Chapter (6) - zawgyi+unicode

6.4K 865 25
                                    

True Star – Volumn 3
Chapter (6) -

ဒီကနေ့ ဇိမ်ခံသင်္ဘောကြီးက Halong ပင်လယ်ကွေ့ကို ရောက်ရှိလာခဲ့တယ်။ ပင်လယ်ရေက အကြိမ်ကြိမ်ဆေးကြောထားခံရတဲ့ ကျောက်ပြားလို တဖိတ်ဖိတ်လက်ပြီး တောက်ပနေတယ်။ Halong ပင်လယ်ကွေ့ကို ဆီးမိုးနေတဲ့ တောင်ငယ်လေးတစ်လုံးကို တွေ့လိုက်ရတဲ့အခိုက် Tang Feng က Guilin ဒေသကိုရောက်နေတယ်လို့တောင် ထင်မိသွားတယ်။

သူတို့က Halong ပင်လယ်အော်မှာ တစ်ညအိပ်နှစ်ရက် နေကြမှာဖြစ်တယ်။ သူတို့က Halong ပင်လယ်အော်ကို နေ့လည်ပိုင်းမှာရောက်လာပြီး ဟိုတယ်စီစဉ်လိုက်တယ်။ ပြီးတော့ တရုတ်ပြည်ရဲ့တောင်ဘက်ဆုံး တောင်ပိုင်းပင်လယ်ဝါဒေသမှာ အထင်ရှားဆုံး ပင်လယ်ဆိပ်ကမ်းမြို့ Sanya ကို ထွက်ခွာလာခဲ့ကြတယ်။

Tang Feng နဲ့ Lu Tian Chen တို့က Hotel ကိုရောက်တော့ ပစ္စည်းတွေချပြီး ဒီ Hotel ရဲ့ပတ်ပတ်လည်ကို ပေါ့ပေါ့ပါးပါး လျှောက်လည်ဖို့ ထွက်ခဲ့ကြတယ်။ Halong ပင်လယ်အော်ကရေတွေက အရမ်းကိုကြည်လင်ပြီး ရေအောက်ငါးမီတာကျော်က ငါးလေးတွေ ရေကူးနေတာကိုတောင် မြင်နိုင်တယ်။ ဒီ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Tang Feng နဲ့ Lu Tian Chen တို့က Hotel ကိုရောက်တော့ ပစ္စည်းတွေချပြီး ဒီ Hotel ရဲ့ပတ်ပတ်လည်ကို ပေါ့ပေါ့ပါးပါး လျှောက်လည်ဖို့ ထွက်ခဲ့ကြတယ်။ Halong ပင်လယ်အော်ကရေတွေက အရမ်းကိုကြည်လင်ပြီး ရေအောက်ငါးမီတာကျော်က ငါးလေးတွေ ရေကူးနေတာကိုတောင် မြင်နိုင်တယ်။ ဒီမှာ လူတိုင်းက ရေကူးချင်ကြတယ်။

ဒါပေမယ့် သူတို့ရောက်တာ ညနေစောင်းပြီဖြစ်လို့ နောက်တစ်နေ့မနက်မှပဲ ရေကူးဖို့ Tang Feng က ဆုံးဖြတ်လိုက်တယ်။ ဒီ Halong ပင်လယ်အော်မှာ ထင်ရှားတဲ့ ကာစီနိုလောင်းကစားရုံကြီးတွေရှိပြီး နှုန်းထားတွေ လောင်းကြေးတွေလည်း အရမ်းမမြင့်ဘူး။ ဒီမှာ သီချင်းနဲ့သရုပ်ဖော်၊ ရေကန်ထဲကပြဇာတ်ရုံမှာ ကပြဖျော်ဖြေတဲ့ ဗီယက်နမ်ရဲ့ ထင်ရှားတဲ့ပြဇာတ်နဲ့ ထူးခြားတဲ့ရုပ်သေးပွဲလည်းရှိသေးတယ်။


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now