True Star Volume_ 4 Chapter_ 75: -ဖီးနစ် ရဲ့ ခံစားချက်များ
"စူပါစတား" ဇာတ်ကားသည် သရုပ်ဆောင်များ၏ လုပ်ရပ်များကို ကန့်သတ်ည်ဟု မဆိုလိုပေမယ့် ဇာတ်ကားမထွက်ခင်အထိ မီဒီယာများ၏ အင်တာဗျူးအားလုံးကို ငြင်းပယ်ရမည် ဆိုသည့် အချက်ကို သရုပ်ဆောင် အားလုံး လက်ခံခဲ့သည်။ Tang Feng ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ကား၏အမည်ကို ယခု အချိန်လူအများက သိရှိပြီးဖြစ်ပေမယ့် ဘယ်နေရာမှာ ရိုက်ကူးသည်သာမက ဇာတ်ကားနှင့်ဆိုင်သော ပိုစတာများကို ပရိတ်သတ်က လုံးဝ မသိရပေ။
ရုပ်ရှင်၏ လျှို့ဝှက်ဆောင်ရွက်မှုများသည် အလွန်ကောင်းမွန်ပြီး ပြင်ပကမ္ဘာက ပရိတ်သတ် အားလုံးကို ပိုမိုသိချင်လာစေသည်။
"စူပါစတား"ဇာတ်ကား မတိုင်မီ Tang Feng သည် နာမည်ကောင်းရခဲ့သော်လည်း Tang Feng သည် ဖီးနစ်နေရာတွင် ပါဝင် သရုပ်ဆောင်နိုင်ပါ့မလားဆိုတာ မီဒီယာများစွာက သံသယရှိနေကြဆဲဖြစ်ပြီး ဖီးနစ် ၏ ပရိသတ်များသည်လည်း အလွန်သံသယဖြစ်နေကြသည်။ ထျန်းဖုန်းရဲ့ ဇာတ်ကားတွေ ရုံတင်ပြသခြင်း သို့ လူသိများလာသည့် ကာလက အချိန် သုံးနှစ်သာ ရှိသေသည် တက်သစ်စ မင်းသားတစ်ယောက် အနေနဲ့ ဝါရင့် သရုပ်ဆောင် ဘုရင်ကြီး ဖီးနစ်ထျန်း ၏ ပုံစံကို နားလည်နိုင်ပါမလား။
ရုပ်ရှင်မထွက်လာခင်အထိ အားလုံးက အဖြေမရှိကြဘူး။
ယခုဆိုလျှင် Tang Feng သည် သူ့အပေါ် ပြင်ပကမ္ဘာက ဘယ်လိုမှတ်ချက်ပေးပါစေ ဘယ်လိုမြင်ပါစေ ကရုမစိုက်ပါ။ ရုပ်ရှင်တစ်ကားမှာ လုပ်စရာရှိတာ လုပ်ပြီး နောက်ဆုံး အပြီးသတ်နိုင်ခဲ့သည်။
ရိုက်ကူးပြီး တစ်လနီးပါးကြာပြီးနောက်၊ "SuperStar" သည် ဖီးနစ် ၏အနုပညာလောကအတွင်း ရုန်းကန်မှုလုပ်ငန်းက အခြေခံအားဖြင့် ပြီးဆုံးသွားခဲ့သည်။ ဒီဇာတ်ကားရဲ့ ဒီဇိုင်းနဲ့ တင်ပြပုံတွင် ဒါရိုက်တာ နှင့် Tang Feng ဆင်တူပါတယ်။ ဖီးနစ် ရဲ့ ဘဝတစ်လျှောက်လုံးမှာ မရေမတွက်နိုင်တဲ့ အနုပညာ ကြယ်ပွင့်တွေနဲ့ တွေ့ဆုံပုံကို အတက်အကျ စိတ်လှုပ်ရှားစရာ တင်ပြထားသည်။
ဒါပေမယ့် ဘယ်တော့မှ မပြောင်းလဲမယ့် အရာတစ်ခုရှိတယ်။ နှိုင်းယှဉ်ခံရသူက အမြဲတမ်း ပြောင်းလဲသွား ပေမယ့် နောက်ဆုံး အနိုင်ရကျန်ရစ်သူက ဖီးနစ်ထျန်းသာ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ထိုနှစ်များစွာမှာ သရုပ်ဆောင်ပေါင်းများစွာနဲ့ သူ့ကို နှိုင်းယှဉ်ခဲ့ကြပေမယ့် နောက်ဆုံး ဖီးနစ်ထျန်းသာလျှင် တစ်နှစ်တာရဲ့ အကျော်ကြားဆုံး မင်းသားတစ်လက်ဖြစ်နေဆဲပင်။
ဒါကိုကြည့်ရုံနဲ့ ဖီးနစ် ဘယ်လောက်နာမည်ကြီးတယ်ဆိုတာ အခုနောက်ပိုင်း လူတွေ သိနိုင်ပါပြီ။
"သူ့ဘဝမှာ ရန်သူတစ်ယောက်ပဲရှိတယ်၊ အဲဒါက သူကိုယ်တိုင်ပဲ..."
ဟာဗေး က ပြုံးပြီး လူအနည်းငယ်အတွက် ကော်ဖီကို လောင်းထည့်ပေးလိုက်တယ်။
ဒီနေ့ လည်ပတ်မှုတွင် အထူးတလည် ပြုလုပ်တာ မရှိပါဘူး။ ဒါရိုက်တာက Tang Feng ကိုခေါ်သွားပြီး Robert နဲ့ လင်ဒါ တို့နှင့်အတူ ဖီးနစ်ထျန်း ရဲ့ဘဝ တလျှောက်လုံး နီးပါး မိသားစုဆရာဝန်ဖြစ်ခဲ့တဲ့ ဒေါက်တာ ဟာဗေး ရဲ့အိမ်ကို အလည်အပတ်သွားခဲ့ကြတာဖြစ်တယ်။
ရည်ရွယ်ချက်ရှိလား၊ မရည်ရွယ်ဘူးလားဆိုတာ ထျန်းဖုန်း မသိဘူး။ ရုပ်ရှင်မရိုက်ခင် Tang Feng ဟာ ဟာဗေး ကို လုံးဝ မတွေ့ခဲ့ဘူး။
ဒါရိုက်တာက ဒါကို သိနေပုံပဲ။ Tang Feng သည် နောက်လာမည့်ရိုက်ကူးရေးတွင် ပါဝင်သရုပ်ဆောင်ပြီး ဖီးနစ်ထျန်း ၏ မူလရည်ရွယ်ချက်ကို နားလည်စေဖို့ ဒါရိုက်တာက Robert နှင့် လင်ဒါ ကိုတွေ့ရှိခဲ့ပြီး ဟာဗေး နှင့် လင်ဒါ တို့ စကားစမြည်ပြောဆိုရာမှ စတင်ပြီး Tang Feng က ဖီးနစ်ထျန်း ကို ပိုမို နားလည်လာစေရန် မျှော်လင့်နေခဲ့သည်။
ဒါက သူငယ်ချင်းတွေနဲ့ တွေ့ဆုံခြင်းလား။ Tang Feng ပြုံးပြီး ဟာဗေး ထည့်ပေးတဲ့ ကော်ဖီကို ယူလိုက်တယ်။ ဟာဗေးသည် သူနှင့်အတူရှိစဉ် ကော်ဖီသောက်ခွင့်မရှိသည်ကို သတိရလိုက်မိသည်။
"ခဏနေတော့ သူ့ကျန်းမာရေးက နည်းနည်း ဆိုးလာတယ်။ သူ့ကို ကရုစိုက်ဖို့ သူ့အိမ်မှာ ကျွန်တော် နေခဲ့တယ်။ ဘုရားရေ၊ အဲဒီလူက ကော်ဖီကို အရမ်းကြိုက်ပြီး ပျော့အိအိ ကိတ်လေးတွေကိုလည်း သဘောကျသေးတယ်။ ဒါပေမယ့် သူ့နှလုံးရောဂါနဲ့ ကော်ဖီကို တကယ် မသောက်သင့်တော့ဘူး..." ဟာဗေး သည် သူတို့နှင့် မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်နေစဉ် လှပသော အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး အချိုပွဲလေးများ ပေးခဲ့သည်။
"ကျေးဇူးအများကြီးတင်ပါတယ် မစ်ဟာဗေး။"
ဒါရိုက်တာနဲ့ အမျိုးသမီးက နှုတ်ဆက်လိုက်သည်။
တကယ်တော့ ဟာဗေး ရဲ့ဇနီးက သူ့ကို သိပါတယ်။ လူမှုရေးပွဲများတွင် သူက ရင်းနှီးသူအနည်းငယ်နှင့် အမြဲတွေ့ဆုံခဲ့သည်။ ဟာဗေး ၏ဇနီးသည် နူးညံ့သိမ်မွေ့သော ဆရာမ တစ်ဦးဖြစ်သည်။ ဟာဗေး ဝန်းကျင်က လူတော်တော်များများက ဟာဗေး ဟာ သူ့ဘဝနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ကို နောက်ဆုံးမှာ ရှာတွေ့ခဲ့တယ်လို့ ပြောခဲ့ကြသည်။
ဒါဆိုရင် ဖီးနစ်က အရင်တုန်း ဟာဗေးရဲ့ ဘာလဲ.....
Tang Feng က ခေါင်းငုံ့ကာ ကော်ဖီတစ်ခွက် သောက်လိုက်သည်။ တကယ်တော့ အဲဒီအချိန်က သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်အတွက် အကောင်းဆုံးလူတွေ မဟုတ်ကြဘူး။ သူတို့ နှစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ အယူအဆတွေမှာ အလွန်ကွဲပြားကြတယ်။
ဖီးနစ်ထျန်းက မိဘအုပ်ထိန်းမှု မရှိဘဲ မိဘမဲ့ဂေဟာတွင် နေထိုင်ပြီး အခြားသူများနှင့် အလွန်နီးကပ်စွာ ပေါင်းသင်းဆက်ဆံရမည်ကို မသိပေ။ ဖီးနစ်ထျန်းသည် ဟာဗေး ၏ မိသားစုနှင့် သူငယ်ချင်းများကို ဆက်သွယ်နိုင်မယ့် စွမ်းရည် နည်းကြောင်း ထင်ရှားလာသည်။
ဟာဗေးသည် မိရိုးဖလာ အစဉ်အလာကို အရမ်းထိန်းသိမ်းသည့် မိသားစုတွင် ကြီးပြင်းခဲ့ပြီး ငယ်စဉ်ကလေးဘဝကတည်းက မိဘများ၏ သွန်သင်ဆုံးမမှုများကြောင့် ဟာဗေးက လူတိုင်းလေးစားရသော ဆရာဝန်တစ်ဦးဖြစ်လာခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ထိုအချက်တွေက သူ့ကို ချုပ်နှောင်ထားခဲ့သည်။
သူ့ရှေ့က အမျိုးသမီးသည် ဟာဗေး၏ တစ်သက်တာ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်။ ဟာဗေး သည် ဖီးနစ်ထျန်းအတွက် ပြင်းထန်သော ခံစားချက်မျိုး မရှိနိုင်သော်လည်း ထိုသို့သော မိသားစုသည် သူ့ကို တစ်သက်တာ ပျော်ရွှင်စေနိုင်သည်။
Tang Feng ကိုယ်တိုင်ကတော့ အခုအချိန်မှာ အရမ်းကျေနပ်နေပါပြီ။
ပညာတတ်အမျိုးသမီးသည် သူတို့၏စကားပြောဆိုမှုကို မနှောင့်ယှက်ဘဲ ကော်ဖီနှင့် အဆာပြေမုန့်များ ချပေးပြီးနောက် ကလေးများကို ခေါ်သွားခဲ့သည်။ ဇနီး၊ သားသမီးတွေနဲ့ ပြီးပြည့်စုံတဲ့ မိသားစုနဲ့ မနာလိုစရာကောင်းတဲ့ ဘဝလေးပဲ....
ဟာဗေး သာ သူနဲ့ အတူနေဖြစ်ခဲ့မယ်ဆိုရင် ဒီအချိန်တွင် အနည်းငယ် စိတ်ပျက်သွားပြီး ဘဝက ကောင်းမွန် နေမည်မဟုတ်ပေ။
"ဖီးနစ် က ဘယ်လောက် သန်မာတယ် ဆိုတာတော့ မပြောလိုပါဘူး၊ ဒါပေမယ့် တစ်ခါတလေမှာ သူက ခေါင်းမာလွန်းပြီး ငွေကြေး ရှာနိုင်လွန်းတယ်လို့ အမြဲခံစားရတယ်။"
ဟာဗေးသည် ခါးသီးသော အပြုံးအနည်းငယ်ဖြင့် ပြောခဲ့သည်။ ဖီးနစ်ရဲ့ ကြိုးစားလွန်းခြင်းက ဟာဗေး စိတ်ဆင်းရဲသွားစေခဲ့ဖူးသည်။
သူတို့ နှစ်ယောက်သားရဲ့ ဘဝမှာ အနာကျင်ဆုံးအချိန်က ဘယ်အချိန်လဲ....
သူကတော့ ဖီးနစ် ကို လမ်းခွဲဖို့ ပြောခဲ့သူဖြစ်ခဲ့တယ်... မိန်းမတစ်ယောက်နဲ့ လက်ထပ်တော့မယ့်အချိန်မှာ တစ်ဖက်လူက ပြုံးပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးနေသေးတယ်။
သူ့ မိန်းမနဲ့ မင်္ဂလာဆောင်သည့်အချိန် ဟာဗေး သည် ဖီးနစ် ထံ ပေးပို့သော ဖိတ်ကြားစာတွင် ဖီးနစ်က ထွေထွေထူးထူး မပြောခဲ့ပေမယ့် ဖီးနစ်က အပြုံးနှင့်လက်ဆောင်တစ်ခု ပေးခဲ့ဆဲ ဖြစ်သည်။
ဘုရားကျောင်းက လက်ထပ်ပွဲပြီးသွားတဲ့အခါ အဲဒီလူက နောက်ဆုံးခုံတန်းလေးမှ မတ်တပ်ရပ်ကာ လက်ခုပ်တီးပြီး ရပ်လိုက်ပြီး ရိုးရိုးရှင်းရှင်းပင် အလုပ်ကို အကြောင်းပြက လှည့်ထွက်သွားခဲ့တယ်။ ကျောခိုင်းထွက်သွားခဲ့သည့် ဖီးနစ်၏နောက်ကျောပြင်က အထီးကျန်နေပုံရသည်ကို ဟာဗေးက ကောင်းကောင်းမှတ်မိနေသေးသည်။
အကယ်၍ ဖီးနစ်ထျန်း က "နေပါဦး၊ ငါနဲ့အတူနေ" လို့ပြောခဲ့ရင် ဟာဗေး ဆက်နေမှာလား။ ဒါပေမယ့် ဒါက မဖြစ်နိုင်တော့ပါဘူး...
သူ လမ်းခွဲလိုက်ပြီလို့ ပြောကတည်းက ဖီးနစ် ရဲ့ နှလုံးသားထဲမှာ သေဒဏ်ချမှတ်ခံထားရပြီးဖြစ်တယ်။ ဖီးနစ်က အဲ့ဒီလို စိတ်ဓာတ်မာကျောတဲ့ အမျိုးသားပါ။
ဒါရိုက်တာနဲ့ ရောဘတ်တို့ ရှေ့က အရင် ထွက်သွားတယ်။ Tang Feng ထွက်ခွာခါနီးတွင် ဟာဗေး သည် ထိုလူကို ခဏတားကာ နေစေခဲ့သည်။
ဟာဗေး သည် ဖီးနစ်ထျန်း ၏လျှို့ဝှက်ချက်အချို့ကို Tang Feng ကိုပြောပြရမည် ဖြစ်ကြောင်း သိနေသဖြင့် ဒါရိုက်တာနှင့်ရောဘတ်က စကားများစွာမပြောဘဲ လင်ဒါကို ထားကာ ထွက်သွားကြသည်။
"စာဖတ်ခန်းထဲ သွားရအောင်... ငါ မင်းကို တစ်ခုခုပြမယ်။"
ဟာဗေး က လမ်းကိုပြဖို့ ရှေ့ကလျှောက်လာတယ်၊ Tang Feng နဲ့ လင်ဒါ က ဖီးနစ်ထျန်း အကြောင်းပြော မယ်လို့ ယူဆနေကြသည်။ လင်ဒါ က အရင်ကလို မတက်ကြွဘူး၊ နည်းနည်း တိတ်ဆိတ်နေပြီး ရံဖန်ရံခါ ရယ်မောတာက ဝမ်းနည်းရိပ်တွေ ထင်ဟပ်နေသည်။
ဒါက ဟာဗေး ရဲ့အိမ်ပါ။ တကယ်တော့ ဟာဗေး လက်ထပ်ပြီးတဲ့ နောက်မှာတော့ ဖီးနစ်ထျန်း ဟာ ဟာဗေး ရဲ့ အိမ်သစ်ကို ဘယ်တော့မှ မရောက်ခဲ့ဘူး။ အတိအကျပြောရလျှင် သူ ဘယ်တော့မှ မလာခဲ့ဖူးဘူး။
ဒီနေရာကို လာပြီး သူ ဘာလုပ်ရမှာလဲ... အရှက်ကွဲရုံသက်သက်ပဲ ရှိမှာပေါ့...
ထိုအချိန်တုန်းက ဖီးနစ်ထျန်း သည် ဟာဗေး ကို ခွင့်လွှတ်ရန် ဆန္ဒမရှိသော်လည်း သူက အခြားသူများ၏ မိသားစုများကို ဖျက်ဆီးလိုခြင်း သို့မဟုတ် သူ့ကိုယ်သူ မပျော်မရွှင်ဖြစ်နေအောင် လုပ်ဖို့ ဆန္ဒမရှိခဲ့ပေ။
ဟာဗေး သည် စာဖတ်ခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ဟာဗေး ၏ စာဖတ်ခန်းကို ပထမဆုံးအကြိမ်မြင်ခဲ့သော Tang Feng က အနည်းငယ် အံ့သြသွားခဲ့သည်။
လေ့စာဖတ်ခန်း၏ အသွင်အပြင်သည် သူတို့ နှစ်ယောက် အတူနေခဲ့သည့် အိမ်၏ မူလ စာဖတ်ခန်း နဲ့ တထပ်တည်း နီးပါးတူညီနေ သည်။ သူနဲ့ ဟာဗေးတို့ အတူတူနေထိုင်တဲ့ အချိန်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေရတဲ့ အကြောင်းရင်းက သူတို့ နှစ်ယောက်ရဲ့ လေ့စာဖတ်ခန်းကို လူနှစ်ယောက် သုံးဖို့ ခွဲထားလို့ နှစ်ယောက်သား ကွဲသွားပေမယ့် အလုပ်လုပ်ချိန် ရံဖန်ရံခါ တစ်ယောက်ကို တစ်ယောက် ဆုံတွေ့မိတာကြောင့်၊ ဝါးကုလားကာများဖြင့် ခြားထားခဲ့ကြသည်။
"ဟား..ဟား...၊ ကန့်လန့်ကာက ကျွန်တော့်ဇနီးမောင်နှံ အလုပ်မှာ တစ်ယောက်နဲ့တစ်ယောက် အနှောက်အယှက်မဖြစ်အောင် ကန့်လန့်ကာ ကာထားတာပါ... တစ်ယောက်ကိုတစ်ယောက် တွေ့ချင်တဲ့အခါ တခြားအခန်းကို သွားစရာ မလိုဘူး။ ကန့်လန့်ကာကို ဖွင့်လိုက်ရုံပဲလေ"
Tang Feng ရဲ့ အကြည့်ကို သတိထားမိပြီး ဟာဗေး က ရှင်းပြခဲ့သည်။
ဟာဗေးရဲ့ စကားကို ကြားပေမယ့် Tang Feng က နှုတ်ဆိတ်နေတယ်။
"ဒါက ဖီးနစ်ထျန်း မွေးနေ့ပွဲတုန်းက ပုံပဲ။"
လင်ဒါက ဟာဗေး ရဲ့ စားပွဲကိုသွားပြီး ဓာတ်ပုံဘောင်ကို ကောက်ကိုင်လိုက်၊ နည်းနည်း စိတ်လှုပ်ရှား နေပုံပေါ်တယ်။
" အိုး ဘုရားသခင်၊ အဲဒီအချိန်တုန်းက ဖီးနစ် က ချောမောတဲ့ကောင်လေးပဲ... ဟာဗေး ၊ မင်း တကယ်ပဲ ဓာတ်ပုံကို သိမ်းထားတာ ဘာသဘောလဲ။"
လင်ဒါက ဟာဗေးကို ရန်တွေ့ရင်း ဆက်ပြောလိုက်သည်။
"ဒီပုံကို ဘယ်တုန်းက ရိုက်ထားတာလဲ၊ ကျွန်မ လိုချင်တယ်"
ပြောပြီးတော့ လင်ဒါ က ဓာတ်ပုံဘောင်ကို သူ့လက်ထဲမှာ ထည့်ထားကာ သူမ လက်မလွှတ်ချင်တော့တဲ့ ပုံပါပဲ။
ဟာဗေး က ငြင်းချင်ပုံမပေါ်တာကိုမြင်တော့ Tang Feng က မေးလိုက်သည်။
"ဒေါက်တာ ဟာဗေး က ဒါနဲ့ ပတ်သတ်ပြီး မကောင်းတဲ့ အမှတ်တရရှိနေပုံပေါ်တယ်။ ဒါကြောင့် ပြီးရင် ဒီဓာတ်ပုံကို လင်ဒါ ကို ပေးလိလိုက်ပါလား... ဒီနေ့တော့ သူမ စိတ်ပြိုလဲလုနီးပါးဖြစ်နေပြီ"
"ထျန်း.... ငါ မင်းကိုချစ်တယ်!" လင်ဒါက ထျန်းဖုန်းကို ကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ..." ဟားဗေးသည် တုံ့ဆိုင်းစွာဖြင့် ပြုံးပြီး ဘာမှထူးခြားမှုမရှိသော Tang Feng ကို တစ်ချက်ကြည့်လိုက်သည်။
စိတ်ရှုပ်စွာနဲ့ပဲ ဟာဗေး က သူ့စားပွဲဆီသွားပြီး အံဆွဲတွေထဲက သော့ကိုဖွင့်ပြီး သံသေတ္တာငယ်လေးကို ယူထုတ်လိုက်တယ်။
"မင်းကို ပြောပြချင်တာက... ငါ ဖီးနစ်ထျန်း နဲ့ ချစ်သူ ဖြစ်ဖူးခဲ့တယ်။"
နောက်ဆုံး စကားလုံးနှစ်လုံးက ဟာဗေး ရဲ့ ပါးစပ်က ထွက်လာပြီး ထိုစကားထဲ ပါဝင်သည့် စိတ်သဘောထားက ဆိုးဝါးလှသည်။ ဟာဗေး က သံသေတ္တာကို Tang Feng ဆီကို တွန်းပို့လိုက်သည်။
" ဖွင့်ကြည့်လိုက်ပါ။"
လင်ဒါက သူ့ဘေးနားက စကားမပြောပဲ တိတ်ဆိတ်နေခဲ့သည်။
အဲဒီနှစ်မှာ ဖီးနစ်ထျန်း နဲ့ ဟာဗေး ကြားက ဆက်ဆံရေးအကြောင်း သူမ ကောင်းကောင်း သိခဲ့တယ်၊ ဟာဗေး နဲ့ ဖီးနစ်ထျန်း တို့ စုံတွဲမှာ ဟာဗေးက တခြားလူနဲ့ လက်ထပ်ပြီး လမ်းခွဲလိုက်တဲ့အတွက် လင်ဒါ က ဟာဗေးကို အဆက်သွယ်မလုပ်၊ မပေါင်းတော့တော ကြာပြီ။
ဖီးနစ်ထျန်း ကွယ်လွန်ပြီးသည့်တိုင်အောင် သူတို့တို့သည် သူတို့ချစ်မြတ်နိုးသော ထိုအမျိုးသားအတွက် အသုဘအခမ်းအနားကျင်းပကြပြီးနောက် ထိုကွာဟချက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြန်သည်။
"ဒါတွေက..."
Tang Feng သည် သူနှင့် ဟာဗေး ၏ ဓာတ်ပုံအချို့ပါရှိသော ခဲသေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်သော်လည်း ဒါက သူတို့ နှစ်ယောက်ရဲ့ ဘဝကို ဖွင့်လှစ်လိုက်သည်နှင့် ပိုတူသည်။
သူတို့ရဲ့ ပထမဆုံးချိန်းတွေ့တာက ဆေးရုံမှာဖြစ်ပြီး ဟာဗေးတစ်ယောက် ဆေးရုံမှာ ဖြစ်ပျက်ခဲ့တဲ့ အသေးအမွှားလေးတွေအကြောင်း ပြောနေတာကို နားထောင်ရင်း ဖီးနစ်ထျန်း က မြက်ခင်းပြင်မှာ ထိုင်နေပါတယ်။ ထိုအချိန်တွင် နေရောင်ခြည်သည် အလွန်တောက်ပနေသဖြင့် ဖီးနစ် သည် ကောင်းကင်ဘုံ၌ ရှိနေသည်ဟု ခံစားလိုက်ရသည်။
ဓာတ်ပုံထဲက ဖီးနစ်ထျန်း ဟာ တောက်ပစွာ ပြုံးပြီး အနည်းငယ် လန်းဆန်းနေသည်။
ထိုအချိန်တွင် ထိုအမျိုးသားလေးသည် သူ့ နှလုံးရောဂါ၏လျှို့ဝှက်ချက်ကို အများပြည်သူ မသိအောင် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ လျှို့ဝှက်ချက်ကို မျှဝေနိုင်သူတစ်ဦးအနေဖြင့် အမှန်တကယ်တွင် ရင်းနှီးသောမိတ်ဆွေများနှင့် ဆရာဝန်အနည်းငယ်သာရှိသည်။
တခါတရံမှာ အရမ်းတော်လွန်း ထက်လွန်းနေတဲ့ သူတွေက သာမန်လူတွေနဲ့ မတူဘူးလို့ ခံစားရပေမယ့် မင်း နဲ့ နီးကပ်လာတာနဲ့အမျှ သူတို့ဟာ အမှန်တကယ်တော့ လူသားတွေဖြစ်ကြောင်း တွေ့ရှိပါလိမ့်မယ်။
လူသိများ လိုခြင်း၊ အသိအမှတ်ပြုခံရခြင်းက တကယ်တော့ ချစ်ခြင်းမေတ္တာကို ငတ်မွတ်တောင့်တခြင်း ဖြစ်သည်။
"ငါနဲ့ သူ့အတိတ်။" ဟာဗေး က စကားမပြောဘဲ တိတ်တိတ်လေး ထိုင်နေတယ်။
Tang Feng သည် ပုံများကို တစ်ပုံချင်း ကြည့်လိုက်သည်။ ဟာဗေး နဲ့ အတူရိုက်ဖူးတဲ့ ဓာတ်ပုံအချို့အပြင် ဟာဗေး ကိုယ်တိုင်ရိုက်ပေးထားသည့် ပုံတွေလည်း ပါသည်။
တချို့က သူ ခုတင်ထက်မှာ လဲလျောင်းရင်း အိပ်ပျော်သွားသည့်ပုံတွေ...တချို့က စာအုပ်တွေကို ဖတ်နေပေမယ့် အဝေးက ဓာတ်ပုံရိုက်နေတဲ့လူကို သတိမထားမိခဲ့ပေ။ ..သူ့ ဘဝရဲ့ ရှုထောင့်တိုင်းကို ဓါတ်ပုံထဲ ဖော်ပြနေတာကိုကြည့်ရင် ဓာတ်ပုံရိုက်တဲ့သူနဲ့ အတူ ဖြတ်သန်းလာတာ အချိန် ဘယ်လောက်များလဲဆိုတာ သိနိုင်ပါတယ်။ အဲ့ဒီလူက ဒီဓာတ်ပုံတွေကို တကယ် ကြိုက်ပုံရတယ်။
"ဒေါက်တာ ဟာဗေး၊ မင်း ဖီးနစ်ကို ချစ်ခဲ့လား။" Tang Feng က ဓါတ်ပုံအားလုံးကို ကြည့်ပြီးနောက် ဓာတ်ပုံတွေကို ပြန်တင်လိုက်တယ်။
ဘေးနားရှိ လင်ဒါသည် ရုတ်တရက် လည်ချောင်းတစ်ဆို့သွားပြီး ပါးစပ်ကို အုပ်ရန် ခေါင်းကို လှည့်လိုက်သည်။
"သူဟာ လူကောင်းတစ်ယောက်ပါ၊ တကယ်ကောင်းတဲ့သူတစ်ယောက်ပါ။ မင်း မသိချင်ရင် ငါ သူ့ကို ဘယ်လိုတွေ့တယ်ဆိုတာ ပြောပြနိုင်တယ်။ ဒီအရာတွေက အများပြည်သူရှေ့ ဘယ်တော့မှ ပေါ်မလာနိုင် ပေမယ့် မင်းမှာ သိပိုင်ခွင့်ရှိတယ် ထင်တယ်။"
ဟာဗေး က တည်ငြိမ်စွာ ပြောလိုက်တယ်။
"မပြောပါနဲ့" ထျန်းဖုန်း စကားတစ်ခွန်းပဲ ပြောခဲ့တယ်။
Tang Feng ၏ငြင်းဆန်မှုကြောင့် ဟာဗေး အံ့အားသင့်သွားသည်။ သူက Tang Feng ကို တအံ့တသြ ကြည့်ရင်း "ဘာလို့လဲ မသိချင်ဘူးလား"
"ဒါတွေက ဒေါက်တာ ဟာဗေးရဲ့ ခံစားချက်နဲ့ အတိတ်က ဒီလိုပါပဲ။ သံသေတ္တာကို တခြားသူတွေ မမြင်နိုင်တဲ့ နေရာမှာသာ သိမ်းဆည်းထားသင့်တယ်၊ အဲဒါကို ဘယ်သူ့ကိုမှ မမျှဝေဘဲ ထားသင့်ပါတယ်။"
သံသေတ္တာကိုပိတ်ပြီးနောက် Tang Feng က ခေါင်းခါပြီး သေတ္တာကို ဟာဗေး ကို ပြန်ပေးလိုက်တယ်။
"ဖီးနစ်အနေနဲ့ဆိုရင် Dr. ဟာဗေး....မင်းက ဖီးနစ် ကို အကြွေးဆပ်ရမယ်ဆိုတာကို ငါ သိပါတယ်၊ ဒါပေမယ့် အတိတ်က အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခု မင်းမိန်းမကို ပို ကရုစိုက်သင့်တယ်။"
Tang Feng က ဝါးကန့်လန့်ကာကိုကြည့်ရင်း ခဏငြိမ်သက်ပြီးနောက် "ဒီကန့်လန့်ကာနောက်ကွယ်မှာ ရှိတဲ့သူက မင်းရဲ့ဇနီးပဲ။ ဖီးနစ် မဟုတ်ဘူး။"
Tang Feng ရဲ့ စကားက ဟာဗေး ခဏလောက် ထိတ်လန့်သွားစေခဲ့တယ်။ သူ ပါးစပ်ကိုဖွင့်ပြီး မေးချင်ပုံပေါ်နေတယ်။ သူ့မျက်လုံးတွေက အံ့ဩမှုတွေ ပြည့်နေပေမယ့် သူ မေးချင်တဲ့ အကြောင်းရာတွေက မယုံနိုင်လောက်အောင် ဖြစ်နေလို့ ဖွင့်ဟ မမေးနိုင်ခဲ့ဘူး။
"ထျန်း ပြောသွားတာ မှန်တယ်ထင်တယ်၊ ဖီးနစ်က ဒီလို လူယုတ်မာမဟုတ်ဘူး။"
နောက်ဆုံးတော့ လင်ဒါ က ပါးစပ်ကိုဖွင့်လိုက်တော့ နီရဲနေတဲ့မျက်လုံးတွေနဲ့ အမျိုးသမီးက ပုံမှန်အတိုင်းပြန်ဖြစ်သွားသလိုပဲ ပြုံးနေတယ်။
" တကယ်တော့ ဟာဗေး....ရှင် နဲ့ ဖီးနစ်ထျန်း လမ်းခွဲပြီးတဲ့ နောက်မှာတော့ ဒီသူတော်ကောင်း လူကောင်းလေးကို ငါ တကယ်မုန်းတီးခဲ့ပါတယ်။"
ဟာဗေး ရှေ့မှာ လင်ဒါ က အတိတ်ကို သတိရရင်း နာကျင်စွာနဲ့ စကားပြောခဲ့တယ်။
ဟာဗေး က ပြုံးရုံသာပြုံးပြီး လင်ဒါ ပြောတာကို စိတ်မဝင်စားဘူး။
"ဖီးနစ်ထျန်း ဟာ ပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ်၊ သူ့ကိုချစ်တဲ့သူတစ်ယောက်ရှိသင့်ပါတယ်၊ ဒါပေမယ့် သူ့ဘဝက မြန်မြန်ဆန်ဆန်နဲ့ ကုန်ဆုံးသွားပါတယ်..."
"နောက်ဘဝမှာတော့ သူနဲ့သင့်တော်တဲ့သူတစ်ယောက်နဲ့တွေ့ပြီး သူ့ကို အရမ်းချစ်တဲ့သူ တစ်ယောက်ကိုတွေ့လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကို ကျွန်တော် နည်းနည်း ယုံကြည်နေမိတယ်"
Tang Feng သည် ဟာဗေး ကိုကြည့်ကာ အထူးတလည်ပြောခဲ့သည်။
"ငွေရေးကြေးရေးအရလည်း အခု အရမ်းပျော်နေတာ ဖြစ်နိုင်တယ်၊ သူ့ဘဝက မပြည့်စုံသေးပေမယ့် ဒေါက်တာ ဟာဗေးလိုပဲ တစ်ယောက်ယောက်က သူ့ကို ချစ်နေလိမ့်မယ်။"
ဖီးနစ်ထျန်း က သူ့ကိုချစ်တဲ့သူတွေကို ပြန်ပြီး မြတ်နိုးပေးလိမ့်မယ်။
***-**
YOU ARE READING
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.