True Star – volume 4 Chapter (20) - ဧကရာဇ်နဲ့ မင်းသားကြားက တိုက်ပွဲ
"ရိုးရိုးသားသားပြောရတာ ရှက်စရာမဟုတ်ပါဘူးကွာ။ အခု မင်းအရမ်းရှက်နေတာကိုမြင်ရတာ ငါ ဘယ်လို ပျော်မှန်းတောင် မသိတော့ဘူး ဟား....ဟား....ဟား..."
ချားလ်စ်က ကားမောင်းရင်း ရယ်နေသည်။ Lu Tian Chen သည် Charles ကို လျစ်လျူရှုပြီး သူ့ဒဏ်ရာကို ကြည့်နေသော Tang Feng ကို တိတ်တဆိတ်ကြည့်ကာပြောလိုက်သည်။
"ဒါက သူ့ပခုံးကိုပဲ ထိသွားတဲ့ ကျည်ဆန်တစ်ခုပါပဲ။ ဒဏ်ရာက သိပ်ပြင်းပြင်းထန်ထန် မရှိပါဘူး။"
"ဟုတ်လား? "
Tang Feng သည် Lu Tian Chen ၏ ဘယ်ဘက်ရင်အုံကို ညင်သာစွာ ပွတ်သပ်ပြီး ဒေါသတကြီးဖြင့် အနည်းငယ်ပြောလိုက်သည်-
"ဒါကို ခင်ဗျားက အပြင်းအထန် ဒဏ်ရာမရဘူးပြောနေသေးတာလား။ ဟုတ်တယ်။ ခင်ဗျား မှန်ပါတယ်။ ခင်ဗျား သေသွားမှသာ ဒဏ်ရာက ပြင်းတယ်ပြောမှာကိုး။ ဒီလိုမျိုး သေမှာမကြောက်တဲ့စိတ်နဲ့ဆိုရင် သေမင်းဟာ မင်းနဲ့အနှေးနဲ့အမြန်ဆိုသလို လာချိန်းတွေ့လိမ့်မယ်။"
"ဒါပေမယ့် ငါက မင်းကိုပဲ ချိန်းတွေ့ချင်တယ်"
တစ်ဖက်က ပခုံးကနေ သွေးတွေထွက်နေပေမယ့် Lu Tian Chen က ရယ်စရာတစ်ခု ပြောလိုက်သေးသည်။
"အိုး ဖာ့ခ်... ငါ့သူငယ်ချင်းက ငါ့ ဇနီးကို အနိုင်ကျင့်ရဲတယ်ပေါ့။ မင်းလို ညီအစ်ကိုကို ကယ်တင်ဖို့ လမ်းတစ်ဝက်လောက် ငါ တကူးတက လာခဲ့ရတာကို ငါ နောင်တရလာပြီ"
စတီယာရင်ကို ပြင်းပြင်းထန်ထန် ရိုက်ကာ Charles က နောက်ထိုင်ခုံမှာထိုင်နေသည့် လူ နှစ်ယောက်ကို နောက်ကြည့်မှန်ကနေကြည့်ပြီး သတိပေးလိုက်သည်။
" Lu Tian Chen ၊ မင်းနောက်ထပ် ငါ့ ဇနီးလေးကို ရိသဲ့သဲ့ စကားပြောဝံ့ရင် ငါ မင်းကို ကားထဲက ကန်ချပစ်လိုက်မယ်..."
"ဒီလိုရက်စက်တဲ့ကောင်နဲ့ မင်းကအတူရှိနေတာ အဆင်ပြေရဲ့လား။ "
Lu Tian Chen သည် Tang Feng ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး ဒဏ်ရာကြောင့် သူ့အသံမှာ အနည်းငယ် အားနည်းနေသည်။ ဒါက သူ့ရဲ့ အေးစက်စက်နှင့် လျစ်လျူရှုတတ်သည့် ပုံစံ၊ မောက်မာသည့် ပုံစံ နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး လူတွေကို သူ့အပေါ် သနားချင်စရာ ဖြစ်စေခဲ့သည်ကို သူူ မသိလိုက်ပေ။
"ဖာ့ခ်....မင်းက ဒီကိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ။ ငါတို့ ဆေးရုံ သွားမယ်ဆိုရင် အဖမ်းခံရလိမ့်မယ်။"
"ဒါက သေနတ်ဒဏ်ရာပဲ။"
Tang Feng က ဆေးရုံတက်သွားရမလား မသွားရဘူးလားဆိုတာ မသေချာဘူးဖြစ်နေသည်။ သူ့ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ ယခုတော့ သူက ခေါင်း မမူးသော်လည်း ခေါင်းကိုက်လာတော့သည်။
Tang Feng က Charles ကိုပြန်ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားက ရုပ်ရှင်ထဲကလို အသားကို ဓားနဲ့ခွဲပြီး ကျည်ဆန်တွေကို ဖယ်ထုတ်မှာလား။"
"ဒါက အရမ်းနာကျင်မယ့်ပုံပဲ" Lu Tian Chen ရယ်မောလိုက်သည်။
"ငါက သူ့ကို အပိုင်းပိုင်းဖြတ်ချင်တယ်။" ချားလ်စ်က မျက်လုံးပြူးကာ ဝင်ပြောလိုက်သည်။
ဆေးရုံသွားမည့်အစား ဘာလင်မြို့ရှိ သီးသန့်တိုက်ခန်းသို့ ပြန်လာခဲ့ကြသည်။ Tang Feng မျှော်မှန်းထားသလို အသားကို လှီးပြီး ကျည်ဆန်ထုတ်ယူတဲ့ သွေးသံတရဲရဲ မြင်ကွင်းမျိုးတော့ မမြင်ခဲ့ရပေ။ ယခု တိုက်ခန်းပိုင်ရှင်သည် ဆရာဝန်တစ်ဦးဖြစ်ပြီး Lu Tian Chen ကို ထိုလူကို လျှို့ဝှက်ခေါ်ဆောင်လာခဲ့သည်။ Charles နှင့် Tang Feng သည် ဧည့်ခန်းထဲတွင် ထိုင်ကာ စောင့်နေခဲ့သည်။
"မင်း ဒီဆရာဝန်နဲ့ ရင်းနှီးနေပုံရတယ်။"
သူတို့ ရောက်လာတော့ ဆရာဝန်က ဘာမှ မပြောဘဲ ဒဏ်ရာရနေတဲ့ Lu Tian Chen ကို တွဲခေါ်ပြီး Charles က သူ့ခွက်ထဲကို ဝိုင်တစ်ခွက်ကို လောင်းထည့်လိုက်သည်။
" အခန်းကို သန့်ရှင်းရအောင် ဧည့်ခန်းထဲခေါ်သွားလိုက်မယ်။"
"ခဏလောက်သောက်ရင်းစောင့်တာပေါ့" ချားလ်စ်က ပြောလိုက်သည်။
"အခု ငါတို့ အိပ်လို့ ရနိုင်ပြီထင်လား" တကယ်တော့ သူက အိပ်မပျော်နိုင်သေးပေ။
ဆိုဖာပေါ်ထိုင်ပြီး တီဗီဖွင့်လိုက်တော့ Tang Feng က ချန်နယ်ကို လိုင်းပြောင်းကာ သတင်းချန်နယ်ကို ဖွင့်လိုက်သည်။
"မကြည့်ပါနဲ့တော့ ဘေဘီ...ဒီပစ်ခတ်မှုသတင်းက တီဗီမှာ ပါလာမှာမဟုတ်ဘူး "
Charles က Tang Feng ရဲ့ ဘေးမှာ ထိုင်ပြီး အဲဒီလူရဲ့ ပုခုံးကို ဖက်လိုက်သည်။
"အထဲက ဒဏ်ရာရနေတဲ့ကောင်ကို ငါ မုန်းပေမယ့် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူက ရိုးရှင်းတဲ့သူ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီလူက သူ့သတင်းကို မီဒီယာမှာ ပါအောင် သဲလွန်စ ချန်ထားမှာ မဟုတ်ဘူး "
"ခင်ဗျား သူ့ကို ဘယ်လိုတွေ့လာတာလဲ။"
Tang Feng က Charles ရဲ့လက်ကို မှီလိုက်သည်။
"ဒီကောင်က ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ရမယ်။ မင်းဖုန်းခေါ်ပြီး ကားယူဖို့ ကိုယ် အောက်ထပ်ကိုဆင်းခဲ့တယ်။ တံခါးကို ဖွင့်လိုက်တာနဲ့ ကားထဲမှာ ဒီကောင် လဲလျောင်းနေတာကို တွေ့လိုက်ရတယ်။ သေစမ်း"
Charles က Lu Tian Chen ကို သတိပေါ့လျော့ရကောင်းလားဟု ပြောကာ ဆူပူကြိမ်းမောင်းနေပေမယ့် နောက်ဆုံးတော့ သူက သူငယ်ချင်းဖြစ်နေတုန်းပဲ။
သူငယ်ချင်းမဟုတ်ရင် Charles က Lu Tian Chen ကို ကားပေါ်ခေါ်လာမှာ မဟုတ်ပါဘူး။
"ခင်ဗျားမှာ လူသားဆန်တဲ့စိတ်ရှိနေတုန်းပဲလို့ ကျွန်တော် မြင်တယ်။"
Tang Feng က Charles အကြောင်းကို နားလည်မှု တိုးလာခဲ့သည်။ အမျိုးသားတွေကြားက ခင်မင်ရင်းနှီးမှုက အတော်လေး ခိုင်မာလှသည်။ တစ်ခါတစ်ရံတွင် သူတို့သည် အချို့အရာများအတွက် ရန်လိုတိုက်ခိုက်ကြပေမယ့် အရက်အတူသောက်ပြီးနောက် သူတို့သည် သူငယ်ချင်းကောင်းများ ဖြစ်လာနိုင်သည်။
အကျိုးစီးပွားတွေအတွက်သာ ကြည့်ကာ ပေါင်းသင်းကြတဲ့ ဟန်ဆောင်မိတ်ဆွေတွေနဲ့ လုံးဝ မတူပေ။
"ဒါက ချီးကျူးနေတာလား?" Charles က ထိုလူကို ပြုံးပြပြီး ပွေ့ဖက်လိုက်သည်။
"သူ့ကိုတယောက်တည်းထားလိုက်။ သူ့ကို မေ့ဆေးပေးပြီး ကျည်ဆန်ထုတ်နေခဲ့တာဆိုတော့ မနက်ဖြန်မနက်အထိ အိပ်နေလိမ့်မယ်။ သွားအိပ်ရအောင်။"
"ညနက်သန်းခေါင်မှာ ရုတ်တရက် လူသတ်သမားပေါ်လာနိုင်လား..." Tang Feng က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" Lu Tian Chen ကို လျှော့မတွက်ပါနဲ့။"
Charles က သူ့မျက်လုံးထဲမှာ အလင်းတဖျပ်ဖျပ်တောက်ပစွာနှင့် Tang Feng ကို ပြောကာ ဆိုဖာပေါ်ကနေ ဆွဲထုတ်လိုက်သည်။
" ဒီကောင်ကို ငါလိုက်ရှာလိုက်မယ်။ ငါ့လက်က လွတ်အောင် ပုန်းနိုင်ရင်ပုန်းပေါ့... "
နောက်တော့၊ Lu Tian Chen က Charles ဟာ Tang Feng နဲ့ အတူရှိနေတယ်ဆိုတာ သိလိုက်ရသည်။
............
ထို ညတွင် သူက ကောင်းကောင်းအိပ်မပျော်ဘူး။ မနက်မိုးလင်းမှ Tang Feng နိုးလာခဲ့ချိန် သူ့ဘေးမှာ ခေါင်းအုံးပေါ်တွင် Charles ကတော့ အိပ်နေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဝက်ဝံက နေ့တိုင်း အိပ်နိုင်တယ်လို့ သိရတော့ ဒါက အတော်လေးကို အဆင်ပြေသည်။ သူ့ဆီမှာ တကယ်ကို အားကျစရာကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိနေတုန်းပဲ။
Charles ရဲ့သိုင်းဖက်ထားတဲ့လက်ကို ညင်သာစွာ ဖြည်လိုက်ပြီးနောက် Tang Feng သည် ဘေးနားမှ ခေါင်းအုံးတစ်ခုကို ယူကာ အခြားလူ ပွေ့ဖက်ထားရန် Charles ၏ လက်နှစ်ဖက်ထဲသို့ အစားထိုး ထည့်လိုက်သည်။ ပြီးတော့ သူက အိပ်ရာထပြီး သူ့အဝတ်အစားတွေကို ပေါ့ပေါ့ပါးပါး ဝတ်လိုက်တယ်။
Tang Feng သည် အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး ထွက်မည်အပြု အိပ်မောကျနေသည့် ဝက်ဝံကြီးက ပါးစပ်ထဲတွင် အော်ဟစ်ဆဲဆိုသံနှစ်ခုကို ထုတ်လိုက်သည်။ ပြီးတော့ တဖက်ကို လှည့်ပြီး ခေါင်းအုံးကို ပွေ့ဖက်လိုက်သည်။ သူက ခေါင်းအုံးကို နမ်းလိုက်ပြီး "အိုး... ဘေဘီ..."ဟု ရေရွတ်လိုက်သည်။
Tang Feng က ပြုံးပြီး တံခါးကို ပိတ်လိုက်သည်။
ဒီအချိန်က စောနေသေးပြီး အခန်းထဲက လူတွေက အိပ်ပျော်နေကြတုန်းပဲ။ Tang Feng သည် Lu Tian Chen ရှိရာ အခန်းဆီသို့ ဆင်းသွားသည်။ မနေ့က သူတို့ Lu Tian Chen ကို ထိုအခန်းထဲ သိပ်ထားခဲ့သည်။အခန်းတံခါးကို သော့ဖွင့်ပြီး တွန်းထုတ်လိုက်သည် ။
အခန်းထဲမှာ ဆေးနံ့ သင်းနေသေးသည်။ သူ ဂရုတစိုက် လျှောက်သွားပြီး အသံမထွက်အောင် ကြိုးစားပေမယ့် ကုတင်ပေါ်ကို မရောက်သေးဘဲ ပေါ်မှာ လဲလျောင်းနေတဲ့ အမျိုးသားက မျက်လုံးပွင့်လာသည်ကို တွေ့လိုက်ရသည်။
"ဘာလို့ ပိုမအိပ်တာလဲ"
Lu Tian Chen သည် သူ့ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့် ထောက်ကာ ကုတင်ပေါ်၌ သူ့ကိုယ်သူ မှီလိုက်သည်။ သူ၏ညာဘက်လက်မောင်းကို အပေါ်ပိုင်းအဝတ်အစားများ မဝတ်ထားပဲ ကိုယ်ကို သိုင်းကာ အဖြူရောင်ပတ်တီးများဖြင့် ပတ်ထားသည်။ Lu Tian Chen က Tang Feng ကို တစ်ချက်ကြည့်လိုက်သည်။
တံခါးကိုပိတ်ပြီးနောက် Tang Feng သည် အခန်းတွင်းရှိ မီးများကိုဖွင့်လိုက်ရာ အခန်းတွင်းရှိလူကို ရှင်းရှင်းလင်းလင်းမြင်ရသည်။
Lu Tian Chen ရဲ့ မျက်နှာက မကောင်းသလို သူ့မျက်နှာက အနည်းငယ်ဖြူယောက်နေပေမယ့် စိတ်ဓာတ်ကတော့ ခိုင်မာနေဆဲဖြစ်သည်။
"ခင်ဗျား သေသွားပြီလားလို့ လာကြည့်တာလေ"
Tang Feng အခန်းထဲကို ကြည့်လိုက်တော့ အိမ်မှာရှိတဲ့ စားပွဲပေါ်မှာ ရေနွေးအိုးနဲ့ ခွက်အနည်းငယ်ကို တွေ့လိုက်တယ်။ သူက လမ်းလျှောက်လာပြီး "ရေသောက်ချင်လား။ " ဟုမေးလိုူက်သည်။
"ကျေးဇူးတင်ပါတယ်။"
Tang Feng က ရေတစ်ခွက်လောင်းထည့်ပေးပြီး အိပ်ယာနားကို လျှောက်လာကာ Lu Tian Chen ကို အသာထူမပေးပြီး ရေကို ဖြည်းညှင်းစွာ သောက်နိုင်အောင် လုပ်ပေးခဲ့သည်။
"ဘာလို့ ခုလို ရှက်သလို လုပ်နေတာလဲ၊ ခင်ဗျားက အဖွဲ့အစည်းကြီးရဲ့ အကြီးအကဲ မဟုတ်ဘူးလား"
"မင်းပြောသလိုဖြစ်ဖို့ ငါ့အဖေက မြေကြီးထဲရောက်မှ ဖြစ်မယ်လေ"
Lu Tian Chen သည် အနည်းငယ်ပြုံးကာ ခွက်ကို Tang Feng သို့ ပြန်ပေးလိုက်သည်။
"အခု ငါဘာလို့ လမ်းထဲရောက်နေလဲ မသိချင်ဘူးလား"
Tang Feng သည် Lu Tian Chen ၏နဖူးကို တချက်ပုတ်လိုက်စဉ် ရုတ်တရက် Lu Tian Chen သည် နာကျင်စွာဖြင့် မျက်မှောင်ကြုတ်သွားသော်လည်း သူ့ပါးစပ်မှ ညည်းသံထွက်မလာပေ။
"ဒီလိုမျိုး စကား ပြောရတာကို ခင်ဗျား အရမ်း ကြိုက်နေတာလား။ ခင်ဗျား ပြောချင်ပြော၊ မပြောချင်နေ။ ကျွန်တော့်ကို လာမမေးနဲ့"
Tang Feng က သူ့လက်ကို ပြန်သိမ်းကာ ပြောလိုက်သည်။
"မင်းဖာသာ နာကျင်အောင်လုပ်နေတာကို ကျွန်တော် စိတ်မဝင်စားဘူး။"
"ဟား....ဟား...."
Lu Tian Chen က အားနည်းသောအပြုံးဖြင့် ရယ်မောလိုက်သည်။ Tang Feng ကသာ သူ့ကို ဤကဲ့သို့ ရိုက်ဝံ့သော်လည်း၊ သူ့မိသားစုမှ ဖခင်ပင်လျှင် သူ့ကို အခုလို မဆက်ဆံဝံ့ပေ။
"အိမ်မှာရှိတဲ့ အရာတစ်ချို့ကို အိမ်ထုံးစံနဲ့ပဲ ဖြေရှင်းလိုက်တာပါပဲ။"
Lu Tian Chen သည် သူ့နဖူးကို ညင်သာစွာ မော့လိုက်သည်။
" ငါ ခေါင်း နည်းနည်း မူးတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်လောက်တယ်"
"ပြတင်းပေါက်ဖွင့်ပေးရမလား..."
Tang Feng ကပြောပြီး မတ်တပ်ရပ်လိုက်တော့ Lu Tian Chen သည် လက်ကိုလှမ်းဆွဲလိုက်စဉ် မထင်မှတ်ပဲ သူ့ ဒဏ်ရာကို မတော်တဆဆွဲဖြဲမိကာ အံကြိတ်လိုက်မိပြီး နာကျင်လွန်းလို့ မျက်နှာသည် ဖြူဖျော့လာပြန်သည်။
"ဒဏ်ရာမသက်သာသေးပဲ ဟိုဟိုသည်သည် လျှောက် လှည့်မကြည့်နဲ့လေ။. ခင်ဗျားရဲ့ ခန္ဓာကိုယ်ကိုတောင် ဂရုမစိုက်ဘူးလား။ ခင်ဗျားကို ဘယ်သူက ဂရုစိုက်ဖို့ မျှော်လင့်နေတာလဲ။"
Tang Feng သည် ခုတင်ပေါ် ပြန်ထိုင်လိုက်ပြီး Lu Tian Chen ၏ ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဖိကာ လူကို ကုတင်ပေါ်ပြန်လှဲစေလိုက်သည်။
"မင်း...ငါနဲ့ အတူနေပေးလို့ရမလား" Lu Tian Chen က သူ့ဘေးက ကုတင်အလွတ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငါ ခဏ အိပ်ချင်လို့"
"ခင်ဗျားတို့အားလုံးက ကလေးတွေလိုပဲ။"
ဒါပေမယ့် Lu Tian Chen ၏စကားကြောင့် Tang Feng သည် သူ့ဖိနပ်ကို ချွတ်ကာ ကုတင်တစ်ဖက်တွင် လှဲပေးလိုက်သည်။ သူ သက်ပြင်းချရင်း ခပ်ညည်းညည်းပြောလိုက်သည်။
"ကျွန်တော် လေးလေးနက်နက် ကိုယ့်အလုပ့်ကို လုပ်လို့ မရဘူးလား"
"အခုက မင်းစိတ်တိုင်းကျ ရှင်သန်နေတဲ့ ဘဝကို ပိုင်ဆိုင်ထားတာ မဟုတ်ဘူးလား"
Lu Tian Chen ၏ဒဏ်ရာရနေသောလက်သည် Tang Feng ၏လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး ထိုလူကို တစ်ချက်ကြည့်လိုက်သည်။ Lu Tian Chen ဒဏ်ရာရနေသဖြင့် Tang Feng က ထိုလူ ဆုပ်ကိုင်ထားသော လက်ကို လျစ်လျူရှုလိုက်သည်။
"ငါ မင်းနောက်ကို လိုက်လာခဲ့လို့ ငါ့အဖေက ငါ့ကိုဖမ်းဖို့ မကြာသေးခင်ကမှ နောက်ကနေ လူလွှတ် ရှာနေတာ။"
Lu Tian Chen က တိတ်တိတ်လေးပဲ ပြောလိုက်သည်။
"သူက ခင်ဗျားကို လက်ထပ်ပေးဖို့ ပြန်ခေါ်သွားချင်တာလား"
"အဲဒီနေ့က အဖြစ်အပျက်ကို မှတ်မိနေတာလား" နူးညံ့တဲ့အပြုံးလေးနဲ့ Lu Tian Chen က ဆက်ပြောလိုက်သည်။
"ငါ့အဖေက ဒီလိုလူပဲ။ အိမ်ထောင်ပြုဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး၊"
"ဟုတ်လား? "
Tang Feng က Lu Tian Chen ရဲ့ ဒဏ်ရာကို လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။
" သူက ခင်ဗျားကို သတ်ပစ်ချင်နေတယ်လို့ ကျွန်တော် ထင်ခဲ့တယ်။"
" အဖမ်းခံရစဉ်မှာ အမှတ်မထင် သတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ "
Lu Tian Chen က အာရုံစိုက်မှုကို ရှောင်ရှားဖို့ Tang Feng ဆီကို ခေါင်းညိတ်ပြီး ခေါင်းကို လှည့်လိုက်တယ်။
"ခင်ဗျား အဖေမှာ ကလေးဘယ်နှစ်ယောက်ရှိလဲ" Tang Feng က မေးလိုက်သည်။
"ငါတစ်ယောက်တည်း။"
Lu Tian Chen က ပေါ့ပေါ့ပါးပါးနဲ့ ဆက်ပြောလိုက်သည်။
"ဒါကြောင့် ကျွန်တော် ဒီနေ့အထိ အသက်ရှင်နေတာ ဖြစ်နိုင်တယ်။ သူက အမြဲတမ်း အမွေဆက်ခံဖို့ လူလိုနေသေးပေမယ့် သူ မလိုလားတဲ့အချိန်ထိ ငါ့ကို သူ့နေရာကို မရစေချင်သေးဘူး။ "
"ဧကရာဇ်နဲ့ မင်းသားကြားက တိုက်ပွဲအတိုင်းပဲ"
Tang Feng က နှာခေါင်းရှုံ့လိုက်သည်။ သူက ဒရမ်မာဇာတ်လမ်းများစွာတွင် ပါဝင်ဖူးပေမယ့် Lu Tian Chen တို့သားအဖလောက် မရှုပ်ထွေးခဲ့ပေ။
Tang Feng က မေးလိုက်သည်။
"ခင်ဗျား ဘာဆက်လုပ်မလဲ?။ ခင်ဗျားရဲ့စကားအရ ခင်ဗျား အဖေနေရာကို အစားထိုးချင်တာကြောင့် အဖမ်းခံလိုက်ရပုံပေါ်တယ်။ သူ အငြိမ်းစားယူချိန်အထိ သားကောင်းတစ်ယောက်ဖြစ်ပေးဖို့ အဆင်မပြေဘူးလား"
"ဒီလောက်ကြာအောင် မစောင့်နိုင်တော့ဘူး။"
Lu Tian Chen သည် Tang Feng ၏ လက်ကို အနည်းငယ် ဆုပ်ကိုင်ထားကာ ပြောလိုက်သည်။
**********-************
ESTÁS LEYENDO
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.