Tang Feng အခန်းထဲ ဝင်လာတာ တွေ့လို့ ဝတ်လက်စ သူ့ဘောင်းဘီကို  ချွတ်လိုက်တော့သည်။


*********-********

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Donde viven las historias. Descúbrelo ahora