True Star- Volume_ (4) - Chapter_ (76) ကျေးဇူးပြုပြီး ပြင်းပြင်းလေး ချစ်ပါ လုထျန်းချန်
ဖီးနစ် သည် အကျော်ကြားဆုံး တရုတ်လူမျိုး ဖြစ်ပြီး ဟောလိဝုဒ်နာမည်ကျော် စူပါစတား ဖြစ်သော်ငြားလည်း ထိုလူသည် ပထမအဆင့်ကို ရောက်ဖို့ ဘယ်ဇာတ်ကောင်နေရာဖြစ်ဖြစ် အခန်းကဏ္ဍတိုင်းကို အနိုင်ရရန် မည်သို့ကြိုးစားခဲ့သည်ကို အနုပညာ အသိုင်းအဝိုင်းရှိလူတိုင်း သိနေသမျှ ကာလပတ်လုံး ဒီဇာတ်ကားကို ရိုက်ကူးရကြိုးနပ်လေပြီ။
ဖီးနစ်ထျန်း ၏ အကြီးမားဆုံးအောင်မြင်မှုက ဘာလဲ....
ဟောလီးဝုဒ် ရုပ်ရှင်ထဲမှာ အသားအရောင်ကို ထည့်သွင်း စဉ်းစားစရာ မလိုတော့ပဲ အနုပညာ အရည်အချင်းကိုသာ ကြည့်တဲ့ အဖြစ်ကိုရောက်လာအောင် အသားဝါ လူမျိုး တစ်ယောက်အနေနဲ့ သူ တကယ် အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တယ်။ သူသည် တရုတ်ဘာသာဖြင့် သီးသန့်ရိုက်ကူးသည့် ဇာတ်ကားထဲတွင်သာမက အမေရိကန်ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်နိုင်သည်။ ဒီဇာတ်ကားကို ပရိသတ်က တကယ်ကို သဘောကျခဲ့တယ်။ တကယ်ဆို သူက လူဖြူတွေနဲ့ မတူဘူးဆိုတာကိုပင် အနောက်တိုင်းသာ ရုပ်ရှင်ပရိတ်သတ်တွေ မေ့သွားခဲ့တယ်။
ကမ္ဘာပေါ်ရှိ လူမည်း အနုပညာကြယ်ပွင့်များက ဟောလီးဝုဒ်သို့ တရွေ့ရွေ့ဝင်ရောက်လာပြီး ရုပ်ရှင်၏ အဓိက ဇာတ်ဆောင်ဖြစ်လာသောအခါ၊ တရုတ်လူမျိုးတွေက ဘာကြောင့် မလုပ်နိုင်ရမှာလဲ...
ဖီးနစ် သည် United Sttes တွင်ကြီးပြင်းလာသော်လည်း၊ သူ၏ ရှေးကျသောမွေးရပ်မြေမှ သွေးများသည် သူ၏သွေးပြန်ကြောများတွင်စီးဆင်းနေဆဲဖြစ်သည်။
"စူပါစတား" ရုပ်ရှင်၏ နှစ်ဆယ့်ခုနစ်ခုမြောက် ဇာတ်ဝင်ခန်းကို Indoor Sence မှာပဲ အပြီးသတ် ရိုက်ကူးခဲ့သည်။
ဆေးရုံတစ်ခုထဲက လူနာခန်းထဲတွင် ဖီးနစ်ထျန်း အတွက် ဝမ်းနည်းရပေမယ့် ပျော်ရွှင်သောနေ့ဖြစ်ခဲ့သည်။ မနက်ခင်းမှာ အေးဂျင့်က သူ့ကိုဖုန်းဆက်ပြီး ဒါရိုက်တာက ဇာတ်ကားထဲမှာ သူ့ကို ထည့် မသုံးချင်ဘူးလို့ ယဉ်ကျေးစွာပြောခဲ့တယ်။ ဒါပေမယ့် သူက ဘာဖြစ်နေလို့လဲ....
အေးဂျင့်၏စကားများထဲက အချက်အလက်များအရ ဖီးနစ်ထျန်း ၏ အနုပညာအရည်သွေးကို ဒါရိုက်တာ လက်ခံခဲ့သည်။ ဒါရိုက်တာက သူ့ကို ရုပ်ရှင်ရဲ့ ခေါင်းဆောင် မင်းသားအနေဖြင့် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး အနုပညာရှင် အဖြစ် သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် ဖီးနစ်ရဲ့ အရည်အသွေးက တသမတ်တည်းမရှိဟု ခံစားရသဖြင့် ပရိသတ်က လက်မခံနိုင်လောက်ဟု ဆိုကာ ဖီးနစ်ထျန်း ကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။
ထိုအချိန်တွင် ဖီးနစ်ထျန်း သည် ဟောလိဝုဒ်တွင် နာမည်ကောင်းရခဲ့သည်။ သူ့ရဲ့ လေးနက်တဲ့အလုပ်နဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် သူ့ကို နာမည်ကြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ အချစ်တော် ကြယ်ပွင့်ဖြစ်လာခဲ့ပြီး ရာစုသစ်ရဲ့ အတောက်ပဆုံးကြယ်ပွင့်အဖြစ်တောင် တင်စား ခေါ်ဝေါ်ခဲ့ကြပါသေးတယ်။
ဒါပေမယ့် အဖြစ်မှန်နဲ့ ကျော်ကြားမှုက အချိုးမညီလှပေ။ ဒါရိုက်တာက ဖီးနစ် ရဲ့ အံ့သြစရာကောင်းတဲ့ အရည်အချင်းတွေကိုတောင် ဝန်ခံပေမယ့် ရုပ်ရှင်ထွက်ပြီးရင် ပရိသတ်က လက်မှတ် မဝယ်မှာကို စိုးရွံ့တာကြောင့် ဒါရိုက်တာနဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဒီအရည်အချင်းရှိတဲ့ မင်းသားကို တခြားတစ်ယောက်နဲ့ အစားထိုးဖို့ ရည်ရွယ်ခဲ့တာဖြစ်သည်။
ဒါဆိုရင် သူ နောက်ဆုတ်ရမလား? ဖီးနစ်ထျန်း က ဒါရိုက်တာနှင့် ထုတ်လုပ်သူအား ဇာတ်ကားတွင် သူ ပါဝင်သရုပ်ဆောင်ခွင့်ရဖို့ ရဲရင့်စွာ ဆွဲဆောင်ရန် ကြိုးပမ်းရာတွင် သူတို့တို့အား တစ်ဦးပြီးတစ်ယောက် ဖုန်းခေါ်ပေးရန် တောင်းဆိုခဲ့သည်။
တချို့လူတွေက ပိုယဉ်ကျေးတယ်။ အကြာကြီး စကားစမြည်ပြောပြီးနောက် တစ်ဖက်လူက သူ့ကို တဖြည်းဖြည်း အသိအမှတ်ပြုလာပြီး သရုပ်ဆောင်နေရာမှာ အစားထိုးဖို့ သေချာစဉ်းစားမယ်လို့ ကတိပြုခဲ့တယ်။
ဒါပေမယ့် တစ်ချို့လူတွေကတော့ ဖီးနစ်ထျန်း ကို တူညီတဲ့အဆင့်မှာ ရှိတယ်လို့ မမှတ်ကြဘူး။ သူတို့သည် ဖီးနစ်ကို ကဲ့ရဲ့သော သဘောထား ရှိပြီး သူတို့၏ စကားတွေက အမြဲ အဆင်မပြေကြပေ။ ဖီးနစ်ထျန်း က သူ့ကိုယ်သူ အတင်းအကြပ် သည်းခံခဲ့တာ မဟုတ်ရင် တစ်ဖက်လူနဲ့ သေချာပေါက် ရန်ဖြစ်မိလိမ့်မှာ သေချာသည်။
ဒါပေမယ့် ဖီးနစ်က ဒေါသအရမ်းထွက်ခဲ့ရတော့ ဘယ်ဘက်ရင်ဘတ်က ရုတ်တရက် ပြင်းထန်စွာ နာကျင် သွားပြီး ထိုနာကျင်မှုက သူ့နှလုံးသားကို အဝတ်စုတ်တစ်ခုလို ဆုပ်ခြေလိုက်သလိုပင်...... ခဏတာ ထုံထိုင်းသွားတဲ့ ရင်ဘတ်နဲ့အတူ သူ့နှလုံးခုန်သံတွေ ပိုမြန်လာသလို၊ သူ့ခန္ဓာကိုယ်ထဲက အသိစိတ် မျှင်မျှင်လေးက ထွက်သွားတော့မည်...
ပြင်းထန်လွန်းလှသော နှလုံးခုန်သံကြောင့် သူ့အသက်လေးက အနည်းငယ် နွမ်းလျသွားသလိုပင် ခံစားမိလိုက်သည်။
"ဒေါက်တာ! ဒေါက်တာ! ကျွန်တော် သေတော့မယ်..."
ဖီးနစ်ထျန်း က ဖုန်းခေါ်ဖို့ ခက်ခက်ခဲခဲ လျှောက်ရင်း ဆိုဖာခုံမှာ လှဲချလိုက်ပြီး မောမောနဲ့ ပြောလိုက်ကာ သူနဲ့အတူ သူယူလာတဲ့ ဆေးတွေကို အမြန်မျိုချလိုက်တယ်။ .
သူ့မျက်လုံးရှေ့မှာ အမှောင်ထုက တဖြည်းဖြည်း မှောင်လာခဲ့သည်။ သူ သေတော့မယ်လို့ထင်ခဲ့ပေမယ့် အချိန်အတော်ကြာပြီးနောက် မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်တယ်။ အားနည်းသော အလင်းရောင်သည်ပင် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။
သူ့ရှေ့က အရာအားလုံးကို မမြင်နိုင်ခင်မှာ ဖီးနစ်ထျန်း က ဆရာဝန်နဲ့ သူ့ပတ်ဝန်းကျင်က လူတွေ ပြောနေသံကို တဖြည်းဖြည်း ကြားလိုက်ရတယ်။
"ကျွန်တော် သူ့ကို ဒေါသမထွက်နိုင်တော့ဘူး၊ သူ့နှလုံးရောဂါအခြေနေက ပိုဆိုးလာတယ်၊ အဲဒါကို မပြောချင်ပေမယ့် ဒီလို အခြေနေနဲ့ နောက်ထပ် ဆယ်နှစ်ကျော်ထိ ပိုမခံနိုင်လောက်တော့ဘူး"
ဆရာဝန်က အေးအေးဆေးဆေး စကားပြောနေတယ်၊ သူတို့ရဲ့ အလုပ်အကိုင်က သူတို့ လူနာတွေ တဖြေးဖြေးနဲ့ သေလမ်းသွားနေသည်ကို ကူကယ်ရာမဲ့ စောင့်ကြည့်နေရသလိုပင်...
ဒါပေမယ့် ထိုသတင်းကြောင့် လင်ဒါ ချက်ခြင်း ငိုချလိုက်တော့သည်။
"အို ဘုရားသခင်၊ ဒေါက်တာ..သူ့ကို ကုသဖို့၊ တခြားနည်းလမ်း မရှိတော့ဘူးလား"
လှပသော အမျိုးသမီးသည် ထျန်းဖုန်း၏ ကံကြမ္မာ ကို လက်မခံလိုဘဲ ရင်တထိတ်ထိတ်နှင့် မျှော်လင့်ချက် မျှင်မျှင်လေး ရှိလိုရှိညား အားကိုးတကြီး မေးမြန်းခဲ့သည်။
ဖီးနစ်ထျန်း သည် ဆရာဝန်၏အဖြေကို မကြားခဲ့ရသော်လည်း ဆရာဝန်သည် ခေါင်းယမ်းနေမည်ကို သူ သိနေခဲ့သည်။
ခြေသံအနည်းငယ်ထွက်ပေါ်လာသဖြင့် ဆရာဝန်နှင့် သူနာပြုတို့ လူနာခန်းထဲမှ ထွက်ခွာသွားဟန်တူသည်။ ဖီးနစ်ထျန်း နှင့် လင်ဒါ တို့သာ အခန်းထဲတွင် ကျန်ခဲ့သည်။ ဖီးနစ် သည် မျက်လုံးများကိုဖွင့်ကာ သူငယ်ချင်းကို တောက်ပစွာ ပြုံးပြလိုက်သည်။
"လင်ဒါ...ခင်ဗျား ငိုနေတာကို ကြည့်ရတာ အဆင်မပြေဘူး။"
ဖီးနစ်ထျန်း ရဲ့အသံက အရမ်းအားနည်းနေတယ်၊ လေတိုက်ရင် သူ့အသက်လေးက လေထဲမှာ ဖယောင်းတိုင်မီးလို ငြိမ်းသွားပြီး ရုတ်တရက် ထွက်သွားတော့မလိုပင်....
"ချစ်လေး.. ကျွန်မ အသံကို ကြားရဲ့လား"
လင်ဒါ သည် အသက်ပြင်းပြင်းရှူရင်း ဖီးနစ်ထျန်း ၏ဘေးတွင် ဖြည်းညှင်းစွာထိုင်လိုက်စဉ် ဖီးနစ်ထျန်း သည် အခြားသူများ ငိုတာကို မကြိုက်ကြောင်းသိ၍ ဖီးနစ်ထျန်း ၏ လက်ကို ကိုင်ထားရင် မငိုမိအောင် အတင်းကြိုးစားနေခဲ့သည်။
သူမက ပြုံးပြီး "သတင်းကောင်းလေး ပြောပြပေးပါဦးမယ်၊ ရှင့်အတွက် တိုက်ပွဲဝင်နေတဲ့ ဇာတ်ကားဘက်က အဖြေရပြီ။ ထုတ်လုပ်သူက ရှင့်ရဲ့ သရုပ်ဆောင် အရည်အချင်းတွေကို ယုံကြည်လို့ ရှင့်ကို ဌားဖို့ ့ ဆုံးဖြတ်ထားပြီး၊ ရှင့်ရဲ့ ချစ်လှစွာသော ဇာတ်ကောင်နေရာမှာ ဘယ်သူကမှ အစားမထိုးနိုင်ဘူး၊ ရှင်က အရမ်းထူးခြားတာပဲ..."
သို့သော်လည်း ထိုစကားကို ပြောပြီး လင်ဒါ ထပ်ငိုပြန်သည် ။
"ဟေး ကျွန်တော် မသေသေးဘူး။ ကျွန်တော် သေရင်တောင် ကျွန်တော့် အသုဘမှာ လင်ဒါ ပြုံးပြုံးလေးနဲ့လိုက်ပို့နိုင်မယ်လို့ မျှော်လင့်တယ်။ ခင်ဗျားရဲ့အပြုံးကို ကျွန်တော် ကြိုက်တယ်။"
"ဒီဝမ်းနည်းစရာကောင်းတဲ့ သတင်းကို ရှင်ကြားရင်လည်း ရှင် ဘယ်လိုရယ်နိုင်မှာတုန်း။ အိုးမိုင်ဂေါ့..ကျွန်မ နှလုံးကွဲလု မတတ်ဖြစ်နေပြီ၊ တစ်နေကုန် အလုပ်ရှုပ်နေမယ့်အစား ရှင် ကောင်းကောင်းအနားယူ သင့်တယ်။"
လင်ဒါက သူ့သူငယ်ချင်းရဲ့ အလုပ်အပေါ် စိတ်အားထက်သန်လွန်းတာကို ရှင်းရှင်းလင်းလင်း ညည်းညူခဲ့တယ်။
"ကျွန်တော်က ဒီကမ္ဘာကြီးမှာ ကျွန်တော့်ရဲ့ ခြေရာတွေ ပိုချန်ထားခဲ့ချင်တယ်... "
ပြုံးရင်း ဖီးနစ်ထျန်း က သူ့လက်ကို မြှောက်လိုက်ပြီး လင်ဒါ ရဲ့ ပါးပြင်ပေါ်က မျက်ရည်စတွေကို ညင်သာစွာ သုတ်လိုက်တယ်။
"ကျွန်တော့်ကို စိတ်မပူပါနဲ့ ...လင်ဒါ...ကျွန်တော့် ခန္ဓာကိုယ်၊ အခု သူတို့ဘာတွေဖြစ်နေလဲ ကျွန်တော် ကောင်းကောင်း သိပါတယ်။"
နောက်ထပ် ဆယ်နှစ်ကြာအောင် အသက်မရှင်နိုင်တော့ဘူးလို့ ဆရာဝန်ပြောတာကို ကြားရင်တောင် ဖီးနစ်ထျန်း ဟာ အံ့သြနေမှာ ဒါမှမဟုတ် ကြောက်ရွံ့နေမှာ မဟုတ်ဘူး။
ဆယ်နှစ်? မေ့လိုက်ပါ... တကယ်တော့ ငါးနှစ်လောက်နေရင်ကို မဆိုးပါဘူး၊ သူ့အသက်က အခု 30 ရှိနေပြီလေ။
ဆရာဝန်၏စကားသည် သတင်းဆိုးတော့ မဟုတ်ပေ။ တကယ့်သတင်းဆိုးက နောက်မှာ ကျန်နေသေးတယ်။ ညဘက်တွင် ဖီးနစ်ထျန်း သည် ဟာဗေးထံမှ လမ်းခွဲသည့် စာတိုတစ်စောင် လက်ခံရရှိခဲ့သည်။
တရုတ်နိုင်ငံမှာ အလွန်ရှေးကျတဲ့ စကားပုံ တစ်ခွန်းရှိတယ်၊ "ကံဆိုးမှုက တစ်ယောက်တည်း ဘယ်တော့မှ မလာဘူး" တဲ့...
စာတိုပေးပို့မှုထဲမှာ သူနဲ့ လမ်းခွဲဖို့နဲ့ သူ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့အကြောင်းနဲ့... သူတို့ ဆက်လက်ပြီး သူငယ်ချင်းဖြစ်ဆဲပဲ ဆိုတာ ဟာဗေးက ပို့ခဲ့သည်။
သူငယ်ချင်း ဆက်ဖြစ်နိုင်မလား......
ဖီးနစ်ထျန်း က သူ့ကိုယ်သူ အတင်းအကျပ် မလုပ်ချင်ဘူး။ ဖုန်းကို ပိတ်လိုက်ပြီး မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ အခု သူ အနားယူဖို့ လိုအပ်နေသည်။
...
ဇာတ်ကားတွင် လင်ဒါ၏နေရာတွင် အခြားသော အမျိုးသမီးသရုပ်ဆောင်က ပါဝင် သရုပ်ဆောင်ထားသည်။ လင်ဒါ သည် အမှန်တကယ် ထိုနေရာကို သရုပ်ဆောင်နိုင်ပေမယ့် ထိုအမျိုးသမီးအား ဖီးနစ် ၏သေဆုံးခြင်းကို ထပ်မံ မမြင်တွေ့စေချင်တော့ပေ။ သူ့ သူငယ်ချင်း သေဆုံးသည့် အချိန်ကို နှစ်ကြိမ်တိုင်တိုင် ပြန်လည်မြင်တွေ့ခံစားခိုင်းခြင်းက သူမအပေါ် ရက်စက်လွန်းရာ ကျလိမ့်မည်။
ထို့အပြင် "စူပါစတား" သည် ပြင်ပကမ္ဘာမှ စူးစမ်းလိုသော ဖီးနစ်၏ စိတ်ခံစားမှု ဆိုင်ရာ အတွေ့ အကြုံတွေကိုလည်း ထည့်ရိုက်ထားသည်။ ဖီးနစ် သည် အနုပညာ ကြယ်ပွင့်များကြားတွင် ရှားရှားပါးပါး နာမည်ပျက် လုံးဝ မရှိသည့် သန့်ရှင်းသည့် အနုပညာရှင် အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်ပြီး အထူးသဖြင့် သူက သေဆုံးသွားပြီးသည့်တိုင် ယခုထိ အလွန်ကျော်ကြားနေဆဲ ဖြစ်သည်။
ကမ္ဘာပေါ်တွင် လေလုံသည့် တံခါးရယ်လို့ မရှိပေ။ တကယ်တော့ ဖီးနစ်ထျန်း ဟာ လျှို့ဝှက်ချစ်သူ ဒါမှမဟုတ် လိင်တူချစ်သူဖြစ်ကြောင်း ပြင်ပကမ္ဘာမှာလည်း ကောလဟာလတွေရှိနေပါတယ်။
ဟာဗေး မှာ သူ့ဘဝနဲ့ မိသားစု ရှိပြီးသားပါ။ Tang Feng ဟာ ဟာဗေးကို ရုပ်ရှင်ထဲကနေ တွန်းထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဇာတ်ညွှန်းပြန်လည်ပြင်ဆင်ရာတွင် ပါဝင်ခဲ့သော်လည်း အချို့နေရာများကို အနည်းငယ် ပြောင်းလဲခဲ့သည်။ ဥပမာအားဖြင့်၊ ရုပ်ရှင်ထဲက ဖီးနစ်ရဲ့ချစ်သူဟာ မိသားစုဆရာဝန်မဟုတ်ပဲ ဖီးနစ်ထျန်းက သူ့ရဲ့စိတ်ဖိစီးမှုကို ကုသပေးတဲ့ စိတ်ပညာရှင်တစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဇာတ်ညွှန်းကို ပြောင်းလဲထားသည်။
သို့သော် ဟာဗေး၏ အထောက်အထား ပြောင်းလဲမှုမှလွဲ၍ အခြားနေရာ အများစုမှာ မပြောင်းလဲခဲ့ပေ။
ဥပမာအားဖြင့်၊ ဖီးနစ်ထျန်း သည် ထိုနေ့တွင် သူ ဘယ်နှစ်နှစ်မှ ထပ်ပြီး အသက်မရှင်နိုင်သည်ကို သိရှိခဲ့ပြီး ဟာဗေး နှင့် လမ်းခွဲခဲ့သည်ဆိုသည့် အကြောင်းမျိုးပင်....
ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးနောက်မှာ Tang Feng က သူ့ရင်ဘတ်က နည်းနည်းလေးမှိုင်းနေပြီး မသက်မသာ ဖြစ်နေတယ်လို့ ခံစားလိုက်ရပြီး သူက ဇာတ်ဝင်ခန်းထဲကို အရမ်းနက်နက် ရှိုင်းရှိုင်း နစ်ဝင်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ထို တစ်နှစ်တာအတွင်း၏ စိတိအဆင်းရဲဆုံး နာကျင်မှုကို သူတစ်ဖန်ပြန်ခံစားခဲ့ရပြီး အခုထိ သူ နားမလည်နိုင်လောက်တဲ့ ခံစားချက်မျိုးရှိခဲ့တာ ဖြစ်နိုင်ပါတယ်။
သူ့ရင်ထဲမှာ နေရတာ တကယ်ကို အဆင်မပြေလှဘူး....
Tang Feng က အဆင်မပြေတာကို တွေ့နေရပြီး ဒါရိုက်တာက Tang Feng ကို ရိုက်လက်စကနေ ခဏ နားခိုင်းလိုက်သည်။
"ရေသောက်ချင်သေးလား"
Lu Tian Chen သည် Tang Feng ကို ခေါ်ဆောင်ရန် ကားမောင်းလာပြီး ပြန်သွားခဲ့သည်။ ဖုန်းထဲမှာ Tang Feng ဟာ ဇာတ်လမ်းထဲ အရမ်းနက်ရှိုင်းစွာ နစ်သွားပုံရပြီး ပြန်ရုန်း မထွက်နိုင်ဘူးဆိုတာကို ရှောင်ယု ကပဲ သိခဲ့တယ်။
သူ ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူမှ မသိခဲ့ဘူး...
ပြတင်းပေါက်ကို မှီ၍ ထိုလူငယ်လေးက ခေါင်းယမ်းပြသော်လည်း မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားကာ ဖျော့တော့စွာ ပြောခဲ့သည်။
"ကမ်းခြေက လေကို ရှူရှိုက်ချင်တယ်၊"
ဆယ်မိနစ်လောက်ကြာတော့ ကားက အနီးနားက ကမ်းရိုးတန်း ပတ်လမ်းမှာ ရပ်သွားတယ်။
Tang Feng သည် ခေါင်းငုံ့ကာ တိတ်ဆိတ်နေပြီး နေဝင်ခါနီးတွင် ဆည်းဆာနေခြည်က သူ့အပေါ်သို့ ဖြာဆင်းနေသည်။ နွေးထွေးသော အလင်းရောင်ကြောင့် ထိုလူငယ်လေးသည် အနည်းငယ် အထီးကျန်ပြီး ဝမ်းနည်းနေပုံရပြီး လူများက မည်သို့ချဉ်းကပ်ရမည်ကို မပြောနိုင်လောက်အောင် ခံစားနေရသည်။
Tang Feng က သူ့ လက်နှစ်ဖက်နဲ့ ကိုယ်ကို တင်းတင်းလေး ပွေ့ဖက်ထားမိသည်။
"ပြောဦးလေ... မင်း စိတ်ကို ထိန်းမထားနဲ့။"
Lu Tian Chen က ထိုလူငယ်လေးကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။
Tang Feng က ဖီးနစ် ဖြစ်သည်ကို သိပြီး ဖီးနစ်နေရာတွင် Tang Feng ကို သရုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ Tang Feng သည် ယခင်ပျော်ရွှင်မှုကို တွေ့ကြုံရသောအခါတွင် သူသည် နောက်တစ်ကြိမ် မထိတွေ့ ချင်သောသူများကို ပြန်လည် ထိတွေ့ကာ နောက်ထပ် စိတ်ထိခိုက်သွားခဲ့တာ ဖြစ်လိမ့်မည်။
နာကျင်တာတွေရှိပေမယ့် ဒါကို ရင်ဖွင့်ပြောပြလိုက်လိုက်မယ်ဆိုရင် ဒီလောက်ထိ စိတ်မထိခိုက်တော့ပေ...
"ကျွန်တော်က... တစ်ယောက်ယောက်က ကျွန်တော့်ကို ချစ်ပြီး ကျန်ခဲ့တဲ့ ဘဝလမ်းမှာ ကျွန်တော်နဲ့ အတူ လျှောက်လှမ်းပေးပြီး နောက်ဆုံးခရီးကို ပို့ဆောင်ပေးဖို့ မျှော်လင့်ခဲ့မိတယ်။"
ဟာဗေး က သူ့ကို နောက်ဆုံးခရီးအထိ လိုက်ပို့ပေးနိုင်မယ်လို့ တွေးခဲ့ဖူးပေမယ့် အဆုံးမှာတော့ ဟာဗေး က ထွက်ခွာသွားဆဲဖြစ်သည်။ သူ သိပ်တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်သင့်ဘူးဆိုတာ သူသိပေမယ့် သူချစ်ရတဲ့သူက လောကကြီးထဲကနေ သူထွက်သွားတာကို ကြည့်နေရတာက ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းလိုက်လဲ။
ဒါပေမယ့် သူ တစ်ခါတလေ တစ်ကိုယ်ကောင်းဆန်ချင်မိသည်။ ကံမကောင်းစွာပဲ၊ ဘုရားသခင်က သူ့ကို တစ်ကိုယ်ကောင်းဆန်ဖို့ အခွင့်အရေး မပေးခဲ့ဘူး။
ဖီးနစ်ထျန်း ကွယ်လွန်ချိန်အထိ သူသည် တစ်ယောက်တည်း အထီးကျန်နေပြီး မျက်လုံးမှိတ်ထားဆဲ ဖြစ်သည်။
Tang Feng နိုးလာသောအခါ အသက်ရှင်နေသည်ကို သိတော့ သူ ဘယ်လောက်တောင် ပျော်ခဲ့မိသည်ကို မဖော်ပြနိုင်လောက်အောင်ပင်.... ဒါပေမယ့် ဒီပျော်ရွှင်မှုကသူ့အေးဂျင့်မှ Charles ၏အိမ်သို့ ခေါ်ဆောင်လာပြီး အပျော်ကောင်လေး လုပ်ခိုင်းသည် ဆိုသည့် အချက်ကို သိလိုက်ချိန်မှာ မှေးမှိန်သွား စေခဲ့သည်။
ချားလ်စ်ကို အရင်လက်သီးနဲ့ထိုးနိုင်ပေမယ့် တစ်ကြိမ်သေပြီးနောက်မှာတော့ သူတကယ်ပဲ အဝေးကိုပဲ မျှော်ကြည့်ခဲ့သည်။
လှည့်ကြည့်လိုက်တော့ Tang Feng က Lu Tian Chen ရဲ့လည်ပင်းမှာ သူ့ခေါင်းကို မြှုပ်ထားပြီး တစ်ဖက်လူရဲ့လည်ပင်းကို ပါးပြင်တွေနဲ့ ညင်သာစွာ ပွတ်သပ်လိုက်တယ်။ သူသည် Lu Tian Chen ၏ပခုံးများကို လက်နှစ်ဖက်ဖြင့် ဖက်ထားသည်။
"ငါ မင်းနဲ့ အတူနေမယ်၊ ငါတို့ အတူတူ ကြီးပြင်းလာမယ်၊ ဘာပဲဖြစ်ဖြစ် မင်းကို ငါ ထားခဲ့မှာမဟုတ်ဘူး။"
ထိုလူငယ်လေးရဲ့နဖူးနဲ့ ပါးကို နမ်းပြီး Lu Tian Chen က Tang Feng ကို လက်တန်းပေါ် ဖိထားပြီး အဲဒီလူငယ်ရဲ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တယ်။
"ဖီးနစ်ထျန်းရဲ့ ဘဝက ပြီးသွားပြီ။ မင်း အခု Tang Feng ပဲ၊ ငါ Lu Tian Chen ရဲ့လူပဲ။
ထိုစကားကိုပြောပြီးနောက် Lu Tian Chen သည် Tang Feng အား တမင်တကာ ဖိနှိပ်လိုက်ပြီး ပြင်းပြင်းထန်ထန် နမ်းလိုက်ပြီး ပြင်းထန်စွာ ကိုက်လိုက်ရာ မကြာမီ Tang Tang သည် သံချေးအရသာ အနည်းငယ် မြည်းလိုက်မိကာ နာကျင်မှု အနည်းငယ် ခံစားလာရသည်။ ကြိုးတစ်ချောင်းလို လွင့်မျောနေသည့် စိတ်အာရုံများက သူ့ကို ရှည်လျားသော အမှတ်ရစရာများမှ ပြန်ဆွဲထုတ်ခဲ့သည်။
"ငါ့ကို ချစ်ပါ Lu Tian chen... "
နေဝင်ချိန်၏ ရွှေရောင်အလင်းတန်းများက သူတို့တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး အနက်ရောင်ဆံပင်များက ရွှေမှုန်များဖြင့် စွန်းထင်းကာ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးသည့် အမူအရာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူတို့သည် လမ်းဘေးမှ ကားပေါ်သို့ အမြန်တက်ကြသည်။ ကားထဲက နေရာသည် အနည်းငယ် ကျဉ်းသော်လည်း အချင်းချင်းနီးစပ်ဖို့အခွင့်အရေး ပိုပေးခဲ့သည်။ Lu Tian Chen သည် Tang Feng ကို နောက်ထိုင်ခုံပေါ် ဖိလိုက်ပြီး ထိုလူ၏ ခြေထောက်ကို သူ့ ခါးတွင် ခွထားစေလိုက်သည်။ Tang Feng ၏ ပခုံးကို ဖိထားရင်း အနည်းငယ် အသက်ရှူချောင်သွားကာ သူ့မျက်လုံးများသည် ညဘက်တွင် ထွက်ပေါ်လာသည့် ဆာလောင်နေသည့် ဝံပုလွေကဲ့သို့ စိတ်အားထက်သန်စွာဖြင့် လူငယ်လေး၏ တကိုယ်လုံးကို စားသုံးတော့မလို အရသာခံကာ ကြည့်နေတော့သည်။
"လုပ်လို့ရမလား?" သူက ကြိုမေးခဲ့တယ်။
"ဒါရိုက်တာက မနက်ဖြန် အနားယူဖို့ တောင်းဆိုထားတော့ မနက်ဖြန် မင်း ငါ့ကို အိပ်ရာထဲ မှာ ထားလို့ရတယ်။"
ဒီအဖြေက ရှင်းနေတာပဲလေ...
သူ အခု Lu Tian Chenကို လိုအပ်တယ်၊ တစ်ဖက်က သူ့ကို ပြင်းပြင်းထန်ထန် ချစ်တာကို လိုချင်သည်။ ဒါမှ ကြောက်စရာကောင်းပြီး စိတ်အနှောက်အယှက်ဖြစ်စရာ အမှတ်တရတွေကနေ ရုန်းထွက်နိုင်လိမ့်မယ်။
နူးညံ့သိမ်မွေ့မနေပါနဲ့၊ ကျေးဇူးပြုပြီး ပြင်းပြင်းပြပြ ချစ်စမ်းပါ....
တခြား ဘာစကားတွေ ပြောစရာရှိနေဦးမလဲ? တစ်ဖက်လူက ဘာလိုတယ်ဆိုတာ သိလိုက်ရတော့ Lu Tian Chen က ခါတိုင်းလို တစ်ဖက်လူရဲ့ နားရွက်လေးကို ဖြည်းညှင်းစွာ မပွတ်တော့ဘူး။ ထို့နောက် ခေါင်းငုံ့ကာ ထိုလူကို ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။ အိမ်ပြန်ရောက်သောအခါ Tang Feng ဆီမှာ လဲလှယ်စရာ အဝတ်တွေ ရှိနေသေးလို့ အခု သူ့ လက်ချက်ကြောင့် ထျန်းဖုန်းရဲ့ အဝတ်တွေ စုတ်ပြဲသွားမည်ကို သူ စိုးရွံ့နေစရာမလိုတော့ပေ။
လုထျန်းချန်က Tang Feng ၏ အာရုံကြောများကို ပွတ်သပ် နှိုးဆွလိုက်သည်။
လုထျန်းချန်၏ လှုပ်ရှားမှုကြောင့် ထျန်းဖုန်း ပင့်သက်ရှိုက်လိုက်မိသလို လုထျန်းချန်၏ မွတ်သိပ်သည့် အနမ်းများက သူ့ အဆုတ်ထဲက လေတွေကို အကုန်စုပ်ယူချင်သလို အနမ်းတွေက ပြင်းပြလွန်းလှသည်။
"ငါ့နာမည်ကို ခေါ်..... Tang Feng ...." လုထျန်းချန်က ပြင်းပြစွာ ပြောလိုက်သည်။
Tang Feng က ဖီးနစ် မဟုတ်တော့ဘူး။
"Tian Chen ... Lu Tian Chen ..." ထျန်းဖုန်းက သတိလက်လွှတ် ခေါ်လိုက်ကာ လုထျန်းချန်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ငါ မင်းကို ချစ်တယ်။"
လုထျန်းချန်က ထိုအမျိုးသားး၏ခါးကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာ တစ်ယောက်ကိုတစ်ယောက် နမ်းလိုက်သောအခါတွင် ပြင်းထန်စွာ တစ်ဖက်လူရဲ့ကိုယ်ထဲ အညှာတာမဲ့ ဆောင့်ချလိုက်သည်။ သူ့ အနောက်ပေါက်လေးကို ချဲ့ထွင်ဖို့ ကြိုကစားတာ မရှိခဲ့ပေ။ တစ်ခါတည်းနှင့် ထျန်းဖုန်း ကိုယ်ထဲ သူ့မာကျောနေသည့် အသားချောင်းဖြင့် တိုးဝင်လိုက်သည့်အခါတိုင်း ခြောက်သွေ့နေသည့် လမ်းကြောင်းကြောင့် ဝင်ရတာ နည်းနည်းခက်နေသည်။
Lu Tian Chen ဟာ မနက်ဖြန်မှာ Tang Feng က အိပ်ရာထဲက မထနိုင်လောက်အောင် ပြင်းထန်စွာ ထိုးသွင်းနေတော့သည်။ ထျန်းဖုန်းရဲ့အော်သံတွေ စပြီး ချစ်တင်းနှောကတည်းက ပြီးဆုံးသည်အထိ တောက်လျှောက် အော်ညည်းနေခဲ့သည်။
ထျန်းဖုန်းက တွင်းနက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားရပြီး မနိုးထချင်တော့ဘူး......
ကျဉ်းမြောင်းသော မော်တော်ကား၏အနောက်ခန်းလေးထဲတွင် လုထျန်းချန်က ထျန်းဖုန်းကို အပေါ်မှ စီးမိုးကာ ပြင်းပြင်းပြပြနမ်းသလို အောက်ကလည်း တစ်ချက်လေးမှ မညှာတမ်း ထိုးသွင်းနေခဲ့သည်။
ထျန်းဖုန်း၏ မျက်နှာက နီမြန်းနေပြီး မျက်လုံးထောင့်တွင် ခံစားချက်ပြင်းထန်လို့ ထွက်လာသည့် မျက်ရည်စတို့ စွန်းထင်းနေသည်။ ဒါပေမယ့် သူက လုထျန်းချန်၏ အမည်ကို ခေါ်ကာ သူ့ကို ပြင်းပြင်းလေး ချစ်ဖို့ ပြောနေသဖြင့် လုထျန်းချန်၏ ထိန်းချုပ်မှုတို့ လွှတ်ထွက်သွားခဲ့သည်။
ဒီအမျိုးသားငယ်လေးကို စတွေ့ချိန်မှ ယခုအချိန်ထိ သူ့ရဲ့ချစ်စိတ် ၊ တပ်မက်စိတ်တို့ နည်းနည်းလေးမှ လျှော့မသွားခဲ့ပေ။ ရှားရှားပါးပါး လူငယ်လေးဘက်မှ စတင်တောင်းဆိုလာသည့်နောက် လုထျန်းချန်က ဇောင်းမှ လွတ်လိုက်သည့် မြင်းနှယ် တရကြမ်း ချစ်ခရီးကို နှင်လိုက်တော့သည်။
လူခြေတိတ်သည့် ကမ်းခြေပတ်လမ်းတွင် ရပ်ထားသည့် မော်တော်ကား၏ အနောက်ခန်းဝယ် လုထျန်းချန်က သူ မြတ်နိုးရသည့် အမျိုးသားလေးကို ထိန်းချုပ်မှု ကင်းစွာဖြင့် အသွင်းအထုတ် ဆက်တိုက် လုပ်ကာ ကြမ်းတမ်းစွာ ချစ်နေသလို အနမ်းတို့လည်း ပြတ်တောက်သွားခြင်း မရှိခဲ့ပေ။
"ဟား-"
ကြာမြင့်သည့် ချစ်ခရီးအဆုံးမှာ တခဏချင်း တောင်ထိပ်ကို အရှိန်ပြင်းပြင်း တက်ကာ ပြန်ကျလာသလို ခံစားလိုက်ရသည်၊
သူ့ကိုယ်ထဲ လုထျန်းချန်၏ မသေးငယ်လှသည့် ရိုးတံတုတ်တုတ်က အရှိန်ပြင်းပြင်းနဲ့ ဆောင့်ဆောင့်ဝင်လာချိန် သူ့ အနောက်ပိုင်းက ပြင်းထန်သော နာကျင်မှုကို ခံစားမိစေသလို စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
ရင်ဘတ်ထဲမှာလည်း နာကျင်မှုတို့ဖြင့် ပြည့်နေခဲ့သည်။
***-***
أنت تقرأ
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
عاطفية(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.