" So in Love ''
အခန်း ( ၁၃ )
ဘာလိုလိုနှင့် စစ်အောင်ဦးတစ်ယောက် ကျောင်းတက်လို့ပင် သီတင်းကျွတ်ကာလလေးသို့ ရောက်ခဲ့လေတော့သည်။ သီတင်းကျွတ်ဆိုတော့ ကျောင်းတွေက ဆယ်ရက်ခန့်ပိတ်ကြလေတော့သည်။
" စစ်အောင်ဦး မနက်ဖြန်ဆို ကျောင်းက ဆယ်ရက်တောင်ပိတ်ပြီး '' ခွန်းစစ်လင်းက ပြောလေတော့သည်။
" အင်းလေ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ ''
" မင်း ဘာလုပ်မလဲ ဘာစိတ်ကူးထားလဲ ''
" ဘာလုပ်ရမှာလဲ ဒီလိုဘဲပေါ့ ဒီမှာဘဲ နေပေါ့ ''
" ဟင် တကယ်ဘဲ အိမ်မှာကြီးသက်သက်လား ''
" အေးလေ မင်းတို့လို့ သူဌေးသားမှ မဟုတ်တာ ဘယ်သွားဘယ်လာရမှာလဲ ''
" ပြောပုံကိုက ထိုးချင်စရာ ရုပ် ''
" ဒါလေးပြောတာကို စိတ်တိုနေပြတယ် နောက်မဟုတ်လို့လား မင်းကသူဌေးသားဘဲကို ''
" အပိုတွေပြောမနေနဲ့ အားနေတာဘဲ ဘယ်သွားချင်လဲပြောလေ ငါတို့သူငယ်ချင်းတွေ စုသွားရအောင် ''
" မြတ်နိုးတို့ ဗညားကျော်တို့ရောလား ''
" အင်းပေါ့ ''
" တိုးတက်ထွန်းရောလား ''
" တိတ်စမ်း ''
" ဟင် ဘာဖြစ်တာလဲ ''
" အဲ့ကောင်နာမည် ငါမကြားချင်ဘူး လုံးဝ ''
" မင်းကလည်း ''
" ပြောပြီးသား ငါ့သူငယ်ချင်းစာရင်းထဲမှာ သူမပါဘူး ဟိုနှစ်ယောက်ဘဲ ''
" ဟင် မြတ်စွာဘုရား ဒါဆိုငါကရော အခုချိန်ထိ မင်းသူငယ်ချင်း မဟုတ်သေးဘူးလား ''
" တော် မင်းကလေ တော်တော်ဝေးတာဘဲ''" ဘာလဲကွာ ''
" ဘာမှမဟုတ်တော့ဘူး ''
" ပြီးတာဘဲ ပြန်တော့မယ် ဒါဘဲ မဟုတ်လား ''
" ပြန်တော့မလို့လား ''
" အေးပေါ့ နောက်ဘယ်သွားရမှာလဲ ''
" အဲ့တာဆိုလည်း ဆိုင်ကယ်ပေါ်တက် ''
" ပို့ပေးဦးမလား ''
" ဘာတွေ အထူးဆန်းလုပ်နေပြန်ပြီးလဲ ''
ESTÁS LEYENDO
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...