" So in Love ''
" တီ.....တီ.....တီ ''
လျှပ်စစ်ခေါင်းလောင်းကြီး၏ ကျောင်းခေါ်သံကတော့ မြည်ဟီးနေလေပြီး။ ဒီနေ့လေးဟာဆိုလျှင်ဖြင့် မော်လမြိုင်မြို့ အမှတ် ( ၄ ) ကျောင်းရဲ့ ကျောင်းသားကျောင်းသူတွေ စတင်ပြီး ကျောင်းတက်ရတဲ့နေ့လေးဖြစ်ပါသည်။ ကျောင်းဝင်းကြီးကလည်း ကြီးကျယ်သလို ကျောင်းသားကျောင်းသူတွေလည်း များပြားလှပေသည်။ ကျောင်းတော်ကြီးသည် အစဝင်လိုက်တာနဲ့ ကျောင်းကြီးရဲ့ ရံပုံငွေအတွက် စိုက်ပျိုးထားတဲ့ စပါးခင်းလေးရှိနေပေသည်။ ထိုစပါးခင်းလေးကိုကျော်သွားလျှင်တော့ ကျောင်းသားကျောင်းသူတွေ စုဝေးတဲ့ကွင်းလေးရှိလေတော့သည်။ ထိုကွင်းကြီးရဲ့ အနောက်မှာတော့ ကျောင်းတော်ကြီးရဲ့ ပြယုဂ်ဖြစ်တဲ့ သုံးထပ်ကျောင်းဆောင် ရှိနေလေတော့သည်။
ထိုကျောင်းတော်လေးကိုလည်း ခရစ်ယာန်ကျောင်း သို့မဟုတ် ကရင်ကျောင်းလို့လည်း ခေါ်ကြပါသေးသည်။ အကြောင်းရင်းကလည်း ရှိနေလေတော့ ဒီနေ့ထိ ခေါ်စမှတ်ပြုနေကြလေတော့သည်။ အင်္ဂလိပ်မင်းလက်ထက်ကတည်းက ဝန်မင်းတွေရဲ့ ရုံးချုပ်ရှိရာကနေ ကျောင်းတော်အဖြစ်ပြောင်းလဲလာပြီးနောက် ခေတ်အဆက်ဆက် ကျောင်းတော်အဖြစ်ပြောင်းလဲလာခဲ့လေတော့သည်။ ကျောင်းတော်ကြီးရဲ့ဝင်းအပိုင်းမှာတော့ ဘေးချင်းကပ်ရပ် ကရင်လူမျိုးတွေရဲ့ နှစ်ခြင်းခရစ်ယာန်ကျောင်းတော်ရှိလေတော့ ခရစ်ယာန်ကျောင်းလို့လည်း ယနေ့အထိခေါ်စမှတ်ပြုကြလေတော့သည်။
ကျောင်းဝင်းကြီးဟာ အခြားသော ကျောင်းတွေထက်ကို အလွန်ကျယ်ဝန်းလေတော့သည်။ ကျောင်းကြီးထဲတွင် ဘောလုံးကွင်းလည်းရှိသေးသည်။ ထန်းတောလည်း ရှိသည် ကုက္ကိုလ်ပင်တန်းတွေလည်း ရှိနေသေးတယ်။ အဆောင်တစ်ဆောင်နှင့် တစ်ဆောင်ဟာလည်း အတော်လေးလှမ်းနေလေသည်။ အင်္ဂလိပ်မင်းတွေ လက်ထက်ကတည်းက ကျောင်းတော်ကြီးဖြစ်တာနဲ့ အညီ ကျောင်းသူကျောင်းသားတွေလည်း များပြားလှပေသည်။
အခုလည်း ကျောင်းတော်ကြီးကို ကျောင်းသားသစ်လေးတစ်ယောက် ရောက်လာပေသည်။ ထိုသူကတော့ စစ်အောင်ဦးပင်ဖြစ်လေတော်သည်။ စစ်အောင်ဦးသည် နဝမတန်းကျောင်းသားလေးဖြစ်သည်။ မော်လမြိုင်မြို့ကို မိသားစုတွေကပြောင်းရွှေ့လာတော့ သူလည်းလိုက်ပါလာပြီး အခုကျောင်းတော်ကြီးကို ပြောင်းရွှေ့ပညာသင်ရလေတော့သည်။ ထို့ကြောင့်လည်း ကျောင်းသားသစ်တစ်ယောက် ဖြစ်တာနှင့်အညီ ကျောင်းဝင်းကြီးကို အံ့သြငေးမောမှုတွေနဲ့ ဖြည်းဖြည်းချင်း ဝင်လာလေတော့သည်။ အခုချိန်မှာ သုံးထပ်ကျောင်းဆောင်ကြီးမှာ မိမိသင်ကြားရဲ့အတန်းက ရှိတာမို့ သုံးထပ်ကျောင်းဆောင်ကြီးကို သူတက်လာလေတော့သည်။ အဆောင်ကြီးကတော့ ရွှေဝါဆောင် ။
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...