" So in Love ''
အခန်း ( ၂၁ )
စစ်အောင်ဦးခေါ် ညီလင်းမာန်တစ်ဖြစ်လဲ ထဝမ်သည် ဆိုင်ကယ်လေးကို မောင်းပြီး သွားနေသည်။ ခွန်းစစ်လင်းနှင့် တိုင်ပင်ထားသလို မိမိ၏အဖွဲ့ကိုလည်း လမ်းကြောင်းလွှဲပြီး တစ်နေရာမှ မသိမသာ လိုက်ခဲ့ခိုင်းလေသည်။ ခွန်းစစ်လင်းကလည်း သူ့၏လက်စွဲတော် ကျော်ဦးကို ခေါ်ကာ ချိန်းဆိုထားသည့် နေရာသို့ လာခဲ့လေတော့သည်။ မြို့ပြင်က ပိတ်ထားတာကြာပြီးဖြစ်သော အိမ်ပျက်ကြီး နေရာကို စစ်အောင်ဦး လာနေလေသည်။ ပစ္စည်းက ဝန်မကြီးတော့ အေးဆေးလာလို့ရပေမဲ့ ဒီလောကရဲ့သတင်းက CCTV ထက်ကကြည့်ရတာထက်ကို မြန်တော့ သူလည်း အလွန်သတိထားနေရလေသည်။
ထိုနေရာသို့ရောက်တော့ မိန်းကလေးနှစ်ဦး ရောက်ရှိနေလေတော့သည်။ လွန်စွာချောမောလှပသော မိန်းကလေးနှစ်ဦးသည် ဘောင်းဘီအရှည်အနက်ရောင်နှင့် လိုက်ဖက်သော အင်္ကျီလေးတို့ကို တွဲဖက်ဝင်ဆင်ကာ သူအားစောင့်ကြိုနေဟန်ပါ။
" ရှင်က...''
" ပို့စ်ပိုင်ရှင် Sun Boy ''
" အထောက်အထားကရော ''
Chat box မှာပြောထားသော စကားလေးကိုပြန်ပြောပြလေတော့သည်။
" မင်းကရော... ''
" နတ်သမီးငါးဖော် ''
" အိုကေ ''
" ဘယ်မှာလဲ strong stars ''
" ပါပါတယ် တစ်ခုတော့ မေးချင်နေတာ ''
" မေးပါ ''
" ဘာလို့များ ပစ္စည်းကို ဒီလိုလွယ်လွယ်ကူကူနဲ့ အခြားတစ်ယောက်ကို ထည့်ပေးရတာလဲ ''
" ကျွန်မတို့ကလည်း လုပ်ကြံခံရတာပါ ကျွန်မတို့ပစ္စည်းအမှန်ပါ ''
" အိုကေလေ ''
" ဒါဆို အဆက်ဆံမရှိတဲ့ ရှင်ကရော ဘာလို့ ဒီလိုဝင်လာရတာလဲ ရှင်က ကျွန်မတို့ကို သိနေတာလား ''
" ငါလဲ လုပ်ကြံခံရတာဘဲ ဒီလောကသား အချင်းချင်းကို ဖော်ထုတ်ခံရတာ ''
" ဟုတ်ရဲ့လားရှင် ''
" မင်းတို့မယုံတာတော့ ငါလည်း ပြောမတက်ဘူး ဒါပေမဲ့ တကယ်ဘဲ ငါလုပ်ကြံခံရတာပါ ဒါပေမဲ့ ငါကသစ္စာရှိပါတယ် အဲ့တာကြောင့်လည်း ရအောင်ဆက်သွယ်ပြီး မင်းတို့ကို လာပို့ပေးတာလေ ငါမပို့ဘဲ ဖြတ်လိုက်ရင်ရတာဘဲ မဟုတ်လား ''
ESTÁS LEYENDO
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...