Chapter (48): -ဆုံးဖြတ်ချက် သုံးခု

784 105 1
                                    

Chapter (48): -ဆုံးဖြတ်ချက် သုံးခု


Lu Tian chen နဲ့ Charles ကို မခေါ်ဘဲ Tang Feng သည် Robert နှင့် သဘောတူထားသည့်နေရာကို တစ်ယောက်တည်း တက္ကစီစီးကာ ထွက်လာခဲ့သည်။

"ဒီမှာ။"

စားသောက်ဆိုင်ငယ်လေးကို ရောက်သွားတဲ့ Robert က Tang Feng ကို ပြုံးပြီး လက်ယပ်ခေါ်လိုက်သည်။

"တောင်းပန်ပါတယ် လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေရှိနေလို့ ကြာသွားခဲ့တယ်။ ခင်ဗျား ရောက်နေတာ  ဘယ်လောက်ကြာပြီလဲ" Tang Feng အမြန်လျှောက်သွားလိုက်သည်။

"ထိုင်ပါ၊ ငါလည်း အခုလေးတင် ရောက်လာတာ...."

ရောဘတ်သည် ဖုံးကွယ်ရန်မရည်ရွယ်ဘဲ ပြုံးလျက်ပြောသည်။

 "ကောင်းကင်ဘုံရဲ့ သားေတော်" ထဲတွင် ပါဝင်ရန် Tang Feng ကို အကြံပြုထားသည့် အကြီးအကဲက   စကားစမြည်ပြောဆိုရာတွင်  အစကတည်းက  တောင်းပန်ခဲ့သည်။

ရောဘတ်က ကူကယ်ရာမဲ့စွာပြောခဲ့သည်– "စိတ်မကောင်းပါဘူး၊ ဒီလို ဖြစ်သွားလို့ ငါလည်း အရမ်းဝမ်းနည်းပါတယ်။"

"ရောဘတ်၊ ဒီလို မေးရတာ နည်းနည်းတော့ စော်ကားရာ ကျတာ ကျွန်တော် သိပေမယ့် ခင်ဗျာညူ ကျွန်တော့်ကို   အမှန်အတိုင်း ပြောပြနိုင်မလား"
Tang Feng က စိတ်ရင်းမှန်ဖြင့် မေးလိုက်ပြီး စားပွဲပေါ် လက်တင်လိုက်သည်။

Lu Tian chen ထံမှ အချက်အလက်အချို့ကို ရရှိခဲ့သော်လည်း ရုပ်ရှင်ကုမ္ပဏီ၏ ရည်ရွယ်ချက်ရှိရှိ သူ့ကို နှိမ့်ချကာ လုပ်ရသည့်   ရည်ရွယ်ချက်မှာ သူနှင့် စာချုပ်ကို ဖျက်သိမ်းရန်ဟု ထင်ကြေးပေးခဲ့ကြသော်လည်း Tang Feng သည် ထုတ်လုပ်သူ၏ ရည်ရွယ်ချက်အမှန်နှင့်   Robert ၏ပါးစပ်မှ ကြားသိရန် မျှော်လင့်နေ ဆဲဖြစ်သည်။

သူ့မှာ လိင်တူချစ်သူရှိလို့လား ဒါမှမဟုတ် အကျိုးစီးပွားတစ်ခုခုကြောင့်လား။

"မင်းဟာ အမြဲတမ်း ထက်မြက်တဲ့သူပါ။ ငါတို့ စစချင်း စကားပြောကတည်းက မင်းဟာ တခြားသူတွေနဲ့ မတူသလို မင်းရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ အကြံဉာဏ်တွေ ရှိတယ်လို့ ငါ ခံစားခဲ့ရတယ်။ အမှန်တော့၊ မင်းက "Heavenly Son" ဇာတ်ကား အတွက် အကောင်းဆုံးမင်းသားလို့  ငါ အမြဲယုံကြည်ခဲ့ပေမယ့် ကံမကောင်းစွာပဲ ငါဟာ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ချသူတော့ မဟုတ်ခဲ့ဘူး။"

Robert ၏စကားများသည် Lu Tian chen ၏ပြောဆိုချက်ကိုအတည်ပြုနေပုံပေါက်သည်။

"သူတို့ရဲ့ မိုက်မဲတဲ့ ဆုံးဖြတ်ချက်ချတာကို ငါ မတားနိုင်တဲ့အတွက် တကယ့်ကို  ရှက်မိတယ်၊   ငါ အရမ်းစိတ်ဆိုးခဲ့ပေမယ့်  ငါ့ရှေ့မှာ Company အကျိုးအတွက် လို့ လူကြားကောင်းအောင် ဟစ်ပြီး ကိုယ်ရေးကိုယ်တာ မလိုမုန်းထားမှုလုပ်နေသူတွေကို ငါ ဘာမှ မတားဆီးနိုင်ခဲ့ဘူး "  

 သက်ပြင်းချကာ ရောဘတ်က တည့်တည့်ပြောပြီး တောင်းပန်ခဲ့ပြန်သည်။

 "တောင်းပန်ပါတယ် ထျန်း"

"ဟင့်အင်း...ဒါက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး၊ ကျွန်တော့်တို့ ဆက်လက်ပြီး ပူးပေါင်း ရိုက်ကူးခွင့်မရတာ နှမျောစရာပါပဲ"

ကိုယ့်နားနဲ့ အတည်ပြုထားတဲ့ အချက်အလက်တွေကို ကြားလိုက်ရတော့ Tang Feng ဟာ အရမ်းဝမ်းနည်းသလို ခံစားလိုက်ရသည်။

"Heavenly Son" ရုပ်ရှင်မှာလည်း သူ့နှလုံးသားတစ်ခုလုံးရင်းကာ ရိုက်ကူးခဲ့ရသည်။
  အစကတည်းက သူသည် ဇာတ်ကြောင်းကို ဖတ်လိုက်ကတည်းက ထိုဇာတ်လမ်းထဲက     ရုပ်ရှင် ဧကရာဇ်ထျန်းက သူ့ယခင် ဘဝက ဖီးနစ်ထျန်းနှင့် ဆင်တူကြောင်း တွေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် သူသည် ရောဘတ်နှင့် ဒါရိုက်တာနှင့် ဇာတ်ကြောင်းကို မည်သို့အဓိပ္ပာယ်ပြန်ဆိုရမည်ကို ဆွေးနွေးခဲ့သည်။

ဒါက ဟောလိဝုဒ်မှာ သူ့အဆင့်အတန်းကို မြှင့်တင်ပေးတဲ့ ရုပ်ရှင်ဖြစ်သည်။ ဒီဇာတ်ကားရဲ့ နောက်ဆက်တွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်ခဲ့သည်။  သူက  ရုပ်ရှင်ဝန်ထမ်းများနှင့်လည်း ကောင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း   မမျှော်လင့်ဘဲ ဆိုင်းငံ့ထားခဲ့ရသည်။

ထုတ်လုပ်သူ၏ ငြင်းပယ်မှုနှင့် တမင်အရှက်ရအောင် အရှက်ခွဲခြင်းတို့ကို  Tang Feng မထင်မှတ်ဘဲ ရင်ဆိုင်လိုက်ရသည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ "Heavenly Son" ဇာတ်ကား၏နောက်ဆက်တွဲ ဇာတ်ကားထဲတွင်   Tang Feng ကို အသုံးမပြုတော့သည့် သတင်းများထွက်ပေါ်ခဲ့ပြီး ရလဒ်အတိအကျကို ချက်ချင်း ထုတ်ပြန်မည် မဟုတ်သော်လည်း ထိုသို့ ငြင်းပယ်လိုက်ခြင်းက  Tang Feng ကြောင့်ဖြစ်ကြောင်း မီဒီယာများတွင် အမှုဆောင်အရာရှိများက ဖော်ပြခဲ့သည်။ နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်ခြင်းကို ရုပ်သိမ်းရသည့် အဓိက သရုပ်ဆောင်ကြေးဘက်ကို သတင်းထောက်များ အာရုံမရစေရန် ထိုအကြောင်းပြချက်ကို ထုတ်ပြောခဲ့ကြသည်။

အဆက်အသွယ်များစွာရှိသည့် အမေရိကမှာ ထုတ်လုပ်ရေး Company အလုပ်ဆောင် အရာရှိများနှင့်   နှိုင်းယှဉ်ပါက Tang Feng သည်  နိုင်ငံခြားသား သရုပ်ဆောင်တစ်ဦးဖြစ်ပြီး စကားပြောခွင့်မရှိသလို မီဒီယာအပေါ် သြဇာလွှမ်းမိုးမှုလည်း ကင်းမဲ့နေသေးသည်။

  "သူတို့ရဲ့အမြင်အရတော့ ကျွန်တော်ဟာ သာမန်အရှေ့တိုင်းက လာတဲ့ မင်းသားတစ်ယောက်ပါ။ ဒီရုပ်ရှင်ဟာ အခုဆိုရင် ကမ္ဘာတစ်ဝှမ်း Box Office မှာ အမေရိကန်ဒေါ်လာ သန်း 500 ရရှိထားပြီး ပရိသတ်အပေါ် လွှမ်းမိုးမှုများစွာရှိနေတယ်။ 007 ဇာတ်လမ်းတွဲတွေဆိုရင်  သရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတွေနဲ့ အမြဲတမ်းပြောင်းလဲနေသလိုပါပဲ။ ရုပ်ရှင်အပေါ် သရုပ်ဆောင် တစ်ယောက်တည်းရဲ့ လွှမ်းမိုးမှု သိပ်မရှိစေချင်တာကြောင့် ရုပ်ရှင်မှာ ပါဝင်ဖို့ အာရှတိုက်က မျက်နှာသစ် သရုပ်ဆောင်ကို ရှာချင်လို့ပါဆိုပြီး ပြောနေတယ်။"

"သူခိုးက လူပြန်ဟစ်"  ဆိုသလို သူတို့ဘက်က လက်ရှိ ပြောဆိုနေသည်နှင့် ပတ်သက်၍ အနည်းငယ်စိတ်ပျက်နေသည့် Tang Feng သည် သတင်းစာကို ချလိုက်ရုံမှ တပါး ဘာမှ မတတ်နိုင်တော့ပေ။

ပူးပေါင်းဆောင်ရွက်ခြင်း ရှိ၊ မရှိကို သူ ထိန်းချုပ်၍မရသလို Lu Tian chen သို့မဟုတ် Charles လည်း ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်ပေ။ ကမ္ဘာကြီးက ကြီးလွန်းပြီး လူတွေက သေးလွန်းတယ်။ ငွေကြေး သို့မဟုတ် အာဏာရှိလျှင်ပင် ကိုယ် ဝင်ရောက်မစွက်ဖက်နိုင်သော နေရာများရှိနေသေးသည်။

 ဒီလိုဖြစ်တော့ စိတ်မဆိုးဘူးရယ်တော့ မဟုတ်ပေ။ ဒီလောကမှာ မြစ်ကိုဖြတ်ပြီး တံတားကို ဖြိုဖျက်မယ့်သူ မရှိသည်တော့ မဟုတ်ပေ။


"  လက်တုန့်ပြန်ဖို့ နည်းလမ်းမရှိတော့ဘူး။ ကိုယ် ထုတ်လုပ်သူနဲ့ အကြိမ်ပေါင်းများစွာ စကားပြောခဲ့ပြီးပြီ၊ ဒါပေမယ့် တဖက်လူရဲ့ သဘောထားက အရမ်းခိုင်မာတာကြောင့် ထုတ်လုပ်သူဟာ အာရှမှာ "Heavenly Son"  ရဲ့ နောက်ဆက်တွဲမှာ သရုပ်ဆောင်တွေကို စတင်ရှာဖွေနေပြီလို့ ကြားသိရတယ်။"

   "ဒါက သူတို့ရဲ့ ဆုံးရှုံးမှုပဲ၊ လူတိုင်းက ရှင် လုပ်သလို မစွမ်းဆောင်နိုင်ပါဘူး"  ရှောင်ယုက သက်တောင့်သက်သာနဲ့ ပြောခဲ့သည်။


"ဒါဟာ နှစ်သိမ့်မှု သက်သက်မဟုတ်ဘူး၊ ရှောင်ယု တွေးနေတာပါပဲ။ နှစ်စဉ်နှစ်တိုင်း သူရဲကောင်းဆန်တဲ့ ဇာတ်ကားတွေ အများကြီး ရှိပေမယ့် ဒီနှစ်မှာတော့ Gino နဲ့ Tang Feng ကသာ ပိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားနှစ်ကားကို ရိုက်ကူးခဲ့တယ်။ အထူးသဖြင့် "Heavenly Son" မှာ ပါဝင်ထားတဲ့ ထျန်းဖုန်းအပေါ် အနောက်နိုင်ငံက လူတွေက အထင်မကြီးပေမယ့် ရလဒ်က အကောင်းဆုံးထွက်ခဲ့တယ် "

ကောင်းမွန်သော Box Office  ရုံတင်ဝင်ငွေ တစ်ခုတည်းနဲ့တောင်   ရုပ်ရှင်၏ အရည်အသွေး ကောင်းမွန်မှုကို ပြောနိုင်သည်။ နောက်ဆက်တွဲ ဇာတ်ကားလည်း ပထမ ဇာတ်ကား အရှိန်နဲ့ သေချာပေါက် အမြတ်စွန်းရလိမ့်မည် ဖြစ်သည်။
 

"Heavenly Son" သည် Tang Feng ကို တကယ်နာမည်ကြီးစေသည်ဟု အချို့ကပြောကြသော်လည်း Tang Feng သည် ပရိသတ်အခြေခံ မရှိဘဲ အဘယ်ကြောင့် ဒီလိုဇာတ်ကားကို မဖန်တီးခဲ့တာလဲ။
 အခြားသူများနှင့်အစားထိုးလိုက်တဲ့အခါ ဒီနေ့လို အောင်မြင်မှုရလိမ့်မယ်လို့ ထုတ်လုပ်သူတွေက တကယ်ထင်ထားတာလား....
ရှောင်ယုက တစ်ဖက် Companyက အခုလို လုပ်လိမ့်မည်ဟု မထင်ထားလို့  အခုတော့ သူတို့ အကူအညီမဲ့ဖြစ်နေပါပြီ။

  အကျိုးစီးပွားကြောင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းမပြုနိုင်တာက  ဖြစ်ရိုးဖြစ်စဉ် ဆိုပေမယ့် အခုတော့  ကိုယ်ရေးကိုယ်တာ ချို့ယွင်းချက်ကြောင့်၊ သူတို့ဘက်က လက်မခံနိုင်တော့သဖြင့် ထျန်းဖုန်ကို ထုတ်ပယ်လိုက်ပါသည်ဟု မီဒီယာများရှေ့ နာမည်ဖျက်ကာ ပြောသွားခဲ့သည်။

   ဟောလိဝုဒ်၏ ဇာတ်လမ်းများတွင် တရုတ်လုူမျိုး များ ပါဝင်သရုပ်ဆောင်ခွင့်ရသည့် ရုပ်ရှင်များက   အနည်းငယ်မျှသာဖြစ်ပြီး ယခုအခါ စာချုပ်ဖျက်ပြီးနောက် ထျန်းဖုန်းကို ဌားမည့် ထုတ်လုပ်သူများ နည်းပါးလာမည်ဖြစ်သည်။  

Tang Feng နဲ့ ပူးပေါင်းချင်တဲ့အခါ တခြားရုပ်ရှင်တွေမှာလည်း ထိုအချက်ကို အများကြီး စဉ်းစားသွားကြလိမ့်မည်။

"ဒီလို ကုမ္ပဏီက ရည်ရှည် လက်တွဲလို့ကောင်းတဲ့ လုပ်ငန်း မဟုတ်ပါဘူး၊ အချစ် သူတို့ကြောင့် စိတ်အနှောက်ယှက်အဖြစ်မခံနဲ့။    ရုပ်ရှင်တစ်ကားမှာ ရင်းနှီးမြုပ်နှံပြီး သူတို့နဲ့ အလုပ်တွဲလုပ်ဖို့ ပိုက်ဆံထုတ်လိုက်တာနဲ့ သူတို့ လေသံတွေ ချက်ချင်းပြောင်းသွားမှာ  သေချာတယ်။"

 Charles သည် သူ၏ကြွယ်ဝသော စကားလုံးများဖြင့် တရစပ်ပြောခဲ့သည်။

"အမေရိကန်က ဟောလိဝုဒ်မှာ ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခု ထက်မက ရှိတယ်။ တရုတ်ပြည်မကြီး ဈေးကွက်ဖွင့်ဖို့ ကြိုးစားနေချိန်မှာ ရုပ်ရှင်ကုမ္ပဏီများစွာနဲ့ ပူးပေါင်းဖို့ ကိုယ်တို့ ရွေးချယ်နိုင်ပါတယ်။"

Lu Tian chen သည် ယင်းအကြောင်းကို တွေးပြီး သူ့ကိုယ်ပိုင်အမြင်များကို တင်ပြခဲ့သည်။

ရုပ်ရှင်လောက်မှာ ဗဟုသုတ မရှိတဲ့ လူပြိန်းတစ်ယောက်ဖြစ်တဲ့ Charles နဲ့ ယှဉ်ရင် Lu Tian chen ဟာ ဖျော်ဖြေရေးနယ်ပယ်အကြောင်း ပိုသိသည်။
 
"မင်းမှာ ပိုက်ဆံရှိရင် ရင်းနှီးမြှုပ်နှံလို့ရတယ်၊ ဒါပေမယ့် ပြဿနာက ရုပ်ရှင်တစ်ကားမှာ ရန်ပုံငွေတင်မကဘဲ ပရော်ဖက်ရှင်နယ် အဖွဲ့လိုက်လုပ်ဆောင်မှုလည်း လိုအပ်တယ်၊ အဲဒါတွေက ရုပ်ရှင်ထုတ်လုပ်ရေးမှာ အဓိက ပြဿနာတွေပဲ"

Tang Feng က Charles  အား တမင်တကာ ပြောခဲ့သည်၊

အခုတော့ သူ ဒီမှာ ဇာတ်ကာ းဆက်ရိုက်ဖို့က လုံးဝ ပြီးသွားသည် ။နောက်ဆက်တွဲ လူသိရှင်ကြားနှင့် ကြေငြာပြီး ထုတ်ဝေသူ အသစ်နဲ့ ဇာတ်ကား ရိုက်ကူးလျှင်ပင်   ဟောလီးဝုဒ်တွင် ခြေကုတ်ယူနိုင် ခြင်းမရှိပါက၊ အကောင်အထည်ဖော်ရန် များစွာခက်ခဲလိမ့်မည် ။

"ပိုက်ဆံရဖို့ အမြန်ဆုံးနည်းကို  ငါသိတယ်၊ ဒါပေမယ့် ရုပ်ရှင်ထုတ်လုပ်ဖို့ဆိုရင်  ရုပ်ရှင်သွားကြည့် တာလောက်ပဲ ကိုယ် သိတယ်။"

 ချားလ်စ်က ဒီကိစ္စမှာ သူ့ရဲ့အားနည်းချက်တွေကို ဝန်ခံခဲ့သည်။

Lu Tian chen က "မင်းက အနုပညာရှင်ကို စားတဲ့ပုံကိုလည်း သိတယ်။"

"ဒါက အရင်တုန်းက ဇာတ်လမ်းတွေကွ... မင်းက ဒီလိုတွေနဲ့ မပတ်သတ်ပဲ အရမ်းသန့်တယ်လို့ မပြောနဲ့။ "

Charles က Lu Tian chen ရဲ့ အောက်ဖဲတွေကို ချက်ချင်းလှန်တော့သည်။
 

"ကောင်းပြီ ။ စကားများတာ တော်တော့"

Tang Feng သူ့လက်ကို ဆန့်ကာ တားလိုက်ပြီး ခဏလောက် စဉ်းစားပြီး သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ချခဲ့တယ်။

"ကျွန်တော် ခင်ဗျား ကို ပြောစရာ နည်းနည်းရှိတယ်"

 Tang Feng က Lu Tian chen ကိုမေးလိုက်သည်။

 "အခု Tianchen Entertainment က ခင်ဗျား လက်ထဲမှာရှိနေပြီ မဟုတ်လား"

 "အင်း..."

"ကောင်းပြီ၊ ပထမဆုံးအနေနဲ့ ကျွန်တော် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ချင်တယ်။"

Tang Feng သည် လုထျန်းကျီ ကဲ့သို့ တစ်စုံတစ်ရာကို ရုတ်တရက် ပြန်မလိုချင်ပေ။

"ကောင်းပြီ"

Lu Tian chen ကလည်း ရိုးရှင်းစွာပင် ပြောခဲ့သည်။  မည်သို့ပင်ဆိုစေကာမူ ယခုတော့ သူနဲ့ ထျန်းဖုန်းက အတွဲတွေ ဖြစ်နေပြီ။.   အထက်အရာရှိနှင့် လက်အောက်ငယ်သားများကြား  ဆက်ဆံရေးက  ပျောက်ဆုံးနေပြီး သူတို့ကြား သမီးရည်းစား ချစ်ခြင်းမေတ္တာပဲ ရှိတော့သည်။

Tang Feng က ဒုတိယအချက်ကို ဆက်ပြောလိုက်သညင်။

 "ကျွန်တော်ကိုယ်တိုင် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ပြင်ဆင်ဖို့စီစဉ်ထားပြီး ဝန်ထမ်းတွေကို ကိုယ်တိုင်ရှာပါ့မယ်။ ခင်ဗျား ကုမ္ပဏီဆီက တစ်စုံတစ်ယောက်ကို ဌားယူလို့ရမလား၊ ခင်ဗျား သဘောတူလား"

 "မင်းလိုအပ်ရင် ဘယ်သူ့ကို မဆို ယူသွားလို့ရတယ်"

 ဘာပဲဖြစ်ဖြစ် Lu Tian chen က ဖျော်ဖြေရေးကုမ္ပဏီတွေနဲ့  ပိုက်ဆံမရှာပါဘူး။

"တတိယအချက်က..."

"Baby၊ မင်း ဆုံးဖြတ်ထားတဲ့အရာတွေ အများကြီးရှိနေတယ်၊ မင်း တခြားသူတွေကို မချစ်သရွေ့ ငါ လက်ခံနိုင်တယ်။"

  ချားလ်စ်က လက်ကို မြှောက်ကာ ပြောလိုက်သည်။

Tang Feng သည် Charles ကို တိုက်ရိုက် လျစ်လျူရှုခဲ့ပြီး သူ၏ ဆုံးဖြတ်ချက်များစွာက  Charles နှင့် မသက်ဆိုင်ပေ။

"အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ ဆက်သွယ်ဖို့ ဒါမှမဟုတ် အမေရိကန်မှာ ဖြန့်ချီဖို့ ရုပ်ရှင်တစ်ကားမှာ ရင်းနှီးမြုပ်နှံဖို့ မလိုအပ်ပါဘူး။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က ဟောလိဝုဒ်ကနေ ခေတ္တထွက်ခွာပြီး တရုတ်နိုင်ငံကို ပြန်သွားဖို့ပါပဲ။"

Tang Feng က သူ့လက်နှစ်ဖက်ကို ဖြန့်ပြီး ပြတ်သားစွာပြောလိုက်သည်။

"ကျွန်တော့်မှာ  ဒီဆုံးဖြတ်ချက် သုံးခုပဲရှိတယ်။"

" ဟောလိဝုဒ်မှာ မင်းရဲ့နေရာကို အခုမှ စတည်ထောင်ထားတာ။ သတင်းဆိုးတွေ နာမည်ပျက်တွေ ရှိပေမယ့်၊ ဒီမှာ နေ့တိုင်း သတင်းထဲပါလာတဲ့ အတင်းအဖျင်းတွေ အများကြီးရှိတယ်။ ကြာရင် လူတွေ မေ့သွားမှာပါ"

Lu Tian chen သည် Tang Feng ၏ဆုံးဖြတ်ချက်ကို သဘောမတူပုံမပေါ်ပေ။

 "ဒီအတိုင်း ထားခဲ့တာက အရင်ကြိုးစားမှုကို စွန့်လွှတ်လိုက်တာနဲ့ အတူတူပဲ။"

"အခု ဟောလိဝုဒ်မှာ ကျွန်တော် သရုပ်ဆောင်နိုင်တဲ့ ဇာတ်ကားတွေ အများကြီး မရှိဘူး။ သူတို့ဟာ ရုပ်ရှင်တစ်ကားမှာ တရုတ်လူမျိုး ဇာတ်ကောင်တွေ ဖြစ်မှ ကျွန်တော်က သရုပ်ဆောင်လို့ရမယ်၊ ဒါမှမဟုတ် ဘာမှ လုပ်ခွင့်မရှိတဲ့ ဇာတ်ပို့ ဇာတ်ကောင်တွေပဲ ဖြစ်တယ်။"

Tang Feng က ပြတ်သားစွာဖြင့် လုထျန်းချန်၏ မျက်လုံးတွေကို စိုက်ကြည့်ပြီး ခေါင်းယမ်းလိုက်တယ်။

"ကျွန်တော်  လိုချင်တာ က တကယ်ကို စိတ်ရောကိုယ်ပါ နှစ်ပြီး သရုပ်ဆောင်ခွင့်ရဖို့ပဲ။    လူတွေကို ကျွန်တော့်ရဲ့ အသားအရောင်၊ အသက်အရွယ်၊ ကျား၊မ ခွဲခြားမှုကို လျစ်လျူရှုနိုင်စေမယ့် ဇာတ်ကားမျိုးမှာ သရုပ်ဆောင်ချင်တယ်။ ဒီလိုဇာတ်ရုပ်လေးကို ဟောလိဝုဒ်မှာ မသေစေရဘူး။။ ကျွန်တော့်ကို ယုံပါ၊ ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ သိပါတယ်။"

Tang Feng က ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်တယ်။

 "ဟောလီးဝုဒ်က ကျွန်တော့်ကို စွန့်ပစ်ကတည်းက ဘာလို့ တရုတ်ကို ပြန်မလာနိုင်ရမှာလဲ။ဟောလိဝုဒ်နဲ့ ယှဉ်ရင် ပြည်တွင်းရုပ်ရှင် ထုတ်လုပ်စရိတ်က အရမ်းမကြီးဘူး။ လူတော်တော်များများရဲ့အမြင်မှာတော့   မြို့ထဲမှာ အလုပ်စွန့်ပြီး ကျဉ်းမြောင်းတဲ့ မွေးရပ်မြေကို ပြန်သွားသလိုမျိုး နိုင်ငံတကာ အဆင့်အတန်းကို စွန့်ပယ်ပြီး ပြည်တွင်းကို ပြန်ပြီး လုပ်နေတယ်လို့ မြင်ပေမယ့်  ဟောလိဝုဒ်မှာ ရုပ်ရှင်တွေရော၊ တရုတ်မှာပါ ကျွန်တော် သရုပ်ဆောင်နိုင်တယ်ဆိုတာ ပြချင်တယ်။"

Tang Feng မှာ သူ့ကိုယ်ပိုင် စိတ်ကူးတွေရှိတယ်။ ဟောလီးဝုဒ်မှာ ဘာမှ မရှိပေမယ့် အခု သူ့  အိမ်ဖြစ်တဲ့ တရုတ်ပြည်ကို ပြန်ရောက်တော့ အဆင့်အတန်းနဲ့ စကားပြောပိုင်ခွင့်မရှိဘဲ သာမန် သရုပ်ဆောင် တစ်ယောက်မဟုတ်တော့ဘူး။

"ကိုယ် ခြွင်းချက်မရှိ ထောက်ခံပါတယ်!" Charles က မဆိုင်းမတွ  ပြောလိုက်သည်။

ငတုံးဆိုတာ ဒါမျိုးကို ခေါ်တာ ထင်ပါရဲ့။ သူ ချစ်မိသွားရင် တစ်ဖက်လူ ဘာလုပ်လုပ် မျက်စိစုံမှိတ်ပြီး ထောက်ခံတော့တောပဲ။    ကံကောင်းထောက်မစွာ၊ Tang Feng က လုံလောက်အောင် ရင့်ကျက်မှုရှိလို့သာပေါ့။ မဟုတ်ပါက တစ်ဖက်လူအတွက် ချားလ်က သေချာပေါက် ပျက်စီးသွားမည်ဖြစ်သည်။

"ကောင်းတယ်။"

Lu Tian chen လည်း အပေးအယူလုပ်ရန်   ကန့်ကွက်ခဲ့သော်ငြား Tang Feng က သူတို့စကားကို နားမထောင်ဟု ခန့်မှန်းပြီး ဖြစ်သည်။

*****-****

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)حيث تعيش القصص. اكتشف الآن