Chapter 67: -ရုပ်ရှင်ဇာတ်ကား ပထမဆုံး ရုံတင်ပြသသည့် အခမ်းနား

283 48 3
                                    

Chapter 67: -ရုပ်ရှင်ဇာတ်ကား ပထမဆုံး ရုံတင်ပြသသည့် အခမ်းနား

"Rebirth" ရုပ်ရှင်ကို ဘာကြောင့်ရိုက်ကူးခဲ့သလဲဆိုတာ.... ရုပ်ရှင်ကို ရုံတင်ပြသပြီးနောက်မှာ လူအများစုက ရုပ်ရှင်ထဲက အဖြေကို ရှာတွေ့နိုင်ပြီး ရုပ်ရှင်ကတစ်ဆင့် Tang Feng ပြောချင်တဲ့ အဓိပ္ပါယ်ကို ရှာတွေ့နိုင်မယ်လို့ ယုံကြည်မိသည်။

ရုပ်ရှင်အစမှ အဆုံးအထိ ပြိုင်ဘက်မရှိ၊ အစပိုင်းတွင် မျက်စိကျစရာမကောင်းသည့်  သူဌေးဖြစ်စေ ၊ Ge Chen ကဲ့သို့သော အသက်မွေးဝမ်းကျောင်း အနုပညာလောကမှ ပြိုင်ဖက်ဖြစ်စေ ၊ ဘဝတွင် မတူညီမှုများရှိခဲ့ဖူးသော သူငယ်ချင်း ချန်မင်ရွှိ ဖြစ်စေ၊ .

အဆုံးတွင်၊ လက်တွေ့ဘဝမှာ လူတိုင်းက သူတို့ကြားရှိ အတားအဆီးများကို ဖယ်ရှားပစ်လိုက်သည်။ သူငယ်ချင်း မဖြစ်သေးရင်တောင် အရင်ကလို ဆုံတွေ့တဲ့အချိန်းတုန်းကလို  အရမ်းခေါင်းမာပြီး စိတ်ရှုပ်စရာကောင်းအောင် လုပ်နေကြမည် မဟုတ်ပေ။

တကယ့်ပြိုင်ဘက်က သူ့ကိုယ်တိုင်ပဲလေ။

ချက်ချင်းဆိုသလိုပဲ ကော်ဇောနီခင်းထားသည့် ရုပ်ရှင်ရဲ့ ပရီမီယာ ပွဲကို ကျင်းပသည့် အချိန်ကို ရောက်လာခဲ့သည်။  Tang Feng က အဝတ်လဲခန်းထဲမှာ ထိုင်ပြီး မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်လိုက်ပြီး  သူ့နှုတ်ခမ်းထောင့်က ပင့်တက်ကာ သူ့ကိုယ်သူ ပြုံးပြလိုက်သည် ။

စားပွဲခုံပေါ်တွင် သတင်းစာနှင့် မဂ္ဂဇင်းများစွာရှိသည်။ Tang Feng က လင်ဒါ  ကို အိမ်ပြန်ပို့တဲ့ပုံတွေ ရှိနေသည်။ ထိုသတင်းစာတွေက  လင်ဒါ  ၏ အိမ်တွင် ညအိပ် တည်းခိုခဲ့သည့် လူငယ်ကြယ်ပွင့် Tang Feng ကို ရေးသားဖော်ပြခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုညက သူနဲ့ လင်ဒါ တို့ တကယ်ကို လွန်လွန်ကျူးကျူး ဖြစ်သွား သကဲ့သို့ပင် ရေးသားထားသည်။ ရုပ်ရှင်အပြီးတွင် လူတိုင်းသည် လင်ဒါ၏ ကွာရှင်းပြတ်စဲခြင်းကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့ကြပြီး Tang Feng နှင့် ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ခဲ့သည်။ Tang Feng က သတင်းစာကို ကောက်ယူပြီး အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။

"Rebirth" ရုပ်ရှင်၏ အဦးအစတွင် ကောလာဟလများနှင့် ထင်ကြေးများ ဖြင့် ပိုမို သတင်းကြီးနေခဲ့သည်။

ထိုနေ့ ကော်ဇောနီပေါ်တွင် ရုပ်ရှင်ဖန်တီးသူများအပြင် အနုပညာ အဝိုင်းအပြင်ဘက်ရှိ သူငယ်ချင်း များစွာလည်း ပါဝင်ကူညီခဲ့ကြသော်လည်း Tang Feng နှင့် ကောလာဟလအရှုပ်တော်ပုံရှိနေသည့် လင်ဒါ သည်လည်း အနီရောင်ကော်ဇောပေါ် ဝံ့ကြွားစွာ လျှောက်လမ်းလာလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ပေ။ .

Tang Feng နှင့် လင်ဒါ တို့၏ ဆက်ဆံရေး အဓိကအချက်များကို ဖမ်းဆုပ်လိုက်သကဲ့သို့ မီဒီယာများသည် ချက်ချင်းပင် ဆူပွက်သွားသည်။ ကင်ရာမီးရောင် တဖြတ်ဖြတ်ကြောင့်  လူတို့၏ မျက်လုံးများကို ကန်းလုမတတ်ဖြစ်စေခဲ့သည်။

သို့သော်လည်း မကြာမီတွင် နာမည်ကျော်လှသည့် အနုပညာကြယ်ပွင့် မင်းသမီးကြိး လင်ဒါ အပြင် တက်သစ်စ အနုပညာ ကြယ်ပွင့် Tang Feng ၏ တစ်ဖက်ဘေး တွင် ရပ်နေသည့် အရပ်ရှည်ရှည်နှင့် လူလတ်ပိုင်း နိုင်ငံခြားသားတစ်ဦးလည်း ရှိကြောင်း လူများက တွေ့ရှိခဲ့သည်။

အဲဒီလူက ဘယ်သူလဲ....
 မင်းဘာလို့ Tang Feng နဲ့ လင်ဒါ နဲ့တွဲရပ် နေတာလဲ။ ဤချောမောသောလူသည် အခြားသူ မဟုတ်ပဲ  လင်ဒါ ၏ ခင်ပွန်းစစ်စစ် George ဖြစ်သည် ဟု မကြာမီ အဖြေထွက်ပေါ်ခဲ့သည်။

Tang Feng က လင်ဒါ နဲ့ George ကို ဘယ်ညာ နှစ်ဖက် တွဲကာ  ကော်ဇောနီပေါ် ခေါ်သွားတဲ့အခါ ထင်မြင်ယူဆချက်တွေနဲ့ မမှန်မကန် ဖြန့်ထားတဲ့ ကောလဟာလတွေ ချက်ခြင်း ပေါက်ကွဲ ထွက်လာခဲ့သည်။  Tang Feng သည် လင်ဒါ နှင့် တကယ်ပင် လူမသိသော ဆက်ဆံရေးရှိခဲ့ပါက George သည် အပြုံးဖြင့် သူတို့နှင့်အတူ လျှောက်သွားမည်မဟုတ်ပေ။

ယောက်ျားနဲ့ မိန်းမကြား ဖြူစင်တဲ့ ချစ်ကြည်ရင်းနှီးမှုဆိုတာ ရှိနိုင်ပါ့မလား။
"လူတွေက ဒါကို ဂရုမစိုက်ဘူး၊ ကြယ်ပွင့်တွေရဲ့ အတင်းအဖျင်းတွေကိုပဲ ကြည့်ချင်ကြတာလေ"

လင်ဒါ သည် Tang Feng ကို ညင်သာစွာ ပွေ့ဖက်ပြီးနောက် ခင်ပွန်းဖြစ်သူ၏ အနားသို့ တရင်းတနှီး ပြန်လာခဲ့သည်။

သူတို့အားလုံးသည် စိတ်သဘောထားကြီးသူများ ဖြစ်ကြသော်လည်း Tang Feng သည် လင်ဒါ ၏ခင်ပွန်းဖြစ်သူ George နှင့် လင်ဒါ တို့၏ ဆက်ဆံရေးနှင့် ပတ်သတ်ပြီး ကောလဟာလ သတင်းထုတ်ပြန်ခဲ့သည့် မီဒီယာများ၏ ထင်မြင်ချက်များနှင့် ပတ်သက်၍ နောင်တရနေသေးသည်။

"ဒါဆို သူတို့ကို ဒီတကြိမ် စိတ်ပျက်သွားစေပြီပေါ့"

Tang Feng က ပြုံးပြီး ဂျော့ရဲ့လက်ကို ဆွဲကာ ပြောလိုက်သည်။ "မင်းကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"

"တကယ်တော့ "Heavenly Son 2"က တမင် ထုတ်လွှင့်သည့် သတင်းတွေ နဲ့ ဒီနေ့ ရုံတင်တော့မယ့် သူ့ရုပ်ရှင်အတွက် မဟုတ်ရင် လူတွေက သူနဲ့ လင်ဒါ ကို အဲ့ဒီလောက်  အာရုံစိုက်မိမည် မဟုတ်ပေ။

"မဟုတ်ဘူး၊ ငါကပဲ မင်းကို တောင်းပန်သင့်တယ်၊ ငါ့ရဲ့ ရိုင်းစိုင်းတဲ့ ဇနီးသည်က  မင်းကို ဒုက္ခ အများကြီးပေးခဲ့တယ်။"

ဂျော့ခ်ျက အမြဲတမ်း ပြုံးနေပြီး သူက နည်းနည်း တည်ငြိမ်တတ်သူ ဖြစ်သည်။ အစစ်အမှန် ပေါင်းစည်းခြင်းဆိုတာ ဒါကိုခေါ်တာဖြစ်မည်။ တက်ကြွလွန်းသည့် လင်ဒါကို တည်ငြိမ်ပြီး တိတ်ဆိတ်သည့်     George ကသာ ထိန်းကျောင်း နိုင်သည်။

"ဟေ့ မင်းမိန်းမကို မင်း ဘယ်လိုပြောနေတာလဲ"

ခင်ပွန်းသည်၏ရှေ့တွင် လင်ဒါ သည် ညုတုတုလုပ်ခြင်းကို နှစ်သက်သော ကလေးမလေးသဖွယ် ဖြစ်သွားပြီး Tang Feng က သူတို့ လင်မယားကြားကနေ အချိန်မီ ထွက်ခွာသွားခဲ့သည်။ သူက စုံတွဲတွြေ ကြား အပို မီးလုံး လုပ်ရတာ မကြိုက်ဘူး။

ထောင့်တစ်နေရာကို လှည့်ပြီးနောက်၊ Xiao Yu သည် Tang Feng ခြေလှမ်းနှစ်လှမ်း မလှမ်းရသေးမီ   အလျင်အမြန်ပြေးလာခဲ့သည်။

"အရှင်ဘုရားရေ... အမြန်ပြင်ဆင်ပါတော့..ရှင်က အဓိက သရုပ်ဆောင်မင်းသားလေ။ ရှင်က မျက်နှာထွက်ပြရမှာ မဟုတ်လား။"

ရှောင်ယု  က မိုက်ခရိုဖုန်းသုံးပြီး တခြားသူတွေနဲ့ ဆက်သွယ်ဖို့ ခေါင်းငုံ့ထားရင်းနဲ့ မြန်မြန်ပြောလာခဲ့သည်။

သူ့လက်ကိုဖွင့်ကာ Tang Feng က တခြားတစ်ယောက်ကို ပွေ့ဖက်လိုက်ပြီး  နူတ်ဆက်လိုက်စဉ် ရှောင်ယု   အရမ်း ကြောက်လန့်သွားသည် ။

"Tang Feng ရှင်... ဘာလုပ်နေတာလဲ!"
 Xiao Yu က ငိုချက်လာသည်။  ဒီလူကြီးက သူ့လက်အောက်လူကို ဘာလို့ ငိုအောင် လုပ်ချင်နေတာလဲ။

"ရှောင်ယု ၊ အေးအေးဆေးဆေး လုပ်ပါ။ ရုပ်ရှင်ရဲ့ ပရီမီယာပွဲကို  ငါတို့ တက်ရောက်ဖူးတာ    ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ဘူး။ ငါတို့ အားလုံး ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။"

ထျန်းဖုန်းက အမျိုးသမီးလေးရဲ့  ပုခုံးပေါ်ကို လက် ပုတ်ကာ စိတ်အေးအောင် နှစ်သိမ့်လိုက်သည်။

ရုတ်တရက် စိတ်တွေ ပြေလျော့သွားပြီး သူ့ကို အော်တော့မည့်  ရှောင်ယု  က သက်ပြင်းတစ်ချက်ချ လိုက်သည်-

"ဒါက ရှင် တာဝန်ယူရတဲ့ ပထမဆုံးရုပ်ရှင်လေ။ ရှင်က အပြင်မှာထိုင်ပြီး ရှင့်ဇာတ်ကားကို ပိုက်ဆံပေးဝယ်ကြည့်ဖို့  ဆန္ဒရှိတဲ့ ပရိသတ်ကို အားပေးရမယ်လေ။   ဒါပေမယ့် အမေရိကမှာ ပထမအကြိမ် ရုံတင်ဖို့ လုပ်တဲ့အချိန် အဲ့ဒီကို မသွားရတာ စိတ်မကောင်းစရာပဲ  US ကို သွားရတာထက် ပိုစိတ်မကောင်းဖြစ်ရတယ်။"

 ရှောင်ယု  က နားရွက်နောက်ဘက်မှာချိတ်ထားတဲ့ နားကြပ်ကို ချွတ်လိုက်တော့ Tang Feng က ပြုံးပြီး ရှောင်ယု  ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။
"ကောင်းပြီ၊ တခြားသူတွေကို သွားကြည့်လိုက်မယ်။"

"Tang Feng!" ရှောင်ယု အော်လိုက်မိသည်။

ထိုလူက သူ့လက်ကို မြှောက်ကာ ညင်သာစွာ ယမ်းလိုက်ကာ ရှောင်ယုထားက ထွက်သွားတော့သည်။

ရှောင်ယု  သည် သူ့ခြေထောက်နောက်ကို ဖဝါးထပ်ချပ်မခွာလိုက်လာစဉ် ရင်ထဲမှာ အနည်းငယ် အကူအညီမဲ့သော်လည်း ပိုနွေးထွေးလာခဲ့သည်။

ထွက်ခွာပြီးနောက်ရှောင်ယု ၊ Tang Feng တို့သည် အခြားသရုပ်ဆောင်များနှင့် ဒါရိုက်တာများစွာကို လျင်မြန်စွာ တွေ့ရှိခဲ့ပြီး သူ တို့အားလုံးသည် တိုက်ပွဲဝင်ဖို့ စိတ်ဓါတ် ပြင်းထန်သူများဖြစ်သည်။ စင်ပေါ်မှာ စကားပြောဖို့ စီစဉ်ဖို့ လူတိုင်းက စိတ်အေးလက်အေးနဲ့ စကားစမြည်ပြောနေကြတယ်။

ရုတ်တရက် တစ်စုံတစ်ယောက်က Tang Feng ကို အနောက်ကနေ ပွေ့ဖက်လိုက်တယ်။

"ကောင်းပြီ Charles၊ မင်းရဲ့အရပ်ရှည်တဲ့ခန္ဓာကိုယ်ကို ဟိုးအဝေးကတည်းက ငါ တွေ့ပြီးသား......"

သတင်းထဲပါမည်ကို လုံးဝ မကြောက်တဲ့ ချားလ်စ်ကို ထျန်းဖုန်းက ညင်သာစွာ သက်ပြင်းရှိုက်ရင်း လှည့်ကြည့်ကာ မော့ကြည့်လိုက်သည်။

 " မင်းရဲ့ ရေမွှေးနံ့ကို မင်းမရောက်ခင်ကတည်းက ငါရနေတယ် "

ချားလ်ရဲ့ ထူးထူးခြားခြား အကြိုက်ကတော့ အထူး ထုတ်ထားသည့် ရေမွှေးလို့  ပြောလို့ရပါတယ်။

"ဘေဘီ.... ဂုဏ်ယူပါတယ်။"

 Charles က သူ့ခေါင်းကို ငုံ့ပြီး Tang Feng ရဲ့ ပါးပြင်ပေါ်မှာ အနမ်းတစ်ခု ထားခဲ့တယ်။

"ကျေးဇူးတင်ပါတယ် "

Tang Feng နဲ့ ချားလ်က တစ်ယောက်နဲ့တစ်ယောက် ပါးကိုနမ်းကာ ပြောလိုက်သည်။

"ပထမနေ့မှာ တက်ရောက်မှုနှုန်းက အရမ်းကောင်းတယ်။"

ထုံးစံအတိုင်း၊ Lu Tian chen သည် ရုပ်ရှင်၏အဦးအစတွင် မပါဝင်ပဲ နေမည်မဟုတ်ပေ။

Lu Tian chen က ပရိတ်သတ် ဝင်ရောက် ကြည့်ရှုနှုန်း အရမ်းကောင်းတယ်လို့ ပြောရင် အရမ်းကောင်းလို့ပဲ... ဒီကောင်လေးရဲ့ အကြီးမားဆုံးအားသာချက်ကတော့ ရိုးရိုးသားသား တဲ့တိုး ပြောတတ်ခြင်းပင်။ သူက ချစ်သူဖြစ်နေရင်တောင် မကောင်းသည်ကို ကောင်းသည်ဟု ပြောလာမည် မဟုတ်ပေ။

Charles နှင့် ပွေ့ဖက်ပြီးနောက် Tang Feng သည် လှည့်ကြည့်ကာ Lu Tian chen ကို လက်ဆန့်တန်းကာ  ပွေ့ဖက်ပေးလိုက်သည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်။"

"ညဘက် ပြန်မလာမချင်း စောင့်ပေးခဲ့လို့  ကျေးဇူးတင်တာလား...."

အိမ်တော်ထိန်းကြီး   Charles က Tang Feng ၏ ကျော် ပုတ်ကာ အခြားသူများ ရှိနေသည်ကို ဂရုမစိုက်ဘဲ ထိုလူအား အဓိပ္ပါယ်ပါပါကြည့်ကာ ပြောလိုက်သည်။
  " Baby ၊ ငါ စင်ပေါ်တက်သွားခဲ့ရင် ညစ်ညမ်းတဲ့ စကားမပြောပဲ ထိန်းထားမယ်ဆိုရင် ကိုယ် ပြန်ဆင်းလာတဲ့အထိ မင်း စောင့်ပေးမှာလား "

အဲဒီအချိန်မှာ ဝန်ထမ်းတချို့ အမြန်ပြေးလာကြသည်။  အ ချိန်မဆွဲတော့ပဲ  Tang Feng နဲ့ ဝန်ထမ်းတွေက တခြားသရုပ်ဆောင်တွေနဲ့ အတူ   ရုပ်ရှင်စင်မြင့်ပေါ်တက်ဖို့ စီစဉ်ခဲ့ကြတယ်။

  ရုပ်ရှင်အမှန်တကယ်မပြသမီ မကြာမီ သရုပ်ဆောင်များက အင်တာဗျူးဖြေရမည်ဖြစ်သည်။

ပထမဆုံးပြောမယ့်သူက ဒါရိုက်တာဖြစ်သည်။  Tang Feng သည် ဒါရိုက်တာဘေးတွင် ရပ်နေသောအခါတွင် ရုတ်တရက် အံ့အားသင့်သွားသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ထုတ်လုပ်သူနှင့် သရုပ်ဆောင် Tang Feng ၏ "မိသားစုဝင်များ" အဖြစ် Lu Tian chen နှင့် Charles တို့သည် ရှေ့ဆုံးတန်းတွင် သဘာဝကျကျ  နေရာယူထားသည်။ Tang Feng က သူ့အလှည့်ပြီးသည့်အခါ     သူတို့နှစ်ယောက်နဲ့  အတူထိုင်လိမ့်မည်ဖြစ်သည်။

Tang Feng ကို ဒီနေရာကနေ ကြည့်လိုက်ရင် Charles နဲ့ Lu Tian chen ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမယ့် သူ့ကို အံ့အားသင့်စေတာကတော့ Charles နဲ့ Lu Tian chen ရဲ့ တည်ရှိမှုကြောင့် မဟုတ်ပဲ    နောက်ထပ် ဆံပင်ရွှေရောင် လူတစ်ယောက်လည်း ပထမတန်းမှာ ပေါ်လာပြီး  နှစ်ယောက်နဲ့ အတူ တာ့ ထိုင်နေကြခြင်းပင်။

Big Boss ကြီး သုံးယောက်သား အတူတူထိုင်ကြပြီး ဘာတွေပြောနေမှန်းကို မသိဘဲ ရံဖန်ရံခါ ခေါင်းညိတ်ပြနေ ကြသည်။ ဒီထူးဆန်းသော မြင်ကွင်းကြောင့် Tang Feng သည် ခဏတာ အံ့အားသင့်သွားကာ Host က  သူ သတိဝင်မလာခင်အထိ  နှစ်ကြိမ်တိုင်တိုင် ခေါ်ခဲ့ရသည်။

"Rebirth" ရုပ်ရှင်ဟာ တကယ်တော့ မင်းရဲ့ကိုယ်တွေ့ အတွေ့အကြုံကို အခြေခံထားတာဆိုတာ ငါတို့ အားလုံးသိပါတယ်၊ ဒါပေမယ့် ဘာကြောင့်   ပြန်လည်မွေးဖွားခြင်း ဆိုတဲ့ နာမည်ကို သုံးရတာလဲ။ ဒီနာမည်က ထူးခြားတဲ့ အဓိပ္ပာယ်ရှိသလား"

Host က  Tang Feng ကို ပြဿနာတစ်ခုမေးလိုက်သည်။

Tang Feng ၏အင်တာဗျူးဖြစ်ပြီး လူသုံးယောက်သည် တစ်ချိန်တည်းမှာပင် စိတ်အားထက်သန်စွာဖြင့် စကားပြော ရပ်ကာ သူ့ကို စူးစိုက်စိုက်ကြည့်ကာ ကြည့်နေလေသည်။

ယခုအချိန်တွင်  သုံးယောက်ကြား တိုက်ပွဲမရှိသလို ရှုပ်ထွေးသော ကလိမ်ကျမှုလည်းမရှိဟု ထင်ရသည်။ ရှုပ်ထွေးသော အထောက်အထားရှိသော လူသုံးယောက်သည် Tang Feng ကို တစ်ချိန်တည်း စိုက်ကြည့်နေသည်။

"ရုပ်ရှင်ထဲက ချန်းဖန် ပဲ ဖြစ်ဖြစ်၊   ရုပ်ရှင်အပြင်မှာ ရှိတဲ့ ထျန်းဖုန်းပဲဖြစ်ဖြစ်၊ သူ့ဘဝမှာ စိတ်ပျက် အားငယ်စရာတွေ ကြုံဖူးခဲ့တယ်။ မွေးဖွားခြင်းဆိုတဲ့ နာမည်က တခြားဘဝလို့ မဆိုလိုပါဘူး။ ဒီလိုပဲ စိတ်ဓာတ်ကျတာကို ကြုံဖူးတယ်လို့ ပြောပြချင်ပါတာပါ။  လူတော်တော်များများအပါဝင် ကျွန်တော် ကြုံတွေ့နေရတဲ့ အခြေအနေက မဆိုးပါဘူး၊ လူဆိုတာ အမှားလုပ်ပြီး ချောက်ထဲ ပြုတ်ကျခဲ့ဖူးတယ်။ တချိန်က ကိုယ်က တစ်ကိုယ်ကောင်းဆန်ခဲ့ဖူးတာ ဖြစ်ပေမယ့် ကိုယ့်  အမှားကို ပြန်ပြင်ဖို့ဆန္ဒရှိမယ်ဆိုရင်  ဒါတွေကို ကျော်ဖြတ်ဖို့ ဘဝကို အစကနေ ပြန်စဖို့ ကိုယ့်ကိုကိုယ် အခွင့်အရေးပေးပြီး၊ ကြိုးစားသင့်တယ်။ ဒါကြောင့် ဒီဇာတ်ကား နာမည်ကို ပြန်လည်မွေးဖွားခြင်းလို့ နာမည်ပေးခဲ့တာ ဖြစ်တယ် "

Tang Feng က Host ရဲ့ အမေးကို လှပစွာ ပြန်လည် ဖြေကြားပေးခဲ့သည်။

Ge Chen ၊ Wei Dao ming ၊ Jonas နဲ့ Mike Chen ပဲ ဖြစ်ဖြစ်၊ သူနဲ့ တခြားသူတွေရဲ့ ဘေးမှာ အလားတူ လူမျိုးစုံ ပေါ်လာလိမ့်မယ်၊ ဒါပေမယ့် ဒီလူတွေက သူ့ရန်သူ မဟုတ်ဘူး။

အစမှအဆုံးအထိ ရန်သူက  မိမိကိုယ်တိုင်သာဖြစ်သည်။

ခံစားချက်များ ကဲ့သို့ပင်၊ သူ၏ မတူညီသော ရွေးချယ်မှုများသည် မတူညီသော ရလဒ်များကို ယူဆောင်လာမည်ဖြစ်သည်။ ရလဒ်များသည် သေချာပေါက် အကောင်းဆုံးမဟုတ်သော်လည်း သူတို့သည်လည်း အဆိုးဆုံးမဟုတ်သည်မှာ သေချာပါသည်။

ကိုယ့်ကိုကိုယ် ပြန်လည်မွေးဖွားဖို့ အခွင့်အရေးပေးတာကလည်း တခြားသူတွေကို ချစ်ဖို့ အခွင့်အရေးပေးခြင်းပင် ဖြစ်သည်။

***-****

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Donde viven las historias. Descúbrelo ahora