Volume III- Chapter (53) - Tang Feng ကို လာကယ်ခြင်း
မင်းက... ရုပ်ဆိုးတဲ့ ဖက်တီးကို ခေါ်လာပြီး Tang Feng လို့ပြောတယ် ဟုတ်လား?
တကယ်တော့ ရုပ်ရှင်ရိုက်စနဲ့ယှဉ်ရင် Tang Feng က အခု ပိုပိန်သွားပေမယ့် ဇာတ်ကောင် အရ သူ့မျက်နှာမှာ အရုပ်ဆိုးတဲ့ မိတ်ကပ်တွေကို ရည်ရွယ်ချက်ရှိရှိ လိမ်းထားရလို့ သူက ရုပ်ဆိုးပြီး ဝတုတ်တဲ့ပုံဖြစ်နေသည်။
"သူတို့က ဒီကောင်ကို Tang Feng လို့ပြောတယ်"
လက်အောက်ငယ်သားသည် Tang Feng နားမလည်နိုင်သော ဒေသန္တရဘာသာစကားကို ဖြင့်ဖြေ ခဲ့သည်။
ထိပ်ပြောင်သောလူသည် သူ့ဘေးတွင်ရပ်နေသော တည်ငြိမ်သောမျက်နှာဖြင့် ထိုလူကို စိုက်ကြည့်ကာ မျက်လုံးအနည်းငယ်မှိတ်ကာ အင်္ဂလိပ်လို ကြမ်းတမ်းသော လေယူလေသိမ်းဖြင့် မေးသည်-
"မင်းက Tang Fengလား?"
"ဟုတ်တယ်။ ကျွန်တော်ပဲ"
ဒေသိယစကားတွေကို နားထောင်သလိုမျိုး၊ တစ်ဖက်သားက သူ့ကို ဘာမေးလဲဆိုတာကို သိဖို့ Tang Feng က နားထောင်ရင်း မှန်းဆနေရ တယ်။
"ဒီကောင်က Tang Feng ဘယ်လိုဖြစ်နိုင်မှာလဲ။ Tang Feng က အရှေ့တိုင်းသားတစ်ယောက်လို့ မပြောဘူးလား။ ဒါဆိုရင် သူက အနက်ရောင် ဆံပင်နဲ့ မျက်လုံးနက်နက်တွေ ရှိရမယ်ကွ။ ပြီးတော့ သူက သူက စိတ်နေစိတ်ထားကောင်းပြီး ရုပ်ရည် ချောမောတယ်။ Tang Feng က ပိန်တဲ့သူမှန်း ငါမသိဘူး ထင်နေလား။"
ဒီလူက အကြမ်းဖက် အဖွဲ့စည်းရဲ့ ခေါင်းဆောင်လား ?
ထို ဝက်ဝံနက်လို လူကြီးက Tang Feng ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"ဒီကောင်က ဆံပင်နက်ပေမယ့် ...."
"သူဌေး၊ အဲဒီလူတွေထဲက ဒီလူ တစ်ဦးတည်းက ဆံပင်နက် မျက်လုံးနက်တဲ့ အရှေ့တိုင်းသား က ဒီလူပါပဲ"
ခေါ်လာတဲ့ ညီငယ်လေးက Tang Feng ကို ပထမဆုံး တွေ့ပြီး သူဌေးက သူတို့ကို ဒီရုပ်ဆိုး ဝတုတ်တဲ့သူကို တကူးတက ရှာခိုင်းတယ်ဆိုတာကို မယုံနိုင်ဖြစ်နေတယ်။
YOU ARE READING
(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)
Romance(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because of my friend Shiroyuki, now i am ok to up my fiction with both myanmar font. Thanks Shiro.