" So in Love ''
အခန်း ( ၁၈ )
ခွန်းစစ်လင်းတစ်ယောက် သူရဲ့စိတ်တွေက စစ်အောင်ဦးဆီဘဲရောက်နေလေတော့သည်။ ဘာဘဲဖြစ်ဖြစ် ပိုပြီးတိကျသေချာအောင် သူကြိုးစားရလေတော့မည်။ ညီလင်းမာန်သည် စစ်အောင်ဦးဘဲဆိုတာ သူအတိအကျကို ခံစားလို့ရနေလေတော့သည်။ သို့ပေမဲ့ တစ်ဖက်က လုံးဝဝန်မခံတော့ သူဘာမှလုပ်လို့မရသေ ဘာကြောင့် အခုလိုပုံစံမျိုးပြောင်းလဲသွားတာလဲ အရင်ကလို နူးညံ့သိမ်မွေ့သော စစ်အောင်ဦးသည် အခုတော့ အေးစက်ပြတ်သားသော သူတစ်ယောက်အသွင်သူမြင်နေရလေတော့သည်။ ပြီးတော့ ငယ်ရုပ်ကို လုံးဝမတွေ့ရဘဲ အခုအနေအထားတွေက ချောမောခန့်ညားနေပေမဲ့ အရင်ကနဲ့ ဘာမှမဆိုင်သလိုပင်။
ခွန်းစစ်လင်းတစ်ယောက် သတိတွေရပြီး မနေနိုင်တဲ့အဆုံး ငယ်ငယ်ကတက်ခဲ့သော ကျောင်းလေးဆီသို့ ထွက်ခဲ့လေတော့သည်။ ငယ်စဥ်အခါကတည်းက ပညာရှာဖွေရင်း သူ့ဘဝကို ပြောင်းလဲပြစ်ခဲ့သော အရာတွေကို ဒီနေရာလေးမှာ စတယ်ဆိုရင်လည်း မှားမည်မထင်ပေ။ ကျောင်းပိတ်ရက်လေးမို့ ကျောင်းဝင်းထဲမှာတော့ လူရှင်းနေမှာ အမှန်ပင်။ အရှေ့ပေါက်ကဝင်မရမှန်းသိထားတော့ ကျောင်းတော်ကြီးရဲ့ အနောက်ပေါက်ကနေ သူဝင်လာခဲ့လေတော့သည်။ခြောက်နှစ်တာကာလလောက် ဝေးကွာခဲ့ရလေတော့သည်။ အိမ်ကိုလည်း လုံးဝမပြန်ခဲ့သလို အိမ်ကလည်း သူ့အားစွန့်လွတ်လိုက်ပြီးလို့လည်း သူသတင်းရထားလေတော့ ပိုပြီးတောင် သူမပြန်ခဲ့ပေ။ မိခင်က သူ့အားချစ်ရှာသော်လည်း စည်းကမ်းပြင်းထန်လွန်းတဲ့ဖခင်ရဲ့ သဘောကိုတော့ မိခင်လည်း မလွန်ဆန်နိုင်လောက်ဘူးထင်ပါရဲ့။ ကျောင်းဝန်းကြီးကတော့ ပုံမှန်အတိုင်း ရှင်သန်နေဆဲပါ သူနေတက်ရောက်ခဲ့သော ကျောင်းဆောင်ကြီးနားသို့ သူကပ်လာလေတော့သည်။ ကျောင်းဆောင်ကြီးတောင် အသစ်ပြန်လည် တည်ဆောက်ထားတယ်ထင်ပါရဲ့ကွာ။ ကျောင်းဆောင်ကြီးကို ကြည့်ရင်း သူ့ဘေးမှာ လာကပ်ထိုင်သော စစ်အောင်ဦးကို သူသတိရမိလေတော့သည်။
ကျောင်းပိတ်ရက်မို့ ကျောင်းဝန်းထဲရှင်းနေသော်လည်း တနင်္ဂနွေနေ့မို့ ကျောင်းဝင်းကြီးရဲ့ ဘေးကပ်ရပ်ရှိနေသော ခရစ်ယာန် ဘုရားကျောင်းက ခေါင်းလောင်းသံလေးက ထွက်စပြုလာလေတော့သည်။
ESTÁS LEYENDO
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...